် တနေ့ သောနေ့ လည်ခင်းတခုမှာပေါ့ ၊ နေကလဲပူ ၊မီးကလဲပျက် ၊လုပ်စရာကလဲမရှိတာနဲ့ 
ကျနော်လဲပျင်းလာပြီးလမ်းထိပ်ကထိုင်နေကျလက်ဖက်ရည်ဆိုင်လေးကိုပဲခြေဦးလှည့်ခဲ့တယ် ။
ဆိုင်ထဲရောက်တော့ လက်ဖက်ရည်မမှာသေးဘဲထုံးစံအတိုင်း လမ်းထိပ်ကဖျက်သွားဖျက်လာ မဒီလေးတွေကို
ကြည့်ပြီးမျက်စိအရသာခံနေတာပေါ့ ။ ဒီအချိန်မှာပဲ
အကိုဘာသောက်မလဲ
လှည့်ကြည့်လိုက်တော့ကလေးသာသာစာပွဲထိုးအသစ်ကလေး
နေပါအုံးကွ ငါဒီဆိုင်မှာထိုင်တာကြာပြီ မင်းကိုတခါမှမတွေ့ ဖူးဘူး ။ဘာလဲ မင်းကအသစ်လား ။ အသက်ရောဘယ်လောက်ရှိပြီလဲ။
ကျနော်မေးတော့ကောင်လေးက
ပာုတ်ပါတယ် အကို ကျနော်ကအသစ်ပါ ။ အသက်က ၁၀ နှစ် ၊မော်ကျွန်း တဖက်ကမ်းကလာတာပါ ။
ကောင်လေးအသွက်လေးဗျ ၊ ကျနော်ကအသက်မေးတာသူကတခါတည်း နာမည်ရော ၊ သူ့ ရွာနေရာပါတခါတဲပြောပြတယ်။
ကျနော်လဲဆက်မမေးတော့ပဲ ကျနော်မှာနေကျ ပုံမှန်တခွက်နဲ့  ဆေးလိပ် တပွဲမှာလိုက်တယ် ၊
ကျနော်မှာပြီးတာနဲ့ သိပ်မကြာပါဘူး ၊ မှာထားတာတွေနဲ့ အတူကောင်လေးသွက်သွက်လေးရောက်လာတယ်၊
ပန်းကန်တွေချပြီးတာနဲ့ တခြားဝိုင်းမှာလူလာလို့ အပြေးလေးသွားမေးတယ်၊၊ ခဏကြာတော့ဆိုင်ထဲကိုလူတယောက်ရောက်လာတယ်။
အသက်သုံးဆယ်လောက် ၊ ပုံစံကစုတ်စုတ်ပြတ်ပြတ်နဲ့ ဆိုင်ထဲမှာရှိတဲ့လူတွေဆီကပိုက်ဆံလိုက်တောင်းနေတယ် ၊လူကြည့်တော့သန်သန်
မာမာနဲ့ သူမို့ လို့ အရှက်မရှိလိုက်တောင်းစားနေတယ်။ခဏကြာတော့ကျနော့်ဆီရောက်လာတယ်။
ညီလေး အကို ကို့ အကြွေလေး တစ်ရာလောက်ကွာ အကိုကားခလိုလို့ ပါ တဲ့ ၊
အရက်နံ့ ဆိုတာထောင်းနေတာပဲ သူ့ ဆီက ၊ကျနော်လဲအမြင်ကတ်ကတ်နဲ့ အကြွေမရှိဘူးလို့ ပိတ်ပြောလိုက်တယ်။
အဲလိုပြောလိုက်တော့မကျေနပ်တဲ့အမူအရာနဲ့ ထွက်သွားတယ် ။
အဲဒီမှာကျနော် ပိာုလူနဲ.စာပွဲထိုးကောင်လေးအကြောင်းစဉ်းစားမိတယ် ။
ဒီလိုမိဘရင်ခွင်ထဲမှာရှိနေရမဲ့လူမမယ်အရွယ်လေးတောင်သူ့ ဝမ်းစာပြသာနာကို
စာပွဲထိုးအလုပ်လေးနဲ့ သူရအောင်ဖြေရှင်းတယ် ၊ ပိာုအသက်သုံးဆယ်အရွယ်သန်သန်မာမာနဲ့ လူကလုပ်မစားပဲတောင်းစားနေတယ်၊
သြော်..............ကျနော်တို့ ရန်ကုန်မှာအဲ့ဒီလိုအချောင်သမားတွေဘယ်လောက်တောင်ရှိနေမလဲနော်၊ဒီလောက်အလုပ်တွေပေါတဲ့ရန်ကုန်
မြို့ လိုနေရာမှာတောင် မလုပ်စားပဲတောင်းစားနေတယ် ။ သြော်.............အချောင်သမားတွေ..........အချောင်သမားတွေ....။
အခုမှစာစရေးတာဖြစ်လို့ လိုအပ်ချက်တွေရှိနေရင်သည်းခံပြီးဖတ်ပေးကြပါနော် ။ ပြီးဆုံးအောင်ဖတ်ပေးတဲ့အတွက်လဲကျေးဇူးများကြီးတင်ပါတယ်နော် ၊