“သံသရာအရှုံးထဲက…အမြတ်”(ဇာတ်သိမ်းပိုင်း)
သူမ ပထမဦးဆုံး ဖေ့ဘွတ်ကို ဖွင့်ကြည့်မိတဲ့အခါမှာတော့ မထင်မှတ်တဲ့ လူတစ်ယောက်က သူ့ကို ကွန့်မန့်လှလှလေးတွေ ပေးနေပါရောလား တနေ့တည်းမှာဘဲ သူကစပြီး တောင်းဆိုလာလို့ သူငယ်ချင်းအဖြစ်နဲ့ လက်ခံမိလိုက်တဲ့ သူမအတွက်တော့ ပျော်စရာတွေဖြစ်လာခဲ့ပါပြီ…..
သူ့နာမည်က လမြတ်သခင်တဲ့ သူနဲ့ သူမတို့က နေ့နံချင်းတွေတူနေသလို ၀ါသနာ၊ ခံစားချက်၊ အသိပညာတွေ ထပ်တူညီနေခဲ့ကြတယ် သူမစိတ်ထဲမှာရှိနေတဲ့အရာတွေအားလုံးက သူ့စိတ်ထဲမှာရှိတာတွေနဲ့ အံဝင်ခွင်ကျဖြစ်နေသလိုပင်….
“လ၀န်း…”
“ရှင်….အကို”
“လ၀န်းကို ကို့ရဲ့ညီမလေးတစ်ယောက်လို ခံစားမိတယ် လ၀န်းရယ်”
“ဟုတ်တယ်အကို…လ၀န်းလည်း ဒီလိုပဲခံစားမိပါတယ်”
“ညီမလေးရယ်…”
နေ့စဉ်နဲ့အမျှ သူရှိတဲ့နေရာလေးကို လာနေမိတာ သူမအကျင့်လိုပင်ဖြစ်နေပြီ သူနဲ့တွေ့တော့မှ သူမရှာဖွေနေမိခဲ့တဲ့ သူမလိုချင်ခဲ့တာ ဒါပါပဲလားဆိုတာကို သူမတွေ့ရှိခဲ့မိတယ် ပိုင်ဆိုင်မှုတွေ၊ နှောင်ဖွဲ့မှုတွေမပါတဲ့ မေတ္တာနဲ့ယှဉ်လာတဲ့ သံယောဇဉ်တွေက သူနဲ့သူမကို တဖြည်းဖြည်းနဲ့ဆိုသလို အရောင်တွေရင့်သန်လာစေခဲ့ပါတော့တယ်….။
“လ၀န်းရယ်….ညီမလေးအပေါ်ကို အကို အရောင်တွေရင့်လာခဲ့ပြီကွယ်…”
“အကို့ကို ခွင့်လွှတ်ပါနော်…”
“ဒါပေမယ့် ညီမလေးရယ်…အကိုလေ မင်းအပေါ်ကို သန့်စင်တဲ့ အကိုဆိုတဲ့ချစ်ခြင်းတရားတွေပိုစေခဲ့ပါတယ်ကွယ်”
“လ၀န်းသိပါတယ်…အကိုရယ်…လ၀န်းနဲ့အကို ထပ်တူပါပဲနော်”
“အကိုနဲ့လ၀န်း သစ္စာတွေဆိုကြရအောင်နော်”
သူနဲ့ သူမနဲ့ နှစ်ယောက်အတူ သစ္စာဆိုခဲ့ကြပုံလေးကတော့ သူမတို့နှစ်ယောက်လုံးကိုယ်တိုင်ပင် မယုံကြည်နိုင်လောက်အောင်ပင်ဖြစ်ခဲ့ကြရသည်သာ….
