Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

ဆရာစိုက်တဲ့ ကျောက်ကျေရွက်....

$
0
0

                         `` မင်းတို့ အားလုံးမှတ်ထား... ရုံးမှာ ဆေးလိပ်လုံးဝမသောက်ရဘူး.... ကွမ်းလုံးဝမစားရဘူး..... ဒါငါ့ဆန္ဒလဲဖြစ်တယ်

ဥပဒေလဲ ဖြစ်တယ်..  ဆေးလိပ်နဲ့ ဆေးရွက်ကြီး ဥပဒေလဲ တရားဝင်ပြဌာန်းထားပြီးသား..  အားလုံးနားလည်ရင် ဒီနေ့  အစည်းအဝေးက

ဒီလောက်ပဲ.. ဘာတင်ပြစရာ ရှိသေးလဲ..´´ စားပွဲကို လက်တစ်ဘက်ထောက်ရင်း ကျန်တဲ့ လက်တဘက်နဲ့ လက်ညှိုးတထောင်ထောင် ဖြင့်

ပြောနေသော အသစ်ပြောင်းရွှေ့ရောက်ရှိလာတဲ့ ညွှန်မှူးကို ကျွန်တော်တို့ အားလုံး ကြည့်နေရာမှ အဆုံးသတ်စကားကြောင့်..`` မရှိပါဘူး..

ဆရာ...´´ ဟု ပြိုင်တူ ပြောလိုက်ကြသည်......

                          ဤအဆုံးသတ် စကားမပြောမီ ဆေးလိပ်တိုများနှင့်ကွမ်းသွေးများစည်းမရှိကမ်းမရှိ ထွေးထား ပြစ်ထားတာ တွေ့လျှင်

သူ အလွန် စိတ်တိုကြောင်း.... ပညာတတ်များ ဖြစ်ခြင်းကြောင့် ရှည်ရှည်ဝေးဝေးလဲ မပြောလိုကြောင်း အစချီ၍ ဆေးလိပ်နှင့်ကွမ်းဆိုင်ရာ

ကျန်းမာရေးအခြေအနေများအား သုတေသနပြုထားသူ တစ်ဦးကဲ့သို့ မိနစ်(၄၀)ခန့် ဘိုလိုပင်ညှပ်၍ ညှပ်၍ ရှင်းပြသွားခဲ့သည်။

                         သူပြောတာလဲ မှန်ပါသည်.. သို့သော် ကျွန်တော်တို့ ရုံးဝန်ထမ်းတွေဆိုတာက ကွမ်းတော့တော်တော် စားဖြစ်ကြသည်

ထမင်းမစားရလဲ သိပ်ပြဿနာမရှိ  လ္ဘက်ရည်နှင့်  ကွမ်းလေးဖြင့် ခရီးဆက်သွား၍ရသည်.... အခုတော့  အမိန့်ထုတ်လာပြီ၊ သူပြောသည့် 

ဆေးလိပ်သောက်ခြင်းနှင့် ကွမ်းစားခြင်း၏အပြစ်များမှာ အမှန်များဖြစ်သည့်အပြင် ကျွန်တော်တို့လဲသိထားပြီးသားများ ဖြစ်ပါသည်။ 

                       လူကြီး အမိန့်ဆိုတော့လဲ မဖြစ်မနေလိုက်နာရမည်သာ ဖြစ်ပါသည်။ စစချင်းမှာတော့ ဆေးလိပ်နှင့် ကွမ်းပိုးတော်တော်

ဆိုးပါသည်... တစ်ချို့  ရုံးအပြင်ထွက်၍ ဆေးလိပ်သောက်ကြသည်...  ကွမ်းသမားများလဲ ဤနည်းအတိုင်း၊ တစ်ခုဆိုးသည်မှာ ဆေးလိပ်

သမားများ ဆေးလိပ် ပြတ်သွားသူလည်း ရှိသည်၊  တော်တော်လေးလျှော့သွားသူများလည်း ရှိသည်။  ကွမ်းသမားများတွင်လည်း ထိုနည်း

