*********************************************
*****************************
************
ရဲရင့် ။ ။ အွန်လိုင်းရယ်ပ အားလုံးရယ်တဲ့ဆိုဒ်များတွင်......ရွှေမြို့တော်ရယ်လို့ ပေါ်ထွက်လာတဲ့နာမည်တစ်လုံးဟာ စည်းလုံးခြင်း
ရွှေချော ။ ။ဘာတဲ့ညီလေးရ
ရဲရင့် ။ ။ စည်းလုံးခြင်း စည်းလုံးခြင်းတွေနဲ့ တည်ဆောက်ထားတာမို့ ထူးတဲအသွင် ဗဟုသုတတွေစုံလင်တာမို့
နေမင်းခိုင် ။ ။ဘာတွေစုံလင်တာတုန်းညီလေးရ
ရဲရင့် ။ ။ဗဟုသုတတွေစုံလင်တာမို့ ဖိတ်ခေါ်လိုက်ပါတယ် ဒို့ရွှေမြန်မာတွေရယ် ကမ္ဘာအနှံ့မှာရှိတာမို့ တစ်နေရာထဲမှာဆုံစည်းလို့ရတဲ့ မြို့တော်ဂေဟာ မြို့တော်ဂေဟာ ရွှေမြို့တော်ကအစဉ်ကြိုဆိုနေတာမို့ သူငယ်ချင်းအသစ်တွေရယ် လှမ်း လှမ်း လှမ်းလာခဲ့ပါအတည်...........
ကွန်ဆူးမာ။ ။ အရမ်းကောင်းတဲ့ ခွန်းတောက်လေးမဟုတ်ပါလားဗျာ
ကိုရင်ကျော်။ ။ဟုတ်ပါ့ ဗျာ ကျွန်တော်တို့ မြို့တော်လေးကိုတင်စားပြီး ရေးဖွဲ့ထားတဲ့ခွန်းတောက်လေးပါဗျာ ဘာတဲ့ ဗဟုသုတတွေစုံလင်တယ် ဟုတ်ပါတယ်ဗျာ တကယ်လဲ စုံလင်ပါတယ် ကျွန်တော်တို့မြို့တော်လေးထဲမှာ
ရဲရင့် ။ ။ကဲ အကိုတို့ရေ ပြန်ဆုံကြပြန်ပြီဗျာ
ရွှေချော ။ ။ ဟုတ်ပါ့ညီလေးရာ ဟိုတစ်ခါ ကတဲ့အငြိမ့်တုန်းက ဒီက ကိုရင်ကျော်မပါပါဘူး ကဲ အခုတော့ ကိုရင်ကျော်တို့လဲ ပါတယ်ဆိုတော့ အကိုတို့အငြိမ့်လေးက ပိုပြီ ကောင်းသွားမယ်ဆိုတာတော့ အမှန်ပါညီလေးရာ
နေမင်းခိုင် ။ ။ မှန်တာပေါ့ဗျာ ကဲ ညီလေးတို့ရေ အားလုံးပဲမင်္ဂလာပါကွာ
အဖွဲ့ ။ ။ မင်္ဂလာပါဗျာ မင်္ဂလာပါ
ရဲရင့် ။ ။ မြို့တော်လေးထဲမှာ ကောင်းမလေး ချောချော လေးတွေများသားပဲ ဗျ
ကွန်ဆူးမာ ။ ။ ဟဟဟ မင်းက အခုမှသိတာလားကွ အများကြီးအများကြီး အများကြီးဆိုလို့ အပျိုကြီးတွေဆို ရိုက်သတ်လို့တောင်မကုန်ဘူး
ကိုရွှေချော။ ။တိုးတိုးပြောပါဗျ တော်ကြာ မေသဇင်တို့ မှုံနံသာဖြူတို့က ကြားသွားလို့ သူတို့ပြောတယ်ထင်ပြီး အငြိမ့်ကို ခဲ(ဂဲ)နဲ့ပေါက်နေအုံးမယ်
