ချစ်သူ့မြိုတော် ထဲမှ သူငယ်ချင်းများနဲ့ ဆိုဒ်တာဝန် ကိုကို မမ တွေကို
တကယ့်အရေးကြီးတဲ့အချက်လေးပြောပြမယ်နော်....
သူငယ်ချင်းတို့ရဲ့ခံစားချက်တွေကို တချို့က ဝတ္ထုတိုအဖြစ် တချို့ကျတော့ ကဗျာ အဖြစ်ပြောင်းလဲကာ
ကိုယ့် ခံစားချက်တွေကို ရေးချပြတတ်တယ် .....
ဒါတွေကို မရေးခင်ကျွန်တော်က အရေးကြီးတဲ့လို အပ်ချက်လေးတွေကိုပြောပြမယ်...
သေချာမှတ်သားသွားပါ.....
၁။ ကဗျာ ဒါမှမဟုတ် ဘလော့ ပို့(စ်) တခုရေးတော့မယ်ဆိုရင် အဓိကလိုအပ်ချက်က လက်ပါပဲ
ဒီလက်တွေရှိမှ ရေးလို့ရမှာမဟုတ်လား ဒီလက်မရှိရင် ဘယ်လိုလုပ်ရေးလို့ရမှာလဲ...ဟုတ်တယ်နော်
ဟုတ်မှဟုတ်တယ်ပြောပါ...စိတ်ဆိုးဘူး.....
၂။မျက်လုံး ဟုတ်တယ်နော် မျက်လုံးက မမြင်ရဘူးဆို ဘယ်လိုလုပ် ရေးလို့ရမှာလဲ...
ဟုတ်တယ်နော်....ဟုတ်မှဟုတ်တယ်ပြောပါ...
၃။စိတ်မှန်သူ ဟုတ်တယ်လေ စိတ်မနှုံ့သူတွေ ဆိုဘယ်လိုလုပ်ရေးလို့ရမှာလဲ ဟုတ်တယ်နော် ဟုတ်မှဟုတ်တယ်ပြောပါ
နောက်ပြီးတော့ သတိလေးတခုပေးလိုက်အုံးမယ် နော်
ဗီဒီယို တင်မယ်ဆိုရင်လိုအပ်ချက်လေးပြောပြခဲ့ပါမယ် အရေးကြီးတယ်နော် သေချာမှတ်သွား
နားကြားရသူ မှတင်လို့ရတာ ..... ဟုတ်တယ်လေ နားလေးနေတဲ့သူနားကန်းနေတဲ့သူဆို
ဘယ်လိုလုပ် အဲ့သီချင်းကောင်းမှန်းသူက သိမှာလဲ..
ဟုတ်ဘူးလား ဟုတ်မှဟုတ်တယ်ပြောနော်....
အော် ချစ်ဦးမောင်ပြောတာတွေက တကယ့်လိုအပ်ချက်တွေ ကိုဟုတ်မှဟုတ်ရဲံလားလို့ သေချာတွေးကြည့်နော်..
လွှတ်မယုံနဲ့အုံး တွေးကြည့်လို့ဟုတ်မှဟုတ်တယ်ပြောနော်...