Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

(( ဂျစ်ပစီတယောက်ရဲ့ ….နှလုံးသား))

$
0
0


Flower Images
Flower Scraps, Pictures, Graphics and Images

More Orkut Scraps


“စိတ်လျှော့ လိုက်ပါအကိုရယ် …နော် ။ အကို ဘက်က မှန်နေတာ လူတိုင်းသိပါတယ် ။ အကို စိတ်ဆတ်တာကို ….အခွင့်ကောင်းယူပြီး ….မခံချင်အောင်ပြောနေကြတာ ။ သီးခံလိုက်ပါ ..အကိုရယ်နော် ”
မနှင်းပွင့်က …အတင်းဝင်ဆွဲမှ …ရန်ပွဲက ..အဆုံးသတ်သွားပါတယ် ။ နှင်းပွင့်ဆွဲရာ သို့ …အကိုထွန်းက …မပါချင့် ပါ ချင်ပါလာရ ပြီ ….
“ နှင်းပွင့် ဘာလို့ ..လိုက်လာရ လဲ …အဲ့လို လိုက်လာတာ ..ငါ မကြိုက်ဘူးဆိုတာ မသိဘူးလား ”
နှင်းပွင့်မှာ ..မျက်နှာ ငယ်လေးနဲ့ …
“ သိပါတယ် အကို ။ ဒါပေမဲ့ ..အကို ကို ..စိုးရိမ်လို့ပါ ”
မျက်ရည်များတပေါက်ပေါက်ကျ လာ မှ …အကိုထွန်း စိတ်လျှော့ လိုက်ပုံ ဖြင့် ..လမ်းဘေးက ….ခဲလုံးကို ..အားနဲ့ ကန်ထုပ်ပစ်လိုက်မိပါတယ် ။

နာမည်က …ထွန်းထွန်း …
စနေသား မိုြ၈ိုလ်မွေသည် ။ အမေ လုပ်သူက ..အမြဲတမ်း စိတ်ပူနေရပါသည် ။ ဆတ်ဆတ်ထိမခံ .. ..အမှန် ဘက်က ဆို ..ဘယ်သူ ကို မှ လူ မထင်သူ။ အမေ့ ကို ချစ်ပေမဲ့ …..ရင် ထဲမှာ သာ ထားနေလားမပြောတတ်ပါ။ မိဘ စိတ် ချမ်းသာရာ ..ဘာ တခုမှ လုပ်သည် မရှိ။ သူ့ အတွက်သာ ..အမြဲ စိတ်ပူ နေရ ပါသည် ။ စိတ်ကြမ်း ၊ လူကြမ်း …..နဲ့ ဘ၀ ကို …ခါးစောင်းတင်ချင်သူပါ ။
မွေးစားညီမလေး …မနှင်းပွင့် ..
သူက လဲ ..အကို့ အတွက် ..အမြဲ မျက်ရည်ကျနေရသူ။ အကို အရင်းထက် ပို တဲ့ သံယောဇဉ်တွေက …
ခိုင်မြဲလှတာ မို့ …မရုန်းသာပါ ။ အကို ထွန်း နဲ့ အမေ့ ကြား ကာစည်းကာစည်း ။ အကို က …မာန်ပြန်တော့ …
မျက်ရည်စက်လက် ကျရလဲ ..ခဏခဏပါ ပဲ။
အကို ဘယ်လောက်ပဲ ဆိုးဆိုး ….အကောင်းပဲ မြင်နေတတ်တာ …နှင်းပွင့်ရဲ့ …မေတ္တာပါ ။ မေတ္တာ ဆိုတာ အေးမြခြင်းကို ဆောင်တယ်တဲ့လေ ။ ဒါဆို နှင်းပွင့်ရဲ့ ..မေတ္တာ ကြောင့် …အကို အေးမြနေရင် ပဲ …နှင်းပွင့် နေပျော်ပါတယ် အကိုရယ် ။ မောင်နှမ အရင်း မဟုတ်ပေမဲ့ …နှင်းပွင့်ရင် ထဲက မေတ္တာ က …အရင်းထက်မလျှော့ တာ တော့ သေချာပါတယ် ။


