ကိုအောင်ခိုင်နှင့် ပက်သက်သော ထူဖြားအံ့ဖွယ်များကို ကြားသိနေရသည်မှာ ကာလအတန်ကြာပြီ။ သို့သော် အကြောင်းကြောင်းကြောင့် ကိုအောင်ခိုင်နှင့် မဆုံဖြစ်။ ဆုံတော့လည်း ထူးခြားမှူ ဖြစ်စေခဲ့သည်။အဲဒီနေ့က မိုးတွေ သဲကြီးမဲကြီးရွာနေသည်။ပိတ်ထားသော ရုံးခန်းတံခါး ပွင့်သွားသည်။ ကျွန်တော်ကိုတိုင် မိုးစရွာကတည်းက တံခါးမင်းတုပ်ကိုထိုးပြီးသေချာစွာ ပိတ်ခဲ့သည်။ ဘယ်လိုကြောင့် တံခါးပွင့်သွားရသည်ကို သိချင်လို ထအကြည့် တံခါးအပေါက်မှ လူတစ်ယောက်ဝင်လာသည်။ ရုတ်တရပ်မို့ ကျွန်တော် လန့်သွားသည် ။ မိုးကာအက်ျီဝတ်ထားသော ပုပျပ်ပျပ်လူတစ်ယောက်။ မိုးကာအက်ျီခေါင်းဆောင်းကို သူလှန်ချသည်။ ကျွန်တော် လူမှတ်မိသွားသည်။ နှုတ်ဆက်စကားဆိုသည်။
သြော် ကိုအောင်ခိုင် မိုးဝင်ခိုတာလား ကျွန်တော်အမေးကို သူက မိုးကာ အက်ျီချွတ်ရင်းဖြေသည်။ အား..ဟုတ်တယ် ကိုမှိုင်းဝေရေ အဆင်သင့်လိုက်တာဗျာ။ ကျွန်တော် လည်းခင်ဗျားနဲ့ တွေ့ချင်နေတာ ကြာပြီဗျ။ ခုလို မိုးကြီးတဲ့နေ့မှာတွေ့တော့ ပိုကောင်းတာပေါ့။ လူပုသလောက်ခြေ
ရှည်တဲ့ ကျွန်တော် မိုးကြီးတော့ ဟိုသွား ဒီသွား မလုပ်ချင်တော့ဘူး ဒီနေ့ ခင်ဗျားနဲ့ စကားပြောမယ်ဗျာ။ အဆင်ပြေမလား စကားပြောချင်တာကတော့ဟုတ်ပါပြီဗျာ။ ကျွန်တော် တစ်ခုအရင်မေးဦးမယ်ဗျာ။ မေးဗျာ ကျွန်တော်ကိုတိုင် တံခါးမင်းတုပ် ကိုသေသေချာချာထိုးပြီး ပိတ်ထားတာ ခင်ဗျား ဘယ်လိုလုပ်ပြီဝင်လာတာလည်း ကိုအောင်ခိုင်ကပြုံးသည်။အ
စီခံအနက်ရောင် စီးကရက်တစ်လိပ်ကို မီးညှိသောက်ရင်းပြောသည်။သော့ပါရဂူ အောင်ခိုင် ဆိုတာမကြားဖူးဘူးလား ကိုမှိုင်းဝေ ကြားဖူးဒတာပေါ့ဗျာ ခုဟာကသော့မဟုတ်တာ ကိုအောင်ခိုင် ခင်ဗျားတော်တော်ညံ့သေးတယ် ။ သော့ပါရဂူဆိုမှတော့ မင်းတုပ်လောက်ကို စကားထဲထည့်မပြောဘူး ။ ကိုအောင်ခိုင်၏ စကားကြောင့် ကျွန်တော် တော်တော်ဖြုံသွားသည်။ ကိုအောင်ခိုင်သည် ခတ်ထားသည့် မည်သည့် သော့ခလောက်ကိုမဆို သော့တံ
မပါဘဲ ကြာဆံချောင်း မြတ်တစ်ပင် စသည်တို့ကိုသာ အသုံးပြုပြီး ဖွင့်နှိုင်ကြောင်း သတင်းကြားဖူးနေသည်မှာ နှစ်အတော်ကြာပြီ။ ခုတော့ ပိတ်ထားသည် တံခါးမင်းတုပ်ကိုမှူ မည်သည့် အကူအညီမှမပါဘဲ
ဖွင့်လိုက်သည်မှာ လက်တွေ့။ကျွန်တော် ကမေးသည်။သော့တွေကို ဘယ်လို အတတ် ပညာနဲ့ဖွင့်တယ်ဆိုတာ ပြောပြနိုင်မလား ကိုအောင်ခိုင် ပြုံးဖြီးမေးသည်။ ကုန်ကြမ်းရှာတာလား ကိုမှိုင်းဝေ ဆိုပါတော့ကိုအောင်ခိုင် ကိုအောင်ခိုင်က စီးကရက် တစ်လိပ်ကို မီးထပ်ညှိသည်။ စီးကရက် သောက်ပါကိုမှိုင်းဝေ။ စီး ကရက်ကို ဘာပညာနဲ့မှလုပ် မထားပါဘူး။ စိတ်သန့်သန့်နဲ့ သောက်လို့ရပါတယ်
ကျွန်တော်ဆေးလိပ် မသောက်တတ်ပါဘူး ကိုအောင်ခိုင်။ ခင်ဗျား စကားလိုပဲ ကုန်ကြမ်းရရင် ကျေနပ်ပါပြီ ကိုအောင်ခိုင်က စီးကရက်ကို အားပါး
တရဖွာသည်။ မီးခိုးမှူတ်ထုတ်သည်။ ပြီးတော့ ပြောသည်။ ကျွန်တော် နဲ့ပတ်သက်ပြီး ထူးဆန်းထွေလာတွေပြောရရင် တော်တော်များမယ်။ ဆိုကြပါတော့ဗျာ ပိတ်ထားတဲ့ သော့ခလောက်တွေကို သော့တံမပါဘဲဖွင့်နိုင်တယ်။ တစ်ခုတော့ရှိတယ်ပေါ့ဗျာ။ အဲဒီသော့ခလောက်ဟာ သူ့သော့တံနဲ့သူ ဖွင့်လို့ရတဲ့သော့ခလောက်တော့ဖြစ်ရမှာပေါ့။ သံချေးတတ်ပျက်စီးနေတဲ့သော့ခလောက်ကိုတော့ ဖွင့်လို့မရဘူးပေါ့ ။သော့တံနဲ့ဖွင့်လို့ရတဲ့ ဘယ်သော့ခလောက်ကိုမဆို သော့
တံမပါဘဲ ကျွန်တော် ဖွင့်ပြမယ်။ အဲ..နောက်ပြီးရှိသေးတယ်။သော့တံမလိုတဲ့ နံပါတ်သော့ ခလောက် ဆိုရင်လည်း ဖွင့်နိုင်တယ်။ ဘယ်လိုနည်းနဲ့ဖွင့်တာလဲ ကိုအောင်ခိုင်း ဂါထာရွတ်ပြီး ဖွင့်တာလား....ဆက်ရန်ရှိ
သယ်ရင်တို့အတွက် ဇက်လမ်းကောင်း လေတွေကိုရှာပြီး တော့တင်ပေးမယ်လို့ စိတ်ကူးထားတယ်...