ဟယ်....မီး.. နင် ဆေးလိပ်တွေသောက်နေတယ်.. ဘယ်လို စိတ်ကူးနဲ့လဲ..
ချယ်ရီ..သူ့သူငယ်ချင်းမီးတစ်ယောက်.. ဆေးလိပ်သောက်နေတယ်ဆိုတာကို ကြားပြီးတော့ ဖြစ်သည်..။ ဒါပေသည့်.. သူ့ရှေ့တွင် ပေါ်တင်သောက်မည်ထိတော့ သူမ မထင်ထားမိ.။ ဒါတော့လွန်သောကြောင့်.. မေးမိသည်...။ သူ့တည့်မေးလိုက်လျှင် မီးတစ်ယောက် ဆေးလိပ်ကို လွှင့်ပစ်လိုက်မည်လို့လဲ ထင်ထားသည်...။
အေး... သောက်နေတာကြာပြီလေ.. နင်လည်းကြားမှာပေါ့.. တစ်နေ့ကို တစ်ဗူးကတော့ အသာလေးပဲ..
ဘာ..
သူမ မှန်းချက်နဲ့ နှမ်းထွက် လုံးဝမကိုက်သောစကားဖြစ်၍ အာမေဋိတ်သံထွက်သွားသည်..။
နင်... အခု ဘာပြောလိုက်တာလဲ..
မီးက ခပ်ပြုံးပြုံးပင်..။ တစ်လိပ်ကို ပြာခွက်ထဲခြေလိုက်ပြီးနောက်တစ်လိပ်ကိုမီးညှိကာ..
ငါ.. ဆေးလိပ်ကို ကြိုက်တယ်..။ ကြိုက်လို့လည်းသောက်တာ... ဒီဝိုင်းမှာထိုင်နေတဲ့ သူတွေအကုန်လုံးလည်း သိတယ်..။ ငါဘယ်မိန်းကလေးသူငယ်ချင်းရှေ့မှ ရှောင်မနေနိုင်လောက်အောင်ကြိုက်လို့.. ချယ်.. နင့်ကိုလည်းဖွင့်ပြောပြတာ..
သူမ မျက်နှာတွင်ဒေါသကြောင့် အနည်းငယ် နီသွားသည်..။
နင်က ငါတို့နဲ့ဝေးတဲ့.. မြို့ကို သွား ကျောင်းတက်ရတော့... ငါတို့စကားကို သတ်မှတ်စရာမလိုတော့ဘူးဆိုတဲ့ သဘောလား..
ဝေက မေးတော့ မီးလျှံတစ်ယောက် နှုတ်ဆိတ်နေလိုက်သည်..။ သူတို့ သူငယ်ချင်းတွေအဖွဲ့ထဲမှာ.. သူဟာ.. ချယ်ရီနဲ့ အရင်းနှီဆုံးလေ.။သူ မေမြို.ကိုကျောင်းသွားတက်ကာနီးတောင် ချယ်ရီက သူ့သူငယ်ချင်းမီးလျှံကို စိတ်မချလို့.. တွေ့ကရာလူတွေနဲ့မပေါင်းနဲ့ ဘာညာနဲ့မှာနေသေးတာ..။ တကယ်တော့ ချယ်ရီက နားလည်မှုခေါင်းပါးသော သူငယ်ချင်းတစ်ယောက်တော့လည်းမဟုတ်ခဲ့ချေ...။
သည်လိုနဲ့ ညနေလေး..တဖြည်းဖြည်းဆောင်းလာ သလို... မီးလျှံလက်ထဲမှ ဆေးလိပ်မှ ပြာစများတဖြည်းဖြည်းကြွေကျလာပြီး...
သူစကားဝိုင်းလေးကလည်း.တဖြည်းဖြည်းဆိတ်ဆိတ်လာခဲ့သည်..။
*************************************************
ဒီမှာမီး... ငါက အဲ့လောက် နားလည်မှုခေါင်းပါးတဲ့ မိန်းကလေးလည်း.. မဟုတ်ပါဘူး.. ငါနင့်ကိုမကျေနပ်တာက.