ရဲရင့် ။ ။ဒါနဲ့ ကျွန်တော်မြို့တော်ထဲရောက်တော့ မြို့သူမြို့သားတွေ ကိုအရင်တွေ့တယ်
နေမင်းခိုင်။ ။ (ချွမ်း) မြို့သူမြို့သားမတွေ့လို့ မင်းကဘယ်သူကိုတွေ့ချင်လို့လဲကွ
ရဲရင့် ။ ။လက်ကမြန်တယ် ပြောတာနားထောင်အုံး အဲ့ဒါနဲ့ မြို့ထဲရှောက်ကြည့် မြို့သူတစ်ယောက်နဲ့တွေရော အဲ့ဒါနဲ့ ကျွန်တော်က မေးလိုက်တယ် အမရယ် အမက အပျိုလားဟင်လို့မေးလိုက်တော့ သူကပြန်ပြောတယ် အင်ပေါ့မောင်လေးရယ်ဆိုပြီး ပြောပြီးတော့ အနော်ကို ပါးရိုက်သွားတယ် အဲ့ဒါရှက်လွန်းလို့ ဘယ်သူမှမပြောဘူး အခုလူစုံတုန်းရှင်းပြတာ
ကိုရင်ကျော် ။ ။ ပါးပဲရိုက်သွားလို့ တော်သေးတယ် ပါးမရိုက်ပဲ ဟိုတာလုပ်သွားရင် မင်းတော့ နားကားပြီ
ကွန်ဆူးမာ ။ ။ ဟိုတာက ဘယ်ဟာကိုပြောတာလဲ
ကိုရင်ကျော်။ ။ငါ့ပြောတဲ့စကားငါသိတယ် ရှင်းမပြတော့ဘူးတော်ပြီ
ရဲရင့် ။ ။အဲ့ဒါနဲ့လေ ပါးရိုက်ခံပြီး ရှေ့ဆတ်သွားတော့ ဆိုင်းဘုတ်တစ်ခုတွေ့တယ် ဘာရေးထားတယ်မှတ်တုန်း အပျိုကြီးများရောင်းရန်ရှိသည်တဲ့
နေမင်းခိုင် ။ ။အမ် ဖြစ်နိုင်တယ် ညီ အကိုတို့ဆိုဒ်ထဲမှာက အပျိုကြီးတွေတော်တော်များတာလေ ဖြစ်နိုင်တယ်
ကိုရွှေချော ။ ။ ငါကတော့ အပျိုကြီးတွေကိုဝေးဝေးကရှောင်တယ် ဘာလို့လဲသိလား အရမ်းပွစိပွစိနိုင်လို့ အခု ချာတိတ်တွေကိုပဲရှာနေတယ် ခိခိခိခိ
ကွန်ဆူးမာ။ ။ကဲ ညီတို့ရေ အခု အကိုတို့ကပြတဲ့အငြိမ့်လေးကတော့ ဘလောက့်ပိုစ်ဆုရရှိတဲ့သူတွေကိုဂုဏ်ပြုတဲ့အနေနဲ့ကပြတဲ့ပွဲလေးမဟုတ်ပါလားခင်ဗျာ ကဲ အခုအငြိမ့်ကဏ္ဍ တမ်းတတဲ့သူတွေလဲရှိနေကြပြီဖြစ်တာမို့ ကဲညီလေးတို့ရေ ဗေဒါအလွမ်းအငြိမ့် ပရိတ်သတ်တွေနဲ့အတူ ခံစားလိုက်ကြရအောင်လားဗျာ
