Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

သူ့အကျိုး ကိုယ့်အကျိုး

$
0
0

            ကျွန်တော်တို့လူသားတွေနေထိုင်ရာ လူ့လောကကြီးသည် လူသားတွေအချင်းချင်း အမှီသဟဲပြုနေထိုင်စေသောအရာကြီးဖြစ်သည်။ဤသို့နေ

ထိုင်စေသောအရာကြီးသည် လူသားတွေအတွက် ကောင်းကျိုးဆိုးကျိုးတွေကို သဘာဝအလိုက်လုပ်ဆောင်ပေးလေ့ရှိသည်။ထို့ကြောင့်ပင်လူ

သားတွေသည် အဆင်မပြေသည့်ပြသာနာများကြုံလာလျှင် လောကကြီးပေါ်ပင် အပြစ်ပုံချလေ့ရှိသည်။လောကကြီးတွင် နေထိုင်သူအားလုံး

သည် အချင်းချင်း မိတ်ဖြစ်ဆွေဖြစ် ပြောဆိုပြုမူဆက်ဆံရသည်မှာ မလွဲဧကန်ပင်ဖြစ်သည်။ဤသို့ဆက်ဆံရာမှ တစ်ယောက်နဲ့တစ်ယောက်ရင်

နှီးမှုရယူကြပြီး သူ့အတွက်ဖြစ် ကိုယ့်အတွက်ဖြစ်စေ တစ်ယောက်အကျိုးတစ်ယောက်သယ်ပိုးဆောင်ရွှက်လေ့ရှိသည်။သယ်ဆောင်ရာတွင်...

လည်း ကိုယ့်အကျိုးကိုပဲ သယ်ဆောင်လို့လို့မရပေ။မိမိအကျိုးကိုသာ သိသောလူသည် ဘယ်သောအခါမှ ကြီးပွားချမ်းသာသော သူဖြစ်မည်

မဟုတ်ပေ။မိမိအကျိုးကိုသယ်ဆောင်ရင်း အများဖြစ်သွားတတ်သလို အများအကျိုးကိုသယ်ဆောင်ရင်း မိမိအကျိုးဖြစ်သွားတတ်သည်။ဤအ

ရာသည် သဘာဝလောကကြီး၏ အမှန်တရားများပင်ဖြစ်ပေတော့သည်။မည်သို့မျှဆန့်ကျင်လို့ မရသော အရာကြီးဖြစ်သည်။လောကကြီးကိုအပြစ်ပုံချသော သူသည် မည်သည့်လူမျိုးဖြစ်မည်နည်း။ကိုယ်အကျိုးသည် ကိုယ့်၏ ရပိုင်ခွင့် လုပ်ပိုင်

ခွင့် လိုအပ်ချက်များပင်ဖြစ်သည်။လူတိုင်း မိမိ၏ရပိုင်ခွင့်တွေကို မလွဲချော်အောင် ဆောင်ရွှက်ကြသည်မှာ အမှန်ပင်ဖြစ်သည်။သို့သော်.....

လည်း မိမိအကျိုးဖြစ်ထွန်းအောင်မြင်မှ အများပျက်စီးဆုံး၇ှုံးရမည် ကိစ္စတွေကိုရှောင်ကြဉ်ရမည်ဖြစ်သည်။သူတပါးနာမည်ဂုဏ်သိက္ခာကျမှ

ရရှိမည့်အခွင့်ေ၇းမျိုးကို မယူပါနှင့်။ထိုသို့ဖြစ်မည်ကို သိလျှက်နှင့် အားတက်သရော လုပ်ကိုင်သူသည် မိမအတွက်မဖြစ်ဘဲ သူများအတွက်

ဖြစ်သွားတတ်သည်။ထို့ကြောင့်ပင် လူသားတိုင်း တရားမျှတအောင် ဆောင်ရွှက်သင့်သည်မှာ လူသားတိုင်းအတွက် အခြေခံသဘောတရာ

းဖြစ်ပေသည်။သူအကျိုးနှင့် ကိုယ့်အကျိုးယှဉ်တွဲဖြစ်ပေါ်လာလျှင် နှစ်ဦးနှစ်ဘက်နစ်နာမှုမရှိအောင် ဆောင်ရွှက်ပေးသင့်သည်။ကိုင်းကျွန်း