ချယ်ရီတစ်ယောက်.. အချစ်ဆုံးသူငယ်ချင်းမီးကို.. စိုးရိမ်စိတ်နဲ့.. နောက်နေ့ ၂ယောက်တည်း တွေ့ပြီးမနေ့က လူအများရှေ့မှာ ဖွင့်အံမပြောလိုက်ရတဲ့.. အားနာလို့ ထိန်းချုပ်ထားတဲ့ ထိမိချန်စကားတွေပြော ရန်ရည်ရွယ်ထားသည်..။
ပြောလေ.. ဘာကို မကျေနပ်တာလဲ..
အေး... ငါမကျေနပ်တာက... နင်မနေ့က ပြောတဲ့စကား.. တစ်နေ့ကို တစ်ဗူးလောက်ကတော့.. အသာလေးကုန်တယ် ဆိုတာလေ..
ဟား.. ထင်တောင်ထင်မထားဘူး.. အဲ့စကား က ငါဆေးလိပ်သောက်တတ်ပါပြီဆိုမှတော့ မထူးဆန်းလောက်ပါဘူး...
မဟုတ်ဘူး မီး... နင်..ဆေးလိပ်သောက်တယ်ဆိုတာ.. ငါမသိခဲ့တာမဟုတ်ပါဘူး..မှန်ပါတယ်.. တခြားသူငယ်ချင်းတွေပြောတာကြားပီးသားပါ.. မနေ့ကလည်း ငါ့ရှေ့မှာသာနင်မသောက်ရင် ငါက မေးတောင်မေးမှာမဟုတ်ဘူး..မနေ့ကတော့ အဲ့စကားကို ကြားလိုက်ရတာနင်တော်တော် ယူဆချက်မှားနေပြီဆိုတာသိလိုက်ရတယ်..
ငါကလား... ဒီမှာ. ချယ်.. မင်း.. သိပ်တော်နေတယ်ဆိုရင်လည်း ငါ့ကိုဆရာလာလုပ်မနေနဲ့.. ကလေးသွားစာသင်ချေ..
ချယ်ရီတစ်ယောက်... ဘုကျကျ စကားပြောတတ်ပြီး နှလုံးလှသည့် သူ့ သူငယ်ချင်းကို နားလည်ပြီးသား ဖြစ်ပါသည်...။ဒါ့ကြောင့် လည်း တစ်ဖက်လှည့သွားသည့် မီးလျှံရဲ့ မျက်နှာကို.. ဆွဲလှည့်လိုက်သည်..။
နင်က..သူများမြို့မှာ.. ဘယ်လို ပတ်ဝန်းကျင်မှာနေ.. ဘယ်လိုသူငယ်ချင်းတွေနဲ့ ပေါင်းလာလဲတော့ မသိဘူး..။ နင်တကယ်ဆို...နင်ဆေးလိပ်သောက်တတ်ရင် ငါထင်ထားခဲ့တာက.. ငါအဲ့လိုမေးလိုက်ရင် နင် ဆေးလိပ်ကို လွှင့်ပစ်မယ်ထင်ထားခဲ့တာပေါ့...။ထင်ထားတယ်ဆိုတာထက် မျှော်လင့်ထားခဲ့တာဆို ပိုတောင်မှန်မယ်..။ နင် ဆေးလိပ်သောက်တာကို..အနည်းဆုံးမကောင်းမှုတစ်ခုလို့တွေးပြီး... ဆေးလိပ်သောက်တာကို.. ရှက်ရကောင်းမှန်းသိမယ်လို့ထင်နေခဲ့တာ..။ နင်ကြိုက်လို့သောက်တယ်.. သောက်ဖူးချင်လို့သောက်တယ်ဆို..ငါမတားဘူး..။သောက်ပေါ့.. နင်က အခုတော့ တစ်ဗူးတောင် ကုန်တယ်..တဲ့..။အဲ့စကားက ဘာလဲ... နင် ဂုဏ်ယူနေတာမလား..။ နင်အခု နင်ဘယ်လောက်ထိတောင်သောက်နိုင်တယ် ဆိုပြီး ဂုဏ်ယူပြီးပြောနေတာလေ..။နင့်.. မေမြို့က သူငယ်ချင်းတွေနဲ့.. အပြိုင်အဆိုင်သောက်လာတယ်ထင်ပါတယ်.. ။နင့်ကိုနင်လည်းကြည့်ပါဦး... နင့်မှာချွေးထွက်လွန်ရောဂါရှိတယ်လေ..။ နင်အမြဲလို အားနည်းနေတဲ့ဟာ.. အဲ့ဆေးလိပ်ဒဏ်ကို..နင့်အဆုတ်က ဘယ်လိုလုပ် ခံနိုင်မှာတုန်းဟဲ့....
