လူနေ ရေးသားသော သမီးရည်းစားအဘိဓာန်(၂) မှ ကူးယူတင်ပြခြင်း ဖြစ်ပါတယ် ။မဖတ်ဖြစ်သောသူများ အတွက်ပါ။ဖတ်ပြီးခဲ့ ရင်လည်း တောင်းပန်ပါရစေ။
(၁)မြန်မာလူမျိုးများသည် အတိတ်ကို ခဏခဏ ပြန်လည်သတိရလေ့ရှိသူများဖြစ်ပြီးများသောအားဖြင့် အတိတ်ကို အဖြူအမည်းဖြင့်သာ သတိရလေ့ရှိသည်။
(၂)သီချင်းနားထောင်လေ့ရှိပြီး သီချင်းနားထောင်ရင်း အတိတ်အကြောင်းကို ပြန်တွေးလေ့ရှိသူများဖြစ်သည်။
(၃)စားသောက်ဆိုင်တွင် စကားစမည်ပြောမည်ဆိုပါက အစားလုံးဝမစားရ (သိပ်စားချင်လျှင် အရည်တစ်ခုခု (သို့) အနည်းငယ်မျှစားခွင့်ရှိသည်။
(၄)မိန်းကလေးများ ကားပျက်လျှင် အနီးအနားတွင် အကူအညီပေးချင်သော ယောင်္ကျားလေး အများအပြားရှိတတ်သည်။
(၅)ထိုယောင်္ကျားလေးများအားလုံးသည် ကားပြင်တတ်သူများဖြစ်ကြသည်။
(၆)ထိုမိန်းကလေးသည် ဟန်းဖုန်းရှိသော်လည်း လမ်းသွားလမ်းလာများကိုသာ များသောအားဖြင့် အကူအညီတောင်းလေ့ရှိသည်။
(၇)Professional Designer တစ်ယောက်သည် Laptop နှင့် Touchpad ကို သုံးပြီး အံ့သြလောက်ဖွယ် ဒီဇိုင်းများကို Microsoft Word တို့ဖြင့်သာ ဖန်တီးလေ့ရှိကြသည်။
(၈)Internet Messenger/Chat Client ဆိုသည်မှာ Page Maker,MS Word ကို ဆိုလိုခြင်းဖြစ်သည်။
(၉)ကွန်ပျူတာပညာရှင်များသည် စာရွက်များဖြင့်သာ အလုပ်ရှုပ်နေတတ်ပြီး ကွန်ပျူတာသုံးလေ့မရှိကြ။
(၁၀)သူခိုးများသည် အသံမကြားအောင် ခြေဖျားထောက်ပြီး လမ်းလျှောက်လေ့ရှိကြသည်။
(၁၁)ဆင်းရဲသားများသည် ရန်အလွန်ဖြစ်ကြသည်။
(၁၂)ရုပ်ဆိုးသူများသည် လူဆိုးလူမိုက်များ ဖြစ်ကြသည်။
(၁၃)လူမိုက်များသည် ဘောင်းဘီများသာ ၀တ်လေ့ရှိပြီး ပုဆိုးဝတ်လေ့မရှိ။
(၁၄)လူဆိုးခေါင်းဆောင်အများစုသည် ကုတ်အင်္ကျီ (သို့) သားရေဂျာကင်များဝတ်လေ့ရှိပြီး တစ်ခါတစ်ရံ ဦးထုပ်ဆောင်းကြသည်။
(၁၅)လူဆိုးများသည် ခြံကျယ်ကြီးများ တိုက်ပျက်ကြီးများတွင် စခန်းချလေ့ရှိသည်။
