ဒီနေရာလေးကို အားလုံးသိကြပါတယ်။ မြန်မာနိုင်ငံရဲ့ အလယ်ဗဟိုမှာ တည်ရှိပြီး ပူပြင်းလှတဲ့ နေရောင်အောက်မှာ ရာဇ၀င်ထဲက မြို့က အဖြစ်နဲ့ အထင်ကရ ရပ်တည်နေတာ ကြာလှပေါ့နော်။ မြန်မာပြည်မှာ မကပဲ ကမ္ဘာကသိနေတဲ့ မြို့လေးမှာ ယဉ်ကျေးမှု အမွေတွေကလဲ များပါဘိခြင်း။ ရာသီဥတု ဆိုးရွားပေမယ့် ပျော်ရွှင်ခြင်း ကြည်နူးခြင်းတွေ ခံစားရကတော့ ကိုယ့်ကိုယ်ကိုယ်သာ အသိဆုံးပါ။
မန်းသူမန်းသားတွေရဲ့ အသက်ဖြစ်တဲ့ မဟာမုနိ ကိုယ်စားတော် မြတ်ကြီးကလဲ ကြည်ညိုစရာအတိ သပ္ပါယ်ပါဘိ။ မန်းမြေရဲ့ အေးမြမှုကို လက်ဆင့်ကမ်းပေးနေတဲ့ သီချင်းလေးထဲကအတိုင်း "အသက်ကလေးရယ် ရှည်စေလို မန်းတောင်ရိပ်ကိုခိ"ုဆိုတဲ့အတိုင်း သင်ဇာ့အကြိုက်ဆုံးကတော့ ရွှေမန်းတောင်လို့ တင်စားချင်တဲ့ မန်းလေးတောင်တော်ပါပဲ။ သူ့ဆီကို များရောက်သွားရင် ဒါဟာ မန်းလေးလားလို့ မထင်ရလောက် သဘာဝတောရိပ် တောင်ရိပ်တွေနဲ့ အေးမြမှုတွေ၊ ငြိမ်းချမ်းမှုတွေကို ဝေမျှလို့ပေါ့။ ပူပြင်းမှုတွေက ဘယ်မှာလဲလို့ ရှာဖွေရမလို။
ညနေများနေညိုရင်လေ ရန်ကုန်မြေက အင်းလျားကိုများ သတိရရင်ဖြင့် မမေ့လိုက်ပါနဲ့ ထင်ရှားတဲ့ နန်းရဲ့ကျုံးရေပြင်ကျယ်က အလွမ်းတွေကို ဖြေကာပေးလို့ မန်းမြေက သစ္စာနှံချစ်သူတွေလဲ မြင်တွေ့ရမှာမို့ တကယ်တမ်းတော့ အရှုံး မရှိပါဘူးလို့။ သွားစရာ ဖူးစရာ ဘုရားတွေက စုံလို့လေ။ နေပူပေမယ့် အေးမြတဲ့ အပြုံးတွေနဲ့ မန်းသူ မန်းသားတွေရဲ့ဘ၀အစုံစုံကိုဖြင့် မြို့အနှံ့ကြည့်ချင်စရာ သင်ဇာ မညာပါဘု လာရောက်ကာ ကြည့်လိုက်ပါ ရှေးရှေးက လက်မှုမွေတွေကလဲ များပြားပါဘိ။
စစ်ကိုင်းကို ကူးမယ် ရည်သန်ရင်ဖြင့် ဧရာဖော် ဒီမြစ်ပြင်မှာ မြင်ရမှာက တံတားနှစ်စင်း ထက်အောက်မှာ စီစဉ်ကာပေါ့ မြင်ရမှာဧကန်ပါပဲ။ အ၇ိပ်ကောင်းလှတဲ့ မယ်ဇယ်တွေနဲ့ တောင်သမံကို အလယ်သွား၇င်တော့ မြင်ရမှာပေါ့ ရေပြင်ပြာနဲ့ သဘာဝကပေးတဲ့ ရသစုံကို ခံစားရမှာ ပန်းချီကားချပ်လိုပေါ့။
ပေါများလှတဲ့ တက္ကသိုလ်စုံနဲ့ သင်ယူစရာပညာရပ်စုံ ထွန်းကားတာကလဲ သေချာပါပဲ။ နောက်တစ်ခုက ရန်ကုန်မြေမှာ မမြင်ရတဲ့ မြင်ကွင်း ဆိုင်ကယ်တွေကလဲ ပေါပါဘိခြင်း။ မျက်စိရှင်ရှင်နဲ့ သေချာသာရှောင်ပေတော့ ပေါလိုက်တဲ့ဆိုင်ကယ် မြင်ဖူးမှလေ သိသွားမယ် တင်စားချင်လိုက်တာကတော့ ကမ္ဘာ့ရဲ့ဆိုင်ကယ်မြို့တော်လို့လေ။
တစ်ခုတော့ စိတ်မကောင်းပါရဲ့ ဒီမန်းမြေ ဒီနေရာမှာ နေရာကောင်းမှာတော့ ဗမာစစ်တွေက ရှားလို့ မြန်မာ မဟုတ်တဲ့ တိုင်းတစ်ပါးစကားသံတွေနဲ့ ကြားရတာတော့ သဘောမတွေ့သလိုနားဝမှာလဲ မချမ်းသာတာ မန်းမြေရယ် နင်ကသာ ဗမာစစ်ဖြစ်လို့ မြို့နေလူတွေက ဘာလို့ တို့တိုင်းရင်းသားတွေမဟုတ်ရတာလဲလို့များမေးလိုက်ရင် သူများစကားတတ်ရင်ပေါ့ ရင်နာနာနဲ့များ မျက်ရည်စို့လို့ အဖြေစကားတွေတော့ ပေးနိုင်မယ် ထင်ရဲ့။
ဘာပဲဖြစ်ဖြစ်ပေါ့ မန်းမြေရယ် ရာဇ၀င်ထဲကမြို့၊ ဘာသာတရားထွန်းကားရာမြို့၊ တိုင်းရင်းသားလူမျိုးခြားစုံရာမြို့အဖြစ်နဲ့ မြန်မာ့တိုင်းရင်းသားတွေနဲ့ ရာစုသစ်ပေါင်းများစွာ ရှင်သန်နိုင်ပါစေ ဆုတောင်းရင်း နောက်တစ်ချိန်များ မန်းမြေနင်းရင် မစိမ်းကားလိုက်ပါနဲ့နော်.............................................
မှတ်ချက်။ ။သင်ဇာထင်တာတွေ ရေးထားလို့ စိတ်များတော့ မတိုလိုက်ကြပါနဲ့နော် မန်းသူမန်းသားတွေရယ် ဒါပေမယ့် စကားပြောရင် သူတို့ဘာသားစကားနဲ့ပြောလို့ ဆဲများဆဲလိုက်ရင် ဗမာစကားနဲ့မို့ ဒီတစ်ခုကတော့ ရင်ထဲမှာ မကောင်းတာ အမှန်ပါ။ နေရာကောင်းတွေမှာက သူတို့တွေကြီးလေ။ ဘာပဲပြောပြော ရာသီဥတု ပူပေမယ့် မန်းမြေမှာ သင်ဇာ ပျော်ပါတယ်ရှင်။ စိတ်ကူးယဉ်သက်သက်လို့ မှတ်ပေးပါနော်။ ။
ကျေးဇူးတင်စွာဖြင့်
မိုးသင်ဇာ