ဘ၀အချိန်တိုလေးတွင်းမှာပြောင်းလဲမှုသဘောတရားတွေများပြားလှပါတယ်။ရခဲ့လှတဲ့လူဘ၀ခဏတာလေးမှာအားလုံးကအလည်လာ
ကျတဲ့ဧည့်သည့်တွေပါပဲ။ဒီလို့လာခဲ့တဲ့ချိန်လေးတွင်းမှာပဲေ၇ှးအတိတ်ဘ၀ရဲ့ကောင်းမှုမကောင်းမှုတွေကအနာဂတ် ယခုဘ၀ကိုကပ်ပါလာ
တယ်။အတိတ်ဘ၀မှာကောင်းမှုတွေလုပ်ခဲ့တဲ့လူတွေကတော့ယခုဘ၀မှာကောင်းကျိုးတွေဝေဆာနေပါတယ်။ရွှေမရှား၊ငွေမရှားအေးချမ်းတဲ့
ဘ၀ကိုပိုင်ဆိုင်ထားတဲ့လူတွေတောင်မှအတိတ်ဘ၀ကမကောင်းမှုအနဲအကျဉ်းလုပ်ခဲ့မိတယ်ဆိုရင်တောင်ယခုဘ၀မှာစိတ်ညစ်စရာ
စိတ်ပူပင်စရာတွေကြုံရစမြဲပါ။အဲဒါကြောင့်ရှေးလူကြီးတွေထားခဲ့တဲ့စကားပုံတောင်ရှိခဲ့ပါသေးတယ်။
လူတစ်ခုပူမှုရယ့်တဲ့ဆယ်ကုဋေ လူတစ်ယောက်ဖြစ်လာပြီဆိုရင်ဘယ်တော့မှအကောင်းတွေပဲမရှိတတ်သလို့အဆိုးလည်းအမြဲတမ်းရှိ
မနေနိုင်ပါဘူး။အကောင်းအဆိုးအမြဲဒွန်တွဲနေတတ်တယ်။ငွေကြေးချမ်းသာပေ့မဲ့စိတ်သဘောထားမမြင့်မြတ်လူတွေလည်းတစ်ပုံကြီးပါ။
ငွေဂုဏ်မောက်ပြီး အလှအပဂုဏ်တွေမြောက် ပညာတတ်ဖြစ်လို့ဂုဏ်တွေမောက်ပြီးမာနတံခွန်ထူနေတာတွေအများကြီးပါ။
ငွေကြေးမပြည်စုံပေ့မဲ့မြင့်မြတ်တဲ့စိတ်ထားထားတတ်သူတွေတပုံကြီးပါ။လောကမှာအားလုံးကိုချိန်ဆတွေးတောကြည့်မယ်ဆိုရင်တစ်ဦးနဲ့
တစ်ဦးရန်ငြိုးတွေမာနတွေမထားသင့်ဘူး။သူကချမ်းသာလို့ငါကဆင်းရဲ့လို့ဆိုပြီးအဆင့်တန်းတွေမခွဲသင့်ကြဘူး။လူတစ်ယောက်သေပြီ
ဆိုရင်ဘာပစ္စည်းဥစ္စာမှယူသွားလို့မရပါဘူး။လူဘ၀ဆိုတာရခဲ့လှပါတယ်။ရလာခဲ့ပြန်ပြီဆိုရင်အချိန်ခဏလေးပါ။ဒီခဏလေးအတွင်းမှာပဲ
ရန်ငြိုးတွေမာနတွေအဆင့်အတန်းတွေထားရှိတော့မယ်ဆိုရင်ပျော်စရာကောင်းတဲ့ဘ၀ကို့ဘယ်လို့ဖန်တီးနိုင်ပါမလဲ။အေးချမ်းတဲ့ကမ္ဘာငယ်
ကိုတည်ဆောက်ဖို့ဆိုရင်တစ်ဦးနဲ့တစ်ဦးဖြူစင်အေးမြတဲ့မေတ္တာနဲ့လွှမ်းခြုံလို့မြင့်မြတ်တဲ့စိတ်ထားကိုအရင်းတည်ပြီးမာနမရှိပကတိဖြူစင်
တဲ့စိတ်တွေနဲ့အေးမြတဲ့ကမ္ဘာငယ်ကိုတည်ဆောက်ကြပါစို့အကြံပြုရင်း
တွေးတောမိသလောက်ကိုတင်ပြထားပါတယ်။
အားလုံးကိုခင်မင်လေးစားလျှက်
သန့်ဇင်ဦး