လည်းကောင်း၊ မဖြတ်နိုင်သူတွေ ကျန်နေကြသည်.....။ ဆေးလိပ်သမားနှင့် ကွမ်းသမားတွင် ကွမ်းသမားက ပို၍ ဒုက္ခရောက်သည်ဟု မြင်

တွေ့ရပါသည်။

                        ဤ အခြေအနေကို ညွှန်မှူးလဲ သိသည် ထင်သည်။  တစ်နေ့ ရုံးပိတ်ရက် စနေနေ့တစ်ရက်တွင် ညွှန်မှူး ရုံးသို့ရောက်

လာသည်..... သူ့နောက်တွင် စိုက်ပျိုးရေးသမား (၃/၄)ယောက်ခန့် ပါလာသည်၊  အစိမ်းရောင် ပင်စိမ်းရွက်လေးများနှင့် ဆင်ဆင်တူသည့်

ပင်စိမ်းထက်ကြီးသောအမျိုးအစား ပျိုးကိုင်းလေးများ ယူဆောင်လာကြသည်။

                         ထို့နောက် ကျွန်တော်တို့ ရုံးရှေ့တွင် စိုက်ခိုင်းပါတော့သည်.......  (၃)နာရီခန့်  သူ့စိတ်တိုင်းကျ  စိုက်ခိုင်းပြီးသော အခါ

ကျွန်တော်တို့ဘက်သို့ လှည့်၍ ``ဒါ ကျောက်ကျေရွက်လို့ ခေါ်တယ်ကွ.... ကွမ်းသမားတွေအတွက်ကောင်းတယ်.... ဒီအရွက်လေးတွေကို

ကြော်စားရင် ဟင်းနုနယ်လိုပဲ..... ဆီးအိမ်တို့ ကျောက်ကပ်တို့ထဲက  ကျောက်ကျေတယ် ကွ၊   ငါတားနေပေမဲ့ တစ်ချို့တွေ ခိုးပြီးကွမ်းစား

နေတာတွေ့လို့ .. နဲနဲ သက်သာတော့ နဲနဲ အသက်ပိုရှည်တာပေါ့ကွာ...´´တဲ့..... ကျွန်တော်တို့လဲ ဘာမှ ပြန်မပြောဖြစ်ပေမဲ့ သူ့ကိုလေးစား

စိတ်ကလေး ၀င်သွားမိတာတော့ အမှန်ပဲဖြစ်ပါသည်...။

                          ရုံးခန်းထဲရှိ သောက်ရေအိုးကိုလည်း အရှေ့သို့ ရွှေ့ခိုင်းသည်....  ရေသောက်ပြီး ရေခွက်ထဲမှ လက်ကျန်လေးများသွန်

လျှင် အပင်လေးများကို ရေလောင်းပြီးသားဖြစ်စေသည်ဟု.... ပြောခဲ့သည်။

                           အပင်လေးများ စိမ်းစိမ်းစိုလာသော အခါ... ကိုယ်တိုင်ပင် ခူး၍ ကွမ်းချိုးများကို ပေးသည်... ``ကြော်စားကွ..မင်းက

ချိုးကပ်နေပြီ..... အသက်ရှည်အောင်.......´´တဲ့လေ.......။

                           နောက်တော့ ညွှန်မှူး ပြောင်းသွားသည်.... သူသည် ကိုယ်တိုင်စည်းကမ်းရှိယုံမျှမက ငယ်သားများကိုလဲ စည်းကမ်း

ရှိမှ ကြိုက်သည်.....။ ကျန်းမာရေးမှအစ သာရေးနာရေး၊ အိမ်ထောင်ရေးအထိ တောက်လျှောက် စောင့်ကြည့်နိုင်သူလဲ ဖြစ်ပါသည်..