(၁၆)ထောင်မှ ထွက်လာသောသူများသည် ကောင်းမွန်စွာ ပြန်လည်လုပ်ကိုင် စားသောက်လေ့မရှိပဲ လူဆိုးများဖြင့်သာ ဆက်လက်ပေါင်းသင်းပြီး ပြန်လည်ဆိုးသွမ်းကြသည်။
(၁၇)စနူကာကစားသူအများစုသည် ကျင့်ပျက်လူပွေများသာ ဖြစ်လေ့ရှိသည်။
(၁၈)မြန်မာလူမျိုးများသည် ရေကူးကန်နားရောက်လျှင် ၀တ်စုံပြည့်ဝတ်ဆင်သွားလေ့ရှိသည်။
(၁၉)စီးပွားရေးသမားများသည် အနောက်တိုင်းဝတ်စုံကို ၀တ်စုံပြည့်ဝတ်ဆင်သွားလေ့ရှိသည်။
(၂၀)ထိုသူများသည် အနက်ရောင်လက်ဆွဲသေတ္တာများ ကိုင်ဆောင်လေ့ရှိကြသည်။
(၂၁)ဖန်ခွက်ကျကွဲလျှင် တိုသူနှင့်ပတ်သက်သူ တစ်စုံတစ်ယောက်မှ သေဘေးသို့အန္တရာယ်နှင့် ကြုံနေရမှာအသေအချာပင်။
(၂၂)သေခါနီးလူမမာများသည် အလွန်ပင်စကားများကျသည်။
(၂၃)သူတို့ စကားပြောလို့ မပြီးမချင်းသေလေ့မရှိ။
(၂၄)ကျေးရွာတိုင်းတွင် ထန်းတောရှိပြီး ထိုထန်းတောကို အချိန်ပြည့် မူးရူးနေသော အရက်သမားများနှင့် ပြည့်သောထန်းရည်ဆိုင်ရှိတက်သည်။
(၂၅)တက္ကသိုလ်ကျောင်းသားဘ၀သည် ကန်တင်းတွင် တစ်နေကုန်ထိုင်ပြီး ရယ်စရာဟာသများပြောကာ ကောင်မလေးများကို ထိုင်ငမ်းနေသော နေ့ရက်များဖြစ်သည်။
(၂၆)တက္ကသိုလ်ကျောင်းသားဆိုသည်မှာ အိုင်စီတီပတ်နှင့် အင်းယားကန်ဘောင်ကို ဆိုလိုခြင်းဖြစ်သည်။
(၂၇)စာသင်ခန်းထဲတွင် စိတ်ကြိုက်စကားပြောခွင့်ရှိသည်။
(၂၈)ကျောင်းသူမိန်းကလေးအများစုသည် အသံစွာကျယ်စွာကျယ်စကားပြောလေ့ရှိပြီး ကန်တင်းတွင်တစ်ဟီးဟီးတစ်ဟားဟား လုပ်လေ့ရှိသူများ ဖြစ်သည်။
(၂၉)ထိုမိန်းကလေးများသည် ဆိုင်ထဲသို့ယောကျာင်္းလေးတစ်ယောက်ဝင်လာလျှင် စလေ့ရှိသည်။
(၃၀)ထိုအစခံရသောယောကျာင်္းလေးများသည် ရှက်ပြီး အမှားမှားအယွင်းယွင်းများ လုပ်လေ့ရှိသည်။
(၃၁)အသက်မည်မျှပင်ကြီးစေကာမူ အထက်တန်းကျောင်းတက်လေ့ရှိကျသည်။
(၃၂)လူငယ်ယောကျာင်္းလေးမိန်းကလေးများသည် အဖွဲ့လိုက်သုံးလေးယောက်သာ ပေါင်းသင်းလေ့ရှိကျသည်။တစ်ယောက်ထဲနေလေ့သိပ်မရှိ။
(၃၃)ယောကျာင်္းလေးအဖွဲ့မှ တစ်ယောက်ယောက်နှင့် မိန်းကလေးအဖွဲ့မှ တစ်ယောက်တို့ရည်းစားဖြစ်သွားလျှင် အခြားသောမိန်းကလေးများနှင့် ရည်းစားဖြစ်သွားလေ့ရှိသည်။
