Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

“ အနှိုင်းမဲ့ မေတ္တာရှင် မေမေ ”

$
0
0

          

ဓူဝေေ၀…ဓူဝေေ၀…ဓူဝေေ၀……

ဘုရားကျောင်းတခုမှာ ကျနော် မေမေ့အတွက် နှစ် နှစ်ပြည့်  ဆွမ်းသွပ်တရားနာလေးတခုဖြစ်ပါတယ်..။

မေမေရေ…ရောက်ရာ အရပ်က သာဓုခေါ်နိုင်ပါစေနော်…..။

အခုဆိုရင် မေမေဆုံးတာ နှစ် နှစ်တောင် ကြာမြင့်ခဲ့ပါပြီ...အရာရာတိုင်းဟာ မနေ့ကအဖြစ်ပျက်တွေလိုပါပဲ…

ဒီအကြောင်းတွေကို ပြန်မတွေးတော့ဘူးလို့ အလိုလိုမေ့ထားပေမယ့် ဘယ်လိုမှ မမေ့နိုင်တဲ့ ၊ ဘယ်လိုမှ ခွင့်မလွှတ်နိုင်တဲ့

ကျနော် ကိုယ်ကျနော် အပြစ်တင်မိပါတယ်…။ မိဘနဲ့ အချိန်ဟာ ဘ၀မှာ ဘယ်လိုမှ အစားထိုးမရဘူးဆိုတာ

 ကျနော် ရင်နဲ့ ရင်းပြီး သိခဲ့ရပါပြီ…မေမေ မရှိတော့မှ မေမေ့ရဲ့ နွေးထွေးတဲ့ အကြင်နာ တွေ ၊ ကိုယ်တိုင် ကလေးဖခင်ဖြစ်လာတော့မှ

 မေမေ့ရဲ့ မေတ္တာ တရားကြီးမားပုံတွေ ၊ မိခင်တယောက်ရဲ့ သားသမီးပေါ်ချစ်တဲ့ အချစ်တွေကို ကျနော် ကောင်းကောင်းကြီးနားလည်ခဲ့ပါပြီ….။

                   ကျနော်ကို မထင်မရှားတဲ့ မြို့တမြို့ နဲ့ အလွန် အလှမ်းဝေးကွာတဲ့ ရွာလေးတရွာမှာ ဆင်းရဲနွမ်းပါး

လှတဲ့မိဘနှစ်ပါးမှ မွေးဖွားခဲ့ပါတယ်…။ဖေဖေက  အလုပ်ပင်ပန်းတဲ့ ဒဏ်တွေရယ် သူရဲ့ နှလုံးအားနည်းတဲ့ ရောဂါ

 တခုရယ်ကြောင့်  ကျနော်  သုံးနှစ်သား ၊ ကျနော်ညီမလေး လသား အရွယ်မှာပဲ ဆုံးသွားခဲ့တယ်လေ….။

အရင်ကတည်း ဆင်းရဲနှံချာ လှတဲ့ ကျနော်တို့ဘ၀တွေထဲကို  မလိုချင်ပဲ ရောက်ရှိခဲ့တဲ့  ကံကြမ္မာရဲ့မမျှတ တဲ့

လက်ဆောင်တွေပေါ့ဗျာ….။အဲဒီအချိန်က သောကအပူတွေနဲ့ အရူးတပိုင်းဖြစ်ခဲ့ရတာ ကျနော်မေမေပေါ့….။

 ဒါပေမယ့် ဘ၀ကိုလွယ်လွယ်နဲ့ အရှုံးမပေးတတ်တဲ့ ကျနော် မေမေက  အဖေရှိတုန်းက ပိုင်ထားတဲ့

မြေကွက်လေးတွေရယ် ၊ လယ်လုပ်တဲ့ ခိုင်းနွားလေးတွေကို ရောင်းပြီး… အိမ်မှာ စက်ချုပ်ဆိုင်လေးနဲ့  

အိမ်ဆိုင်လေး တဆိုင်ဖွင့်ကာ ဘ၀ကို ရုန်းကန်ခဲ့ပါတယ်….။လိုသလို မဖြစ်လာတဲ့ လူ့ဘ၀ကြီးကို

 ဖြစ်သလိုနေမယ်ဆိုတဲ့ အတွေးတွေကို ဘေးချိတ်ထားပြီး…သူတတ်စွမ်းတတ်သလောက် ကျနော်တို့မောင်နှမ

