အဆင်မှ ပြေပါ့မလားလို့  စိတ်တစ်ထစ်ထစ်နဲ့  ပူပင်ခဲ့ရတဲ့ တွေ့ ဆုံပွဲလေး ပျော်ရွှင်ခြင်းတွေ အတိနဲ့  ပြီးဆုံးသွားခဲ့ပြီ...။
မိုင်ပေါင်းထောင်ချီဝေးတဲ့ ရေမြေခြားကနေ မြို့ တော် တွေ့ ဆုံပွဲလေးအတွက် စိတ်အားထက်သန်ခဲ့ရပါတယ်...။
အမိမြေကို ခြေချလို့  နယ်စွန်နယ်ဖျား တောင်းတန်းရိပ်ခို ကျေးတောရွာမှ မိနဲ့ ဖ ရင် ခိုလှုံချိန်မှာ Net နဲ့  Online မရခဲ့လို့ မြို့ တော်လေးနဲ့  အဆက်ပြတ် ရင်ဝယ်တသ လွမ်းဆွတ်ရင်း တွေ့ ဆုံပွဲလေးအတွက် စိတ်အားတွေ ထက်သန်ခဲ့ရတယ်...။
တက်ရောက်နိုင်သူ မန်ဘာများအားလုံး တက်ရောက်စေချင်သော စိတ်ဖြစ် တွေ့ ဆုံပွဲလုပ်မည့် နေရာ၊ နေ့ ရက်၊အချိန်တွေကို မသိသေးသူ မန်ဘာများအားလုံးအတွက် ဖိတ်ခေါ်ပို့ လေးတွေ ထပ်တင်ပေးဖို့  ကိုရင်ကျော်၊အောင်ထက်၊ရှင်းသန့် မေတို့ ကို ဖုန်းဆက်ကာ အကူအညီတောင်းရင်း အွန်လိုင်းမသုံးရတဲ့ ရက်တွေမှာ နေ့စဉ် မရိုးအရွ ဖြစ်နေသူက မေသဇင်ပေါ့...။
တွေ့ ဆုံပွဲရက် နီးကပ်လာတာနှင့်အမျှ တက်ရောက်မည့်သူ မည်မျှရှိလဲ.. အဆင်ပြေအောင် ဘယ်လိုလုပ်ရမလဲ တွေးပြီးရင်းတွေးရင်း အက်မင်တွေ ခေါင်းချင်းရိုက် တိုင်ပင်လေပြီ..။
တစ်ယောက်ကို တစ်ယောက် အပြင်လောကမှာ တွေ့ ဆုံဖူးခဲ့ခြင်းမရှိသူတွေထဲ အက်မင်တွေခြင်းလဲ ပါဝင်တာမို့  တွေ့ ဆုံပွဲ မပြုလုပ်မှီတစ်ရက်ကြို ဒီဇင်ဘာ ၂၃ ရက်နေ့ မှာ ဆုံတွေ့ ဖို့ ရန် ပန်းဆိုးတန်းလမ်းရှိ တိုကျို ဒိုးနတ်မှာ နေ့ လည် တစ်နာရီ အက်မက် တွေဆုံကြဖို့ တိုင်ပင်ပြီး အက်မင်တွေ့ ဆုံပွဲ စတင်ပြုလုပ်ခဲ့ရပါတယ်.....။
ဆွေးနွေးပွဲလေးအပြီး ယုဇနပလာဇာကိုသုတ်ချေတင် မန်ဘာများအတွက် လက်ဆောင်ပစ္စည်းတွေ လိုက်ဝယ်ရင်း အက်မင်တွေချင်း ငယ်ပေါင်းတွေလို ရင်းနှီးခဲ့ပုံများ ၄ဦးဖက်စပ် ဆိုင်လေးတစ်ဆိုင်တောင် ဖွင့်တော့မလို့  တိုင်ပင်လိုက်ပြီ..။
တစ်နေဝင်တစ်မိုးချုပ် အိပ်စက်ချိန် ရောက်ခဲ့ပေမဲ့ နက်ဖြန်ဆိုသော နေ့ လေးကို ကြိုတင်မှန်းဆရင်း အိပ်မရခဲ့ပါဘူး...။