“ကဲ…ညီမလေး…အကိုတို့နှစ်ယောက် သစ္စာတွေဆိုလိုက်ကြရအောင်နော်”
“ဟုတ်ကဲ့…အကို”
“မြတ်စွာဘုရားသခင်ရှေ့မှာ ကျွန်တော် လမြတ်သခင်နဲ့ ကျွန်မ လ၀န်းအိမ်တို့သည် ၀ါသနာတူ၊ ခံစားချက်တူ၊ အသိပညာတွေအတူတူ သွေးချင်းအတူတူ၊ တမိတဖတည်းမဟုတ်ခဲ့ကြပေမယ့် မောင်နှမအရင်းချာသဖွယ် ဖြူစင်စွာနဲ့ ချစ်ခဲ့ကြပါတယ်…အဲဒီလိုချစ်ခဲ့ကြရင်း သံယောဇဉ်တွေပိုကာ အရောင်တွေရင့်သန်လာခဲ့မိကြပါတယ်…သို့ပေမယ်လည်း မောင်နှမဆိုတဲ့သံယောဇဉ်တွေက ကျွန်တော်+ကျွန်မတို့နှစ်ယောက်လုံးမှာ ပိုခဲ့ကြပါတယ် ဒါကြောင့် ကျွန်တော်+ကျွန်မတို့သည် ဒီဘ၀တွင် ဘယ်တော့မှ အိမ်ထောင်မပြုကြဘဲ နေကြပြီး ဆုံဆည်းခဲ့ကြရင်လည်း မောင်နှမဆိုတဲ့သံယောဇဉ်တွေနဲ့အတူ သာသနာ့ဘောင်ကိုဝင်ရောက်ကြပါမည်…..
ဤဆိုသောသစ္စာစကား မှန်ကန်ခဲ့ကြပါက နောင်ဘ၀ရဲ့ ဖြစ်လေရာဘ၀အဆက်ဆက်တွင် အမိအဖတူညီစွာနဲ့ မွေးဖွားလာကြတဲ့ မောင်နှမအရင်းများ ဖြစ်ကြရပါလို၏၊ ဤသစ္စာ မမှန်ကန်ခဲ့ကြပါက
ကျွန်တော်တို့ကျွန်မတို့နှစ်ယောက်လုံးသည် ရောက်လေရာအရပ်တွင် သွေးအန်၍ နေရာတွင်ပင် သေဆုံးရပါလို၏ အရှင်ဘုရား….။”
သူနဲ့ သူမတို့နှစ်ဦးလုံး ဟိုသည် အကြည့်ချင်းစုံကာ အေးချမ်းခြင်း၊ ကြည်နူးခြင်းပုံရိပ်တွေနဲ့ သစ္စာအတိပြီးတဲ့ ယုံကြည်ခြင်းတွေက သူနဲ့သူမတို့ရဲ့အကြား ပိုမိုကာ သံယောဇဉ်တွေဖြစ်လာခဲ့ကြသည်သာပေါ့….။
သာယာတဲ့မနက်ခင်းလေးရဲ့တစ်နေ့မှာတော့ သူမနဲ့ လမြတ်သခင်တို့ရဲ့ ကြေကွဲနေ့ရက်တွေလို့ ဆိုရမလားဆိုသလို မုန်တိုင်းတွေထန်လာခဲ့ပါတော့တယ်….။
“ကလင်….ကလင်….ကလင်….”
“ဟယ်လို…အမိန့်ရှိပါရှင်”
“ဟုတ်ကဲ့…ကျွန်တော် လ၀န်းအိမ်နဲ့ တွေ့ချင်လို့ပါခင်ဗျာ”
“ဟုတ်….ခဏကိုင်ထားပါအုံးရှင်”
“လ၀န်းရေ….လ၀န်း….ဖုန်းလာနေတယ်ဟေ့”
“ဘယ်သူလဲ စစ်လွန်း….မသိဘူးဟ…ယောက်ျားလေးတစ်ယောက်အသံပဲ”
“အော်…ဟုတ်လား…ပေးပေး….”
“ဟယ်လို….လ၀န်းအိမ်ပြောနေပါတယ်ရှင်”
“အိမ်လေး….ကိုကြီးလေ…ကိုကြီး”
“ရှင်…”
သူမတစ်ယောက် စွံ့အနေသော လူတစ်ယောက်ပမာ မလှုတ်မယှက်သောခန္ဓာကိုယ်ကြီးကို ခပ်တောင့်တောင့်ကြီးရပ်နေပြီး ငေးကြည့်နေမိသည်….