 နှစ်ယောက်ဘ၀ကို ထိန်းကျောင်းခဲ့တယ်.။ ဖေဖေဆုံးသွားတဲ့ အချိန်းတုန်းက မေမေ့အသက်ဟာ ၂၇ နှစ်ပဲ ရှိပါသေးတယ်…

 နောက်အိမ်ထောင်ပြုမယ် ဆိုရင် ပြုလို့ရတဲ့အရွယ်ပေါ့….။ ဒါပေမယ့် မိခင်ကောင်းပီသခဲ့တဲ့ ကျနော်မေမေက ကျနော်တို့

မောင်နှမတွေ မျက်နှာငယ်ရမှာစိုးစိတ် တခုအတွက်  သူ့ဘ၀ကို မုဆိုးမ ဆိုတဲ့  ဘွဲ့တခုကိုယူပြီး တကိုယ်တော်

ရုန်းကန်စောင့်ရှောက်ခဲ့တယ်လေ….။

        ခါးသီးလှတဲ့ လောကဓံတွေကို ရင်စီးခံပြီး မေမေကျနော်တို့မောင်နှမတွေ ရှေ့က မားမားကြီး ရပ်တည် ခဲ့တယ်….။

 ဘယ်လောက်ပဲ အလုပ်တွေ ကြောင့် အားအင်တွေ ကုန်ခန်းလို့ ပင်ပန်းနေပါစေ ကျနော်တို့မောင်နှမ အတွက်တော့ မေမေက

 အပြုံးတပွင့် တော့ အမြဲ ချန်ထားလျှက်ပါ….ဖေဖေ ဘယ်သူလဲဆိုတာတောင် ကောင်းကောင်းမသိလိုက်တဲ့ ညီမလေးကို


သနားလို့ဆိုပြိး အချစ်တွေ ပိုခဲ့သလို  ကျနော်ကို လဲ သားဦးလေးမို့ဆိုပြီး အကြင်နာတွေ ပိုခဲ့တယ်လေ….။

ညီမလေး စကားပြောတတ်ခါစက  ဖေဖေလို့ ခေါ်တိုင်း မေမေ့မှာ မျက်ရည်တွေဝဲခဲ့ရတာ ကျနော် အသိဆုံးပေါ့….။

                       ဆယ်တန်းတောင် မအောင်ခဲ့တဲ့ ကျနော် မေမေ့က သူ့သားသမီးတွေကို ပညာတတ်တွေ ဖြစ်ရမယ့်ဆိုတဲ့

ရည်မှန်းချက်ကြီးတော့ ရှိခဲ့တယ်….။ကျနော် တို့ငယ်ငယ်တုန်းက ပညာရေးအရမ်းမထွန်းကားသေးတဲ့ ကျနော်တို့ ရွာဘက်တွေမှာ

  တော်ရုံတန်ရုံ မိဘတွေက ရေးတတ်ဖတ်တတ်ရင် ကျောင်းထုတ်ပြီး သူတို့ အလုပ်တွေ ကို  ကူခိုင်းကြပါတယ်…။အိမ်စားဝတ်နေရေးတဖက် ၊

ချက်ပြုတ် လျှော်ဖွတ်ရေးတဖက် ၊ သားသမီးတွေ ကျောင်းစရိတ်က တဖက် နဲ့ ဒီလောက် ပင်ပင်ပန်းပန်းလုပ်ကိုင်နေရတာတောင်

မေမေက ကျောင်းထုတ် မယ်ဆိုတဲ့နေရာမှာ  မေမေ့ကိုချစ်ရင် မေမေ့ကို သနားရင် ပညာတတ်ကြီးဖြစ်အောင် ကြိုးစားပါဆိုတဲ့  

စကားတွေနဲ့ အစားထိုးလာတယ်လေ…။

          မေမေက ကျနော်တို့မောင်နှမကို အမြဲတမ်းပြောနေတဲ့စကားလေးရှိတယ်

“.သားကြီိးနဲ့ သမီးငယ် မေမေ မင်းတို့တွေကို ဘာဥစ္စာ အမွေပစ္စည်းမှ မပေးနိုင်ဘူး..သားနဲ့သမီးကိုပေးနိုင်တာ ဒီပညာအမွေးလေးပဲရှိတာတဲ့ …

ဒါ့ကြောင့်စာကိုကြိုးစားပါ.”