ညီမလေး ….မနှင်းပွင့် …
နာမည် နာနဲ့ လိုက် အောင် နှင်းပွင့်လေးလို့ …ဖြူဖြူ ဖွေးဖွေး ။ စိတ်သဘောထားပါ အေးချမ်းလွန်းလှပါသည် ။
လိမ္မာရေး ခြား ရှိလွန်းသူလေး မို့ ….မိဘနဲ့ အကိုက ..အချစ်တွေ ပုံအောထားခံရသူလေးပါ ။ လောကကြီး ကို ..အကောင်းဘက် ကြည့်ပြီး နားလည်ပေးနိုင်သူလေးမို့ လူချစ် လူခင်ပေါများလှပါသည် ။
ပန်းလေးက .. မွှေးတော့ ..လိပ်ပြာလေးတွေ လာတတ်တာ သဘာဝ တရားတခုပါ ။ ခုလဲ မနှင်းပွင့်လေး ရှိ ရာ.. ရစ်ဝဲ ရောက် လာတတ်တဲ့ ..လိပ်ပြာလေး တွေ ကို ကြည့်မရသူက အကို ထွန်း ။ အကိုတွေ ထုံးစံ အတိုင်း …တစောင်စောင်တမဲမဲ ပေါ့ ။

ထွန်းထွန်းရဲ့ ..ရင်ထဲမှာတော့ ….ဖြူစင်လွန်းတဲ့ ညီမလေး အတွက် ..ထိုက်တန်တဲ့လူ ရယ်လို့ ရှာမရပါ။ ဥယျဉ်မှူးတိုင်း ဟာ ….သူ့ရဲ့ ပန်းကလေး ..ညှိုးနွမ်းသွားမှာကို မလို လားတတ်ကြပါ ။ အဲ့ဒီ လိုပဲ ပန်းကလေး ကြွေလွင့်မဲ့ အရေးကိုလဲ စွန့်စားကာကွယ်တတ်ကြပါတယ် ။ရင်ထဲက ပန်းလေးရယ် ..ထာဝရ မွှေးပြန့်နေစေချင်ဟာ ရင်ထဲက ဖော်မပြနိုင်စွမ်းတဲ့ စေတနာ စစ်စစ်ပါ ။
ညီမလေးရယ် တနေ့တော့ ချစ်တတ်သွားရင်ဖြင့် …တွေးရင်းရင်မောမိပါသည် ။ ညီမလေးကို ဘယ်သူ မှ မပေးချင်မိတာ ရင်ထဲက အတ္တ ။ ကိုယ်တိုင်းခူးဆွတ်ဖို့ရာ လဲ မဖြစ်နိုင်ဘူး။ညီမလေးက အဖြူထည်လေ မို့ ..အရောင်တွေ မဆိုးချင်ပါ။ ညီမလေး အကြောင်းကို တွေးမိရင်း အိပ်ပျက်ရတဲ့ နေ့တွေ လဲ မနည်းတော့ပါ။



“နှင်းပွင့်ရေ ..နင့်အကို မူးလာတယ် ”
နှင်းပွင့် ကသုတ်ကရက်ပြေးထွက်လာတော့ ။ အကို ကို လူနှစ်ယောက်တွဲလာတာ မြင်ရပါသည် ။
“ ဘယ်သူ ပြော လဲ ကွ မူးတယ်လို့ ။ ငါက ..အရက်မှ မသောက်တာ ။ ငါ့ ညီမလေးကြောင့် ဘယ်တော့မှ အရက် မသောက်ဘူး ..မှတ်ထား ”
မသောက်ဘူးသာ ဆိုတယ် …ခေါင်းတောင် မထူနိုင်တော့ဘူး။ လိုက်ပို့ တဲ့ လူတွေက ..နှင်းပွင့်လက်ထဲ အပ်ခါ ၊…ထန်ရည် ဘယ်သူ တိုက်လိုက်တယ် မသိပါဘူး တဲ့ ။ ပြန်ပို့ ပေးလို့ ကျေးဇူးတင်လိုက်မိပါသည် ။
အိပ်လဲ ရောက်ရော …အကိုလဲ မှောက်ရော လေ ။ ညီမလေး သိက္ခာကျမှာ စိုးလို့ ..အရက် မသောက်တဲ့ အကို မေတ္တာကို နှင်းပွင့်ခံစားမိပါသည်။ အကိုရယ် အားလုံးအတွက် အကို ကို လေးစားနေမှာပါ ။
အကိုထွန်းက စိတ်ကြမ်း ၊ လူကြမ်းပေမဲ့ နှလုံးသားကြ နုနယ်လှပါတယ် ။ သူ့ရှေ့မှာ ဒုက္ခရောက်နေရင် ဘယ်တော့မှ ကြည့်မနေတတ်ပါ ။ ကိုယ်ကျိုးစွန့်ပြီး ကို ..ကူညီတတ်တာပါ။ လူတိုင်းမထားနိုင်တဲ့ စေတနာမျိုးသူ့မှာ ရှိတာ နှင်းပွင့်အသိပါ ။ အဲ့ဒါကြောင့်လဲ လေးစား၊ အထင်ကြီးရတာပါ အကိုရယ် ..။



