`` ညကျရင် ကော်ဖီဆိုင်ကိုလာခဲ့နော်.... ကော်ဖီသောက်ရင်း အေးအေးဆေးဆေး စကားပြောရအောင်´´
`` ခရီးပမ်းလာမှာပေါ့...... နားပါလား....... မနက်မှ တွေ့လဲ ရတာပဲ´´
`` ဟင့်အင်းကွာ... မနက်ကျရင် ကုမ္ပဏီကို တစ်ခါတည်း သွားရမှာ .... လုပ်စရာတွေ ပုံနေပြီ.. သူ မအားလို့လား´´
`` မဟုတ်ပါဘူး... နားစေချင်တာပါ... အင်း ...... တကယ်လို့ မလာဖြစ်ရင် ဖုန်းဆက်လိုက်မယ်နော်... အလုပ်တော့
နဲနဲ ရှိနေ တယ်´´ လိုရမယ်ရ ပြောထားခဲ့တာပါ.... သူနဲ့ အေးအေးဆေးဆေး စကားမပြောချင်ဘူး.... ကြောက်နေလို့... အကြောင်းအရာ
တစ်ခုကို မသိချင်လို့ပါ.........။
သူငယ်ချင်း....... အတိုင်းအဆမဲ့အောင် ချစ်ရတဲ့ သူငယ်ချင်းပေါ့..... ငယ်ငယ်ထဲက ရစ်တွယ်လာတဲ့ သံယောဇဉ်
သူငယ်ချင်းလေ... အခု.. ကြီးပြင်းလာခဲ့ပြီ၊ အလုပ်ကိုယ်စီနဲ့... ပါပဲ၊ ဘာမှလဲ မပြောဖြစ်ခဲ့ပေမဲ့ တစ်ယောက်ရင်ထဲကို တစ်ယောက်က
မြင်တွေ့နေပါတယ်၊ မကြည့်ပဲနဲ့ပေါ့.. တစ်ယောက်စကားတွေကိုလဲ တစ်ယောက်ကြားနေခဲ့တယ်... ဘာမှ မပြောပေမဲ့လေ..ကျွန်တော်တို့
နှစ်ယောက်အတွက် အဓိပ္ပါယ် ဖွင့်ဆိုချက်တွေ ဒီလောက်မလိုပါဘူး..... သိခွင့်ရှိသမျှကို အလိုလိုသိနေခဲ့တာပါ........။
အလုပ်အားရက်တွေမှာ အတူတူလဲ လျှောက်လည်ဖြစ်ခဲ့တယ်.......၊ ဈေးဝယ်ရင်လဲ သူနဲ့ အဖော်လိုက်ခဲ့ဘူးတယ်၊
ဘာကြောင့် မှန်း မသိပေမဲ့ သူဝယ်တဲ့ ဈေးပစ္စည်းလေးတွေကိုကိုင်ဆွဲပြီး ဘေးကနေလိုက်ပါခဲ့ရတဲ့ဘ၀ကိုလဲ နှစ်သက်မြတ်နိုးနေတတ်
တယ်၊ ပန်းခြံလေးထဲက ဖန်တီးထားတဲ့ စမ်းချောင်းတိမ်တိမ်လေးထဲမှာ သူခြေဆေးခဲ့တုန်းကလဲ လှပ၀င်းမွတ်နေတဲ့ ခြေဖမိုးလေးတွေနဲ့
ခြေချောင်းလေးတွေကို ငေးကြည့်နေခဲ့ဖူးတယ်.....၊ စမ်းရေလေးတွေက ခြေဖမိုးလေးကို တိုက်ခတ်ပြီး ဝေ့၀ိုက် စီးဆင်းသွားတာလဲ
