Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

နှစ်ဘဝပြောင်းခဲ့သူ...

$
0
0

လောကကြီးက အရမ်းကိုဆန်းကြယ်တယ်ဗျာ..ဖြစ်ချင်တဲ့ဆန္ဒတွေမဖြစ်ရသလို မဖြစ်ချင်တာတွေလည်း တစ်ခါတစ်ရံဖြစ်ရတတ်တယ်။

ကျွန်တော့် ကိုကြည့် ပုံစံနှစ်မျိုးပြောင်းပြီးတော့ ဘဝမှာ ကျင်လည်ခဲ့ရတယ် .. ဆယ်တန်းအောင် ပြီးစဖြစ်တယ်လို့ပြောရမှာပေါ့ ..အိမ်က

ဗိုလ်သင်တန်းတက်စေချင်တယ် ကျွန်တော်တက်ချင်တာက ပညာရေးတက္ကသိုလ် ..ဘာဖြစ်လို့ ပညာရေးတက္ကသိုလ် တက်ချင်ရတာလဲ

အကြောင်းကတော့ ဆရာ တစ်ယောက်ဖြစ်ချင်တာကြောင့်ပါ..ဆယ်တန်းတုန်းက စာသင်ပေးခဲ့တဲ့ဆရာတွေ ကို အားကျတယ်

ဆရာတွေလိုပဲ ကိုယ်တတ်ထားတဲ့ပညာကို ဝေမျှချင်တယ် ကိုယ်သင်ပေးလိုက်လို့ တပည့်တွေ နားလည်သွားပြီ တကယ်အသုံးချတတ်

ပြီဆိုရင် ရင်ထဲမှာ ပြောပြလို့မရနိုင်တဲ့ ကြည်နူးမှုလေးဖြစ်လာတယ် အဲ့ဒီအရသာလေးကိုသဘောကျလို့ပေါ့ဗျာ...တစ်ချို့ကပြောကြတယ်

အဲ့ဒါကို ပီတိ ဆိုတဲ့စကားလုံးလေးနဲ့ပေါ့..ထားလိုက်ပါဦးလေ.ကျွန်တော်ဖြစ်ချင်တာတွေမဖြစ်ခဲ့ရဘဲနဲ့..မိဘ စိတ်ချမ်းသာစေချင်တဲ့ ဆန္ဒနဲ့

စစ်တက္ကသိုလ်ကိုက်ခဲ့ရတယ် ပြဿနာတော့ မရှိခဲ့ပါဘူး မိဘတွေရဲ့ စောင့်ရှောက်မှုကြောင့် စစ်တက္ကသိုလ် ဗိုလ်လောင်းအဖြစ်

တက်ခွင့်ရခဲ့ပါတယ်..ကျောင်းမှာ သူငယ်ချင်းအသစ်တွေနဲ့  စီနီယာအကိုတွေရဲ့ဖေးမကူညီမှုတွေကြောင့် မတက်ချင်ဘဲတက်ခဲ့ရပေမယ့်

နေသားတကျပျော်ရွှင်ခဲ့ရပြန်တယ်....ဒါပေမယ့်ဗျာ ကံတရားက အရမ်းကိုရက်စက်လွန်းပါတယ်...တည်ငြိမ်နေတဲ့ ရေပြင်ကို

လှုပ်ခတ်စေခဲ့ပြန်တယ်လေ..စစ်ရေးလေ့ကျင့်ရင်းနဲ့ ထိခိုက်ဒဏ်ရာရပြီးတော့ ညာဘက်ပေါင် ကျိုးခဲ့ရတယ် ..အဲ့ဒါနဲ့တင်မလုံလောက်

သေးဘဲ စစ်တက္ကသိုလ်မှာ တက်ရောက်ခွင့်ကိုပါ ရုပ်သိမ်းစေခဲ့တယ်..တစ်ချိန်တုန်းက မတက်ချင်ပေမယ့် သူငယ်ချင်းတွေအားလုံး

ကိုခင်မင်နေပြီ စစ်တက္ကသိုလ်ကြီးမှာပျော်မွေ့နေပြီဆို တဲ့အချိန်ကျမှ ခွဲရက်တာကြောင့် စိတ်ထဲမှာ အင်မတန်မှ နာကျင်ခံစားခဲ့ရပါတယ်။

ရင်ထဲကမျှော်လင့်ချက်တွေကို စွန့်လွှတ်လိုက်ရတဲ့ ခံစားချက်လောက်နာကျင်ရတာမရှိဘူး...အဲ့လိုဖြစ်တဲ့အချိန်မှာ ကျွန်တော်

ဦးတည်ချက်မဲ့စွာနဲ့ စိတ်တွေလေခဲ့ဖူးတာပေါ့..ဒါပေမယ့် ဘဝမှာတစ်ခုဆုံးရှုံးရုံနဲ့ အားလုံးကိုပဲ ဆုံးရှုံးလိုက်ရရောလားဗျာ..

တစ်ခါလဲကျရုံနဲ့ တစ်သက်လုံးပဲ လဲနေရတော့မှာလား မဟုတ်ဘူး မဟုတ်ဘူး..လဲသွားပေမယ့် ပြန်ထရမယ်လေ

ရှုံးရင်လည်း ပြန်စရမယ်လေ..ဟုတ်တယ်မလား...စစ်ဘက်မှာအရာရှိမဖြစ်ပေမယ့် အပြင်လောကမှာရော အောင်မြင်အောင်

လုပ်လို့မရတော့ဘူးလား လို့ ကိုယ့်ကိုယ်ကိုပြန်မေးကြည့်တယ်...ဘယ်ဟုတ်လိမ့်မလဲ သိပ်လုပ်လို့ရတာပေါ့...

အဲ့သည်လို ကိုယ့်ကိုယ်ကိုအားပေးမှုတွေ သူငယ်ချင်းတွေရဲ့ဖေးမကူညီမှုတွေ မိဘ ဆရာသမားတွေရဲ့ သွန်သင်ဆုံးမမှုတွေကြောင့်

ကျွန်တော်ဟာ အခုတော့ ဆရာကောင်းတစ်ယောက်ဖြစ်နိုင်တဲ့ လမ်းကြောင်းပေါ်ကိုရောက်လာခဲ့ ပြီလေ..

ဘဝမှာ လူတိုင်း ကျရှုံးဖူးတဲ့ လူချည်းပါပဲ လုပ်သမျှအမြဲတမ်းအောင်မြင်နေတာတော့ မဟုတ်ဘူးပေါ့ဗျာ..

အနည်းနဲ့အများတော့ ရှုံးနိမ့်ကျတာပဲလေ.. အဲ့ဒါကြောင့် အရှုံးထဲမှာပဲ လဲမနေစေချင်လို့ ကျွန်တော့် အဖြစ်ကို

အခုလိုတင်ပြရခြင်းပဲဖြစ်ပါတယ်...သူငယ်ချင်းတို့လည်း ဘဝမှာ အရှုံးတွေကြားထဲကအောင်မြင်မှုကို

ရအောင်ယူနိုင်ကြပါစေလို့ ဆန္ဒပြုရင်း....အရေးအသားညံ့ခဲ့ရင်လည်း သည်းခံပေးကြပါလို့မေတ္တာရပ်ခံပါတယ်နော်..


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>