“ဟယ်လို….ဟယ်လို….အိမ်လေး….အိမ်လေး…”
“ကိုကြီးပြောနေတာကြားရဲ့လား…”
“ဟုတ်….ဟုတ်ကဲ့…”
သူမ ဘာလုပ်ရတော့မည်နည်း သူ…ဘာကြောင့် ခုမှရောက်လာတာလဲ သူမကို သူ ရွေးချယ်လိုက်တာလား ဒါမှမဟုတ် သူချစ်နေတဲ့ အခြားကောင်မလေးနဲ့ အဆင်မပြေတော့လို့ သူမဆီကို ချဉ်းကပ်လာလေသလား …“အို…ဘာတွေလဲ ဘာတွေဖြစ်ကုန်ပြီလဲ သူမအတွက် သူ့ကို လမ်းခွဲစကားဆိုဖို့ ပြောမထွက်ဖြစ်ခဲ့တဲ့ သူမရဲ့အားနည်းချက်ကို အပြစ်တင်ရတော့မှာလား သူမရင်ထဲမှာ အစိုင်အခဲတစ်ခုပမာဖြစ်နေပြီ အတွေးတွေဆိုတာ ရပ်တန့်လို့မရတော့အောင် ၀င်လာနေမိသည်….။
အကိုရယ် ညီမလေးတို့နှစ်ယောက်ကြားမှာ အတားအဆီးတွေဝင်လာခဲ့ပြန်ပြီနော်…ညီမလေး ဘယ်လိုလုပ်ရမလဲအကို… မျက်ဝန်းမှ မျက်ရည်စက်တို့နဲ့အတူ သူမရဲ့ ငိုရှိုက်သံတွေက သူမရဲ့ရင်ထဲမှာ တိမ်တွေပမာ အစိုင်အခဲဖြစ်နေလောက်အောင်ပင်….။
ဒီနေ့အတွက် သူမအတွက်တော့ သာယာတဲ့မနက်ခင်းတစ်ခုဖြစ်မလာဘူးဆိုတာ သူမကြိုတင်မှန်းဆမိလိုက်ပါပြီ ဘာကြောင့်လဲဆိုတော့…သူ…သူမဆီကို ရောက်လာတော့မယ်ဆိုတာ သိနေပြီးသားဖြစ်မိနေလို့ပါပဲ….။
“၀ူး…၀ူး….တီ…တီ….တီ….”
သူမရဲ့အိမ်ပြူတင်းပေါက်ဆီသို့ ငေးကြည့်မိသည်..သူမဟုတ်ပါလား….။
“အိမ်လေးရေ….အိမ်လေး”
သူမတစ်ယောက် မပြုံးချင်သော အပြုံးချိုချိုတို့ဖြင့် ပြုံးပြနေရသည် သူမရဲ့မျက်ဝန်းမှ မျည်ရည်တွေက စီးကျလာမတတ်ပင် သူမရင်ထဲမှာ လမြတ်သခင်နဲ့ပတ်သက်ပြီး ရင်နင့်နေရသည် သူမ လမြတ်သခင်ကို အကိုတစ်ယောက်လို အသက်နဲ့သစ္စာတွေထပ်ပြီး ချစ်ခဲ့ရသည်သာမဟုတ်ပါလား…။
“အိမ်လေး…ကိုကြီးကို စကားလေးတစ်ခွန်းလောက်ပြောပါအုံးလား…အရင်က ဖြစ်ပျက်ခဲ့သမျှတွေအတွက် ကိုကြီးတောင်ပန်းပါတယ်နော်”
သူပြောလိုက်တဲ့စကားတစ်ခွန်းက လွယ်မယောင်နဲ့ခက် တိမ်မယောင်နဲ့နက်သလိုဆိုတဲ့စကားလိုပေါ့ သူမနားထဲ ကြားနေရပေမယ့် စွဲလန်းမှုတွေဖြစ်မလာခဲ့ ၊ တွယ်တာမှုတွေဆိုတာတွေ ဖြစ်တည်မနေခဲ့၊ မိန်းမတစ်ယောက်ရဲ့ ယုံကြည်မှုတွေကို အလွဲသုံးစားခံလိုက်ရတာလောက် နာကျည်းစရာမရှိ၊ သို့ပေမယ့် သူမရဲ့ အားနည်းချက်တစ်ခုကြောင့် ပတ်သက်ခွင့်ရှိနေသည်သာ မဟုတ်ပါလား…။