(၃၄)သမီးရည်းစားများသည် သီချင်းဖွင့်ထားသော ပန်းခြံထဲတွင် ပြေးလွှားလေ့ရှိကျသည်။
(၃၅)မိန်းကလေးများအော့အန်ပါက ကိုယ်ဝန်ရှိနေပြီဖြစ်သည်။
(၃၆)ကိုယ်ဝန်ရှိသောမိန်းကလေးများချော်လဲလျှင် ကိုယ်ဝန်ပျက်ကျရန် ကိုးဆယ် ရာခိုင်နှုန်းသေချာပြီဖြစ်သည်။
(၃၇)မွေးလာသောကလေးမှာ ယောကျာင်္းလေးဖြစ်လျှင် လင်ယောကျာင်္းမှာအလွန်ပျော်ရွှင်လေ့ရှိသည်။
(၃၈)မြန်မာမိန်းကလေးများသည် စိတ်ဆိုးလျှင်ပါးရိုက်လေ့ရှိကျသည်။
(၃၉)အသည်းကွဲသူများသည် အလွမ်းသီချင်း များနားထောင်ပြီး ငိုကျွေးလေ့ရှိ သည်။
(၄၀)မိန်းကလေးတစ်ယောက်နှင့်ရန်ဖြစ်ပါက ထိုမိန်းကလေးနှင့် ရည်းစားဖြစ်တတ်သည်။
(၄၁)မိန်းကလေးတစ်ယောက်သည် ယောကျာင်္းလေးတစ်ယောက်အားမကျေနပ်ပါက လက်စားချေလိုလျှင် သမီးရည်းစားအဖြစ် တွဲလေ့ရှိသည်။
(၄၂)အရက်မူးလာလျှင် လျှာလေးအာလေးဖြင့် စကားပြောလေ့ရှိပြီး ပြောသမျှ စကားများမှာ ရန်စကားများသာဖြစ်သည်။
(၄၃)အရက်ဆိုင်အတွင်း ရန်ဖြစ်လျင်များသောအားဖြင့် ရဲလာဖမ်းလေ့မရှိ။
(၄၄)မူးရူးပြီး အိမ်ပြန်လာလျှင် အိမ်ဖော်ကောင်မလေးများအား မတရားပြုကျင့်လေ့ရှိသည်။ထိုအချိန်တွင် စားပွဲပေါ်မှ ပန်းအိုးလဲသွားခြင်း၊ကျကွဲသွားခြင်း ၊ ပန်းပွင့်ကြွေခြင်းဖြစ်သည်။
(၄၅)အခန်းတစ်ခန်းအတွင်းမှ ထွက်လာပြီး ပုဆိုးပြင်ဝတ်လျှင် မုဒိန်းကောင်ဖြစ်သည်။မူးနေသူဖြစ်ပြီး မျက်နှာတွင် အဆီပြန်နေပါက ၁၀၀% သေချာသည်။
(၄၆)မတရားပြုကျင့်ခံရသူတိုင်း ကိုယ်ဝန်ရှိလာကြသည်။
(၄၇)သူတို့သည်များသောအားဖြင့် တရားစွဲလေ့မရှိကြ။
(၄၈)ကိုယ်ဝန်ဖျတ်ချလေမရှိသည့်အပြင်တောရွာတစ်ခုခုသို့ သွားပြီးကလေးကို ခက်ခဲပင်ပန်ုးစွာ မွေးဖွားလေ့ရှိသည်။
(၄၉)အိမ်များတွင် ချောမောလှပသော အိမ်ဖော်မိန်းကလေးများရှိတတ်သည်။
(၅၀)ထိုအိမ်ဖော်မိန်းကလေးများသည် အိမ်ရှင်၏သားနှင့်ငြိစွန်းသွားတက်ကြသည်။
(၅၁)ရုပ်ဆိုးသောအိမ်ဖော်အား မည်သူမျှမတရားပြုကျင့်ခြင်းမရှိ။