ချယ်ရီ စိုးရိမ် စိတ်၊အားမရခြင်း၊မကျေနပ်ခြင်းတို့ကြောင့် မျက်ရည်များ ဝေ့၀ဲတက်လာသည်..။ မီးလျှံတစ်ယောက်လည်း.. ချယ်ရီ့ကို အဲ့လို မြင်တော့ သနားမိသွားသည်..။ သို့သော်သဘာဝအတိုင်း... မီးလျှံတစ်ယောက်က .. စိတ်ထဲက တစ်မျိုးဆို.. ပါးစပ်က တစ်မျိုးထွက်နေကြ...။ ချယ်ရီကတော့ ပေါက်ခနဲ့ လွင့်စင်လာသောမျက်ရည်ကို မမြင်စေရန် မျက်နှာကို တစ်ဖက်သို့လှည့်လိုက်သည်..။
နင်က..ဆရာဝန်ဆိုပြီး.. ငါ့ကို လာသင်လွန်းပါတယ်ဟာ.. ငါကြိုက်တာ ငါလုပ်တာပဲ.. ဂုဏ်ယူချင် ယူမှာပေါ့.. သွားပြီဟာ..
ဆိုပြီး.. မီးလျှံတစ်ယောက်ထွက်လာခဲ့သည်..။ ချယ်ရီကတော့... ထပ်မပြောနိုင်တော့... မျက်ရည်များဖြင့်သာ..ခံစားချက်ကိုဖြေဖျောက်နေတော့သည်..။
*************************************************
အေးပြော.. ဝေဘာလဲ..
ချယ်ရီတစ်ယောက် မနေ့က မီးနဲ့စကားများ၍ စိတ်ဆင်းရဲနေသောကြောင့်.. မနက်တော်တော်နဲ့ မနိုးခဲ့။ ဖုန်းကိုကြည့်တော့ ဝေ့ဆီကို miss call ၅ခါ၊၆ခါတောင်ရှိနေပြီပဲ..။
ချယ်.. မနေ့ညကလက်ဖက်ရည်ဆိုင်မှာ.. မီးလျှံတစ်ယောက်.. အသက်ရှူရပ်သွားလို့တဲ့..။ ခု သူက.. အရေးပေါ်ခန်းထဲရောက်နေတယ်..
ချယ်ရီ စိတ်ထဲ ဒိန်းခနဲတောင်နေသွားသည်..။
ဘ..ဘယ်ဆေးရုံမှာလဲ...
***မှာ
အေး ငါ...အခုလာပြီနော်..
ချယ်ရီတစ်ယောက်.. အပြေးအလွှား လာခဲ့ ပါသည်..။ ဒါပေမဲ့ သူမရောက်တော့... သူငယ်ချင်းများအားလုံး မျက်ရည်ကျနေကြပြီး.. သူမသူငယ်ချင်း မီးလျှံတစ်ယောက်ကတော့.. အရေးပေါ်ခန်းထဲကထွက်လာတာ.. မျက်နှာအထိ အ၀တ်ဖြူစကြီးအုပ်လို့..။
ဝေ.. ဝေ.. ဒါဘာသဘောလဲ..ဟင်..
သူမနေ့က.. မေမြို့က သူငယ်ချင်းနဲ့ အပြောက်ရှိုက်တာ ပြိုင်တာတဲ့ဟာ..
ဘာပြောတယ်.. ဘာအပြောက်ရှိုက်တာလဲ..
ရှိုင်းက ဝေမသိသည်းကိစ္စမို့ ၀င်ရှင်းသည်...။
အပြောက်ရှိုက်တယ်ဆိုတာကဟာ.. ဆေးလိပ်ကို ရှိုက်လိုက်တယ်မလား.. ပြီးရင် နှာခေါင်းထဲက ပြန်မထုတ်ပဲ.. အငွေ့တွေအပြင်ပြန်မထွက်အောင်လုပ်တာလေ.. မီးလည်း... ၃ခေါက်လောက် လည်းပြိုင်လုပ်ပြီးရော.. အသက်ရှူတွေအစ်ပြီးမှောက်သွားတာတဲ့ဟာ.. အဲ့တာက တစ်ခါဆိုတစ်ခါ.. အရမ်းထိတာလေ..။
ဒါဆို.. ခု.. မီးက.. မီးက မျက်နှာကို အုပ်ထားတော့...
