နေမာတသ ဘဂဝေတာ အရဟေတာ သမၼာသံဗုဒၵသ
ဘုရားရတနာ တရားရတနာ သဃာၤရတနာ ရတနာမြတ်သုံးပါးကို အဟံကျွန်ုပ်သည် ရိုသေမြတ်နိုး လက်စုံမိုး၍ ဦးစွာပထမ ကန်တော့အပ်ပါသည်။
နှာခေါင်းဆီစွတ် အင်္ကျီချွတ်ပီး စာရေးလိုက်ပါသည်။
.....ထိုမှတဖန်အကျွန်ုပ်ရင်တွင်းမှ ဝိညာဉ် နမ်ရုပ် ဖသ ဟူသော ပစ္စရိသမ္မုပ္မတ် စက်ဝိုင်းအားကျော်လွန်၍ ရိုသေလေးမြတ်စွာ စာရေးအစီရင်ခံ လိုက်ပါသည် ချစ်နှမ။
ချစ်နှမ၏ မျက်နှာကို မြင်ရသည့်နေ့မှစ၍ မောင့်မှာ နှမ၏လှပသော ရူပါရုံကြောင့် အူတွေဘာတွေခုန်ကာ မနေနိုင်မထိုင်နိုင် မျောက်မီးခဲကိုင်မိသလိုကျွမ်းပြန်နေရပါသည်။
နှမအပေါ်တွင် မောင့်မှာမေတ္တာစိတ်များ တစ်နေ့တစ်ခြား ပွါးများလာကာ အတ္တလန္တိတ် သမုဒ္ဒရာကြီးထဲက လှိုင်းတန်ပိုးများကဲ့သို့ တလုံးပြီးတစ်လုံး ထကြွလာပါတော့သည်။ နှမစိတ်ကြောင့် မောင့်မှာအခွေ့ခံနေရပါပြီ။ မောင့်ကိုသနားရင် ချစ်ပါ။ နှမက ချစ်မယ်ဆို မောင်က အုန်းသီး ပေးမယ်။
နှမ၏မျက်နှာကလေးကို မြင်ရတိုင်းမောင့်စိတ်ထဲမှာ ဖရဏာ ပီတိ ဂွမ်းဆီထိသလို အကြိမ်ကြိမ် ဖြစ်မိပါသည်။ မောင့်မှာ နှမအတွက် ပင့်သက်ကို အနိုင်နိုင် ရူနေရပါသည်။ သနားတော်မူပါ အိုချစ်နှမ။ မောင့်မှာ ကံမ္မဝတ်စရ ကုသိုလ်ကံကြောင့် ဆိုက်ကားနင်းနေရသော်လည်း မောင်တို့အမျိုးက မညံ့ခဲ့ပါ။ မောင့်အမျိုးက ကုန်းဘောင်ဆက်ပါ။ ဧရာဝတီမှာ သင်္ဘောကုန်းဘောင် ဆက်သော ဦးကုလားဟာ မောင့်ဦးလေးပါ။ မောင်တို့အမျိုးဟာ ဆိုရင် ယနေ့ယခု သြကာသ သလောကတိုင်အောင် ဘုရားအထူးခံနေရဆဲပါ။ မောင့်ဘိုးအေဟာ ကျောင်းထိုင်ဆရာတော်ကြီး ဦးသောဘိတပါ။ မောင်ဟာ အင်္ဂလိပ်စကားမတတ်သော်လည်း သပိတ်မှောက် ကျောင်းသားအစစ်ပါ။ ဦးသောဘိတကျောင်းမှာ ဘုန်းကြီးကျောင်းသား လုပ်ခဲ့စဉ်အခါ တုံးကသူ့သပိတ်ကို သယ်ပေးရင်းက သပိတ်မှောက်ကျခဲ့တာပါ။ ဒါကြောင့် သုံးဆယ့်ရှစ်ဖြာ တရားတော်နဲ့အညီ တဖက်လူသားအား မေတ္တာတော်ပွားများ၍ ချိုသီ၊ ခါးသီ၊ အီ၂လီကို စာပြန်ပေးတော်မူပါ ချစ်နှမအတွက် သောကပဋိဒေဝ ဒုက္ခဒေါသမဏသမီး တောက်လောင်နေသူ မောင်မောင်........................
ပျော်ရွှင်နိုင်ကြပါစေ....
လင်းလင်း(Punk.သခင်)