မှီ ကျွန်းကိုင်းမှီဆိုသလို မိမိထိုသူအား အမှီသဟဲပြုနေထိုင်သလို ထိုသူလည်မိမိကိုပဲ အမှီသဟဲပြုနေထိုင်သည်။မိမိကလည်း သူ့အကျိုး

ဆောင်ရွှက်ပေးသလို သူကလည်းမိမိအကျိုးကိုဆောင်ရွှက်ပေးမည်ဖြစ်သည်။လူတစ်ယောက် မိမိကိုယ်ကို ယုံကြည်အောင်လုပ်ဖို့ဆိုတာ

အင်မတန်ခက်ခသြောအရာဖြစ်သည်။ထိုယုံကြည်ချက်ကို မိမိသည် ပျက်ဆီးဆုံးရှုံးစေမည်ဆိုလျှင် လောက၌မိမိလောက် မိုက်သောသူ

သည် မည်သူမှဖြစ်တော့မည်မဟုတ်။ကိုယ့်အကျိုးကိုကြီးကြည့်သောလူသည် ငါဒီလိုလုပ်လိုက်ရင် သူဘာတွေဖြစ်သွားမလဲ ဘာတွေပျက်

ဆီးဆုံးရှုံးသွားမည်ကို စဉ်းစားချင့်ချိန်နိုင်စွမ်းမရှိတော့ပေ။မိမိ၏စကားတစ်ခွန်းကြောင့် ဘ၀ပျက်စီးဆုံးရှုံးသွားသူများလည်းရှိသလို မိမိ

လုပ်ရပ်ကြောင့် နစ်နာသွားတာလည်းရှိသည်။ထိုလုပ်ရပ်များသည် မိမိအကျိုးကို ရယူချင်သောကြောင့် လုပ်ဆောင်ခြင်းဖြစ်သည်။တပါး

သူပျက်ဆီးဆုံးရှုံးစေသော လုပ်ရပ်မျိုးကို မလုပ်ဆောင်ရန်အတတ်နိုင်ဆုံးရှောင်ရှားနိုင်ရမည်ဖြစ်သည်အေးတူပူအမျှသဘောတရားကို

လက်ကိုင်ထားပြီး ကျင့်သုံးသူသည် လူချစ်လူခင်ပေါများပြီး ခက်ခဲသောကိစ္စရပ်များပင်သူ့အလိုလိုဖြေရှင်းနိုင်သွားသည်။နေရာဒေသမရွှေး

ထိုသဘောတရားကြီးကို လိုက်နာကျင့်သုံးသည်။အခုဆို၇င် ကျွန်တော်တို့ မြို့တော်သူ မြို့တော်သားများသည် ပရဟိတအလုပ်ကို လုပ်

ဆောင်သည်မှာ အများအကျိုးသယ်ပိုးဆောင်ရွှက်ခြင်းပင်ဖြစ်သည်။သို့သော် စေတနာအရင်းခံကြောင့် ထိုအကျိုးသည် မိမိကိုပါရောင်ပြန်

ဟပ်ပြီး မိမိအကျိုးကိုပါ အောင်မြင်စေသည်။ဤသို့ သူ့အကျိုး ကိုယ့်အကျိုးကို သိရှိနားလည်ပြီး လုပ်ဆောင်သူသည် ကိုယ်ချင်းစာစိတ်ရှိ

သော လူသားတစ်ဦးပင်ဖြစ်ပေသည်။ငါးပါးသီလစောင့်ထိန်းခြင်းသည် မိမိအကျိုးကိုအောင်မြင်စေသလို အများအကျိုးကိုလည်းပျက်ဆီး

ဆုံးရှုံးမှုမဖြစ်ပေ။

                 ဤသို့သူ့အကျိုး ကိုယ့်အကျိုးကို မျှော်မှန်းပြီးရိုးသားစွာ လုပ်ကိုင်ဆောင်ရွှက်သောသူသည် လောကကြီးကို ဖန်ဆင်းရှင်သာ

ဖြစ်ပေတော့သည်။

                                                                                                                                  မင်းသူရမောင်


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>