တနေ့တ၌ ကျော်သူအောင် ၊ မ.ထ.သ - မင်းသား နှင့် ကျွန်ုပ်မောင်မင်းဆက်တို့သုံးဦးသား သာယာလှ
ပသောကမ်းခြေတခုသို့ ရောက်သွားကြ၏ ။ ခတ်ဖွဖွခတ်ရွရွလေးနုထွေးနေသော သဲမှုံပေါ်သို့ ခြေဗ
လာဖြင့်လျှောက်ရခြင်းအရသာကလဲ ( အနုအအိ့ဆို တို့ထိ့လိုက်ရမှကျေနပ်သော ကျွန်ုပ်တို့လိုလူပျို
လေးများနှင့် ) အလွန်လိုက်ဖတ်လှသည် ။ ဒီလိုဖြင့် တနေရာအရောက်တွင်မတော့ -
“ ဟေ့ ဟိုမှာကြည့်စမ်း ဥ လေးတလုံး ”
ကျော်သူအောင်၏စကားကြောင့် သူညွန်ပြရာကိုကြည့်လိုက်သော အခါ လှိုင်းသဏန်ထနေသော
သဲသောင်ပြင်ပေးတွင် ဥဖြူလေးတလုံး -
“ မဟုတ်မှလွဲရော ဒါ ဖွတ်ဥပဲဖြစ်ရမယ် ”
ထိုသို့ကျော်သူအောင်ပြောလိုက်သောစကားကြောင့် မင်းသားက -
“ မဟုတ်မှတော့လွဲပြီပေါ့ ကျော်သူမရဲ့ ဒီသောင်ပြင်ပေါ်ကို ဘယ်ဖွတ်ကလာဥမှာလဲ ထွတ်ဖင်
ကလဲဒီလောက်ထိ့ ကျယ်မလားဟဲ့ ကြည့်စမ်းပါအုံးဒီဥကို .... ”
ထိုဥကိုသေချာကြည့်လိုက်သောအခါ ကြက်ဥအရွယ်လောက်မရှိတရှိ ။ မောင်မင်းဆက်လဲပတ်ဝန်း
ကျင်အနေအထားကိုကြည့်၍ -
“ ဟုတ်ပြီဗျိုးးး ဒါငမန်းဥပဲဖြစ်ရမယ် ”
“ လုပ်ပြန်ပြီ လုပ်ပြန်ပြီနောက်တယောက်က ငမန်းကဥဥပါ့မလား နင်တို့နှစ်ယောက်လုံးမဟုတ်
တာတွေပြောနေကြတယ် မသေမချင်မှတ်ထား ဒါလိပ်ဥကွ လိပ်ဥ လိပ်ဥ .... ”
ထို့ကြောင့်ကျွန်ုပ်တို့နှစ်ဦးသားလဲ မင်းသားပြသောဥကို အဲ မင်းသားပြသောလိပ်ဥကိုကြည့်ကြကုန်
လေ၏ ။
“ မင်းသားရာ လိပ်ဥဆိုရင် သဲထဲကိုမြုတ်သွားမှာပေါ့ ”
“ ပြန်မပြောနဲ့ လိပ်မကသူဘာသာ ဘာအရေးတကြီးကိစ္စရှိလို့မြုတ်မသွားလာမှမသိ့တာ ဒါလိပ်ဥမှ
လိပ်ဥအစစ်ပဲ ”
“ ဟိုက် ”
အတိ့အကျပြောနေသော မင်းသားကိုဘာမှပြန်မပြောသာတော့ ။ ထို့နောက် ကျော်သူအောင်က
ထိုလိပ်ဥလေးကိုယူ၍ သဲထဲသို့မြုတ်လိုက်လေသည် ။
“ ကိုကျော် ဒါဘာလုပ်တာလဲဗျ ”
“ မသိ့ဘူးလားမင်းဆက်ရ ဒီလိပ်ဥကိုဒီလိုမြုတ်မှ အကောင်ပေါက်တော့မှာပေါ့ကွ ”