ဆိုပြီး အမြဲပြောခဲ့တယ်…။

ဟုတ်တယ်…တကယ်ဆိုရင် မေမေက ကျနော် တို့ မောင်နှမတွေကို ပညာဆိုတဲ့ အတောင်ပံတစုံတပ်ပေးခဲ့တာ. အဲဒီအတောင်တွေစုံရင်

 သူနဲ့ဝေးရမယ်ဆိုတာ သိသိရက်နဲ့ မေမေက သူ့အတွက်ဆိုတဲ့ဘာမျှော်လင့်ချက်မှ မထားဘဲ ကျနော်တို့တွေကို တွန်းပို့ခဲ့တာ…

အဲလိုဖြစ်မယ်ဆိုတာ ကျနော် ကြီုသိခဲ့ရင် ဒီတောင်ပံကြီးတွေကို မမက်မောခဲ့ပါဘူးဗျာ…..။

              ကျနော်ကဆယ်တန်းအောင်တဲ့အချိန်မှာ အမေ့ရဲ့ ဆန္ဒ ၊ ကျနော်ရဲ့ဝါသနာ ၊ ညီမလေးရဲ့ အားပေးမှု့တွေနဲ့  

ကျနော် စစ်တက္ကသိုလ် ကို တက်ခဲ့ပါတယ်….။ သုံးနှစ်တာ စာပေပညာ ၊ စစ်ပညာတွေကို သင်ကြားတတ်မြောက်ပြီးတဲ့နောက်မှာတော့

  ကျနော် ဟာ ပြန်တမ်းဝင် အရာရှိတစ်ယောက်အဖြစ် ခန့်အပ်ခံခဲ့ရပါတယ်…။အဲဒီနေ့က အမေ့မျက်နှာ ပိတီတွေနဲ့ အမည်မဖော်နိုင်တဲ့

 ပျော်ရွှင်မှု့တွေ အပြည့်ပေါ့….။ ပြီးတော့ ကျနော် ကိုသေချာကြည့်ပြီး စကားလေးတွေ ပြောခဲ့တယ်….ခုချိန်ထိ ကြားယောင်နေတုန်းပဲ မေမေရယ်……။

မေမေပြောတာက….

“ သားကြီးရေ..သားကြီးကအခုဆိုရင် လူတွေထဲက လူပီသ တဲ့လူတစ်ယောက်ဖြစ်သွားပြီ..ရှေ့ဆက် လူတိုင်းနဲ့ ရင်ဘောင်တန်းနိုင်အောင်ကြီုးစားပါ…

ဘ၀မှာချိုမြိန်မှု့တွေ ရှိနေတတ်သလို ၊ ခါးသီးမှု့တွေလဲ ကြုံရတတ်တယ်လေ…ဒါတွေအားလုံးကို ခံနိုင်ရည်ရှိအောင် လိုက်လျော ညီထွေမှု့ ဖြစ်အောင် ကြိုးစားပါ…။

 ကြိုးစားမှု့ဆိုတဲ့အတိုင်းတာမှာလဲ မိုးရွာနေတဲ့ အချိန် ရေခံသလိုပါပဲ အဲဒီအချိန်မှာ ရေပုံးကြီးကြီးနဲ့ ရေခံတဲ့လူက များများရပြီး ရေပုံးသေးသေးနဲ့ ရေခံသူက

နည်းနည်းပဲရမှာပါ…။ သားကြီးရေ..ဘ၀ဆိုတာကြီးက  မိတာ 100 ပြေးသလို အမြန်ဆုံးတင်ပြေးပြီး ၊ ချက်ချင်းမောနေလို့မရဘူး ..မနှေးမမြန်လေးနဲ့

ပုံမှန်လေးပြေးနေဖို့လိုတယ်”

 ဆိုပြီး မေမေကျနော်ကို သေချာလေးဆုံးမခဲ့ပါတယ်….။

                ကျနော် က မြန်မာနိုင်ငံရဲ့နယ်စပ် မြို့လေးတမြို့မှာ တာဝန်ကျခဲ့ပါတယ်…မေမေ့ဆီကိုလည်း အခွင့်သာရင် သာသလို