***********************************************
*******************************
************
(ညိုပြာပြာ လတာပြင့် ခြေရင်း လှိုင်းတက်ရာ ဗေဒါထက်လှိုင်းသက်ရာဆင်း ဆင်းရလဲ မသက်သာ အုန်းလက်ကြွေ ရေပေါ်လော မျောစုံလို့လာ အဆင်းနဲ့အလာ ဗေဒါမှအထွေး အုန်းလက်ကြွေ သူ့နံဘေး ဆောင့်ခဲ့ရသေး ဆောင့်ခဲ့လဲ မသတ်သာ နောက် တစ်ချီ ဒီတစ်လုံးက ဖုံးလိုက်ပြန်တာ...တာ မြုပ်လေတော့ ပေါ်မလာ မဗေဒါအလှ တလံကွာ လှိုင်းအကြွ ပေါ်လိုက်ပြန်ရ ပေါ်ပြန်လဲ မသတ်သာ ချောင်းဆွယ် မြောင်းငယ်ထဲက ဘဲထွက်လို့လာ ဘဲအုပ်က တစ်ရာ နှစ်ရာ မဗေဒါကတစ်ပင်ထဲ(တည်း) အယက်အကန် ခံလို့ ဗေဒါရယ် အံကိုခဲ ပန်း ပန်လျှက်ပဲ)
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
ကိုရွှေချော ။ ။အရမ်းကောင်းတဲ့ သီချင်းလေး မဟုတ်ပါလားဗျာ
ကွန်ဆူးမာ ။ ။ ဟုတ်ပါ့ ကိုရွှေချောရေ ဆရာဇော်ဂျီရဲ့ မဗေဒါ သီချင်းလေး နော် ဗေဒါပန်းလေးတွေကိုတင်စားဖွဲ့ဆိုထားတာ အရမ်းအနှစ်သာရ ရှိသပေကိုဗျ
နေမင်းခိုင် ။ ။ဟုတ်ပါတယ် လှိုင်းလုံလေးတွေကြားထဲမှာ ဗေဒါပင်လေးက ဘယ်လိုရုံးကန်တယ် ဘယ်လို ခံနိုင်ရေရှိတယ်ဆိုတာလေးကို ပြောပြထားတာပါ
ကိုရင်ကျော် ။ ။ဟုတ်ပါ့ ဗျာ အရမ်းကောင်းတဲ့ သီချင်းလေးပါ
ရဲရင့် ။ ။ သီချင်းကောင်းတာကိုတော့ လက်ခံတယ် ဒါပေမဲ့ အဲ့သီချင်းထဲမှာ လက်မခံနိုင်တာ တစ်ခုရှိတယ်
ရွှေချော ။ ။ ဘာတုန်းကွ မင်းကလက်မခံနိုင်တာက
ရဲရင့် ။ ။ ဒီလိုပါ မဗေဒါမှာ တစ်ပင်ထဲရှိတယ်ဆိုတာ မယုံသလိုပဲ တစ်ပင်ထက်မကလောက်ဘူးနော်
ကွန်ဆူးမာ။ ။(ချွမ်း) ဖောက်လာပြီ ဘာကိုပြောနေတာလဲ မင်းနော် နိုင်ငံရေးတွေမပါနဲ့
ရဲရင့် ။ ။ကျွန်တော်ပြောတာ တကယ်ပဲလေ မဗေဒါမှာက တစ်ပင်ထဲရှိတာမဟုတ်ဘူးလေ ဗေဒါပင်တွေက အများအားဖြစ် အစုလိုက် အပုံလိုက်နေကြတာလေ အဲ့ကြောင့် တစ်ပင်ထဲမဟုတ်ဘူးလို့ပြောတာပါ အများကြီးပဲလို့ပြောတာပါ ကျန်တာတော့ပြောရဲပါဘူး သားသားကြောက်ကြောက်ခိခိခိခိ