လှပလွန်းတဲ့ သက်ရှိ ပန်းချီကားလေး တစ်ချပ်လိုပါပဲ..... နောက်ပြီး သူပန်ဆင်ထားတဲ့ အ၀ါရောင် နှင်းဆီလေးကလဲ နက်မှောင်နေတဲ့
ကေသာထက်မှာ စွဲမက်စရာ ပိုလို့ လှပနေပြန်တယ်လေ........ နှလုံးသားမှာ မြတ်နိုးရတဲ့ ဂန္ဓ၀င် ပုံရိပ်တွေပေါ့.... ဒီပုံရိပ်လေးရဲ့ ဘေး မှာ
ရှင်သန်နေရတယ် သူငယ်ချင်းရယ်...... ကြည်နူးခြင်းတွေနဲ့အတူပါ......။
သူစကားတစ်ခွန်းပြောစရာရှိနေခဲ့တယ်...... သူ့ မိဘတွေဆီမှာ သူ့ အထက်အရာရှိက လာရောက်ကြောင်းလမ်း ခဲ့တဲ့
ကိစ္စ၊ သူ... မပြောဖြစ်ပေမဲ့ ဒီညမှာ ပြောကောင်းပြောနိုင်တယ်.... ဒါကြောင့် ကျွန်တော့်ကို ကော်ဖီဆိုင်ကို ခေါ်ခဲ့သလား......လို့၊ အရင်က
သူနဲ့.... အတူတူ သောက်ဖြစ်ခဲ့တဲ့ ကော်ဖီလေးတွေက ခါးသက်သက်နဲ့ ဆိမ့်နေခဲ့တယ်လေ...... ပြီးရင် စွဲမက်ဖွယ်ထူးဆန်းတဲ့ အရသာ
လေးတွေက ရင် ထဲအထိ ရောက်ရှိခဲ့ဘူးတယ်.......၊ ဒီကော်ဖီလေးတွေကို နှစ်သက်ခဲ့ပေမဲ့ ဒီညမှာ သောက်ဖို့ အားမရှိဘူး။
ကန်းထရီးဆန်တဲ့ ကော်ဖီရှော့ပ် အ၀ကနေ အတွင်းကို လှမ်းကြည့်လိုက်မိတော့..... ထောင့် စားပွဲလေးမှာ သူ...
တစ်ယောက်ထဲ ထိုင်စောင့်နေတယ်.... စတိတ်ခုံဘက်ကို မျက်နှာမူပြီး ဆိုင်ဝကိုတော့ ကျောပေးထိုင်နေတယ်...... ဒီစတိတ်ခုံလေးမှာ
ငြိမ့်ငြောင်းတဲ့ တီးဝိုင်းလေး တစ်ခုက စားသုံးသူတွေကို စိတ်ကြည်နူးစေတဲ့ သံစဉ်လေးတွေ ပေးတတ်တယ်လေ...... ချစ်သူစုံတွဲတွေ
အတွက် သီးသန့်လို ဖြစ်နေခဲ့တာပါ၊ ၀င်ထိုင်ချင်ပေမဲ့ ခြေလှမ်းတွေ ရွှေ့မရခဲ့ဘူး၊ ကြောက်နေခဲ့တယ်...... မပြောစေချင်တာရော၊ နောက်
သဘောထားကို မမေးချင်တာရော... ဆုံးဖြတ်ချက်ကို နားမထောင်ရဲခဲ့တာတွေရော.. အားလုံးကချုပ်နှောင်ထားခဲ့တယ်၊ ကြည့်နေရင်းနဲ့ပဲ
ဖုန်းမက်ဆေ့ခ်ျလေးတစ်ခုပို့လိုက်တယ်.... `` သူငယ်ချင်း အလုပ်နဲနဲများနေလို့...... မလာဖြစ်တော့ဘူး´´ လို့....၊ သူ ဖုန်းဖွင့်ကြည့်တယ်..