ဒီဇင်ဘာ ၂၄ ရက်နေ့  နံနက် ၄နာရီမှာတော့ တစ်ညလုံ အိပ်မရပဲ ကြောင်နေတဲ့ မျက်လုံးအစုံကို အနားပေးရင်း အိပ်ရာမှ နိုးထပြီး မနက်စောစော ရွှေတိဂုံဘုရား သွားရောက်ဖူးမြှော်ဖို့  နှင့် မနက်ဖြန်အတွက် ပြည်တော်ပြန် ခရီးစဉ်အတွက် လိုအပ်တာတွေကို ထုတ်ပိုးပြင်ဆင်နေလိုက်ပါတော့၏...။
ကြိုတင်ချိန်ဆိုးထားကြတဲ့ အတိုင်းမနက် ၈ နာရီ ရွှေတိဂုံ ဘုရားရင်ပြင်တော်မှာ ဆုံတွေကြရင်း ရွှေတိဂုံစေတီတော်ကြီးကို ဖူးမျှော်ခဲ့ကြပါတယ်...။
တွေ့ ဆုံပွဲက ၁၀ နာရီ ဆိုပေမဲ့ စောရောက်နေမည့် မန်ဘာများ အဆင်ပြေစေရန် မန်ဘာများထက်စောလျင်စွာ အမုန်းသခင်ကို အမြန်လာရန် ဖုန်းဆက်ခေါ် ရှင်းသန့် မေနှင့် ဖြူလေးက အော်ဒါမှာထားသော ရေခဲမုန့် ပြေးယူ မေနှင့် နေခြည်က ကန်တော်ကြီးမှ လာရောက်ကြမည့် မန်ဘာများကို ၉နာရီ အချိန်မှာ လာရောက်စောင့်ဆိုင်း ခဲ့ကြတာပေါ့...။
ဝင်ပေါက်ကို လည်ပင်းရှည်ကာ မျှော်နေရင်း ဝင်လာသမျှသူတွေကို ချစ်သူမြို့တော် တွေ့ ဆုံပွဲကို လာတာလားလို့  မေးရတာက အမော..။
အက်မင်တွေဘက်က လိုအပ်ချက်တစ်ခုက ဆိုင်းဘုတ်မထောင်ထားမိခဲ့ဘူး..။
အရောက်လာခဲ့မည်လို့  စာရင်းပေးထားတဲ့ မန်ဘာတွေ အကုန်မရောက်လာခဲ့သော်လည်း ရောက်လာသူများနှင့်သာ ကျင်းပကြတော့မည်ပေါ့..။
အစောဆုံးရောက်လာသူက ပဲနွယ်ကုန်းကနေ မနက်လေးနာရီ ကားထစီးလာတဲ့ ရော့ကာကြီး အောင်မိုး
အော်တို ရေးပေးနေတာ ဟုတ်ဘူးနော်..။ နာမည်နဲ့  လိပ်စာလေးပါ..။
လူစုံပြီဆို စလိုက်ကြစို့ နော်...။
အမှတ်တရ ပုံလေးတစ်ချို့ ပေါ့
ချစ်သူမြို့ တော်ရဲ့  ခရီးစဉ်သစ် ပရဟိတ လုပ်ငန်းလေးတွေအတွက် ငွေအား ၊၊လူအား လုပ်အားဒါန မိမိတတ်စွမ်းသည့်ဘက်မှ ပါဝင်ကြပြီး အနာဂတ်ကလေးငယ်များအတွက် ဖြည့်ဆည်းပေးမည့် လမ်းသစ်လေးတစ်ခု တွေ့ ဆုံပွဲမှာ ဖောက်လုပ်ခဲ့ကြတယ်...။
မြို့ တော်အတွက် လိုအပ်ချက် ၊အားနည်း အားသာချက်တွေကို မန်ဘာတွေရဲ့  ရင်ဖွင့်သံမှာ နားဆင်ဖြစ်ခဲ့ကြတယ်..။
ချစ်သူမြို့ တော်မှ ဘလော့ပို့ စ် တွေကို စာအုပ်ထုတ်ဝေဖို့  ဆွေးနွေး ပြောဆိုခဲ့ကြတယ်..။
ဆွေးနွေးပွဲလေးအပြီးမှာတော့ အပေါ်ပုံမှာ တွေ့ မြင်ခဲ့သည့် အတိုင်း လက်သံပြောင်သည့် မေသဇင်မှ အမုန်းသခင်ကို ပညာပြခန်းပေါ့..