နေမင်းခိုင်။ ။ကဲ သူငယ်ချင်းတို့ရေ မင်းသမီးလေးဆိုတာကတာကိုလဲ မြင်တွေ့ ပြီးသွားပါပြီ မင်းသမီးလေးနဲ့ ပရီတ်သတ်ကြီးကို မိတ်ဆတ်ပေးဖို့ပဲကျန်တော့ဗျာ ပီရဝါစ ဆိုတဲ့ ချစ်ဖွယ်သော စကား နှုတ်ဖျားက ဘယ်လိုပြောမလဲဆိုတာ ကြားချင်လှပြီဗျာ ကဲကဲ မင်းသမီးလေး ရှင်းသန့်မေကို ခေါ်ထုတ်ပေးမှာက လူရွှင်တော်တွေဖြစ်တဲ့ ကျွန်တော်တို့တာဝန်မဟုတ်ပါလား
ကိုရင်ကျော် ။ ။ဟုတ်တာပေါ့ ကိုနေမင်းခိုင်ရေ ကဲအဲ့တော့ ဘယ်သူခေါ်မလဲ
ရွှေချော ။ ။ ငါခေါ်ဘူး အဲ့အပျိုကြီးမမက နာဆို ကစ်သလားမမေးနဲ့ ခေါ်ဘူး
ကွန်ဆူးမာ ။ ။ ငါခေါ်ပါ့မယ်ကွာ မင်းသမီးခေါ်မဲ့ ခွန်းတောက်လေးကို ငါကျက်ထားတယ် အဟိ ကဲစမယ် အသားကရွှေလိုချော မြလိုစိမ်း အသားကရွှေလိုချောမြလိုစိမ်း ဟန်ပန်နဲ့ တစ်ခါရိမ်းလိုက်ရင် အသာပြာတစ်သိန်းထိုက်တယ် ရှင်းသန့်မေ ဆိုတဲ့ နွားမ အော်ဟုတ်ဘူးဟုတ်ဘူး ရှင်းသန့်မေ ဆိုတဲ့ နှမ ကဲရွာစားရေ ဖေးမလို့မေးလိုက်ပါအုံးဗျာ
*****************************************
***************************
*************
ရှင်းသန့်မေ။ ။ မင်္ဂလာပါ အကိုတို့ မောင်လေးတို့ရေ ပျော်ရွှင်စရာပွဲလေး မဟုတ်ပါလားရှင်
ရဲရင့် ။ ။ဟုတ်ပါ့ မင်းသမီးရေ
ရှင်းသန့်မေ။ ။နော် မြို့တော်လေးထဲက ဘလောက့်ပိုစ် ဆုရရှိတဲ့သူတွေကို ဂုဏ်ပြုတဲ့ပွဲလေး မဟုတ်ပါလား အကိုတို့ရေ
ကိုရင်ကျော်။ ။ဟုတ်ပါ့ဗျာ ဟုတ်ပါ့
ရှင်းသန့်မေ။ ။ဟိုဘက်က ကွန်ဆူးမာရေ မင်္ဂလာပါရှင်
ကွန်ဆူးမာ။ ။ဒီတစ်ခါတော့ ရိုးရိုးလေးမထူးတော့ဘူး သီချင်းလေးနဲ့ ထူးမယ်
ကိုရွှေချော။ ။ဘယ်လိုလေးထူးချင်တာတုန်းဗျ
ကွန်ဆူးမာ။ ။ဟေ့သူငယ်မရေ ချောလို့လှလို့ ဝလို့ရယ် အိုတကယ်ပဲကွယ် အသားဝင်းဝါတယ် ဘာကြောင့်တောင်ဒီလောက်တောင်များလှနေရလဲကွယ် မြွေနှစ်ကောင်စားလို့လား ပိုးသတ်ဆေးစားလို့လား
နေမင်းခိုင်။ ။(ချွမ်း) အကောင်းမှတ်လို့ နားထောင်နေတာ ရှင်းသန့်မေပြန်ပြောလိုက်လေ
ရှင်းသန့်မေ။ ။ဘယ်လိုပြန်ပြောရမှာလဲ