ထိုစကားကိုကြားလိုက်ရသောအခါ ကျွန်ုပ်ခေါင်းထဲကို လက်ခနဲ့အတွေးတချက်ဝင်လာ၏ ။
“ ဟဒါဆို ကိုကျော်တို့ကတော့ သူဋ္ဌေးဖြစ်ပြီဗျိုးးးး ”
“ ငင် ဘာ ဘာဖြစ်လို့ ”
“ ကိုကျော်ပဲစဉ်းစားကြည့်လေ ဒီဥကိုဒီလိုမြုတ်လိုက်ရင်အကောင်ပေါက်မလာဘူးလား ”
“ အေးဆို ”
“ ဟော ဒီအကောင်ကြီးလာလို့ လိပ်ထီးဖြစ်ရင်လိပ်မကို မျှားခေါ်မယ် လိပ်မဖြစ်ရင်လိပ်ထီးကို
မျှားခေါ်လိုက်မယ် အဲဒီနှစ်ကောင်ညားလို့ လိပ်ကလေးပွားလာရင်ရောင်းစား ကဲ ကိုကျော်သူ
ဋ္ဌေးဖြစ်မသွားဘူးလား ”
ထိုသို့ကျွန်ုပ်ပြောလိုက်သောအခါ ကျော်သူအောင်က မြုတ်ထားသော လိပ်ဥကိုဖော်လိုက်သည် ။
ထိုနောက် သဲကျင်းလေးကိုယက်၍ ထိုလိပ်ဥလေးကိုထည့်၏ ။ ပြီနောက် ခါးတောင်ကြိုက်ထား
သောပုဆိုးကိုဖြေချပြီ ထိုဥလေးပေါ်သို့ ခြေကလေးခွင်၍၀ပ်ပေးလေတော့သည် ။
“ ဒါဘာလုပ်တာလဲ ကိုကျော်ရ ”
“ သြော် သဲထဲဒီအတိုင်းမြုတ်ထားရင် ကြာနေမှာစိုးလို့ လူအငွေ့လေးနဲ့မှ အမြန်ပေါက်မယ်ထင်
ပြီဝပ်ပေးနေတာ ဆက်ပြောစမ်းပါအုံး ”
ထို့ကြောင့် ကျွန်ုပ်လဲဥ၀ပ်နေသောသူ့ကို သေသေချာချာလေးဖြစ်အောင် စိတ်ထဲရှိသမျှပြောပြ
လိုက်တော့သည် ။
“ ဒီလိုဗျကိုကျော်ရ ခုနာကျွန်တော်ပြောသလိုလိပ်တွေကို ရောင်းစားပြီးသူဋ္ဌေးဖြစ်ရင် ကိုကျော်
ကြိုက်တဲ့စီးပွားရေးတွေထပ်လုပ်မယ်ဗျာ အဲဒီကရတဲ့ပိုက်ဆံတွေနဲ့ပရဟိတလုပ်ငန်းတွေလုပ်အုံး ပြီ
တော့ လူတွေသိ့လာအောင်မင်းသားလုပ် ၊ သီချင်းတွေဆို အဲဒီကရလာတဲ့လူတွေရဲ့ယုံကြည်မှု့တွေ
နဲ့ ရွေးကောက်ပွဲတွေဘာတွေမှာဝင်ပြီပြိုင် ပြိုင်လို့နိင်ခဲ့ရင်သမ္မတတောင်ဖြစ်နိင်တယ် ဒီဥကရိုး
ရိုးဥမဟုတ်ဘူးနော် သမ္မတတောင်ဖြစ်နိင်တဲ့ဥ ”
ကျွန်ုပ်ထိုသို့ပြောနေသောစကားကို မင်းသားနှင့်ကျော်သူအောင်တို့က မျက်လုံးလေးကလယ်က
လယ်ဖြင့်ငေးကြည့်ကြကုန်း၏ ။ ဒါကြောင့် မင်းသားက -
“ ကဲ ကျော်သူမ ငါတလှည့်ဝပ်ပေးမယ် ”
