Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

ထူးထူးခြားခြား မန်းမြေမှ မွေးနေ့....................

$
0
0
ထူးထူးခြားခြားပေါ့ မန်းမြေမှာ အသက်22နှစ်ပြည့်ခဲ့ပါပြီရှင်။ အိမ်မှာပဲ အမြဲ မွေးနေ့မှာ ရှိခဲ့ပေမယ့် ဒီနှစ်ကတော့တော့ ထူးခြားတဲ့နှစ်ပါ။ ဒီနေ့ မန်လေးက မပူဘူးရှင့်။ မနက်စောစော4နာရီခွဲကစလို့ မိုးဖွဲဖွဲလေးတွေကစလို့ တစ်စစကနေ အသံတွေပေးလို့ ဒေါသတွေကြီးလာပြီးမိုးတွေနဲ့အတူတူ မိုးရာသီရဲ့ သံစုံတီးဝိုင်းကစတင်ပြီး အသံပေးလို့ ထစ်ချုန်းလို့ မထင်မှတ်ပဲ မိုးတွေ ရွာသွန်းခဲ့ပါပြီ။

လောကကပေးတဲ့ သဘာဝလက်ဆောင်လားလို့ သင်ဇာတွေးရင်း ပျော်နေတော့တာပါပဲ။ မိုးကိုချစ်တဲ့ မိုးသင်ဇာလေ။ အိပ်ရာထနောက်ကျလို့ ဘုရားကြီး မျက်နှာသစ်တာ မမီပေမယ့် မနက်စောစော ဘုရားသွားရတာ စိတ်ထဲမှာအေးချမ်းလို့ပါ။ ဘယ်သူမှ အနားမှာ မရှိပေမယ့် ရင်ထဲမှာတော့ အားလုံးအတူတူရှိနေသလိုပေါ့။ သူငယ်ချင်းတို့ကော ချမ်းအေးတဲ့ မိုးအရသာကို ခံစားမိနေရလားရှင်။

ဘာပဲပြောပြော ဒီနေ့လေးက နေလို့ကောင်းပါတယ်။ ဘာလို့ဘာလို့ ပူပါတယ်ဆိုတဲ့မန်းက ငြိမ်နေတယ် အပူတွေပေးပြီး ဂျီမကျရဲဘူး ဘာလို့လဲဆိုတော့ မန်းမြေကို မိုးနတ်သားကြီးရောက်လာလို့လေ။ တကယ်ပါ ဒီနေ့ဟာ သင်ဇာ့ မန်းလေးရောက်လာပြီးတဲ့နေ့တွေထဲမျာ နေလို့ အကောင်းဆုံး အပူ အသက်သာဆုံးနေ့မို့ ဖုန်ထူထူနေပူပူတော့ မဟုတ်ဘူးပေါ့ရှင် တိမ်မထူမပါးလေး ဖုံးလို့ လေအေးအေးလေးနဲ့ နေလို့ အကောင်းဆုံး။

မြို့တော်လေးက သူငယ်ချင်းတို့ရေ သင်ဇာတော့ အဘွားကြီးဖြစ်နေပြီကော။ ခက်တာက အသက်ကသာကြီးနေတာ စိတ်က ကလေးကမတက်ဘူး။မြို့တော်လေးကတော့ သင်ဇာ့ကိုမေ့နေတယ်တော် စိတ်တောင်မကောင်းဘူး။ ဘာပဲဖြစ်ဖြစ် မြို့တော်ရယ် သင်ဇာတော့ အသက်တစ်နှစ်ထပ်ကြီးသွားပြီကွယ်။ အသက်ကြီးကြီး အဘွားကြီးပေါ့..........................

Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>