နေမင်းခိုင်။ ။မြွေနှစ်ကောင်လဲ မဟုတ်ဘူး ပိုးသတ်ဆေးလဲ မဟုတ်ဘူး ကြွက်သတ်ဆေးစားလို့လို့ ပြောလိုက်
ရှင်းသန့်မေ။ ။တွေ့လား ငါ့ကို ပေးသေခိုင်းနေကြတယ် အော်ငိုလိုက်မှာနော် အဟင့်အဟင့်
ကိုရင်ကျော်။ ။မလှတဲ့မျက်နှာနဲ့ မငိုပါနဲ့ဟာ နင်ကလဲ အပျိုကြီးတွေ မျက်ရည် မြေမကျကောင်းဘူးတဲ့ခိခိခိခိ
ရှင်းသန့်မေ။ ။ဟိုဘက်က ကိုရွှေချော(ရွှေညာ)ရေ မင်္ဂလာပါကွယ်
ကိုရွှေချော။ ။နာယဲ သီချင်းနဲ့ထူးမယ်
ရဲရင့် ။ ။ ထူးပြန်ပြီနောက်တစ်ယောက် ကဲထူးစေသတည်းဗျာ ထူးစေသတည်း
ကိုရွှေချော။ ။မှန်ရာကို သစ္စာဆိုပါပြီ ကောင်းမလေး ၂ယောက်ကို ဖွန်ကြောင်မိပါသည် တကယ်ကယ်ကယ်ကယ်
ကွန်ဆူးမာ။ ။(ချွမ်း) ဖွန်ကြောင်တာကို အရေးလုပ်လို့ င်္သီချင်းလုပ်ပြီးဆိုပြနေသေးတယ် မင်းဖွန်ကြောင်တာ အားလုံးသိတယ် ခိခိခိ
ရှင်းသန့်မေ။ ။အေးလေ သူကြောင်တာ ကိုပဲရေးကြီးခွင်ကျယ်လုပ်ပြီးပြောနေတယ် ကြောင်ကြောင်ကြောင်
ရဲရင့် ။ ။ကိုရွှေချော ပြောလိုက်လေ ဖွန်ကြောင်တာ အခွန်ဆောင်စရာမှ မလိုတာလို့ ခိခိခိခိ
ရွှေချော ။ ။မင်္ဂလာပါ ရှင်းရေ
ရှင်းသန့်မေ။ ။ဟိုဘက်က နေမင်းခိုင်ရေ မင်္ဂလာပါရှင်
နေမင်းခိုင်။ ။မကလာပင်ပါ မြင်းမှီး အော်မှားလို့ မင်းသမီး
ရှင်းသန့်မေ။ ။ဟိုဘက်က မောင်လေး ရဲရင့်ရထာ ရေ ကျမ်းကျမ်းမာလို့ သာပါစွကွယ်
ရဲရင့် ။ ။ဟုတ်ကဲ့ ပို့သတဲ့မေတ္တာကြောင့် အိမ်က ဘကြီးတော့ ဆုံးပြီ ဒေါ်လေးရှင်းရေ
ကိုရွှေချော။ ။ဘာ မင်းဘကြီးဆုံးတာ ငါ့တောင်မဖိတ်ဘူး မင်းဘကြီးဆုံးတုန်းက ဘာကျွေးလဲ
ရဲရင့် ။ ။ မုန့်ဟင်းခါး ဘာလို့လဲ
ကိုရွှေချော ။ ။အေး အခု ငါ့ အဖိုးလဲ ကျမ်းမာရေးမကောင်းဖြစ်နေတာနော် အဲ့ခါကြမင်းမဖိတ်ဘူး ဒန်ပေါက်ကျွေးမယ်ဟင်းးးးး
ကိုရင်ကျော်။ ။(ချွမ်း) အရေးထဲ မသာ လာပြိုင်နေကြတယ်
ရဲရင့် ။ ။မင်္ဂလာပါ ဒေါ်လေးရှင်းရေ
ကွန်ဆူးမာ။ ။ကဲ ရှင်းရေ ဘာတွေများပြောကြားချင်သေးလဲဗျာ
