Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

''ပုလင်းအဖုံး......''

$
0
0
ကျွန်တော့်ရဲ့ ဖုံးကွယ်မှုတွေက နေရာတိုင်းမှာရှိနေတယ်ဆိုတမယုံနိုင်စရာပါပဲ..။အခုမှဖုံးကွယ်တတ်တာမဟုတ်ပါဘူး...။သက္ကရာဇ်တစ်

ခုက မြုတ်နှံထားတဲ့ အထင်ကြီးခံရလိုမှု၊အောင်မြင်ကျော်ကြားလိုမှု..တွေက ကျွန်တော့်ကို ပိုလို့ ဖုံးကွယ်တတ်စေပါတယ်..။

ကျွန်တော့်ကို ကြည့်လိုက်စမ်းပါ..။ ကိုယ့်ကိုကိုယ် ယုံကြည်မှု...၊မာကျောမှု..၊ချိုသာမှု...၊ ယဉ်ကျေးမှုတို့ကို ပေါင်းစပ်ပြီးတွေ့ရလိမ့်

မယ်...။ဒါပေမယ့်..ဒါတွေဟာ ဟန်ဆောင်မှုတွေချည်းလို့လဲ မဆိုနိုင်ပါဘူးလေ..။ ဟန်ဆောင်ခြင်းဟာ အနုပညာတစ်ခုဆိုရင် အဲ့ဒီ

အနုပညာကို လူတိုင်းပါးပါးလေးတတ်မြောက်ကြပါလိမ့်မယ်..။ကျွန်တော်ကတော့ ထူထူကြီးကိုတတ်မြောက်နေပါတော့တယ်...။

ကျွန်တော်လိုချင်တာကိုရဖို့အတွက် ၀ါသနာပါတာ မပါတာက အရေးမကြီးပါဘူး...။ ထင်ပေါ်ကျော်ကြားဖို့က အဓိကပဲလေ..။

အဲ့ဒီကိစ္စတွေကို ဘယ်သူက ခေါင်းထဲရိုက်သွင်းပေးခဲ့သလဲဆိုတာ စဉ်းစားတုန်းပါ..။ စဉ်းစားလို့ရပြီလို့ ထင်သလား..။

ကျွန်တော်ဖြစ်ချင်တာကိုဖြစ်ဖို့ ကျွန်တော်ကို လူတွေက အထင်သေးတဲ့မျက်လုံးတွေနဲ့မကြည့်စေဖို့ ကျွန်တော့်ရဲ့ ပျော့ညံ့မှုတွေ

ညံ့ဖျင်းမှုတွေ ရိုင်းစိုင်းမှုတွေအားလုံးကို ကျွန်တော်ဖုံးကွယ်ထားပါတယ်...။

ကျွန်တော့်ဘ၀က ပုလင်းအလွတ်တစ်လုံး..၊ ကျွန်တော့်ရဲ့ ဖုံးကွယ်မှုတွေက ပုလင်းအဖုံး...။

အဲ့ဒီလိုပဲ ကျွန်တော်ဆက်သွားနေတယ်..။

အဲ့ဒီပုလင်းအဖုံးကို ကျွန်တော်မကျေနပ်ပေမယ့် ကျေနပ်စရာကောင်းနေပြန်ရော....။

ဟိန်းဆက်ပိုင်(သွားဆေး/မန်း)

Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>