၁.လူတယောက်ရဲ့ဘုန်းတန်ခိုးဆိုတာ အလုပ်လုပ်ခြင်းပဲတဲ့ ဒါကြောင့် သင့်ဘ၀တိုးတက်အောင်မြင်ဖို့အတွက် အလုပ် လုပ်ပါ။
၂.သင့်ဝါသနာပါသော အလုပ်ကိုလုပ်နေမှ သင့်ဘ၀အောင်မြင်တိုးတက်မည်။ဒါကြောင့် သင့်ဝါသနာပါသောအလုပ်ဟာဘာလည်းဆိုတာ
သိအောင်စဉ်းစားထားပါ။
၃.သင့် ၀ါသနာပါသောအလုပ်ကို မရှော့သောဇွဲဖြင့် အမြဲကြိုးစားပါ။
၎.သင့်ဝါသနာပါသောအလုပ်ကိုမလုပ်နိုင်သေးရင်တောင် သင့်ရနိုင်သောအလုပ်ကိုကြိုးစားပြီး အရင်ဆုံးလုပ်လိုက်ပါ။
၅.သင့်လုပ်နေရသော အလုပ်ကိုစေတနာထားပြီး အကောင်းဆုံးဖြစ်အောင်ကြိုးစားလုပ်ကိုင်ပါ။
၆.သင့်ဘ၀အတွက် သင်လုပ်နေရသောအလုပ်မှ ပညာနဲ့အတွေ့ကြုံတွေကိုရအောင်ယူပါ။
၇.သင့်ဘ၀အောင်မြင်တိုးတက်ချင်ရင် အလုပ်ကိုအရမ်းမရွေးပါနဲ့ သင့်အတွက် သင့်တော်မယ်ထင်ရင် လုပ်လိုက်ပါ။
၈.သင်လုပ်နေရသော လုပ်ငန်းတိုင်းကို မိမိကိုယ်ပိုင်လုပ်ငန်းကဲ့သို့သဘောထားပြီး အကောင်းဆုံးဖြစ်အောင်ကြိုးစားလုပ်ကိုင်ပါ။
၉.သင့်မိဘတွေဟာအရမ်းချမ်းသာသောသူမျိုးတွေဖြစ်နေရင်တောင် သင်ဝါသနာပါသော အလုပ်တခု ခုကိုလုပ်ဖြစ်အောင် လုပ်လိုက်ပါ။
ကျွန်တော်တို့ဘ၀တွေ တိုးတက်လာဖို့အတွက်အလုပ် မလုပ်ပဲနဲ့တော့မဖြစ်လာနိုင်ပါ။ဒါကြောင့် ကျွန်တော်တို့ဘ၀တွေအောင်မြင်
တိုးတက်လာဖို့အတွက် အလုပ် လုပ်ဖို့ဆိုတာအရမ်းကိုအရေးကြီးပါတယ်။လောကမှာ အောင်မြင်တိုးတက်လာခဲ့ကြတဲ့ လူတိုင်းဟာ အလုပ်
ကိုကြိုးစားပြီးလုပ်ကိုင်ခဲ့ကြပါတယ်။ဒါကြောင့် သင်လည်း သင့်ဘ၀ဒီထက်မက အောင်မြင်တိုးတက်လာဖို့အတွက်အလုပ် လုပ်ပါ။
သူငယ်ချင်းများအားလုံး မိမိဝါသနာပါသော အလုပ်များကိုကြိုးစားလုပ်ကိုင်ကြရင်း ဘ၀မှာအောင်မြင်တိုးတက်သူတွေဖြစ်ကြပါစေလို့
ဆုတောင်းလိုက်ပါတယ်။
အမှားများပါခဲ့ရင်အားလုံးပဲခွင့်လွှတ်ပေးကြပါ။
အမြဲကြိုးစားနေလျှက်........................