ငါတို့လည်း ထပ်တူ စိတ်မကောင်းပါဘူးဟာ..
သူငယ်ချင်းများအားလုံးက ထပ်တူ ပြောကြသည်..။ချယ်ရီတစ်ယောက်တော့.. မရတော့ပါ..။ သူ့အချစ်ဆုံးသူငယ်ချင်း.. သည်လို သေဆုံးသွားရပြီဆိုတာ..သူမလက်ပင်မခံနိုင်..။မနေ့ကပင်.. အဲ့လိုမလုပ်ဖို့တားလိုက်သေးတယ်..။ ကိုယ့်ရောဂါနဲ့ကိုယ်ဆင်ခြင်ဖို့..ပြောလိုက်သေးသည်..။ မီးခေါင်းမာလည်း.. သည်တိုင်း ငိုပြီးလက်မလျှော့ပဲ.. နားလည်တဲ့အထိ ရှင်းပြခဲ့ရမှာ..။အဲ့လို လုပ်ခဲ့ရင်တောင်..မီး သည်လိုတော့မဖြစ်လောက်ဘူး...။ သူမ အရင်က စိတ်အားငယ်တိုင်း...မီးကပဲ အပြောနဲ့မချော့တတ်ပေမဲံ. အပြုအမူနဲ့ပဲ ဖြစ်ဖြစ်.. စိတ်အားတက်အောင်ပြုမူပေးခဲ့တာ..။သူမ ငယ်ဘ၀ရဲ့ ၇၀%သောအချိန်တွေက..မီးနဲ့ပဲကုန်ဆုံးခဲ့တာ..ဘာလို့လဲဆိုတော့.. သူမလို မိဘမဲ့ပြီးအဒေါ်နဲ့နေရတဲ့ အထီးကျန်သူအတွက်... သူ့မအပေါ် အထိမခံပဲ...တံတိုင်းတစ်ခုလို ကာကွယ်ပေးခဲ့တာ.. မီးလျှံဆိုတော့.. အပြောမတတ်ပေမဲ့.. သူတစ်ဖက်သားကို အရမ်းစာနာတတ်သော သူငယ်ချင်းလေးပါပဲ။
မီးရာ.. ငါပြောခဲ့ရက်နဲ့ဟာ... ငါမတားခဲ့နိုင်ဘူးဟာ... ငါသေသင့်ပါတယ်ဟာ... အီး..ဟီးဟီးး
သူမ ယူကျုံးမရဖြစ်ကာ.. ရင်ဘတ်ထဲမှ အပူများကို မျက်ရည်ပူများအဖြစ်အသွင်ပြောင်းပြီး.. သူမ၏ အကာအကွယ်တစ်ခုဆုံးရှုံးလိုက်ရ၍ ရပ်တည်ရန် အင်အားမရှိတော့သည့်အလား.. မီးလျှံရဲ့ အလောင်းတင်ထားသော ကုတင်ဘေးကို အရုပ်ကြိုးပြတ်ထိုင်ချလိုက်ပြီး..တအားဖက်တွယ်ကာ.. ငိုလိုက်မိသည်..။
ငါပါဟာ.. နင့်ကို မတားနိုင်ခဲ့ဘူးဟာ.. အဲ့ညကပဲဖြစ်ဖြစ် တွေ့ရအောင်ချိန်းလိုက်ပြီးမပြိုင်ဖြစ်အောင်... လုပ်လိုက်ရမှာဟာ..အီးဟီးဟီးးအီးးး
ဘာလဲ... နင့် သူငယ်ချင်းကို အဲ့လောက်လွယ်လွယ်သေမယ်ထင်တယ်ပေါ့...
ချယ်ရီတစ်ယောက်ခေါင်းထောင်သွားသည်..။ ဒါ... မီးအသံ...။သူမခေါင်းမော်ကြည့်လိုက်တော့.. မီးကအရုပ်တစ်ရုပ်ကိုငြိမ်သက်လျှက်..၀ုန်းဆို မီးလျှံတစ်ယောက် ပြုံးပြုံးကြီး... ထ ထိုင်ပြီး...
မိချယ်ရာ... နင်က အမြဲ ငါနဲ့ ပတ်သတ်ရင် အသည်းငယ်ဆဲပါပဲလား....ဟင်..
