ချစ်သောမေမေ.....
သတိရခြင်းတွေအပြည့်နဲ့ပါ မေမေ...
မေမေ နေကောင်းရဲ့လား.......
မေမေနဲ့အဝေးမှာနေနေရပေမဲ့..သားတစ်နေ့မှမမေ့ခဲ့ပါဘူး မေမေ..
စိတ်ထားဖြူစင်လှပါသောမေမေ....
မေမေကြိုက်တဲ့ပြေတီဦးကားတွေထွက်တိုင်း..
မေမေကိုသားပိုသတိရပါတယ်မေမေ...
မေမေရောကြည့်ဖြစ်ရဲ့လား..
သားတော့မကြည့်ဖြစ်ဘူး.မေမေ...
မေမေကို သားပြောပြချင်တာရှိတယ် မေမေ......ခဏလောက်နားထောင်ပေးပါနော် မေမေ.......
မေမေ သားကိုငယ်ငယ်ကပြောပြခဲ့တဲ့ လမင်းပုံပြင်မှတ်မိလား..မေမေ.....
လမင်းကသူ့အလင်းရောင်နဲ့တစ်ကမ္ဘာလုံးကိုအေးမြခြင်းတွေပေးစွမ်းနေတယ် သား...
ဒါပေမဲ့သူကကိုယ်ပိုင်အလင်းရောင်မရှိရှာဘူး သား...
နေရဲ့အလင်းရောင်ကနေ သူဟာ ကမ္ဘာကိုအေးမြခြင်းတွေပေးနေပေမဲ့..
သူကိုတိုင်ကပူလောင်ခြင်းတွေနဲ့ ပါ သား......
မေမေကတော့ လကို သနားတယ်
မေမေပြောခဲ့ဖူးပါတယ်နော်..မေမေ....
သားအမြဲတမ်းမှတ်မိနေပါတယ် မေမေ......
မေမေ အခုသားပြောပြမှာက သားပုံပြင်ပါမေမေ.....
မေမေ နားထောင်နော်.....
သားရင်ထဲမှာလမင်းတစ်စင်းရှိတယ် မေမေ..
သားလမင်းကရင်မှာအချိန်တိုင်းထွန်းလင်းနေပါတယ် မေမေ..
သားလမင်းက သားဘ၀မှာအမှားတွေမရှိအောင် အမြဲတမ်းလမ်းပြပေးနေတယ် မေမေ..
သားလဲကျသွားတိုင်းထူပေးခဲ့တယ် မေမေ...
သားဘ၀မှာနာကျင်စရာတွေတွေ့တိုင်းဘေးကနေအမြဲအားပေးခဲ့တယ် မေမေ........
သားကိုယဉ်ကျေးအောင်၊လူ့ကျင့်ဝတ်တွေသိအောင်၊အမြဲလိုဆုံးမပေးတယ်..မေမေ...
ချစ်ရပါသောမေမေ...
သားရဲ့လမင်းဟာကိုယ့်ပိုင်အလင်းရောင်နဲ့..
သားတစ်ယောက်တည်းအတွက်ထွန်းလင်းပေးနေတာ မေမေ...
သားရဲ့လမင်းဟာဘယ်သူများလဲ?..မေမေသိချင်နေပြီထင်တယ်..
မေမေ..အကြွင်းမဲ့ယုံကြည်လိုက်ပါ...
သားရဲ့လမင်းဟာမေမေပါ...
သားရဲ့ကိုယ်ပိုင်လမင်းချစ်ခြင်းတွေနဲ့မေမေပါ............
လူတိုင်းလူတိုင်းမိမိကိုယ်ပိုင်လမင်းရဲ့အေးမြခြင်းကိုနားလည်နိုင်ကြပါစေ...
လေးစားစွာနဲ့ rockking1111@gmail.com