Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

ရင်ကွဲနာ

$
0
0

အချစ်နဲ့ မတွေ့ခင် အချိန်တုန်းကပေါ့ ငါ့ဘ၀က ငါသာဘုရင် ငါသာသခင် ငါသာနေမင်းတစ်စင်းလို့ ကြွေးကြော်ခဲ့တယ်။
တိုင်းပြည်တစ်ပြည်ကို ဘုရင်တစ်ပါးပဲ အုပ်ချုပ်တယ် စက္ကြာဝဌာတစ်ခုမှာ နေမင်းတစ်စင်းပဲ ထွန်းလင်းတောက်ပတယ်
ငါ့ဘ၀ကို ငါကိုယ်တိုင်းပဲ အုပ်ချုပ်မယ်လို့ ခံယူချက်တစ်ခုနဲ့ အောင်မြင်မှုတစ်ခုကို လက်ကိုင်ထားပြီး လောကဒါဏ် ဘ၀ခရီးလမ်း
ကြမ်းကြမ်းတွေပေါ်ကို ငါလျှောက်လှမ်းနေခဲ့တာ ခုဆို ငါ ခရီးဘယ်လောက်များရောက်နေခဲ့ပြီးလဲ မသိခဲ့ဘူး။ ကြွေလွင့်သွားတဲ့
သစ်ရွက်ခြောက်တွေတောင်မှ မြေဆွေး မြေဇာတွေ ဖြစ်ကုန်ကြပြီ ။ဘ၀ခရီးလမ်းက ဘယ်လောက်များ ရှည်လျှားနေလဲမသိဘူး
ငါကတော့ သတိမထားခဲ့မိတာ အမှန်ပါ ။ ဘ၀ခရီးလမ်း တစ်နေရာမှာ လူတိုင်း အချစ်နဲ့ ဆုံးတွေ့တက်တယ်လို့ ငါ သိနေပါတယ်
ဒါပေမယ့် အချစ်ဆိုတာကို ငါ မခံစားတက်ဘူး မခံစားချင်ဘူး ။ ငါက ဘ၀ခရီးလမ်းပေါ်မှာ ဘယ်သူ့အကူညီမှ မလိုအပ်ပဲ လျှောက်
လှမ်းနေတဲ့သူ အချစ်နဲ့ ငါ့ဘ၀က တစ်နေရာစီပဲလို့ ငါ ခံယူထားလို့ပါ ။ ဒါပေမယ့် အချစ်ဆိုတဲ့ ခံစားချက် တစ်ခုကို ငါ လကံ္ခပေး
ရတော့မယ် ငါ အချစ်နဲ့ တွေ့နေရပြီလေ ။ သူက အပြုံးလှလှလေး ပါးချိမ့်လေး နှစ်ဘက်နဲ့ ပြုံးလိုက်တိုင်း လှနေတာ ငါ့ရင်ခွင်ကို
အေးမြစေတာ အမှန်ပဲ ။ အချစ်က ငါ့ဘ၀နဲ့ တစ်နေရာစီးပါပဲ ဒါပေမယ့် ငါအချစ်ကို ကိုးကွယ်ရတော့မယ် အချစ်ဘ၀ကို တစ်ထပ်တည်းကျအောင် ငါ ကြိုးစားရတော့မယ် ။သူ့ကို စွဲလမ်းတက်လာတယ် သူ့ကို တမ်းတတက်လာတယ် သူ့ကို လွမ်းတက်လာတယ် သူကို အမြဲလို သတိရနေမိတယ် ။ နောက်တော့ သူ့ကို အမြဲလို တွေ့နေ မြင်နေချင်လာတယ် သူ့နဲ့ မတွေ့ရ ရင်ရင်ထဲမှာ ဘယ်လိုတွေဖြစ်တာလဲမသိဘူး တစ်ခုခုလိုအပ်နေတာတော့ သေချာနေပြီ ။ ညနေရောက်တိုင်း တွေ့နေကြ ခုတော့ မတွေ့ရတော့ လွမ်းတယ်ဆိုတာ သေချာတယ် ။ ခုတော့ နေညိုတိုင်း သတိရလာတယ် လွမ်းတာကို