(၅၂)ခေတ်လူငယ်အများစုသည် Shopping Mall များ Snack Shop များတွင် တစ်ချိန်လုံးအချိန်ဖြုန်းနေတတ်ကြသည်။
(၅၃)အဆိုပါဆိုင်များတွင် တွေ့ကရာ ကောင်မလေးများအား မျက်စပစ်ခြင်း စသည်တို့ကိုစိတ်ကြိုက်လုပ်ခွင့်ရှိသည်။
(၅၄)မိန်းကလေးများအဖွဲ့လိုက် ခရီးထွက်လျှင် လမ်းခရီးတွင် ယောကျာင်္းလေးအဖွဲ့တစ်ဖွဲ့နှင့် ကြုံတွေ့လေ့ရှိပြီး ရည်းစားဖြစ်သွားတက်ကြသည်။
(၅၅)ယောကျာင်္းလေး မိန်းကလေးအဖွဲ့တွင် အချောဆုံးတစ်ယောက်မှလွဲပြီး ကျန်သူများသည် တစ်ချိန်လုံးဟာသလုပ်၊ ရယ်စရာများပြောနေတတ်ကြသည်။
(၅၆)ခေတ်လူငယ်အများစုမှာ မိဘတစ်ဦး (သို့) နှစ်ဦးစလုံးမရှိတတ်ကြ။ဦးလေး အဒေါ်များ သူငယ်ချင်းများဖြင့်သာနေလေ့ရှိသည်။
(၅၇)စတိုးဆိုင်ရှိ အရောင်းစာရေးမအား ရည်းစားစကားစိတ်ကြိုက်ပြောခွင့်ရှိသည်။
(၅၈)အရောင်းတာဝန်ခံ၊ မန်နေဂျာ၊ လုံခြုံရေး မည်သူကမျှမတားစီးကြ။ အနှောင့်အယှက်ပေးလေ့မရှိကြ။
(၅၉)မည်သူမဆို တက္ကဆီငှားစီးလျှင် ဈေးမဆစ်ကြ။
(၆၀)အသက် (၄၀) ကျော် မိန်းမကြီး (၉၀) ရာခိုင်နှုန်းမှာ အတင်းပြောတက်သူများဖြစ်ကြသည်။
(၆၁)ရှုပ်ပွေသော မိန်းမများသည် အချိန်ပြည့်ဖဲရိုက်လေးရှိသည်။
(၆၂)အိမ်တစ်အိမ်တွင် အဖိုးအဖွားများသည် သြဇာအရှိဆုံးဖြစ်ကြသည်။
(၆၃)ညအချိန်မတော် လမ်းမပေါ်တွင် သီချင်းအကျယ်ကြီးဆိုပြီး ဂစ်တာတီးနေသူများကို တစ်ရပ်ကွက်လုံးက သည်းညည်းခံကြသည်။
(၆၄)ဂစ်တာတစ်လုံးထဲဖြင့် ဒရမ်၊ ကီးဘုတ်သံများ ထွက်အောင်တီးတက်ကြသည်။
(၆၅)ကောင်မလေးများသည် အဖော်မပါဘဲ ညအချိန်မတော် လူပြတ်သောလမ်းမများတွင်သွားလာလေ့ရှိသည်။
(၆၆)ထိုလမ်းများတွင် အဖော်မပါသော ကောင်မလေးများအား ဆွဲလားရမ်းလားလုပ်ဖို့ အရက်မူးနေသော လူရမ်းကားလူဆိုးများ စောင့်နေလေ့ရှိသည်။
(၆၇)ထိုမိန်းကလေးများသည် အများအားဖြင့် အော်ဟစ်အကူအညီတောင်းလေ့မရှိကြ။
(၆၈)ယောကျာင်္းလေးများသည် တစ်ယောက်ထဲပင်ဖြစ်စေကာမူ နှစ်ယောက်သုံးယောက်မကသော လူဆိုးလူမိုက်များနှင်းရန်ဖြစ်လေ့ရှိသည်။