သူမ ဘာလုပ်ရတော့မည်လဲဆိုတာကို သူမကိုယ်တိုင် ဆုံးဖြတ်ချက်ချလိုက်တော့သည် သူမရင်ထဲမှာ အသက်ထက်ဆုံးချစ်ခဲ့ရသူက လမြတ်သခင်…လမြတ်သခင်အပေါ်မှာ ထားရှိခဲ့တဲ့ သူမရဲ့စိတ်တွေ သူမနဲ့ လမြတ်သခင်တို့အကြားက ဖြူစင်မှုတွေ ရာဂတွေ၊ တဏှာမီးတွေမပါတဲ့ အဖြူရောင်သံယောဇဉ်ချစ်ခြင်းမေတ္တာတရားတွေက ဖြတ်တောက်မရတော့သည်သာ….။
သူမ ဟိုးအရင်က ချစ်ခဲ့ဖူးတာ မှန်သော်လည်း၊ သူမရှေ့ကို ရောက်လာသော်ငြားလည်း သူမ မပျော်နိုင် သြော်..သူမရဲ့ပတ်ဝန်းကျင်ကတော့ သူမကို နောက်တစ်ယောက်ကိုတွေ့လို့ ဒီတစ်ယောက်ကိုများ ပစ်လေသလား ဝေဖန်မှုတွေ၊ ကဲ့ရဲ့မှုတွေများ ရောက်လာလေမလား၊ မာယာရှင်မကြီး၊ လှည့်စားသူမကြီးလို့များ ထင်ကြေးပေးနေကြမလား အတွေးတို့ပေါင်းစုံမျောနေပေမယ့် သူမ ဘာကိုမှ ဂရုမစိုက်နိုင်တော့ သူမဖြစ်ချင်တာတွေကိုသာ ဆက်လုပ်ဖို့ သူမကြိုးစားတော့မည်…..ဘာတွေဆက်လုပ်မလဲဆိုတာ သူမကိုယ်သူမ စဉ်းစားမကြည့် သူမ ကိုယ့်ကိုကိုယ်သေကြောင်းကြံစည်ဖို့ ကြိုးစားသည်….
“အို….ငါပညာတွေတတ်ထားတာ ပညာတွေသင်ထားတာ ငါဘာလုပ်ဖို့လဲ ဒီလိုလုပ်ဖို့အတွက်လား…မြတ်စွာဘုရားရဲ့ အဖန်၅၅၀ခံရပေအုံးတော့မယ်…မဖြစ်သေးဘူး…ငါဒီလိုလုပ်လို့မဖြစ်သေးဘူး…ငါ့ရဲ့အမေကိုရော ငါဘယ်လိုလုပ်ရမလဲ…ငါ့ရဲ့အမေကို ငါ ဒီလိုနည်းနဲ့ ကျေးဇူးဆပ်ခဲ့ရမှာလား….အို…ငါဘာတွေ တွေးနေပါလိမ့်နော်….”
သူမ လမြတ်သခင်ကို ဒီအကြောင်းတွေ ဖွင့်ပြောမှဖြစ်တော့မယ်…သူမ သစ္စာတွေပျက်လို့မဖြစ်ဘူး…
သူမနှင့် လမြတ်သခင်တို့ အွန်လိုင်းပေါ်မှာ ဆုံဆည်းကြသည် သူမအကြောင်းစုံရှင်းပြခဲ့သည် လမြတ်သခင်က သူမအား နားလည်ခဲ့သည်…
“ညီမလေး…လ၀န်းအိမ်…ညီမလေး ဘာမှစိတ်မကောင်းမဖြစ်နဲ့နော်”
“အကိုဟာ ဒီဘ၀အတွက်တော့ သစ္စာတွေမဖြတ်တော့ဘူးနော်…ညီမလေးဘက်က ပျက်ခဲ့ရင်တောင်…အကို့ညီမလေးအတွက် နေရာအသားတကျဖြစ်အောင် အကို စီစဉ်ပေးခဲ့ပါမယ်…အကို အတ္တကြီးသွားသလား ညီမလေး…”
“အကို အတ္တမကြီးပါဘူး အကိုရယ်….”