ဒီလိုနဲ့ ပန်းကလေးဟာ စွင့်စွင့်ကားကားပွင့်လာခဲ့ပါပြီ ။ နှင်းပွင့်လေး ဘ.ွဲ လဲ ရခဲ့ပြီ ။ ဒီအတိုင်းကြီး ..အိမ်ထဲမှာ နေ နေရတာ အစွမ်းအစ တုံးသလို ခံစားရတာမို့ အလုပ်လေး တခုလောက် လုပ်ချင်ပါသည် ။
အမေနဲ့ အကို ကို တလှဲ့ ပြန် အလုပ်အကြွေးပြုချင်သည် ။ ကိုယ့်ရတဲ့ ပိုက်ဆံလေးနဲ့ ကန်တော့ချင်မိပါသည် ။
မနှင်းပွင့်လေး ..အလုပ်လျှောက်တာ ကျလာခဲ့ပါသည် ။ ကျောင်းဆရာမ အလုပ်မို သိက္ခာလေးနဲ့ တင့်တယ်လှပါသည် ။ တာဝန်ကျရာ မြို့လေးသို့ သွားရမှာမို့ မနှင်းပွင့်လေးက ပျော်နေသလောက် …ဒွီဟ ပေါင်းများစွာနဲ့ ..သိစိတ် ၊ မသိစိတ် လွန်ဆွဲနေရသူက အကိုထွန်းပါ ။
ညီမလေး ပျော်နေတာမို့ ..မတားရက်ပေမဲ့ ..ရင်ထဲက ဝေဒနာ ခံရခက်လှ ပါသည် ။ ညီမလေးကို မခွဲ နိုင်ဘူး လေ ၊ အပိုင်သိမ်းထားဖိုရာက လဲ ညီမလေးကို ..သနားမိပြန်သည် ။ ညီမလေး မ၇ှိတော့ရင်လို့ တွေးမိပြန်တော့ ရင်ထဲမှာ နေဆယ်စင်းပူနေသလိုပင် ။ ရူးတော့မယ် ညီမလေးရယ် ။ အိပ်မရတဲ့ ညတွေကို ခက်ခဲ စွာ ဖြတ်ကျော်ရင်း ညီမလေး သွားရမဲ့ နေ့သို့ ရောက်ရှိလာခဲ့ပါသည် ။

အကို နဲ့ အမေကို ..ကန်တော့ရင်း …၀မ်းနည်းစိတ်က ဖိစီး လာပါသည် ။ ခွဲရမယ်ဆိုတော့လဲ .. ထိန်းထားတဲ့ ကြားက ..မျက်ရည်တွေက ..စိမ့်ထွက်လာပါသည် ။
အမေက ငိုနေပေမဲ့ …မျက်နှာထားတည်တည်ကြီး နဲ့ အကို ကြောင့် ..မျက်ရည်တွေ ကို ပွတ် သုတ်မိပါသည် ။
“ ကိုယ် လျှောက်မဲ့ လမ်းကို သေချာ ရွေးပြီး ပြီ မို့ ..နောင်တ မရနဲ့ ။ အောင်မြင်အောင်ကြိုးစား။ ကိုယ့်ဘ၀ကို ..အရောင်ဆိုးမခံ နဲ့ ။ အမြဲဖြူစင်အောင် ..စိတ်ဓါတ်မွေးထား ။”
“ ဟုတ်ကဲ့ ”
မျက်နှာထားက ..တင်းလွန်းတာမို့ …လန့်နေမိပါသည် ။ အကိုက စကားပြော ပြတ်တာမို့ ငြိမ်၍သာ နားထောင်နေမိပါသည် ။ စိတ်ထဲက တော့ …အကိုရယ် ..ညီမလေးကို ခွဲ နိုင်တယ်ပေါ့လေ လို့ မေး ချင်နေမိပါသည် ။
“ ယောက်ျားတွေကို …မယုံပါနဲ့ ။ သူ တိုက လှတာ မြင်ရင် ချစ်တတ်ကြတယ် ။ ဖြူစင်တာလေး တွေ့ရင် မြတ်နီုးတတ်ကြတယ် ။ ဒါဟာ ယောင်္ကျားတိုင်းပဲ ။ ဒီသဘောကို ..နားလည်နေရမယ် ။ ကိုယ့်ကို ကိုယ် တန်ဖိုးထားပါ ”
သက်ပျင်းကို ခပ်ပြင်းပြင်း မှုတ် ထုပ်လိုက်ပြီး …
“ ငါ့ ညီမလေးက …လိမ္မာပြီးသားပါ ။ အကိုက ..စိတ်ပူလို့ မှာနေတာပါ ။ ရင်ထဲက အဖြူရောင်ပန်းလေးကို မညှိုးနွမ်းစေနဲ့ ၊ အချစ်ဆိုတာ ပူလောင်တယ် ။ မကိုးကွယ် မိစေနဲ့ ။ ငါ့ ညီမလေးက လှတော့ …ကြိုက်မဲ့ သူတွေ ပေါ မှာ ပဲ ။ ဖြူစင်တော့ မြတ်နိုးသူတွေ ပေါမယ် ။ အဲ့ဒါတွေကို မယုံမိစေနဲ့ ကြားလား ..”
“ ဟုတ်ကဲ့ အကို ”
အကိုရဲ့ စေတနာ တွေကို မြင်လိုက်ရ ပြန်တော့ .ငို ချင်လာပါတယ် ။