ရှင်းသန့်မေ။ ။ မြို့တော်ထဲမှာရှိတဲ့ သူငယ်ချင်းမိတ်ဆွေအပေါင်းအသင်းတွေကို ကြိုးစားကြပါလို့ ပြောကြားချင်ပါတယ်ရှင် နောက်ပြီးအောင်မြင်တဲ့ ပန်းတိုင်ကို လှမ်းကိုင်နိုင်ဖို့အတွက်လဲ စည်းလုံးကြပါလို့ပြောကြားရင်း အစဉ်မသင့်လို့ စင်မြင့်ပေါ်ကနေပဲ တိုက်တွန်းလိုက်ပါတယ်
ရဲ့ရင့် ။ ။ဟုတ်ပါတယ် ဒေါ်လေးရှင်းရေ ကဲ အကိုတို့အမတို့ရေ အချိန်လေးလဲ ကြာနေပြီဆိုတော့ ကျွန်တော်တို့ရဲ့ အငြမ့်ကဏ္ဍလေးကို ဒီမှာပဲတခန်းရပ်နားပါရစေလားဗျာ
ကိုရင်ကျော်။ ။ကောင်းပါ့ညီလေးရာ ကဲ မင်းသမီးလေးရှင်းသန့်မေရေ ဘာသီချင်းလေးနဲ့ အငြိမ့်ကဏ္ဍကိုသိမ်းပါ့မလဲဗျာ
ရှင်းသန့်မေ။ ။ ရှင်းရဲ့ မောင်လေး ရဲရင့်ရထာ ရေးစပ်သီကုံးပေးထားတဲ့ ရွှေမြို့တော်ဆီသို့ဆိုတဲ့ သီချင်းလေးနဲ့နှုတ်ဆတ်လိုက်ပါရစေရှင်
နေမင်းခိုင်း။ ။အရမ်းကောင်းမဲ့သီချင်းလေးပါ ကဲ ပရိတ်သတ်အားလုံးပဲခင်ဗျာ ပြန်လည်ဆုံစည်းချင်ပါသေးတယ်ဗျာ
ကွန်ဆူးမာ။ ။ကဲ ရွှေမြို့တော်ဆီသို့ ဆိုတဲ့ သီချင်းလေးကို ကြားပါရစေဗျာ
(ရွှေမြို့တော်ဆီသို့ တစ်ခါတစ်ခေါက်ဖြစ်ရောက်စေချင်ပါသည် ဖိတ်ခေါ်လိုက်တယ်သူငယ်ချင်း ဖော်ရွေပါသည် လာလည်ပါအတည် ရွှေမြို့တော်ဆီ အစဉ်ကြိုဆိုနေမည် မိတ်ဆွေ အပေါင်းအသင်းတွေ အများအပြားပေါများလှပါသည်)
(စာပေစုံညီ ရွှေမြို့တော်အတွင်းဆီ ရေးသားကြသည် အားပေးသူတွေနဲ့ တဖုံတမည် စည်းလုံးကြသည် ပျော်ရွှင်မြူး နည်းပညာတွေကိုလဲ လေ့လာနိုင်ပါသည် အထူးပဲ အစဉ်ဖိတ်ခေါ်ပါသည်)
မြို့တော်အတွင်းကို လှည့်လည်လို့သွား သူငယ်ချင်းတွေအိမ်ဆီ အလည်ဝင်မည် ဖော်ရွေပါတယ် အိမ်ရှင်တွေရယ် ခင်ဖို့ကောင်းလှတယ်)
***********************************************
**************************
************
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
ပြီးပါပြီ
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
ကြိုးစားပါအုံးမည်
ရဲရင့်ရထာ