တနှစ်တခေါက်လောက်တော့ ပုံမှန်ရောက်ဖြစ်ခဲ့တယ်….အခုဆိုရင် ညီမလေးလဲ ဘွဲ့ရလို့ အလယ်တန်းပြ ကျောင်းဆရာမ တစ်ယောက်ဖြစ်နေပြီ….။

အမေလဲ အရင်ကလုပ်ခဲ့တဲ့ အလုပ်ဒဏ်တွေ ကြောင့်လား…ဇရာက စကားပြောလာတာလားတော့ မသိဘူး အမေ အသက် ၅၀ ကျော်ကျော်လောက်ပဲ

ဲ ရှိပြီဆိုပေမယ့် ဆံနွယ်တွေ ဖြူလာပြီ..မျက်လုံးတွေကလဲ သိပ်မကြည်တော့ဘူး…အမှန်ဆို ဒီအရွယ်က အဲလောက်ကြီး အိုစာ မပြုသင့်သေးဘူးလေ….၊

ဘာပဲ ဖြစ်ဖြစ် ကျနော် မေမေ့ဆီကိုရောက်တိုင်း မေမေက ကျနော်ကြိုက်တတ်တဲ့ ဟင်းလျာတွေနဲ့ ကျနော်ကြိုက်တဲ့ ခေါက်ဆွဲကြော်ကို သူကိုယ်တိုင်

ချက်ပြုတ်ကျွေးဆဲ ကျနော်တို့ ငယ်ငယ်က ရိုက်ခဲ့တဲ့ ဓါတ်ပုံတွေကိုကြည့်ပြီး အရင်တုန်းက အကြောင်းတွေကို ပြန်ပြောပြနေဆဲ… ကျနော် ခွင့်ရက်စေ့ လို့

မေမေ့ကို ကန့်တော့ပြီး ပြန်မယ်လုပ်တိုင်း မေမေ့ မျက်ရည်တွေ စီးဆင်းနေဆဲ…ကျနော်စိတ်ထဲမှာတော့ မေမေ့က ငယ်ရုပ်တွေနဲ့ မေမေနုပျိုနေဆဲပါ…..။

              အခုဆိုရင် ကျနော်လဲ ဘ၀ရဲ့လက်တွဲအဖော်မွန်ရှာတွေ့လို့ အိမ်ထောင်ကျတာ တနှစ်ကျော်လာပါပြီ…ညီမလေးကလဲ

အထက်တန်းပြဆရာမ ရာထူးနဲ့ မေမေ့နဲ့ဝေးတဲ့နယ်စပ် မြို့လေးတမြို့မှာ တာဝန်ကျခဲ့တယ်လေ…ညီမလေးက မေမေ့ကိုတစ်ယောက်ထဲ

ထားခဲ့ရမှာ စိတ်မချလို့ သူ မပြောင်းပဲ အခုမေမေ့ရှိတဲ့ မြို့လေးမှာ အလယ်တန်း ပြဆရာမနဲ့ပဲ ဆက်နေလိုက်မယ်လို့ မေမေနဲ့တိုင်ပင်တော့…

မေမေက လက်မခံခဲ့ဖူး…သူတို့တုန်းက အဲလို မြို့က လာသင်တဲ့ ဆရာ\မ တွေက ကျနော်တို့ ရွာကို စာလာသင်ဖို့ လမ်းပန်း

ဆက်သွယ်ရေးခက်ခဲတာကြောင့် သူနဲ့အတူ ရွာကလူတွေ ပညာတတ်မရှိခဲ့တာဆိုပြီး ပြောပြခဲ့တယ်….မေမေ့ကိုချစ်ရင် မေမေက

 ပညာမတတ်တဲ့အတွက်  မေမေ့အစား ညီမလေးက ပညာဒါန ပြုတယ်သဘောထားပြီး တာဝန်ကျတဲ့မြို့လေးမှာ  သွားသင်ဖို့

တိုက်တွန်းခဲ့တယ်….ကျနော်နဲ့ အတူ လာနေပါလို့ခေါ်တော့လဲ ဖေဖေ ခေါင်းချခဲ့တဲ့ ဒီရွာလေးကနေ ဘယ်မှ ကို မထွက်ခွါချင်ဘူးဆိုပြီး

 ငြင်းဆန်ခဲ့တယ်...။အဲဒီမေမေ့ရဲ့စကားတွေနဲ့ပဲ ညီမလေးလဲ မေမေ့ကို မေမေ့ညီမ ၀မ်းကွဲတွေနဲ့အပ်ခဲ့ပြီး မေမေရှိတဲ့ရွာလေးကနေ တာဝန်းကျရာမြို့ကို

