မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး ဥက္ကဋ္ဌ ဦးဇင်ဝိုင်းမှ သရုပ်ဆောင် သင်ဇာဝင့်ကျော်၏ ဝတ်စား ဆင်ယင်မှုနှင့် အနေအထိုင် ဆင်ခြင် ထိန်းသိမ်းရန် ခေါ်ယူ သတိပေးဖွယ် ရှိကြောင်း ဦးဇင်ဝိုင်းမှ ပြည်တွင်း မီဒီယာ True News သို့ ပြောကြား သွားပါသည်။ ထိုသို့ သတိပေးခြင်း မှာလည်း သင်္ကြန်ကာလအတွင်း ရုပ်ပျက် ဆင်းပျက် ဝတ်ဆင်မှုများဖြင့် ရေပက်ခံထွက်ခဲ့ပြီး သရုပ်ဆောင် သင်ဇာဝင့်ကျော်အား ရုပ်ရှင် ရိုက်ကူးခွင့် ပိတ်ပင်တော့မည့် သတင်းများ ထွက်ပေါ်လာပြီးနောက် မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးမှ တရားဝင် ထုတ်ဖော် ပြောကြားချက် တစ်ရပ်လည်း ဖြစ်သည်။ လတ်တလော၌ သင်ဇာဝင့်ကျော် ပြင်ဦးလွင်၌ ဇာတ်ကားများ ရိုက်ကူးလျက် ရှိသည်။
↧