၁၂နာရီခွဲမှာတော့ စီစဉ်ထားသည့် ကြက်လျှာစွန်းဒံပေါက် ကို နေ့ လည်စာ အဖြစ် တည်ခင်းပါတယ်
ဒံပေါက်လောက်ကိုတော့ မဝဘူး..ရေခဲမုန့် ပုံးနားမှာပဲ နေမယ်လို့  ကြွေးကြော်ပြီး ရေခဲ့မုန့် ပုံးနားက မခွာတဲ့ ရှင်းသန့် မေ
ဒါတောင်သူက အရိုးကိုက်တဲ့ပုံကို သူများဓာတ်ပုံခိုးရိုက်မှာဆိုးလို့ တဲ့ ပဲပေးများပြီးကုန်အောင်အစားပဲ ရပ်လိုက်တာ
တစ်ယောက်ထဲပဲ ကြိတ်တာ အန္တရယ်ကင်းတယ်ဆိုတဲ့ အမုန်းသခင်
ကျန်တဲ့သူတွေက မေ့ကို တောင်းပန်ထားတယ် သူတို့ ပုံတွေ မတင်နဲ့ တဲ့..တင်တော့ဘူးနော်.. ကြော်ငြာ လာငှားမှာဆိုးလို့ ..အက်မင်တွေပုံပဲ တင်လိုက်တာ..
ယခုမှ တွေ့ မြင်ဖူးခဲ့ကြပေမဲ့ ရင်ထဲက နှလုံးသားတွေ ထပ်တူညီကြတာမို့  တစ်ခဏအတွင်း ရင်းနှီးကြပြီး နာရီပိုင်းအတွင်း ပြောမနာဆိုမနာ ထုမနာ ရိုက်မကွဲ သူငယ်ချင်းတွေ ဖြစ်သွားကြတာ
ဘယ်မလဲ ကြောက်ရွံ့ ခြင်းတွေ..အားငယ်ခြင်းတွေ... ဘယ်သူ့ ကိုမှ မသိလို့  သွားရမှာကို စိုးထိတ်ခြင်းတွေ..
ဘာတစ်ခုမှ မရှီတော့ပဲ ရင်းနှီးချစ်ကြည်ခြင်းတွေနဲ့  တစ်ပြေးထဲ တစ်သားထဲ ဖြစ်သွားခဲ့ကြတာ သက်သေပါ
အဲ့လို စိန်ခေါ်ထိုးသူ တွေ့ ဆုံပွဲမှာ မရှိခဲ့ဘူး...။
ဒီလို အပျော်လေးတွေနဲ့ ပဲ ပြီးဆုံးခဲ့တာလေ...
မရောက်လာနိုင်သူတွေအတွက်လဲ အပျော်တွေ ကူးစက်စေမှာပါ....
ပဲပေးများတဲ့ အမုန်းကို ထုချင်တယ်
သူတို့  နှစ်ယောက်ရဲ့  ခိုင်းဖတ်လို့  ဆူပုတ်ပြီး ပြောနေတဲ့ အမုန်း.. ဟုတ်ရပါဘူးကွယ်..ခိုင်းရပါဘူး.. အကူအညီတောင်းတာပါ..
ကိုရင်ကျော် ပို့ လာတဲ့ မုန့် လေးတွေကို ခွဲတမ်းချ အပြီး နောက်ဆုံးအိုက်တင်ထုတ် ဓာတ်ပုံတွေ ဆုရိုက်ကြပြီပေါ့..။
အနစ်နာခံတတ်တဲ့ မန်းသားတွေနဲ့ ကျောက်ဆည်သူတွေက အနစ်နာခံပြီး ထိုးမုန့် နဲ့  လမုန့် တွေကို လက်ရှောင်ပေးခဲ့ကြတယ်လေ
မေ့မရတဲ့ အမှတ်တရနေ့ လေး...။
ငါတို့ တွေ ရေမြေခြားပေမဲ့ တို့ ရဲ့ စိတ်တွေ ထပ်တူညီခဲ့ကြတယ်..
တစ်မိချင်း ပေါက်ခဲ့ပေမဲ့ တို့ အားလုံးက မောင်နှမတွေပါ..
နောက်နှစ်ခါ တွေ့ ဆုံပွဲလေးမှာ ပြန်လည်ဆုံတွေ ကြတာပေါ့..
မေသဇင်