ပြောင်းရွှေ့ခဲ့ရပါ့တယ်….။

               ညီမလေးကတော့ ကျောင်းရက်ရှည်ပိတ်တဲ့နေ့တွေမှာ မေမေ့ဆီကို မကြာခဏရောက်ဖြစ်ခဲ့ပေမယ့် ကျနော်က

မေမေ့ဆီကို မရောက်ဖြစ်ခဲ့တာ သုံးနှစ်နီးပါကြာခဲ့ပါပြီ...မေမေ့ကိုနေ့တိုင်းသတိရပေမယ့် အိမ်ထောင်က တဖက်  တာဝန်က

တဖက်နဲ့ဆိုတော့ မေမေ့ဆီ ကို မရောက်ဖြစ်ခဲ့ဖူးလေ…ဒီနှစ် သီတင်းကျွတ်ရင်တော့ မေမေ့ကို ကန့်တော့ဖြစ်အောင် ကန့်တော့မယ်လို့

စိတ်ထဲမှာ တေးထားမိခဲ့တယ်…။ ဒါပေမယ့် လူက မတွေ့နိုင်ပေမယ့် မေမေ့လိုအပ်တာ မှန်သမျှကို လစဉ်ထောက်ပံ့ပေးနိုင်ခဲ့ပါတယ်…

မေမေ့ဆီကို ဖုန်းဆက်တိုင်းလဲ  သားကြီးကို လွမ်းတာကလွဲ၍ အားလုံး ကျန်းမာအဆင်ပြေတဲ့အကြောင်း ၊ အခွင့်သာရင်

သူ့ဆီကိုလာခဲ့ပါဦးဆိုတဲ့အကြောင်းပဲ ပြောဖြစ်ခဲ့တယ်….။  

                   မထင်ထားပဲ တိုင်းပြည်ရဲ့အခြေအနေ တခုကြောင့် ကျနော် တို့ ကရင်ပြည်နယ်ဘက် ကို စစ်ဆင်ရေးထွက်ရမယ် လို့

အကြောင်းဖန်လာတယ်လေ…ဒီသီတင်းကျွတ်လဲ လွဲရပြီ ထင်ပါရဲ့ဗျာ..စစ်သားဆိုတော့ ဒီလိုပဲပေါ့….ဆိုပြီး အောက်မေ့ယုံမှ လွှဲ၍

ဘာမှမတတ်နိုင်ခဲ့ပါဘူး..။ ရှေ့တန်းမထွက် ခင်  မေမေ့ဆီကိုဖုန်းဆက်ကန်တော့ပြီး..ရှေ့တန်းပြန်ဝင်လာမှ မေမေ့ဆီကို အရောက်လာခဲ့မယ့်အကြောင်း…

အဲချိန်ဆို ညီမလေးလဲ ကျောင်းပိတ်လို့ အိမ်မှာ မိသားစုတွေ တူတူပြန်ဆုံနိုင်မယ့်အကြောင်း မေမေ့ကိုပြောတော့ မေမေ့ကျေနပ်နေခဲ့ပါတယ်…။

                   လောကဓံတရားက တကယ်ကို ကျနော်တို့ကိုမမျှတခဲ့တာလား ကံကြမ္မာကြီးက ပဲ ရက်စက်တတ်တာလားတော့ ကျနော် မပြောတတ်ဘူး

…ကျနော် ရှေ့တန်းပြန်ဝင်ဖို့ တလလောက် အလို မှာ ကျနော် သိပ်ချစ်တဲ့ မေမေ ၊ ကျနော်ကို သိပ်တွေ့ချင်နေတဲ့ မေမေ အမောဖောက်ပြီး

အသက်ပါ ပါသွားတဲ့ သီတင်းဆိုးတခုကို နောက်တန်းမှ ကြေးနန်းရရှိခဲ့ပါတယ်… ရက်စက်လိုက်တာ ကံဇတ်ဆရာရယ် ကျနော် တို့တွေက

ဘာတွေများအပြစ်တွေလုပ်ခဲ့မိလို့လဲ ..ကျနော်တို့မိသားစုကိုမှ  ကွက်ကြားမိုးရွာပြီး လျှပ်စီးလက် မိုးကြိုးတွေ ပစ်ခဲ့တာလား……….။

