Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

အထူးသတင်း (မလေးရှား) မြန်မာများ မလေးရှားကွာလာလမ်ပူမြို့သို့ မနက်ဖြန် ၂၈.၄.၂၀၁၁ စနေနေ့ မသွားကြရန်

$
0
0
မင်္ဂလာပါ



မနက်ဖြန် ၂၈.၄.၂၀၁၂ မှာ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ ရှိ မာဒေးကားကွင်း (မြန်မာဆိုင်များပတ်ဝန်ကျင်) တစ်လျှောက် တွင် မလေးရှားအစိုးရ အတိုက်ခံပါတီများမှ စုပေါင်းဆန္ဒုပြပွဲ ပြုလုပ်မည်ဖြစ်ပါတယ် ။



သို့ပါသောကြောင့် ထိုနေရာများကို နံနက် ၈ နာရီမှ စတင်ပြီး လမ်းအားလုံးပိတ်ဆို့သွားမည်ဖြစ်ပြီး ပို့ဆောင်ဆက်သွယ်မှု့များဖြတ်တောက်သွားမည်ဖြစ်ကြောင်းအထူးသတိပေးရပါတယ် ခင်ဗျာ။



ပြီးခဲ့တဲ့ ၂၀၁၁ ဂျူလိုက်လ ၉ ရက်နေ့က ပြုလုပ်သွားတဲ့ ဆန္ဒပြပွဲ အတွေ့အကြုံအရ နိုင်ငံခြားသားများ ပါဝင်ပတ်သက်ပါက ပြည်နှင်ဒဏ်ပေးမည်ဖြစ်ကြောင်းသိရပါတယ် ။

ထိုအချိန်က မီးရထားဘူတာများတွင် အဆင်သင့်စောင့်ဆိုင်းနေသော ရဲများ ၊ ထောက်လမ်းရေးများ၏ ဖမ်းဆီးမှု့များကိုကြောက်ပြီး ထွက်ပြေးကြသော နိုင်ငံခြားသားများ ကို အမိအရ ဖမ်းဆီးမှု့များရှိတာကြောင့် မနက်ဖြန် ကွာလာလမ်ပူမြို့သို့ မသွားကြရန် အထူးသတိပေးရပါတယ်ခင်ဗျာ ။



ထပ်မံပြီး လိုင်းကားများအားလုံး မူရင်းကားဂိတ်များသို့ ရောက်ရှိမည်မဟုတ်တော့ပဲ နီးစပ်ရာ ရပ်တန့်ဂိတ်များတွင်သာ ရပ်တန့်မည်ဖြစ်ပါတယ်။



LRT , MONO RAIL , KTM ရထားများအားလုံး ရပ်တန့်မှု့ ကန့်သတ့်မည့် (သို့) အထူးစစ်ဆေးမည့် ဘူတာများမှာ

1.Mesjid Jamek (LRT)

2.Bandar Raya (LRT,KTM)

3.Huntuah (LRT,MONO RAIL)

4.Paza Sini (LRT)

5. Plaza Rayak (LRT)

စတဲ့ဘူတာများဖြစ်ပြီး ထိုဘူတာများသို့မြန်မာများ မသွားကြဖို့ အထူးသတိပေး အကြောင်းကြားပါတယ် ။



ပြီးခဲ့တဲ့ နှစ်က ဖမ်းဆီးထိန်းသိမ်းခံရတဲ့ နိုင်ငံခြားသားများကို သေချာစစ်ဆေးပြီးမှ ပြန်လွှတ်ခဲ့တာကြောင့် မိမိတို့ စာရွက်စာတမ်းမှန်ကန်သော်လည်း မလိုလားအပ်သော ပြဿနာများကိုရင်ဆိုင်ရတတ်ပါတယ် ။

စာရွက်စာတမ်းမရှိသူများ, UN ကိုင်ဆောင်ထားသူများအတွက် မနက်ဖြန် KL သို့ လုံးဝမလာကြဖို့ အထူးသတိပေးတင်ပြရပါတယ် ။

သတ်မှတ်ချိန်မှာ နေ့လည် ၂ နာရီဖြစ်ပြီး သတ်မှတ် ယူနီဖောင်းမှာ အဝါရောင် တီရှပ်ပြောင် ၊ အနီရောင် တီရှပ်ပြောင်များဖြစ်တာကြောင့် မနက်ဖြန် အတွက် ထိုအရောင်ပြောင်အကျီများမဝတ်ဆင်ရန် သတိပြုဖို့လိုပါတယ် ။



ကျွန်တော်တို့ အွန်လိုင်းမှ အချိန်မှီ ကြော်ငြာပေးသော်လည်း ပြီးခဲ့တဲ့ နှစ်က မြန်မာများစွာ ကေအယ်လ်မြို့လယ်တွင် ဒုက္ခရောက်ပြီး သွားရန်ကားမရှိ တည်းစရာ ဟော်တယ် မလောက် ၊ စားစရာ ဆိုင်မရှိဖြင့် အလွန်ကသီလင်တဖြစ်ကြရတာကြောင့် မနက်ဖြန် KL သွားမည့် သူငယ်ချင်းများကို လက်တို့သတိပေးဖို့ အထူး အသိပေးရပါတယ်ခင်ဗျာ ။





ဆက်လက်ပြီး မသိရှိသေးသောသူများအတွက် KL တွင်ပြုလုပ်သွားခဲ့သော ၉.၇.၂၀၁၁ ဆန္ဒပြပွဲတုန်းက ပုံများကို ပူးတွဲတင်ပြရင်း .. မနက်ဖြန် ကျွန်တော်တို့ ဧဒင်ဥယျာဉ်မှ မလေးရှား နိုင်ငံ ကွာလာလမ်ပူရှိ ဆန္ဒပြပွဲသတင်းများကို ဆက်တိုက် တင်ဆက်ပေးသွားမည်ဖြစ်ပါတယ် ။



မနက်ဖြန် KL သွားမည့်သူငယ်ချင်းများရှိပါက မသွားကြရန် လက်ဆင့်ကမ်းပေးကြဖို့ တိုက်တွန်းရင်း

Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>