ဆိုပြီးမီးတစ်ယောက်လျှာထုတ်ကာ.... ထပြေးလေတော့သည်...။ ချယ်ရီလည်းနောက်ကိုလှည့်ကြည့်တော့ ဝေတို့ရှိုင်းတို့က...ရယ်မောလျှက်..၊သူမကိုလှောင်ပြုံးပြုံးတာတွေကပါသေးသည်..။
တောက်.. နင်တို့တွေနောက်မှတွေ့မယ်... ဟဲ့.. ငမီး... နင်တော့ သေပြီသာမှတ်.. နင်ဆိုတဲ့ကောင်ကိုမမိရင် အိမ်ပြန်မအိပ်ဘူးး..နားလည်လား
ဆိုပြီး... ထပြီးလိုက်လေတော့သည်...။ ဆေးရုံအတွင်းမှာ ထိုမြင်ကွင်းလေးက စိတ်လှုပ်ရှားစရာနှင့် ကြည်နူးစရာမြင်ကွင်းလေးအဖြစ်ကျန်ရစ်နေစေပါသည်..။ ချယ်ရီနဲ့မီးလျှံတို့ပြေးရင်းလွှားရင်းပြောနေတဲ့စကားတွေကိုကော.သိချင်လား?????
သိချင်ရင်ပြောပြမှာပေါ့ဗျာ..
ငါတကယ်.. လစ်သွားတာဟ.. ဒါပေမဲ့ ဒီလောက်နဲ့ သေမဲ့ကောင်တော့မဟုတ်ပါဘူးဟာ.. နာမည်ကိုက မီးလျှံတဲ့..မှတ်ထား..
အောင်မာ..ကောင်စုတ်.. နင်က ဟို ဟာတွေနဲ့ပေါင်းကြံလို့ပါနော်.. မဟုတ်ရင်ငါက ငိုဖို့မပြောနဲ့... ၀မ်းနည်းစိတ်တောင်ဖြစ်မှာမဟုတ်ဘူး..
ပြောတာပဲ..ဘာတဲ့.. ငါမတားနိုင်ဘူး..ငါသေသင့်ပါတယ်ဟုတ်လား.???. ဟားဟားဟားးး
ဘာ... ကေင်စုတ်..နင်ဒီနေ့တော့ သေပြီ...
ဟု စူးစူးလေး ချယ်ရီ ရှက်စိတ်ဖြင့် အော်လိုက်သည်..။ မီးလျှံတစ်ယောက်တကယ်တော့ ဆေးလိပ်ဖြတ်ဖို့ဆုံးဖြတ်ပြီးပါပြီ..။ ချယ်ရီဆိုတဲ့ အချစ်ဆုံးသူငယ်ချင်းမလေးတားရင် သူဘာမဆို..ဖြတ်မည်..ရပ်ပစ်လိုက်မည်ဖြစ်သည်..။ ဒါပေမဲ့.. သူ့မြှောက်ထိုးပင့်ကော်သူငယ်ချင်းတွေနဲ့တွေ့တော့ နောက်ဆုံးနေနဲ့ ပြိုင်ပွဲဆိုပြီး.. ကိုယ့်အခြေအနေကိုမသိပဲ ပြိုင်လိုက်မိတာ.. ။ဒါပေမဲ့သူငယ်ချင်းတွေနဲ့ပေါင်းကြံပြီး... ချယ်ရီဆိုတဲ့ ချစ်ဆုံးကောင်မလေးရဲ့မေတ္တာတရားကိုဆန်းစစ်ခွင့်ပါရခဲ့သေးသည်...။ ဒီနေ့တော့.. သူတို့၂ဦးရဲ့ proposeပွဲလေး ဖြစ်မြောက်ဦးမည် ထင်သည်..။ ချယ်ရီကတော့.. သူ့ကိုရမ်းချစ်တာဆိုတော့..ငြင်းမည်မထင်..။ ဒါပေသည့်.. သူဆေးလိပ်ဖြတ်လိုက်ပေမဲ့... ချယ်ရီ့ကို ဆေးလိပ်ဖြတ်ကြောင်းမှပြောပြပါ့မလား..?? သူက စိတ်ကတစ်မျိုးဆိုရင်ပါးစပ်က တစ်မျိုးပြောတတ်တာက အကျင့်လေ.....ဟီဟိ
J@TOOOOO♥♥♥