ညာတယ်ဆိုတာ တကယ်တော့ ညာနေကျဆိုရင် ပါးပါးလေးပါနော။ ဒါပေမယ့်လေ ကိုယ့်ကိုယ်ကိုယ်တော့ မညာမိပါစေနဲ့နော်.............................................. သင်ဇာသိတဲ့ ညာတာက သူများကိုညာတာထက် ကိုယ့်ကိုယ်ကို ညာတာကတော့ အဆိုးဆုံးမို့ပါ။ တစ်ခါတစ်ရံ ကိုယ့်ကိုယ်ကို ညာလိုက်တာလေးက ဘ၀အတွက် အကြီးမားဆုံး နောင်တတစ် ခု ဖြစ်နေတတ်လို့ပါ။ တစ်ခါတစ်ရံမှာတော့ လွတ်လပ်ပွင့်လင်းစွာ ၀န်ခံလိုက်စမ်းပါ။ အကြီးမားဆုံးနောင်တကြီးက ဝေးကွာအောင်လို့။ အကြီးမားဆုံး နောင်တရားမှ ကင်းလွတ်နိုင်ပါစေကောရှင် ..............................................
သင်ဇာကော ညာတတ်လားလို့ မေးရင်လေ။ အပွင့်လင်းဆုံးအဖြေတစ်ခုတော့ ပေးရမှာပေါ့။ တစ်ခါတစ်ရံ ညာတတ်ပါတယ်လို့ တကယ်တော့ တစ်ခါတစ်ရံ ညာတတ်တာလေးတွေက အမြဲဖြစ်လာရင်တော့ မကောင်းဘူးပေါ့နော်။ သူတပါးကို ထိခိုက်မယ့် ညာခြင်းဆိုရင်တော့ ရှောင်နိုင်လေ ကောင်းလေပေါ့။ ဒါပေမယ့် များသောအားဖြင့် သူငယ်ချင်းတို့လဲ သင်ဇာ့လို ညာတတ်တယ်ဟုတ်။ မရှောင်နိုင်တဲ့ အခြေအနေမျိုးမှာပေါ့ ဟုတ်တယ်ဟုတ်။ နည်းနည်းလေးတော့ ညာတတ်မှာပါ။ သင်ဇာညာတတ်လို့ ပတ်ရမ်းတာ၊ လူမိုက်ငှားတာ ဟုတ်ဘူးနော်။ ဟိဟိ ဖြစ်တတ်မယ်ထင်လို့ပြောတာပါ။
သူငယ်ချင်းတို့ရေ သင်ဇာပြောတဲ့ အကြီးမားဆုံးနောင်တနဲ့ ကိုယ့်ကိုယ်ကို ဘာများလဲ သိရဲ့လားရှင်။ သိရင်တော့ ပြုံးနေမှာပါ့နော်။ မသိရရင်တော့ ဒီကောင်မလေး ဘာတွေ လာရူးနေတာလဲလို့ ထင်မှာပဲနော်။ ဘာပဲဖြစ်ဖြစ်ပေါ့နော် ကိုယ် ချစ်ရတဲ့သူကိုတော့ ဘယ်လိုအကြောင်းအရာမျိုးမှာဖြစ်ဖြစ် မညာလိုက်ပါနဲ့နော်။ အထူးသဖြင့် ကိုယ့်ကိုယ်ကို မညာမိဖို့ပေါ့ ကိုယ်ချစ်ရတဲ့ သူနဲ့ ပတ်သက်ရင်လေ။ တစ်ခါတစ်ရံမှာ လောကကြီးမှာ ညာမိတာတွေကို ရှင်းလို့ရတတ်သလို၊ ရှင်းပြလို့များမရတော့ရင် ပြီးရောပေါ့။ ရှင်းဖို့ အခွင့်အရေးတွေ အချိန်တွေများမရခဲ့ရင်တော့ သွားပြီပေါ့။ ကိုယ်ချစ်ရတဲ့သူကိုတော့ နာကျင်အောင် မလုပ်မိပါစေနဲ့နော်။ လုပ်မိရင်တော့ ဘယ်လောက်အသဲမာတဲ့သူုဖြစ်ဖြစ် လူမသိ သူမသိ တိတ်လေး နောင်တနေမှာဖြစ်သလို တစ်ခါတစ်ရံမှာ ကိုယ့်ချစ်သူဟာလဲ ဘ၀ကြီးနဲ့ချီပြီး နာကျင်ခံစားရမှာပါ။ ဆရာကြီးလုပ်တာတော့ မဟုတ်ပါဘူး။ သင်ဇာ့သူငယ်ချင်းနှစ်ယောက်လို ဖြစ်မှာသိပ်စိုးလို့ပါ။ ဘာပဲပြောပြော ညာချင်ရင်တောင် အချိန်အခါလေးနဲ့ ကြည့်ညာပေါ့။
ဘာပဲပြောပြော သာမန်လူတွေမို့ အနာဂတ်ဆိုတာ ကြိုတင်မမှန်းဆနိုင်သလို မမြင်နိုင်ဘူးလေ။ ဒါ့ကြောင့်မို့ ပစ္စုပန်ခုချိန်လေးမှာ အကောင်းဆုံး ရှင်သန်သွားကြရအောင်နော်.......................................
ညာတတ်တဲ့
ဒီသဘောတွေ
နည်းနည်းလေး
ဖြစ်ဖြစ်ပေါ့
လျော့လိုက်ပါနော်
တစ်ချိန်မှာ
နောင်တဆိုတဲ့ သူ
အလည်မလာစေဖို့
ခုချိန်ထဲက
အတတ်နိုင်ဆုံး
ရိုးသားလို့
ကြီးစွာသော
နောင်တတရားတွေ
ဝေးကွာလို့
လှပတဲ့
အနာဂတ်ကို
လက်ဝယ်ပိုင်ဖို့
ရိုးရှင်းစွာ
ပစ္စုပန်မှာ
ရပ်တည်ကြပါစို့......................................................................
မှတ်ချက်။ ။ ဟိဟိ စာဖတ်ပြီး သင်ဇာ့ ကို မုန်းရဘူးနော်။ မဖျောက်နိုင်ရင်တောင် ညာတတ်တာလေးကို နည်းနည်းလျော့ခိုင်းတာပါရှင်။ လျော့ပေးမယ်ဟုတ် သူငယ်ချင်းတို့