ဝေဒနာလို့ ပြောလို့ရရင် ငါရင်ထဲမှာ ဝေဒနာတွေ ပြည့်နက်နေပြီ ရင်ထဲမှာတောင် မဆန့်တော့ဘူး ။သူ့ကို လွမ်းတော့ ခံစားချက်ကို စာစီမိပါတယ် ဒါပေမယ့် သူ မသိပါဘူး သူ့ကို ချစ်နေတာကို သူက မယုံကြည်ဘူးလေ ။ ငါ့အချစ်က လေထဲမှာပဲ လေဟာနယ်ထဲမှာ ရေးပြ ထားတဲ့ အရုပ်လေးကိုတမ်း တဆွဲလမ်းမိသလို ဘာမှတော့ အရာထင်မလာခဲ့ပါဘူး ။ ချစ်လိုက်ရတာ ရူးတယ်လိုပဲပြောပြော သူ့ကို
တော့ ရင်နဲ့ရင်းပြီး ချစ်ခဲ့တာပါ ။ ဖြစ်တည်မှု ရှိနေသ၍ မျှော်လင့်နေမယ်လို့ သူ့ကို ပြောပြခဲ့ပါတယ် ဒါပေမယ့် သူ မသိခဲ့ပါဘူး ငါ့အချစ်တွေက ခံစားချက် သက်သက်ပဲ ဖြစ်နေခဲ့တယ် ။ သူမကို တွေ့ချင်တယ်လို့ အခါခါ ပြေခဲ့ဘူးပါတယ် ဒါပေမယ့် ဖြစ်မလာ
ခဲ့ပါဘူး မတွေ့ချင်တဲ့သူက ရှောင်တယ် တွေ့ချင်တဲ့သူက ရှာတယ် ။ လမ်းဆုံးရင် ရွာကို တွေ့ရမှာပဲလို့ ပြောကြတယ်နော် ဒါပေ
မယ့် လမ်းတွေအားလုံးက ပျက်သုဉ်းလို့ ခရီးကတော့ ဆုံးတော့မှာပါ ငါ့မျှော်လင့်ချက်ကတော့ မဆုံးနိုင်သေးဘူး ။ ဖြစ်တည်မှု
ရှိနေသ၍ မျှော်လင့်နေမယ့် ငါ့ရင်ခွင်ကို ငါ အားနာမိတယ် နှလုံးမှာလဲ ဒါဏ်ရာတွေ များလာခဲ့ပြီ သူ့ကိုတော့ ခုချိန်ထိကို မျှော်
လင့်နေမိတယ် ။ နှလုံးသားနဲ့ရင်းပြီး ချစ်လာခဲ့တာ အပေါ်ယံ ချစ်ခြင်းတွေမှ မဟုတ်ခဲ့တာ လွယ်လွယ်လေး မေ့လို့ရအောင် ငါ့ကို
ဘယ်သူမှ သင်းမပေးကြဘူးနော် ။ ချစ်သူရေ မင်း မြင်နိုင်မယ် ကြားနိုင်မယ်ဆိုရင် ငါ့ရင်ခွင်ထဲက နှလုံးသားဒါဏ်ရာတွေနဲ့
ငငါ့ရဲ့ ခေါ်သံလေးကို နားဆွံပြီး လာကြည့်ပါ နှလုံးသားမှာ မင်းနာမည်တွေ အထပ်ပေါင်း မနည်းတော့ဘူး ။ ငါ အကြိမ်ကြိမ်
အော်ခေါ်နေမိတယ် ။ ငါ့ရင်ထဲက ခံစားချက်တွေကို ဝေဒနာလို့ ပြောလို့ရရင် ဒီဝေဒနာတွေက မင်းအတွက် သီသန့် ဖြစ်တည်
မှုလေးပါ ။ ။ ။


ထိုလင့်တွင်အပြည့်အစုံဖတ်ပါ: http://www.shwemyotaw.com/profiles/blogs/5442636:BlogPost:751530#ixzz1tKydmwZN

Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...