ကျနော့်ကိုသိပ်တွေ့ချင်နေတဲ့မေမေ ကျနော်ကလဲသိပ်တွေ့ချင်နေတဲ့မေမေကို သူမရဲ့နောက်ဆုံးအချိန်လေးမှာတောင် ကျနော် က အနီးနားမှာ

မရှိနိုင်ခဲ့ဘူး..မေမေ့ရဲ့နောက်ဆုံး အနေနဲ့ မျက်နှာလေးကိုတောင် တွေ့ခွင့်မရှိနိုင်တဲ့ ကျနော်ရဲ့ဘ၀ကို ဟားတိုက်ရယ်မောနေမှာ လား ကံကြမ္မာကြီးရယ်……။

                မေမေရေ…ကျနော်တို့နောက်ဆုံးဖုန်းပြောခဲ့တဲ့..ကျနော်တို့မိသားစုလေး တနေ့ပြန်ဆုံမယ်ဆိုတဲ့ အနာဂတ်အိမ်မက်လေးကရော

 လေလှိုင်းထဲမှာပဲ ပျောက်ကွယ်ခဲ့ပြီလား….။ကျနော်နဲ့ ညီမလေးတို့ နှစ်ယောက်ပေါင်းပြီး မေမေ့ကို ထမင်းဟင်းတွေ ချက်ပြုတ်ကျွေးမယ် ၊

မေမေ့ကို သနတ်ခါးတွေ လူးပေးပြီး မိသားစု သုံးယောက်ထဲ ဓါတ်ပုံတွေ တပျော်တပါးကြီး ရိုက်ကြမယ်ဆိုတဲ့ ကျနော် တို့ရဲ့ ရွှေအိုရောင်စိတ်ကူး

 တွေကရော တကယ်ပျက်ပြယ်ခဲ့ပြီးလား….။

                  ဒီလိုမျိုးတွေတာ ကျနော် ဖြစ်လာမယ်လို့ ကြိုသိခဲ့ရင်မေမေ တပ်ဆင်ပေးခဲ့တဲ့ တောင်ပံတွေကို ပျံသန်းဖို့ မကြိုးစားပဲ

ကျနော် သိမ်းထားခဲ့မိမှာပါ….။ ဘ၀မှာ ဘယ်လိုမှ အစားပြန်ထိုးမရတာ မိဘနဲ့ အချိန်ဆိုတဲ့အရာကို ရင့်နင်အောင် ကြေကွဲ ခံစား

သိရှိပြီးတဲ့နောက်မှာတော့ ကျနော်လစဉ်ထောက်ပံနေတဲ့ ငွေစက္ကူတွေက မေမေ့ရဲ့လိုအပ်တဲ့အားဆေးတခွက်မဖြစ်ခဲ့ဘူးဆိုတာ

ကောင်းကောင်းနားလည်ခဲ့ပါပြီ…..။ မေမေတကယ်လိုအပ်ခဲ့တာက…နွေးထွေးတဲ့ အသိုက်အမြုံလေးတခု ဆိုတာ..ကျနော် အစ သိခဲ့ရင်ပေါ့………..။

                
                                                                                                                    ငဖြိုး

(PS: သူငယ်ချင်းတို့တွေထဲ မှာလဲ မိဘနဲ့ဝေးကွာနေတဲ့  သူတွေရှိကြမှာပါ..ဘာပဲဖြစ်ဖြစ် ကိုယ့်မိဘသက်ရှိထင်ရှားရှိနေတဲ့အချိန်မှာ
 မိဘတွေနဲ့တွေ့ဖြစ်အောင်ကြိုးစားကြပါ… သူတို့ဟာ သင်တို့ ဘယ်လောက် ဆိုးခဲ့မိုက်ခဲ့တဲ့ အပြစ်တွေကိုပဲလုပ်လုပ်
အပြုံးပန်းတပွင့်နဲ့ သင်ပြန်လာမယ့်ရက်ကို လက်ချိုးစောင့်မျှော်နေကြပါလိမ့်မယ်… ဘ၀မှာ ဘယ်လိုမှ အစားထိုးမရ
တာ မိဘနဲ့အချိန် ဆိုတာကို သင် နာလည် သွားပါလိမ့်မယ်လို့ ကျနော် မျှော်လင့်ပါတယ်….။)


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>