မုန်တိုင်းထန်မှန်းသိရင်ဒီပင်လယ်ပြင်ကို ငါမဖြတ်သန်းခဲ့ ပါဘူး
ဝမ်းနည်းရမယ်မှန်းသိရင်ငါမင်းကိုမချစ်ခဲ့ ပါဘူး
ငါရဲ့ နှလုံးသားလေးကမင်းကိုတမ်းတနေတာ အပြစ်လားချစ်သူ....
လမ်းခွဲမှာဝမ်းနည်းစရာလားတဲ့ မင်းနင်းခဲ့ တဲ့ ငါနှလုံးသားကြမ်းပြင်ကတော့
အစိတ်စိတ်ကွဲကြေနေပါပြီ......
ငါနှလုံးသားကို ဆော့ကစားမော်ကြွားခဲ့ မင်းရယ်သံတွေ....
ရက်စက်တက်တဲ့ အပြုံး ညှို့ အားကောင်းတဲ့ 
မင်းရဲ့ မျက်ဝန်းနက်တွေအောက်မှာ ကျရှုံးခဲ့ တာအပြစ်လား
ချစ်ခြင်းကအပြစ်ကင်းပါတယ်မင်းရဲ့ အရောင်စိုးမှုတွေကြောင့်သာ
ညစ်ပေနေတာပါ..မေတ္တာလှေကလေးကိုစီး သစ္စာတက်ကိုလှော်ရင်းငါရင်ခွင်ထဲကို
ချစ်ခြင်းမေတ္တာအဖြူရောင်နဲ့ ဝင်လာမယ်ဆိုရင်
ကိုရဲ့ ကြင်နာခြင်းတွေ ပြည့် နေတဲ့ ရင်ခွင်နန်းတော်က
မင်းအတွက်ထာဝရနှလုံးသားတံခါးကိုဖွင့်ထားပါတယ်....”.ခေတ်သစ်မင်းနန္ဒာ“
” ရင်နှင့် ရေးသည်“