ကိုးလလွယ်ဆယ်လဖွား သားသမီးတိုင်းကိုကွယ်အမေတို့ကအသက်ပေးလို့မွေးခဲ့ကြတယ်။
ဖ၀ါးလက်နှစ်လုံးပခုံးလက်နှစ်သစ်ရယ်နဲ့အူဝဲငိုသံကြောင့်
ဘယ်လောက်ပင်ပန်းဆင်းရဲ့နေတဲ့အချိန်မှာတောင်မိဘတိုင်းကပြုံးပြုံးလေးနဲ့ပါ။
မွေးဖွားပြီးအူဝဲငိုသံနဲ့မွေးဖွားလာတဲ့သားသမီးတိုင်းကိုမိခင်မေတ္တာစိတ်နဲ့နှလုံးသွေးကိုနိုချိုဖြစ်ပြောင်းလို့တိုက်ကျွေးခဲ့ပါတယ်။
သားသမီးတိုင်းကိုအစာစားတတ်အောင်သင်ပေးခဲ့တာလည်းမိခင်ပါပဲ။
သားသမီးတိုင်းအစာမစားတတ်ခင်ကပင်မိခင်က၀ါးပြီးခွန့်ကျွေးခဲ့ပါတယ်။
အဲဒီချိန်မှာတော့သားသမီးတိုင်းအတွက်တော့ဝါးဖတ်တော်ကဆီနှစ် မိခင်ရဲ့ဝါးပြီးကြေညက်နေတဲ့အစာဟာသားသမီးတိုင်းအတွက်
အင်မတန်အဆီအနှစ်နဲ့ပြည့်စုံတဲ့နတ်သုဒ္ဓါတစ်ခုပါ။
သားသမီးများအိပ်တတ်အောင်သင်ပေးခဲံတာလည်းမိခင်ပါပဲ။ပုခတ်တွင်းမှာအေး အိုတေးဆို့လို့ချော့သိပ်ခဲ့ဖူးတယ်။
သားသမီးများငုတ်တုတ်ထိုင်နိုင်အောင်သင်ပေးခဲ့တာလည်းမိခင်ပါပဲ။
သားသမီးများမတ်တတ်ရပ်နိုင်အောင်သင်ပေးခဲ့တာလည်းမိခင်ပါပဲ။
အရှေ့ကလက်ခုပ်တီးလို့တွေ့နိုင်ပေ့ လို့အားပေးခဲ့တာကို့ပျော်ရွှင်စွာလိုက်လုပ်ခဲ့တာသားသမီးတွေပါ။
မိခင်အားပေးမှုကြောင့်မတ်တတ်ရပ်နိုင်ခဲ့ပေ့မဲ့လမ်းမလျှောက်နိုင်တဲ့အရွယ်လမ်းလျှောက်တတ်အောင်သင်ပေးခဲ့တာလည်းမိခင်ပါပဲ။
အရှေ့ကကိုင်လျှောက်ခိုင်းလိုက်အနောက်ကကိုင်လျှောက်ခိုင်းလိုက်လက်ကလေးလွှတ်လို့အားပေးပြီးလမ်းလျှောက်တတ်အောင်သင်
ပေးခဲ့တယ်။
စကားပြောတတ်အောင်သင်ပေးခဲ့တာလည်းမိခင်ပါပဲ။
အဖေအမေအကိုအမလို့တီးတီးတာတာမပီကလာပီကလာနဲ့အရွယ်မှာခေါ်တတ်အောင်သင်ပေးခဲ့တယ်။
မိခင်မေတ္တာတွေကြီးမားသလို့အသက်ပေးလို့ရှာကျွေးခဲ့တဲ့ဖခင်မေတ္တာကလည်းမေ့မရနိုင်ပါ။ဖခင်ရဲ့ရှာကျွေးမှုကြောင့်အ၇ွယ်ရောက်လို့ပညာ
တွေစုံခဲ့ကြပါတယ်။ဒါကြောင့်လောကမှာနံပါတ်(၁)ကိုးကွယ်ရာဘုရားဖြစ်ပေ့မဲ့ဘုရားကို့ကိုးကွယ်တတ်အောင်သင်ပေးခဲ့တာလည်းမိဘတွေ
ပါ။
ဒါကြောင့်သားသမီးတိုင်းအတွက်နံပါတ်(၁)ကိုးကွယ်ရာကမိဘဖြစ်ပြီးလောကအတွက်နံပါတ်(၁)ကိုးကွယ်ရာဘုရားတရားသံဃာမိဘဆရာ
တွေပါပဲ။ဒါကြောင့်မိဘကျေးဇူးဘယ်သောခါမှမမေ့ပါနှင့်။
ကျွန်တော်ထင်မြင်ချက်တင်ပြခြင်းဖြစ်ပါသည်။
အားလုံးကိုလေးစားခင်မင်လျှက်
သန့်ဇင်ဦး