“ပျော်အောင်သာနေပါ ညီမလေးရယ်…သတ္တ၀ါတစ်ခု ကံတစ်ခုပေါ့…”
“အကိုလေ ညီမလေးအတွက် အလုပ်တစ်ခု စီစဉ်ပေးထားတယ် ဟုတ်ပြီလား..”
“အဲဒီအခါ အကိုက ညီမလေးဘေးကနေ ပြုံးပြုံးလေးနဲ့ ထွက်သွားပေးမယ် ဟုတ်ပြီလား…”
“အကိုရယ်…မပြောပါနဲ့တော့လား…ညီမလေး မခံစားနိုင်တော့လွန်းလို့ပါ…”
“အဟင့်….ဟင့်…ဟင့်…”
သူမတစ်ယောက် လမြတ်သခင်နဲ့တွေ့ပြီဆိုလျှင် ဘယ်ကနေလာမှန်းမသိတော့တဲ့ မျက်ရည်စတွေက ရွှဲနစ်နေအောင်ပင် ငိုခဲ့ရသည်… ခုလည်းပဲ သူမ ငိုနေရသည်ပင်…ဘာကြောင့်လဲ ဘယ်ဘ၀က၀ဋ်ကြွေးတွေကြောင့်လဲ သူစိမ်းတွေဖြစ်တဲ့ လမြတ်သခင်နဲ့သူမ မောင်နှမတွေလိုချစ်ကြတယ်တဲ့ …ပတ်ဝန်းကျင်ကရော ယုံကြည်နိုင်ပါ့မလား လမြတ်သခင်နဲ့သူ့ကြားမှာ ထားရှိတဲ့ သံယောဇဉ်တွေကို သူမနဲ့လမြတ်သခင်ကလွဲပြီး ဘယ်သူတွေနားလည်ပေးနိုင်ကြပါ့မလဲ…
“ညီမလေးရေ…ညီမလေး လ၀န်းအိမ်”
“ညီမလေး အလုပ်တစ်ခုရပြီတဲ့…အကိုပြောတဲ့အလုပ်လေ…”
“ဟုတ်လား…အကို …ညီမလေးဝမ်းသာလိုက်တာအကိုရယ်”
သူမစဉ်းစားနေမိသည် သူမရဲ့လက်ရှိအလုပ်လေးကိုစွန့်ပြီး တပြည်တရွာသို့သွားရတော့မည်ဆိုလျှင် နှောင်ကြိုးနှင့် ပို၍ဝေးသွားနိုင်သည် သူမအတွက်တော့ သူမဖြစ်ချင်တဲ့အတိုင်း ဖြစ်လာတော့မည်မှာအမှန်….။
နှစ်တွေကကြာနေပြီ သူမတစ်ယောက်လည်း တပြည်တရွာက အလုပ်သစ်လေးထဲမှာ နစ်မြှုပ်ရင်း လမြတ်သခင်ကို ရှာဖွေနေမိသည်…အွန်လိုင်းပေါ်ကို မတက်ဖြစ်တာလည်းကြာခဲ့ပြီ လမြတ်သခင်ထံမှလည်း ဘာအဆက်အသွယ်မှမရခဲ့….။
“အကို….ဘယ်များရောက်နေလဲအကိုရယ်…”
“ညီမလေးမျှော်နေမိတယ်…အကိုရှိမယ့်နေရာလေးကို..ညီမလေးကို ပြောခဲ့ပါလားအကိုရယ်”
“ညီမလေးလေ သစ္စာတွေတည်နေပါတယ်အကိုရယ်….”