(၆၉)ရန်ဖြစ်သည့်အချိန်တွင် လဲကျသွားပါက ရှူံးပြီဖြစ်သည်။
(၇၀)အလွန်ချောမောလှပသောကောင်မလေးများတွင် ခပ်ပေါပေါ ခပ်ချောချော အစ်ကိုတစ်ယောက်ရှိနေတတ်သည်။
(၇၁)ထိုမိန်းကလေး၏ အဖေသည် သူ၏သမက်လောင်းအား မည်သည့်အခါမှ မျက်နှာကြောတည့်။
(၇၂)နယ်မှတစ်ယောက်တည်းလာနေသော မိန်းကလေးများသည် သိန်းချီပေးရသောအခန်းများ ငှားနေတတ်ကြပြီး ဘတ်စ်ကားဖြင့်သွားလာလေ့ရှိကြသည်။
(၇၃)ဆင်းရဲသောအလုပ်သမားများသည် စုတ်ချာသော(တစ်ခါတစ်ရံ စုတ်ပြဲနေသော) အ၀တ်အစားများကိုသာ အမြဲလိုလို ၀တ်ဆင်လေ့ရှိကြသည်။
(၇၄)ချမ်းသာသူတို့၏ သားသမီးများသည် ဘွဲ့ရပြီးသည်အထိ မည်သည့်အလုပ်ကြ။
(၇၅)အသည်းကွဲသောသူများသည်မီးရထားလမ်းဘေးတွင် လမ်းလျှောက်နေလေ့ရှိကြသည်။
(၇၆)ပိုက်ဆံချမ်းသာသော လုပ်ငန်းရှင်သူဌေးများသည် ဆင်းရဲပြီးချောမောလှပသော ကောင်မလေးအားလက်ထပ်ခွင့်ရရန် ယောက္ခမလောင်းများအား ငွေဖြင့်ပေါက်ကာ သိမ်းသွင်းလေ့ရှိသည်။
(၇၇)အဖြူရောင်ကုတ်အင်္ကျီရှည်ဝတ်လာပြီး နားကြပ်လည်ပင်းတပ်ထားသူတိုင်း ဆရာဝန်ဖြစ်ကြသည်။(သို့) ဆရာဝန်တိုင်း ဂျူတီကုတ်ဝတ်ပြီး နားကြပ်လည်ပင်းဆွဲထားကြသည်။
(၇၈)ခွဲစိတ်ကုသမှုမအောင်မြင်လျှင် ခွဲစိတ်ဆရာဝန်ကြီးများသည် ခွဲခန်းအတွင်းမှ ခေါင်းရမ်းပြီး (သို့) မျက်နှာပျက်ပြီး ထွက်လာတတ်သည်။
(၇၉)မင်းသား (သို့) မင်းသမီး၏အမေများတွင် နှလုံးရောဂါ (သို့) သွေးတိုးရောဂါ ရှိနေတတ်သည်။
(၈၀)တယ်လီဖုန်းမှ သတင်းဆိုးကြားရလျှင် တယ်လီဖုန်းပြောနေရင်းမှ မူးလေ့လဲသွားတတ်ကြသည်။
(၈၁)အလွန်တော်သော မိန်းမများသည် အလွန်အသုံးမကျသော (သို့)အလွန်မာနကြီးသောယောင်္ကျားများကို ကြိုက်နှစ်သက်ကြသည်။
(၈၂)အလွန်ထက်မြက်သောမိန်းမများ၏အိမ်ထောင်ရေးသည် အဆင်မပြေ။
(၈၃)လူငယ်အများစု၏နာမယ်များမှာ ခေါ်ရခက်သော သောက်ညင်ကပ်ဖွယ်နာမယ်များ ဖြစ်သည်။
(၈၄)တစ်ခါတစ်ရံ မည်သို့မျှ တွေးတောယူဖွယ်မရသော နာမယ်များရှိသည်။
