Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

အက်မင် နဲ့ မန်ဘာ ပြဿနာ ဖြေရှင်းချက်

$
0
0

မင်္ဂလာ ရွှေမြို့တော် အဖွဲ့ဝင်များခင်မျာ 

            အားလုံးသော မန်ဘာများသိကြတဲ့အတိုင်း   ကျွန်တော်က ဘာမှတော့ မဟုတ်ပါဘူး   ဒါပေမယ့် လို့ဆိုဒ်ထဲမှာ   ပြဿနာတွေ   ဖြစ်တိုင်း  ဖြေရှင်းပေးရတဲ့ အခါတိုင်း စိတ်ရှုပ်ပေမယ့်လို ဖြေရှင်းလို့ပြီးတိုင်း ကိုယ့်ကိုယ်ကို ယုံကြည့်မှု့လေးက တဆစ်တိုးလို့လာတယ်  ဒီတခါ အက်ဒမင်ဂျာအေး နဲ့ ဆိုဒ်ထဲက အဖွဲ့ဝင် မသိ ရဲ့ ပြဿနာမှာတော့ ကျွန်တော်မဖြေရှင်းနိုင်ပဲများ အရှုံးပေးလိုက် ရတော့မှာလား လို့တွေးမိတယ် မန်ဘာတွေပြဿနာကို ပြေလည်အောင် ဖြေရှင်းမပေးနိုင်တော့ရင်လည်း ကျွန်တော်ဟာ ဆိုဒ်တာဝန်ခံဆက်လုပ်နေလို့ လည်း အပိုဖြစ်နေမှာပါပဲ ဒီတခါ ပြဿနာကို မဖြေရှင်းပေးနိုင်ရင် အားလုံးကို အရှုံးပေးပြီး ဆိုဒ်ထဲကနေ ထွက်သွားရမလားလို့တောင် စဉ်းစားမိပါတယ်

      အက်ဒမင်ဂျာအေးနဲ့ အဖွဲ့ဝင်တယောက် ပြဿနာကို အကြံဖျင်း ကျွန်တော်ဝေဖန်သုံးသပ်ပါရစေ မှားခဲ့ရင်လည်းနား လည်ပေးပါ ဒီရွှေမြို့တော် ဖြစ်လာဖို့ ကျွန်တော်တယောက်တည်းလည်း လုပ်နိုင်မည်မဟုတ်ပါ စိတ်တူကိုယ်တူ လုပ်ပေးချင်တဲ့ သူတွေ ပေါင်းစည်းမှ သာလုပ် နိုင်မည်ဖြစ်ပါတယ် ရွှေမြို့တော်ထဲမှ စိတ်တူကိုယ်တူ လို့ ထင်ရတဲ့ အဖွဲ့ဝင်တွေ ထဲကမှ ၀ါသနာပါသူ ပေးဆပ်ချင်သူကို ရွေးချယ် ပြီး ဆိုဒ်အက်ဒမင်ပေးခဲ့ပါတယ် ထိုထဲကမှ မတူသူပါလာလျှင်လည်း မိမိလက်မှာရှိတဲ့ လက်ချောင်းလေးများလိုပင် မတူလို့ဖြတ်ပစ်လို့ မရသလို မတူညီတဲ့ အက်မင်တွေကိုလည်း တဦးတည်းသော စိတ်ဆန္ဒနဲ့ ထုတ်ပယ်လို့မရပါဘူး အဲ့ဒါကို မန်ဘာတွေဘက်က အက်မင်တွေဘက် ဘက်လိုက်တယ်လို့ တွေးရင် မှားပါလိမ့်မယ် အခု ကိစ္စမှာဆိုရင် အဖွဲ့ဝင် မသိ နဲ့ တခြားအဖွဲ့ဝင်တဦး မိန်းချက်မှာ ချက်နေတုန်း အက်မင်ဂျာအေးက ညီလေးလို့ ခေါ်ခဲ့မယ်ထင်ပါတယ် ဒါကိုမသိက မကျေနပ်လို့ သားလေးလို့ ပြန်ခေါ်ပါတယ် ညီလေးခေါ်တာ အတင်းကြီး မထိခိုက်ပေမယ့် သားလေးခေါ်တာကတော့ အမေကိုထိခိုက်လာပြီဖြစ်လို့ အမေချစ်သူ တိုင်း ဒေါသတော့ဖြစ်မယ်ထင်ပါတယ် ဒါကို သားလေးခေါ်လို့ ၂၄နာရီဘမ်းလိုက်တဲ့ အက်မင်ဂျာအေးက ဒုတိယ မှားသူဖြစ်လာခဲ့ပါတယ် အဲ့ဒီလိုခေါ်ယုံနဲ့တင် မန်ဘာတယောက်ကို ဘမ်းတာဟာမဖြစ်သင့်ပါဘူး တကယ်လို့ အက်မင်ဂျာအေးသာ သာမန် မန်ဘာတယောက် ဆိုရင် ဘမ်းခွင့်ရှိမည်လား နောက်တခု မန်ဘာတယောက်ကို ဘမ်းမယ်ဆိုရင် နောက်ထပ်ထပ်ဖြစ်လာနိုင် တဲ့  ပြဿနာတွေကို တွေးမိပါ သလား?

  အထက်ပါကျွန်တော့်သုံးသပ်ချက်အရ  ၂ဦးစလုံးမှာ ပင် အပြစ်ရှိပါတယ် သို့ပေမယ့်လို့ ရွှေမြို့တော် ဟာ သေးငယ်သော ဆိုဒ်တဆိုဒ် သာဖြစ်တယ် ထိုမျှလောက်သော အမှားများဟာ အမှားလို့ သတ်မှတ်လို့ မရပါဘူး ဂျာအေးရော မသိရော မြန်မာလူမျိုးတွေဆိုရင် အချင်းချင်း ကူညီမရိုင်းပင်းသင့်ဘူးလား အချင်းချင်း ခွင့်လွှတ် နားလည် မပေးသင့်ဘူးလား ၂ဦးစလုံးဟာ မြန်မာတွေဆိုရင် လူကောင်း လူတော်တွေ ဆိုရင် တဦးကိုတဦး ခွင့်လွှတ်နားလည်ပေးလိမ့်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်

  ဟိုတလောက မြန်မာ ဘင်္ဂလား ရေပိုင်နက်အငြင်းပွားမှု့ဖြစ်တယ် မြန်မာရှုံးတယ် တကယ်လို့ များ ကိုယ့်လူမျိုးအချင်းချင်းက ဘာမဟုတ်တဲ့ ပြဿနာလေးတွေကို အကျယ်ချဲ့ပြီး ပြောနေမယ်ဆိုရင် တကယ့်ပြဿနာကြီးတွေကျ ဘယ်လိုများ ဖြေရှင်းကြမလဲ

ကျွန်တော် သဘောကတော့ လက်ရှိ ပြဿနာကို ဒီမှာတင်ချိတ်ပိတ်ပြီး တဦးကိုတဦး ခွင့်လွှတ်နားလည်ပေးပြီး စည်းလုံးစေချင်ပါတယ်

ဒါမှမဟုတ်ရင်လည်း ဒီပြဿနာ သေးသေးလေးကိုမှ မဖြေရှင်းနိုင်တဲ့ ကျွန်တော် ဒီဆိုဒ်ကနေ အနားယူပေးပါ့မယ်


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>