နွေဦးရဲ့လေပြေက သုန်သုန်မှုံမှုံနဲ့ဆိုသလို တိုက်ခတ်စပြုလာပြီ…ရော်ရွက်ဝါတွေကလည်း ကြွေလုဆဲဆဲ ရွက်သစ်တွေကလည်း ထွက်ကာစပေါ့ နွေရယ်လို့ပြောရလောက်အောင် ရူးသွပ်စေတဲ့ ရာသီလေးမို့ သူမတစ်ယောက် အရူးအနှမ်းတစ်ယောက်လို ယောင်ချာချာနဲ့ဖြစ်နေခဲ့သည်… အသက်အရွယ်တွေကလည်း ခုချိန်ဆို သူမအသက်က လေးဆယ်ဝန်းကျင်….ပါဝါမျက်မှန်အဖြူရောင်လေးနဲ့ ငယ်ရုပ်ကလေးပေါ်လွင်နေအောင် လှနေသေးတဲ့ သူမတစ်ယောက် အပျိုကြီးဘ၀နဲ့ပေါ့….။
“လ၀န်းအိမ်…လ၀န်းအိမ်…ညီမလေး”
“ညီမလေးရေ….”
စနိုးစနောက်နဲ့ဆိုသလို ခေါ်သံတွေများလား…ဒါမှမဟုတ် နေ့ခင်းကြောင်တောင်ကြီး အိပ်မက်တွေများ မက်နေသလား မဟုတ်ပါဘူးလေ ငါ အစွဲအလန်းကြီးလို့ဖြစ်မှာပါ…။
“ညီမလေးရေ….ညီမလေး….”
“ဟော…ခေါ်သံတွေကြားနေပြန်ပြီ”
“ဒါ…ဒါ…အကို့အသံပဲ”
“အန်တီလ၀န်းအိမ်….အန်တီလ၀န်းအိမ်….ဧည့်သည်ရောက်နေပါတယ်ရှင်…အန်တီလ၀န်းအိမ်ကို တွေ့ချင်လို့တဲ့….”
“အေးအေး..ဘယ်သူလဲ သမီး….”
“အော်…ဟုတ်ကဲ့ ဦးလမြတ်သခင်လို့ ပြောပါတယ်ရှင်…”
“ဟင်….အကို…အကို…”
သူမ အံ့အားသင့်သောမျက်လုံးလေးများဖြင့် အပြူးသားထိုင်ကြည့်နေမိသည် ခဏအကြာ သတိရပြီး လမြတ်သခင်ကိုတွေ့ဖို့ရာ ဆင်းလာခဲ့မိသည်… အရွယ်တွေက လေးဆယ်ကျော် ငါးဆယ်ကျော်တွေဆိုပေမယ့် ဟိုး…ငယ်ဘ၀က အသက်အရွယ်တွေအတိုင်းပင် စိတ်ထားတွေက မပြောင်းလဲခဲ့ကြသေး သူစိမ်းတွေဆိုပေမယ့် မောင်နှမအရင်းတွေပမာ ချစ်နေကြဆဲပဲ.. လမြတ်သခင်ကိုတွေ့တာနဲ့… ငယ်ဘ၀တုန်းကလိုပဲ သူမတစ်ယောက် မျက်ရည်များအ၀ိုင်းသားနဲ့ စီးလို့ကြိုနေဆဲပေါ့….။
“အကို…”
“ညီမလေး….ညီမလေး…လ၀န်းအိမ်…နေကောင်းတယ်နော်”
“အကိုရယ်….ဘာလို့များ အကြာကြီး အဆက်အသွယ်မလုပ်ဘဲနေတာလဲဟင်… ညီမလေးကို ပစ်ထားရက်တယ်နော်…ညီမလေးလေ အွန်လိုင်းပေါ်မှာလည်း ရှာကြည့်ပါသေးတယ်”
“ပစ်ထားတာမဟုတ်ပါဘူး ညီမလေးရယ်…”
“အကို့စိတ်ထဲမှာ ညီမလေးက အမြဲတမ်းရှိနေနှင့်ပြီးသားပါ…ညီမလေးသာ ပထမ…ညီမလေးသာ ဒုတိယ၊ ညီမလေးသာတတိယ၊ ညီမလေးသာ အကို့ဘ၀တစ်ခုလုံးပါ”
“ညီမလေးအတွက် သတင်းကောင်းလေးလာပြောတာ…သိလား”
“ဘာများလဲ အကိုရဲ့….”