(၈၅)ထိုသောက်ညင်ကပ်ဖွယ်နာမယ်ဆိုးကို မည်သူကမျှ စနောက်ခြင်း လှောင်ပြောင်ခြင်းမပြုကြ။
(၈၆)ယောင်္ကျားနောက်ခိုးရာလိုက်ပြေးသွားသောမိန်းကလေးများသည် မိဘများအား ခိုးရာလိုက်သွားပြီဖြစ်ကြောင်း လိုက်မရှာရန်နှင့် ခွင့်လွှတ်စေချင်ကြောင်း အစရှိသဖြင့် စာရေးထားတတ်ပြီး အိပ်ရာပေါ် (သို့)အိပ်ရာဘေးက စားပွဲပေါ်တွင် တင်ထားလေ့ရှိသည်။
(၈၇)ထိုစာအများစုတွင် သမီးမိုက် ဟူသောစာသားပါလေ့ရှိသည်။
(၈၈)ယောင်္ကျားလေး အများစုကတော့ မိဘကို မိန်းမခိုး မည့်ကိစ္စနှင့်ပတ်သက်ပြီး လုံးဝအသိပေးလေ့မရှိကြ။
(၈၉)နှဲသံကြားပါက(နာတာရှည်)မမာမကျန်းဖြစ်နေသူများ သေဆုံးတတ်သည်။
(၉၀)ယောင်္ကျားလေးများ၏အခန်းသည် လူမနေသည့် အခန်းကဲ့သို့ အဆင်အမြဲရှင်းလင်းသန့်ရှင်းနေတတ်သည်။
(၉၁)အိမ်ဖော်မိန်းမများ ၊ ခြံစောင့်များသည် အိမ်ရှင်၏သမီးအား မမလေးဟု ခေါ်လေ့ရှိသည်။
(၉၂)အခုနောက်ပိုင်းတွင် ပေါ့ ပေါ့ ပါးပါး စကားများကိုပင်လေးနက်အောင် တမင်ကြိုးစား ဖြစ်ညှစ်ပြောတတ်သော အကျင့်များရှိလာကြသည်။
(၉၃)လူကြားထဲတွင်အိနြေ္ဒပျက်လောက်အောင် တစ်ကိုယ်လုံးနှင့် လက်များခါရမ်းလှုပ်ပြီး စကားပြောတတ်သူများကို မည် သို့မျှ မထူးခြားသယောင် ဆက်ဆံပြေဆိုကြသည်။
(၉၄)လူငယ်များသည် ပူအိုက်သောရာသီများတွင်ပင် အနွေးထည်များ ၀တ်ဆင်လေ့ရှိကြသည်။
(၉၅)ကျောင်းသားကျောင်းသူအများစုမှာ စာကြိုးစားသည် မတွေ့ရ။
(၉၆)ဖယောင်းတိုင်များထွန်းထားလျှင် အလွန်ရိုမန်တစ် ဖြစ်သည်။
(၉၇)သကြန်လည်ရာတွင် မည်သူမျှအရက်မသောက်ကြ။
(၉၈)နိုင်ငံခြားသွားပြီး ပညာသင်လာပါက မြန်မာပြည်တွင် အလွန်အောင်မြင်သော စီးပွားရေးလုပ်ငန်းရှင် (သို့) ပညာရှင်အဖြစ် ရပ်တည်နိုင်သည်။
(၉၉)ယောင်္ကျားဖြစ်ပြီး နှုတ်ခမ်းမွှေးမရှိလျှင် မတုတပ်ထားကြသည်။
(၁၀၀)မြန်မာ လူမျိုးများသည် မည်မျှပင် ဒေါသထွက်စေကာမူ ဆဲဆိုခြင်းမပြုကြ။
(၁၀၁)မြန်မာဗီဒီယိုကားများတွင် ဆေးရုံတက်လျှင် ဆေးဖိုးပေးရန်မလို။