ပြီးတော့ သက်ပြင်းရှည်ကြီးတစ်ခုကိုချပြီးဖုန်းလေးနဲ့မက်ဆေ့ခ်ျ ပြန်ပို့လာတယ် ``ငါလဲ မလာဖြစ်တော့ဘူးအလုပ်ကို အေးအေးဆေးဆေး
လုပ်နော်...´´ တဲ့...... ကျောပြင်ကိုကြည့်ရင်း... သူငယ်ချင်းရဲ့ နားလည်မှုလေးကို ပီတိဖြစ်ရတယ်... ရင်ထဲ မှာလဲ ပူလောင်ပြီး မျက်နှာကို
မြင်ခွင့်မရတဲ့ ဒီညအတွက် ၀မ်းနည်းမိခဲ့တယ်လေ...... အိမ်ကို ပြန်ခဲ့တဲ့ ခြေလှမ်းတွေက လေးကန်နေခဲ့ တယ်...... ။
`` မနက်ဖြန်မွေးနေ့ရောက်ပြီနော်...... ´´ နွမ်းလျလျ သတိရစကားလေးပြောလိုက်မိတယ်.....
`` ဟုတ်တယ်........ ကုမ္ပဏီက ညစာစားပွဲလုပ်ပေးမယ်တဲ့...... မန်နေးဂျင်းက´´ အသံတိမ်ဝင်သွားပြီး မျက်နှာ ကိုလဲ
အောက်ချ ထားခဲ့ တယ်၊ တဖြည်းဖြည်းနဲ့ အချိန်ကာလတွေက အဝေးကို သယ်ဆောင်သွားဖို့ ချဉ်းကပ်လာနေခဲ့ပြီပဲ...... အသိရှိနေ
ခဲ့ပေမဲ့... သတိနဲ့ ထိန်းနိုင်ခြင်းမရှိခဲ့လေတော့....... ရင်ထဲမှာ နာကျင်ရတယ် သူငယ်ချင်းရေ..... တာဆီးနိုင်စွမ်းမရှိလို့ပါ........
`` အမှတ်တရ ဘာလိုချင်လဲဟင်.. တစ်ခုခု ၀ယ်ပေးပါရစေ´´ ကရုဏာမျက်ဝန်းလေးနဲ့ မော့ကြည့်လာတယ် ပြီးတော့
တိုးတိုးလေး. `` အရုပ်လေးတစ်ရုပ် ၀ယ်ပေးနော်...... အမြဲတမ်း အနားမှာ ထားချင်လို့.....´´တဲ့ သူတစ်ခုခုကို ဆုံးဖြတ်ပြီး ခဲ့ပြီပဲလေ.....
ဝယ်ပေးမှာ ပါ... အမှတ်တရအဖြစ်၊ ကျွန်တော့်ရဲ့ နှလုံးသာလေးအဖြစ်၊ မြတ်နိုးရခြင်းတွေအဖြစ်နဲ့ပါ...။
မိုးတွေ အရမ်းရွာနေတယ်.. အရုပ်ကလေးကို ပိုက်ပြီး ထီးလေးနဲ့ ထွက်လာခဲ့တယ်...မနက်(၁၀)နာရီမှာ ဒီတံတားဖြူ
လေးမှာ တွေ့ဖို့ ချိန်းဆိုထားခဲ့တယ်လေ...... သူ စောင့်နေမှာပါ...... နောက်ဆုံးလဲဖြစ်နိုင်လို့ .........
