Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

"ချစ်သူနဲ့ ရည်းစား ကွဲပြားပုံ"

$
0
0

ချစ်သူ.....................................

  လူတစ်ယောက်ဟာ ဘယ်လောက်ပဲရည်းစားထားခဲ့ပါစေ....နောက်ဆုံးတော့ သူတကယ်ချစ်တာ ချစ်ခဲ့တာ တစ်ယောက်ထဲပဲ ရှိ့ပါတယ်။ ချစ်သူကိုတော့ တစ်ဘဝလုံး ပုံအပ်ပြီးလက်တွဲရမဲ့သူလို့ ရွေးချယ်လိုက်တဲ့သူလို ချစ်သူလို့ ဘာသာပြန်ပါရစေ.............

  ရင်ထဲကအချစ်စစ်..၊အချစ်မှန်..၊မြတ်နိုးတွယ်တာမှုတွေနဲ့ တည်ဆောက်ထားတယ်....။ သူ့မှာတော့ရည်ရွယ်ချက်တွေ ရှိ့လာပြီ အနာဂတ်ရှိ့လာပြီ

သူနဲ့ကိုယ် လက်ထပ်ပြီးရင် ဘာလုပ်ကြမလဲ။ ဘယ်လိုနေမှာလည်း.....၊ အများကြီးပေါ့။ သူကအဆက်ဖြတ်သွားရင် ကိုယ့်မှာအနာဂတ်ပျောက်သွားနိုင်တယ်....။ဘဝဆုံးပြီး အသက်ပါဆုံးသွားတတ်တယ်....။

  ချစ်သူမှာ လှတာမရှိ့ဘူး ၊ ဂုဏ်မရှိ့ဘူး ၊ မာန်မာနကင်းမဲ့တယ်....တစ်ယောက်ကို တစ်ယောက်နားလည်မှု အပြည့်ရှိ့တယ်....ဘာဆိုဘာမှ မရှိ့ဘူး....သူကိုချစ်နေရရင်ပဲ ကျေနပ်နိုင်တယ်။ သူ့ကိုလည်းပြန်ချစ် စေချင်တယ်....ကိုယ်ချစ်သလောက်ပေါ့..။ သံယောဇဉ်တွေ မေတ္တာတွေ တွယ်တာမှုတွေ တမ်းတမှုတွေ သတိရမှုတွေ အားလုံး ပါဝင်နေတယ်......။

  ချစ်သူအဖြစ်တစ်ယောက်ကို ရွေးချယ်လိုက်ပြီဆိုရင်တော့ သူနဲ့ပတ်သက်ရင် အရာရာကိုရင်ဆိုင်နိုင်ရမယ်။ သူဘာပဲလုပ်ခဲ့လုပ်ခဲ့ ခွင့်လွတ်နိုင်ရမယ်.။ခွင့်လွတ်နိုင်လောက်တဲ့ အတိုင်း အတာ ထိပေါ့......သူနဲ့တွေ့ရင် ရင်တွေခုန်နေတာပေါ့..သူ့ကို တန်ဖိုးထားတတ်ရမယ်....တစ်ချို့ ဆိုချစ်သူနဲ့ပတ်သက်တဲ့ အရာအားလုံးကိုအချိန်...နာရီ...မိနစ်...စက္ကန့်  တောင်မလွဲအောင် တန်ဖိုးထားတတ်ကြတယ်....။နောက်ဆုံးတော့ ချစ်သူအဖြစ်ကနေ လက်တွဲပြီး ဘဝကိုတည်ဆောက်ကြတာပေါ့.....။

  ရည်းစား..................................................

ရည်းစားဆိုတာ တခနတာလက်တွဲရတဲ့ သူ.......လို့ဘာသာပြန်ချင်တယ်။ ဘာလို့လည်းဆိုတော့ ရည်းစားဘဝက ရည်ရွယ်ချက်မရှိ့ဘူး...တာဝန်မရှိ့ဘူး....သူ့ အနာဂတ်မှာလည်း သူမရှိ့ဘူး.....သူပြတ်ရင် ကိုယ်ပြတ်လို့ရတယ်......အတားအဆီးမရှိ့ဘူး.....ရည်းစားထားတယ်ဆိုတာ သူငယ်ချင်းတွေ အရှေ့မှာ မော်ကြွားရုံပန်းခြံတွေ လျှောက်လည်ရုံ လောက်နဲ့တင် အဆုံးသတ်သွားပါပြီး.....ပြောရရင် သူနဲ့ကိုယ် အတွယ်တာ ဘာမှမရှိ့ဘူး....ဒီတစ်ယောက်ပြတ်ရင် နောက်တစ်ယောက်ပါ....။တချို့ရည်းစားဘဝမှာတင် ဘဝကိုစတေးလိုက်ရတာတွေရှိ့ပါတယ်....။အင်း....ရည်းစားထားပြီဆိုရင်တော့ ရည်းစားကို ရည်းစားနဲ့တူအောင်ထားဖို့တော့ လိုအပ်တာပေါ့နော်....ဘယ်လိုပဲဖြစ်ဖြစ် ရည်းစားအဆင့်နဲ့တော့ ဘဝကိုတည်ဆောက်လို့ မရတာတော့ သေချာတယ်.......ရည်းစားမှာ အဆုံးသတ်မရှိ့ဘူး............။

 သူငယ်ချင်းတို့လည်း ကိုယ့်ကိုချစ်နေတဲ့သူ..ကိုယ်ကချစ်နေရတဲ့သူ ချစ်သူလား...ရည်းစားလား ဆိုတာတော့ ဝေခွဲတတ်ဖို့ လိုပါတယ်..........။ချစ်သော သူတိုင်း ညားကြပါစေဗျာ။

                              လင်းလင်း(Punk.သခင်)

                                ကျေးဇူးတင်ပါသည်။


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>