စင်ကာပူနိုင်ငံအစိုးရက ပြည်ပမှ လာရောက်သော ပညာရှင်လုပ် သားများကို လာမည့် ၂၀၁၂ ခုနှစ် မှ စတင်၍လုပ်ခလစာများတိုးမြှင့် ပေးသွားမည်ဆိုသဖြင့် ပြည်တွင်းရှိ အိုင်တီလုပ်သားများနှင့် အခြား ပညာရှင်အချို့စိတ်ဝင်စားလျက်ရှိ ကြောင်းသတင်းရရှိသည်။
စင်ကာပူနိုင်ငံ အစိုးရက ပညာရှင်လုပ်သားများအဖြစ် လုပ် ကိုင်နေကြသော ပြည်ပလုပ်သား များအား လာမည့် ၂၀၁၂ ခုနှစ်၊ ဇန်န၀ါရီမှစ၍ လုပ်ခလစာတိုးမြှင့် ပေးသွားမည်ဟု စင်ကာပူအလုပ် သမားဝန်ကြီးဌာနက ထုတ်ပြန် သည်။ ပညာရှင်လုပ်သားများတွင် အိုင်တီသမား၊ စာရင်းကိုင်၊ အင် ဂျင်နီယာစသည့် ပြည်ပလုပ်သား များပါဝင်မည်ဖြစ်သည်။
စင်ကာပူနိုင်ငံတွင် ပြည်ပမှ လာရောက်လုပ်ကိုင်ကြသောလုပ် သားများအား Employment Pass ( EP ) နှင့် Skill Full Pass ( S-Pass ) စသည်ဖြင့် စင်ကာပူ နိုင်ငံအတွင်း နေထိုင်ခွင့်ပြု၍ အလုပ်အကိုင်လုပ်စေခြင်းဖြစ်သည်။
ယခုကြေညာချက်မှာ EP သမားများနှင့် S-pass သမားများ လစာတိုးမြှင့်ပေးသွားမည်ဖြစ်ပြီး အရည်အသွေး၊ ပညာအရည်အ ချင်းနှင့် လုပ်သက်များကိုလည်း အဆင့်မြင့်ပြီး အရည်အသွေး ပြည့်မီသော လုပ်သားများသာ ခံစားခွင့်ပြုထားသည်။
“အရင်က EP သမားတစ်ဦး တစ်လခ-စင်ကာပူဒေါ်လာ ၂၈၀၀ သာပေးခဲ့ပြီး ကြေညာချက်အသစ် အရ တစ်လ စင်ကာပူဒေါ်လာ ၃၀၀၀ အထက် ပေးသွားမယ်။ S-pass သမားကျတော့ အရင် က တစ်လ စင်ကာပူဒေါ်လာ ၁၈၀၀ ပေးပြီး ယခုကြေညာချက် အသစ်အရ စင်ကာပူဒေါ်လာ ၂၅၀၀ အထိ တိုးပေးသွားမယ်။ ဒါကြောင့် မြန်မာပြည်တွင်းက အိုင်တီသမားတွေ၊ စာရင်းကိုင် တွေ၊ အင်ဂျင်နီယာစတဲ့ပညာ ရှင် တွေစင်ကာပူက ကြေညာချက်ကို စိတ်ဝင်စားနေတယ်”ဟု စင်ကာ ပူတွင် လုပ်ကိုင်နေသော Web Developer တစ်ဦးက 7Day News သို့ပြောသည်။
ယခုကဲ့သို့ အသစ်ကြေညာချက်ကြောင့် ခံစားခွင့်လစာ မြင့်သွားသော်လည်းလုပ်သက်အတွေ့ အကြုံ၊ အရည်အသွေးနှင့် ပညာ အရည်အချင်းကအစ ပိုမိုအဆင့် မြင့်သွား၍ အရည်အချင်းရှိသူများကိုသာ ဦးစားပေးသွားမည်ဖြစ်သည်။ စင်ကာပူနိုင်ငံရှိ ကော်လံညို လုပ်သားဟုခေါ်သော နိုင်ငံခြားသား အလုပ်ကြမ်းသမားနှင့် အထွေထွေလုပ်သားများ ပါဝင်မည် မဟုတ်ကြောင်း သိရသည်။
ယင်း EP စံနှုန်းသတ်မှတ် ချက်အသစ်အရ ကျန်ကာလများ အကြားလက်ရှိ EP စံနှုန်းသတ် မှတ်မှုအပေါ်မူတည်၍ ၂၀၁၂ ခုနှစ် နှစ်ဆန်းမှစ၍ ၆ လတာ သက်တမ်းတစ်ကြိမ် တိုးခွင့်ပြုမည် ဖြစ်သည်။ ယင်းနောက်ပိုင်းတွင် ၂၀၁၂ ခုနှစ်၊ ဇူလိုင်အတွင်း EP စံနှုန်း စနစ်သစ်ပြဋ္ဌာန်းချက်ထပ်မံ ထုတ်ပြန်သွားမည်ဖြစ်ကြောင်း အင်တာနက်သတင်းများအရ သိ ရသည်။