တံတားဖြူလေးရဲ့ ခုံတန်းလေးမှာ အပြာရောင်ထီးလေးဆောင်းပြီးထိုင်နေတာကို မိုးရေထဲမှာ ဘေးတိုက်လှမ်းတွေ့
နေရတယ်၊ အနားရောက်တော့ မန်နေးဂျင်းလဲ တူတူ ထိုင်နေခဲ့တယ်လေ.. ဒူးတွေ ညွတ်ကျသွားမတတ်ပါပဲ.. ရင်ခွင်ထဲက အရုပ်လေးကို
လှမ်းကြည့်မိတယ်...... မျက်လုံးလေးဝိုင်းနေတဲ့ ၀က်ဝံရုပ်လေးပါ.... သူကတော့ ဘာမှ မသိသလို ပြုံးပြနေသလိုလိုပါပဲ..... ကျွန်တော်
မျက်ရည်တွေ ၀ိုင်းတက်လာတယ်.. နောက်ဆုံးတွေ့ဆုံခြင်း ဖြစ်နေနိုင်တဲ့ အချိန်မှာ ဒီလောက်အထိ မရက်စက် သင့်ဘူး လို့.....၀မ်းနည်း
လိုက်တာ ထိုင်နေတဲ့ ခုံတန်းလေးရဲ့ နောက်နားမှာ ကျွန်တော် ဂျာကင်လေးကိုချွတ်လိုက်တယ်... ပြီးတော့ ၀က်ဝံ ရုပ်လေးကို တင်လိုက်
တယ်.. ကျွန်တော် ဆောင်းလာတဲ့ ထီးအဖြူလေးကိုလဲ ၀က်ဝံရုပ်လေးအပေါ်မှာ.. ဆောင်းပေးပြီး ထွက်လာ ခဲ့မိတယ်.. ဒီမြေ ဒီနေရာကို
ကျွန်တော် အပြီးစွန့်လွှတ် ကျောခိုင်းခဲ့မိတယ်.... မိုးရေတွေထဲမှာပါပဲ။
မိုးရေတွေနဲ့ ဝေးရာကို ရှောင်တိမ်းခဲ့ပေမဲ့လဲ...... မိုးရေတွေနဲ့ ကင်းလွတ်ခဲ့တဲ့နေရာလေးတွေ ဒီကမ္ဘာမြေပေါ်မှာတော့
မရှိနိုင်တော့ဘူးထင်ပါတယ်..... မိုးတွေရွာတိုင်းမှာ မျက်ရည်တွေ ၀ိုင်းခဲ့မိတယ်..... မိုးတွေညို့နေရင်တော့..... လွမ်းတဲ့စိတ်နဲ့ ၀မ်းနည်းတဲ့
စိတ်တွေက ထိန်းမရအောင်ပါပဲ..... စိတ်နာတာ မဟုတ်ပေမဲ့လဲ ရက်စက်လွန်းလိုက်တာလို့တော့... တွေးဖြစ် ခံစားဖြစ်ခဲ့တယ်..... မိုးရေ
တွေထဲမှာ မန်နေးဂျင်းနဲ့အတူကျန်နေရစ်ခဲ့တဲ့ သူ့ရဲ့ သတင်းတွေကိုလဲ မကြားရအောင်၊မသိရအောင်ကြိုးစားခဲ့တဲ့ကာလတွေကကန္တာရကြီး
တစ်ခုကို ရေဘူးမပါ ဆောင်းစရာမပါပဲ ဖြတ်သန်းနေရသလိုပါပဲ...... ဒါပေမဲ့မေ့မရခဲ့ဘူး ချစ်သူရေ.....
မေ့လောက်ပြီလို့ ထင်ရတဲ့ တစ်နေ့ ဒါမဟုတ် သူ့အတွက် ခံနိုင်ရည်ရှိခဲ့ပြီလို့ ယုံကြည်မိတဲ့တစ်နေ့မှာတော့ တံတား
ဖြူလေးရှိနေခဲ့တဲ့ အရပ် တစ်နည်းအားဖြင့် ချစ်သူကျန်နေရစ်တဲ့ အရပ်ကို တစ်ခေါက်ပြန်လည်ရောက်ရှိခဲ့ပါတယ်။
သူနဲ့ ပတ်သက်သမျှ သတင်းလေးတွေကို ကြားသိခဲ့ရတယ်....... မိုးတွေညို့နေခဲ့တဲ့ ဘ၀မှာ အခုမိုးကြိုးတွေလဲပစ်ချ
ခဲ့တယ်လေ....... မိုးသက်မုန်တိုင်းတွေလဲ တိုက်ခတ်ခဲ့တယ်..... ကျွန်တော့် နှလုံးသားလေးလဲ မိုးစက်တွေနဲ့အတူ အဝေးကို လွင့်ထွက်
သွားခဲ့ရပါတယ်.....