“အကိုနဲ့ညီမလေးတို့ ဆယ်ကျော်သက်အရွယ်ဘ၀က သစ္စာပြုခဲ့ကြတာ မှတ်မိတယ်နော်….မှတ်မိပါတယ်အကို”
“ကောင်းပြီ…ဒါဆိုရင် အဲဒီသစ္စာကို တို့မောင်နှမနှစ်ယောက် အကောင်အထည်ဖော်လိုက်ကြရအောင်နော်…”
“ဟုတ်ကဲ့ပါ…အကို”
သူမနဲ့လမြတ်သခင်တို့ သစ္စာပြုထားခဲ့ကြတဲ့အတိုင်း သာသနာ့ဘောင်ကိုဝင်ကြဖို့ လောကီဘောင်ကနေ စွန့်ခွာခဲ့ကြပါတော့တယ်….။
ငြိမ်းချမ်းခြင်းတွေ၊ အေးချမ်းခြင်းတွေ၊ သံသရာကနေ လွတ်ရာလွတ်ကြောင်းဖြစ်တဲ့ လောကုတ္တရာသာသနာအကျိုးကို ဆောင်ရွက်ဖို့ သူမနဲ့လမြတ်သခင်တို့ရဲ့ ပြုပြုသမျှ ကောင်းမှုကုသိုလ်တွေကို အားလုံးသောနတ်လူတို့က သာဓုခေါ်ဆိုနိုင်ကြစေသော်ဝ်….။
“မိရင်းဖရင်းတွေက မွေးဖွားခြင်းမဟုတ်
တသွေးတည်း တသားတည်းက မဟုတ်ခဲ့ကြပေမယ့်
သူတို့ရဲ့ သစ္စာသည် ကမ္ဘာတည်သရွေ့ မြဲမြံသည်
အေးချမ်းခြင်းအရိပ်၊ ငြိမ်းချမ်းခြင်းစိတ်တွေနဲ့အတူ
ကိလေသာချုပ်ငြိမ်း၊ လွတ်ငြိမ်းရာနိဗ္ဗာန်လမ်းကို
ထာဝရလှမ်းသွားနိုင်ရည်
တောင်းဆုတွေပြုပါ အခါခါသည်
ဒီဘ၀မှာတည် ဖြစ်လေရာဘ၀များမှာသည်
မိရင်းတွေဖရင်းမှသည် မွေးဖွားသူ မောင်နှမအစစ်ပင်
ဖြစ်ရပါလို၏” အရှင်ဘုရားရယ်လို့ တောင်းဆုတွေခြွေကာ နောင်ဘ၀ရဲ့သံသရာ ကျင်လည်ရာဘ၀အဆက်ဆက်မှာ သာသနာပြုနိုင်ရပါလို၏….။”
လမ်းစမရှိ လမ်းဆုံသာရှိခဲ့ကြတဲ့ သူမရဲ့ အိပ်မက်ဆိုးတွေက ခုချိန်မှာ သူမအတွက် အပြီးအမြောက် ရုန်းထွက်လို့ လွတ်မြောက်လာနိုင်ခဲ့ပါပြီ..မာယာရှင်သူမ၊ လှည့်စားသူ သူမရယ်လို့ ပြစ်တင်ဝေဖန်ခဲ့ကြတဲ့ သူမရဲ့ လောကီလူ့ဘောင်အသိုင်းအ၀ိုင်းကို သူမရဲ့သာသနာ့ဘောင့်ကို သွတ်သွင်း ကျွတ်လွတ်ခြင်းမှ သယ်ဆောင်လာခဲ့သော ငြိမ်းချမ်းခြင်းပုံရိပ်၊ အေးချမ်းခြင်း အရိပ်စစ်တွေက….ဒီဘ၀ရဲ့သာသနာမှာတော့ သူမအတွက် ကောင်းစွာဆင်ခြင် လျှောက်လှမ်းလို့သွားနိုင်နေခဲ့ပါပြီ…အတိတ်ဘ၀ရဲ့အကြောင်းတွေကြောင့် ဖြစ်ပေါ်လာတဲ့ အကျိုးဆက်တွေက ဒီဘ၀ရဲ့ ဒီသံသရာမှာ ဒီဝဋ်ကြွေးများရှိခဲ့ရင် ကြေခဲ့ပါစေတော့ကွယ်…..။
“ကြိုးစားပါအုံးမည်”
နေခြည်သစ်နွယ်(ပြည်)