သီချင်းလေးကို နားထောင်ရင်း ကျနော်တို့တွေ တမ်းတနေကြတဲ့ အိမ်ပြန်ချိန်လေးကို ခံစားကြဦးနော်...
" အိမ်ပြန်ချိန် "
အရှေ့ မှ ထွက်လာတဲ့ နေမင်းကြီးရဲ့ ရောင်နီပျိုးချိန်နဲ့
အနောက်မှာဝင်သွားတဲ့ နေမင်းရဲ့ နေ၀င်ချိန်တွေ ကို ကြည့်မိတိုင်း ငါတို့ရဲ့ အိမ်ပြန်ချိန်တွေကို စိတ်ကူးယဉ်မိတယ်...။
သာယာလှတဲ့ ညချမ်းချိန်တွေမှာ လမင်းကိုအဖော်ပြုပြီး
ငါတို့ရဲ့ အိမ်ပြန်ချိန်တွေကို လက်ချိုးရေတွက်နေမိတယ်...။
သူငယ်ချင်းတွေနဲ့ စကားလက်ဆုံကျတိုင်း ငါတို့တွေရဲ့ အိမ်ပြန်ချိန် အကြောင်းကို
ကြည်နူးပျော်ရွှင်စွာ မမောတမ်း ပြောဆိုနေတတ်ကြတယ်...။
တကယ်တော့ အိမ်ပြန်ချိန်ဆိုတာ
ငါတို့အားလုံးရဲ့ တူညီတဲ့ တခုတည်းသော စိတ်ကူးရင် အိမ်မက် ၊ စိတ်ကူးယဉ်မျှော်လင့်ချက်လေးပါ...။
အဲဒီ အိမ်မက်လေးမှာ တချို့တွေက အောင်မြင်ခြင်း ၊ ပျော်ရွှင်ခြင်းတွေနဲ့ ပြန်လာနိုင်ခဲ့ကြသလို
တချို့တွေလဲ စိတ်ကူးယဉ်အိမ်မက်တွေ အကောင်အထည်ဖော် ဖို့ ဆက်လက်ကြိုးစားနေဆဲပေါ့...။
အားမငယ်ပါနဲသူငယ်ချင်း...
ငါတို့တတွေလဲ လှပချိုမြိန်တဲ့ အိမ်ပြန်ချိန်လေးအကြောင်းကို သင်နဲ့အတူ စိတ်ကူးယဉ် အိမ်မက်လေး မက်နေဆဲပါ....။
ငဖြိုး