အဲဒီနေ့က .... ကျွန်တော့်ကို မန်နေးဂျင်းနဲ့ မိတ်ဆက်ပေးပြီး သူ့ရဲ့ ချစ်ရတဲ့သူလို့..... အတိအလင်း အသိပေးမလို့
ပြင်ဆင် ထားခဲ့တယ် ဆိုတာရယ်.. နောက်ပြီး ကျွန်တော် ထွက်လာပြီးတော့ ၀က်ဝံရုပ်လေးကို မြင်ပြီး မိုးရေထဲမှာ ပြေးထွက်.... ကောက်
ယူခဲ့တယ် ဆိုတာရယ်......၊ နောက်ပြီး သူအပြင်းဖျားခဲ့တယ်......သိပ်မကြာခင်မှာ သူဆုံးသွားခဲ့တယ်ဆိုတာရယ်... နောက် ဆုံးချိန်အထိ
သူနဲ့ အတူ ကျွန်တော် ၀ယ်ပေးခဲ့တဲ့ ၀က်ဝံရုပ်လေးကို ပွေ့ဖက်ထားခဲ့တယ်ဆိုတာရယ်........ (၃)နှစ်ကြာမှ သိခဲ့ရတယ်.. မိုးတွေ ကတော့
ရွာနေဆဲပါပဲ..... မျက်ရည်တွေနဲ့ အတူတူလေပါပဲ... တစ်နံ တစ်လျား လွတ်အောင် ပြေးထွက်လာခဲ့ပေမဲ့ ..သန့်စင်တဲ့ ချစ်ခြင်းတရားကို
ရှောင်တိမ်းဖို့.. ကြည်လင်တဲ့ မေတ္တာတရားတွေကို ရှောင်တိမ်း ပုန်းအောင်းနိုင်ဖို့ နေရာဆိုတာ.. ဘယ်မှာများ ရှိလိမ့်မလဲ....လို့။
ချစ်ခြင်းတရားက လောကကြီးကပေးတဲ့ လှပတဲ့ လက်ဆောင်တစ်ခုလို့ တင်စားကြရင် ကျွန်တော့်အတွက်ကတော့
မျက်ရည်စက်တွေနဲ့ ရေးဖွဲ့ထားခဲ့တဲ့ ပန်းချီကားတစ်ချပ်ပါပဲ... ဒီ ပန်းချီကားလေးထဲမှာ....... ကော်ဖီသောက်ရင်း ပြုံးပြီးကြည့်နေတတ်တဲ့
သူငယ်ချင်းကို တွေ့နေရသလိုပါပဲ..... ကျွန်တော် သတိရတိုင်း စိတ်ထဲမှာ တိုးတိုးလေး ပြန်ပြောနေမိတယ်... မကြာခင် လိုက်လာခဲ့ပါ့မယ်
လို့လေ.......
သူများတွေ ချစ်သူအတွက် ရှင်သန်နေကြတယ်ဆိုရင်တော့ ကျွန်တော်လဲ ချစ်သူအတွက် ရှင်သန်နေပါတယ်လို့ ပြန်
ပြောဖြစ်ပါတယ်..... သူများတွေက ချစ်သူနဲ့အတူဆုံဆည်းဖို့ မျှော်လင့်နေသလို ကျွန်တော်လဲ ချစ်သူနဲ့ ဆုံတွေ့ဖို့ မျှော်လင့်နေပါတယ်....
တစ်ခုပဲ ကွာခြားပါတယ်... သူများတွေက ချစ်သူကို ဒီဘ၀မှာ ဆုံတွေ့ခွင့်ရှိနေပေမဲ့.... ကျွန်တော်ကတော့ ဒီဘ၀ရဲ့ အခြားတစ်ဘက်မှာ
ဆုံတွေ့ရမယ်ဆိုတာလေ.... အသက်ရှင်နေသရွေ့ တော့ တောင်းပန်ရင်းနဲ့ ချစ်နေမှာပါ....တကယ်လို့ သေဆုံးသွားခဲ့ရင်လဲ ... ဆိုတဲ့ မျှော်
လင့်ချက်လေးကတော့...... သတိရခြင်းတွေနဲ့အတူ ရှင်သန်နေဆဲပါ ချစ်သူရေ.......။