ဟုပြောပြီခြေကလေးခွင်၍ ကျော်သူအောင်အနားသို့တိုးကပ်သွားသည် ။ ဒါကိုကျော်သူအောင်က
လက်မခံ -
“ နင်နဲ့ဘာဆိုင်လဲမိ့ဝေရဲ့ ငါ့ဥငါဝပ်တာ နင်ဝပ်ပေးစရာမလိုပါဘူး ”
“ ကျော်သူမ နင်အဲလိုတော့မပြောနဲ့ ဒီဥကိုတို့သုံးယောက်အတူတူတွေ့တာ ငါတို့နဲ့လဲဆိုင်တယ်
နင်တဦးထဲမှုပိုင်မကြံနဲ့ အခု နင့်ပေါင်အောက်ကဥကိုထုတ်ပေးမလား မပေးဖူးလား ဒါပဲပြော ”
မင်းသားကခါးကိုထောက်၍ လက်ညှိုးငေါ့ငေါ့ထိုးပြီပြော၏ ။
“ ရ၀ူး ရ၀ူး ငါ့ပေါင်အောက်ကဟာ ငါ့ဥပဲ ”
“ ပြောလို့မရဘူးလား ဥကိုထုတ်ပေးရင်ပေး ထုတ်မပေးရင်နှိုက်ယူရမှာပဲ ”
မင်းသားက နှိုက်ယူမယ်ပြင်၏ ။ ကျော်သူအောင်ကလဲ သူဥကိုလူလုမည်စိုး၍ လက်ကလေး
ဖြင့်ကာထားသည် ။ ထိုနောက် မင်းသားကဘာမှမပြောတော့ပဲ ကျော်သူအောင်ကိုတွန်းလှဲပြီ
ပေါင်အောက်ကဥကိုနှိုက်လေတော့၏ ။
“ မိ့ဝေ နင်အတင်းမနှိုက်နဲ့နော် ငါ့ဥကွဲသွားမယ် ”
“ မရဘူး နင်မှကြွမပေးတာ နှိုက်ယူ၇မှာပဲ ကဲ နှိုက်တယ်ကွာ နှိုက်တယ် ”
လွယ်လွယ်နဲ့နှိုက်ယူလို့မရတဲ့အဆုံး တအုန်းအုန်းဖြင့်ထု၏ ။ တဂေါက်ဂေါက်ဖြင့် ခေါက်၏ ။
ထိုသို့နှစ်ဦးသားလုံးလားထွေးလားဖြင့် ဥကိုလုကြလေသည် ။ မောင်မင်းဆက်လဲ ဥလုနေသော
သူတို့အဖြစ်ကို ပါးစပ်လေးအဟောင်းသားဖြင့်ငေးကြည့်နေမိ့၏ ။ ထိုသို့လုရင်းနှိုက်ရင်းဖြင့်
ပေါင်အောက်ကဥလေးကွဲလေတော့သည် ။ ထိုအခါ ကျော်သူအောင်က ကွဲပြီ ငါ့ဥလေးကွဲပြီဟု
သုံးချိန်သုံးခါအော်၍မေ့သွားလေ၏ ။ ထိုကြောင့် ကျွန်ုပ်တို့နှစ်ဦးလဲ ထိပ်ထိပ်ပြာပြာဖြင့်ခြေမ
ကိုချိုး ကလီ့ထိုးကြည့်သည် ။ မရ ။ မရတဲ့အဆုံးမှာတော့ ပုဆိုးကိုဝါးလုံးထိုး၍တရမ်းရမ်းဖြင့်မ
ပြီး ပြန်လာရလေတော့သည် ။ အကယ်၍များပေါ့လေ တဦးတယောက်ကများ ကျော်သူအောင်
ဘာဖြစ်တာလဲလို့မေးခဲ့ရင် ဘယ်လိုပြန်ဖြေရမသိ့တော့ ။ သူ့ဥကွဲသွားလို့ထမ်းလာရတာပါလို့များ
ပြောရလေမလား မသိ့တော့ပါတကား ။
= ချစ်ခြင်းအားဖြင့် - ( မင်းဆက်ဆက်ခ )