Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

ကျားမေမေ

$
0
0

Times မဂ္ဂဇင်းက ၂၀၁၁ခုနှစ်အတွက် ကမ္ဘာပေါ်မှာ သြဇာတိက္ကမအကြီးမားဆုံး လူ ၁၀၀ ကိုရွေးချယ်လိုက်တဲ့ထဲမှာ သူမဆိုတဲ့ အေမီချွား (Amy Chua)ပါဝင်ပါတယ်။ သူမဟာ တရုတ်လူမျိုးပါ။ ၁၉၆၂ခုနှစ်မှာ မွေးဖွားခဲ့ပါတယ်။ သူမဟာ ယေး ဥပဒေကျောင်းနဲ့ ၂၀၀၁ခုနှစ်မှာ ဆက်သွယ်ခဲ့ပါတယ်။ သူမဟာ ပညာသင်ကြားပေးခြင်း အသက်မွေးမှုလုပ်ငန်းမလုပ်ခင် ဥပဒေနဲ့ ဆိုင်တဲ့ ကော်ပိုရေးရှင်းတွေမှာ လုပ်ကိုင်ခဲ့တယ်။ သူမဟာ နိုင်ငံတကာစီးပွားရေးလုပ်ငန်း၊ ဥပဒေ၊ ဖွံ့ဖြိုးတိုးတက်မှု၊ လူနေမှုဓလေ့ထုံးစံ၊ ကမ္ဘာရွာသဘောတရားတွေကို အထူးပြုလေ့လာခဲ့တယ်။ ၂၀၁၁ ခုနှစ်မှာ Battle Hymn of the Tiger Mother ဆိုတဲ့ ကျားမေမေ၏တိုက်ပွဲခေါ်သံ ဆိုတဲ့ ကိုယ်ရေး အတ္ထုပ္ပတ္တိကို ရေးသားထုတ်ဝေခဲ့တယ်။ ဒီစာအုပ်ကြောင့် တစ်နိုင်ငံလုံး လှုပ်လှုပ်ရှားရှားဖြစ်သွား ရတယ်။

အစောပိုင်းကာလ
သူမကို အမေရိကန်နိုင်ငံ၊ အီလီနွိုက်ပြည်နယ်၊ ချမ်ပိုင်ဂ်န် မှာမွေးဖွားခဲ့တာဖြစ်ပါတယ်။ သူမရဲ့ မိဘများကတော့ ဖိလစ်ပိုင်နိုင်ငံကနေ အမေရိကန်ကိုပြောင်းရွှေ့လာတဲ့ ရှေးရိုးစွဲတရုတ်တွေ ဖြစ်ပါတယ်။ သူမရဲ့အဖေက လျှပ်စစ်အင်ဂျင်နီယာ နဲ့ ကွန်ပျူတာသိပ္ပံပါမောက္ခ အဖြစ် ကယ်လီဖိုးနီးယားတက္ကသိုလ်မှာတာဝန်ထမ်းဆောင်နေတဲ့ လွန်အိုချွား ဖြစ်ပါတယ်။ သူမ အသက် ၈ နှစ် အရွယ်မှာ ကယ်လီဖိုးနီးယားက ဘာကလေကို ပြောင်းရွှေ့ခဲ့ကြပါတယ်။ သူမဟာ El Cerrito High School မှာကျောင်းနေခဲ့တယ်။ ဟားဘက်ကောလိပ်ကနေ ၁၉၈၄ မှာ J.D ရရှိခဲ့ပါတယ်။ ၁၉၈၇ မှာ ဟားဘက်ဥပဒေကျောင်းကနေ J.D ရပြီး အဲဒီမှာ အမှုဆောင်အယ်ဒီတာအဖြစ် ဟားဘက်ဥပဒေ ရီဗျူးကို တာဝန်ယူခဲ့တယ်။

စာပေရေးသားမှု
သူမဟာ စာအုပ်သုံးအုပ်ရေးသားခဲ့ပြီး နှစ်အုပ်က နိုင်ငံတကာအကြောင်းအရာများ နဲ့ ဘ၀အတွေ့ အကြုံမှတ်တမ်းဖြစ်ပါတယ်။နောက်ဆုံးထွက်တဲ့စာအုပ်က အထက်မှာဖော်ပြခဲ့တဲ့ Battle Hymn of the Tiger Mother ကျားမေမေ၏တိုက်ပွဲခေါ်သံဖြစ်ပြီး ၂၀၁၁ခုနှစ်၊ ဇန်န၀ါရီလမှာထုတ်ဝေခဲ့ပါတယ်။ အဲဒီစာအုပ်ပါအကြောင်းအရာကတော့ မိခင်တစ်ယောက် သားသမီးတွေကို ဘယ်လိုထိန်းကျောင်း ရမလဲ၊ ကမ္ဘာကြီးနဲ့ရင်ပေါင်တန်းနိုင်အောင် ဘာတွေလုပ်ရမလဲဆိုတာ ထင်ဟပ်ပြထားတဲ့စာအုပ်ပါ။

သူမရဲ့ဘဝ
သူမရဲ့ယောက်ျားက ယေးဥပဒေကျောင်းက ပါမောက္ခ ဂျက်ဒ်ရူဘင်ဖဲလ်ဒ်ဖြစ်ပါတယ်။ နယူးဟက်ဗင်မှာ နေထိုင်လျက်ရှိပါတယ်။ သူမမှာ ဆိုဖီယာနဲ့ လောအီဆာ ဆိုတဲ့ သမီးနှစ်ယောက်ရှိပါတယ်။ ဆိုဖီယာက ဟားဘက်နဲ့ယေးက လက်ခံထားပြီး ဟားဘက်တက္ကသိုလ် တက်ဖို့ ဆုံးဖြတ်ထားပါတယ်။

http://amychua.com/
http://en.wikipedia.org/wiki/Amy_Chua#
http://en.wikipedia.org/wiki/Time_100
ဆိုဒ်တွေက ဆီလျော်အောင်ကောက်နုတ်၍ ကိုယ်တိုင်ဘာသာပြန်ထားပါတယ်။
(၂၇-၁၂-၂၀၁၁)(၀၂း၀၁)နာရီ

အားလုံးကိုခင်မင်လေးစားလျက်

ကိုရင်ကျော်

(၂၇-၁၂-၂၀၁၁)(၀၂း၂၀)နာရီ


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>