သွားဖို့ အချိန်က နီးလာပြီး မို့ …အိမ်က အမေ့ကို နှုတ်ဆက်ပြီး ထွက်ခဲ့ပါတယ် ။ ကားဂိတ်ကို ..အကိုက လိုက်ပို့ ပေးတာမို့ ….နောက်က အကို ခါးကို ကျစ်ကျစ်ပါအောင် ဖက်ပြီး …၀မ်းနည်းနေမိပါတယ် ။
ကားဂိတ်ရောက်တော့ … ပစ္စည်းတွေ နေရာ ချပေးပြီး .အကို ပြန်တော့မယ် လေ ….
ရင် ထဲက ..သိချင်တဲ့ စကားတခွန်း အောင့် မထားနိုင်တော့တာ မို့ …မေး လိုက်မိပါသည် ။
“ အကို ..ညီမလေး စကားကို ..နားနဲ့မနာ ဖ၀ါးနဲ့ နာ ပါ အကို …
အကို ပြော ခဲ့တယ်လေ ..ယောင်္ကျားတွေဟာ လှတာ မြင်ရင် ချစ်တတ်ကြတယ် ၊ ဖြူစင်တာ မြင်ရင် မြတ်နိုးတတ်ကြတယ်ဆို ….ဒီ အထဲမျာ ..အကို ထွန်း တယောက် မပါဘူး လို့ ညီမလေး ထင်တယ် ဟုတ်လား ။ အကိုက ..ဘယ်သူကို မှ ချစ်တာ မမြင်ဘူးဘူး။ ”
အကိုက ..ပြုံး ရုံ လေးပဲ ပြုံးပြီး …ဆွေးမြေ့နေတဲ့ ..အကြည့်တွေ နဲ့ …
“ ချစ်တတ်တာ ပေါ့ ..ညီမလေးရယ် ။ အရမ်းကို ချစ်တတ်တာ ။ သူ့ တို့တွေထက် ပို ချစ်တတ်နေလို့ ပေါ့ ။
အချစ်ဆိုတာ ပိုင်ဆိုင်ရမှ မဟုတ်ဘူး ။ ပန်းလေး အမြဲ လန်းဆန်းနေကိုပဲ မြင်ချင်တယ် ။ ကိုယ့်ကြောင့် ဘယ်တော့မှ မပျက်စီး စေရဘူး ။အပိုင်သိမ်းထားချင်တဲ့ ..အတ္တကို ပယ် ။ သူ့ ဘ၀လေး မြှင့်မား လှပ လာ အောင် စွမ်းဆောင်ပေးလိုက်တာ ဟာ …အကိုရဲ့ အချစ်ပဲပေါ့ ၊..ညီမလေး ..နားလည်နိုင်မှာပါ ”
အကိုရဲ့ စကားလုံးတွေဟာ ….နှင်းပွင့်ရင်ထဲသို့ ..မြှားတွေ ပမာ …ထိုးခွင်းလို့ သွားခဲ့ပါပြီ ။

တချက်လေးတောင် လှည်မကြည့်ပဲ ….ထွက်ခွာသွားတဲ့ ..အကို ကို ငေးကြည့်ရင်း …. မျက်ရည် မိုးတွေ စွေ လာခဲ့ပါတယ် ။။။ ဘ၀ ဆိုတာ …ဒီလိုပဲလား ….ရင်ထဲက ..တဆစ်ဆစ် …ဘယ်နေရာက ..နာတာ ဘာလိမ့် …ညီမလေးကို ..ဖြေပေး ခဲ့ပါအုံး ..အကိုရယ် ….
ကျော ခိုင်းသွားသူ ….ကိုကြည်ရင်တော့ …ပြတ်သားလိုက်တာပေါ့ နော် ။။။။ ဒါပေမဲ့ ယောင်္ကျား တန်မဲ့ … မြေပေါ် သို့ ..လွင့်စင်သွားခဲ့တဲ့ …မျက်ရည် တစက် ကို တော့ ..ဘယ်သူ မှ မမြင်လိုက်ပါဘူး …။
ချစ်ခင်လေးစားလျှက် .....

ဆန္ဒမွန်ဖြင့် ......

မှုံနံ.သာဖြူ ....


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...