                          ငွေရေး ကြေးရေးမှအစ နှုတ်၏ စောင်မခြင်း၊ လက်၏စောင်မခြင်းဖြင့်  လက်အောက်ငယ်သားများကို  စောင့်ရှောက်

ခဲ့သူလည်း ဖြစ်ခဲ့ပါသည်။   လုပ်ငန်းခွင်တွင် အထက်အရာရှိတစ်ဦးထက်၊အစ်ကို တစ်ဦးနှင့်လည်းတူနေသည်.... အဖေတစ်ယောက်လိုလဲ

ဆက်ဆံ တတ်သည်။  သူပြောင်းသွားသောအခါ ကျွန်တော်တို့ ပျော်လိမ့်မည်ဟု ထင်ထားသော်လည်း သူ့ကိုမကြာမကြာ သတိရနေတတ်

ပါသည်.....။

                          တဖြည်းဖြည်းနှင့် ညွှန်မှူးပြောင်းသွားသည်မှာ တစ်နှစ်နီးပါးခန့် ရှိခဲ့ပြီ ဖြစ်ပါသည်.... တစ်ချို့လဲ ညွှန်မှူး ရှိစဉ်ကလို

ဆေးလိပ်နှင့် ကွမ်းကို ဖြတ်လိုက်ကြသည်၊ မပြတ်နိုင်သောသူများလည်း ယခင်လို သီးသန့် သတိထားစရာ မလိုတော့သဖြင့် ယခင်လိုပင်

ပြန်ဖြစ်သွားကြသည်။

                            ညွှန်မှူး စိုက်ပေးခဲ့သော ကျောက်ကျေရွက်ကလေးများမှာလည်း စားမည့်သူများ မရှိတော့..... စားမည့်သူ မရှိလျှင်

တော်သေးသည်...... ယခုတော့ ကျောက်ကျေရွက်ကလေးများ ကွမ်းသွေးလောင်နေကြပြီ ဖြစ်ပါသည်။

                           ရေအိုးစင်လေးတွင် ရေသောက်လျှင် ကွမ်းစားသူများကပလုပ်ကျင်းကြသည်၊  ထို့နောက်ကျောက်ကျေရွက်ပင်လေး

များပေါ်သို့ ထွေးထုပ်ကြသည်။ ကွမ်းစားသူများကလည်း ဖြတ်သွားဖြတ်လာကျောက်ကျေရွက်ပင်လေးများပေါ်သို့ကွမ်းသွေးထွေးကြသည်

ကြာလာတော့ ထုံးဓါတ်ပါသော....... မြေကြီး ဖြစ်လာသကဲ့သို့ ကျောက်ကျေရွက်ပင်လေးများလည်း ထုံးလောင်၊ ကွမ်းသွေးလောင်ကာ...

သေလုမျောပါးဖြစ်နေကြပြီ.........။

                             အပင်လေးများကို ကြည့်ရင်း ကျွန်တော် ညွှန်မှူးကို သတိရမိသည်......... ညွှန်မှူး ကျွန်တော်တို့ကို  သတိရသေး

ရဲ့လား..... နောက် ကွမ်းစားဆေးလိပ်သောက်သော တပြည့်များကို စိတ်ပူနေသေးလား၊ ယခုရောက်နေသော ရုံးတွင် တပြည့်အသစ်များ

အတွက် ကျောက်ကျေရွက်လေးများကို ကိုယ်တိုင် စိုက်ပျိုးပေးနိုင်သေးလား..... စသည်ဖြင့် အတွေးပေါင်းစုံသွားသည်.....။ ကျွန်တော်တို့

အတွက် ဆရာ စိုက်ပေးခဲ့သည့် ကျောက်ကျေရွက်အပင်လေးများကတော့ နောက်မကြာမှီ.......။

                             မနေ့ညက ကျွန်တော် ညွှန်မှူးကို အိပ်မက် မက်သည်.... ညွှန်မှူးသည်.... ပြုံးရွှင်စွာဖြင့် ကျောက်ကျေရွက်အပင်

လေးများကို ကိုယ်တိုင်စိုက်နေသည်ဟု.......... အိပ်မက်ထဲတွင်လည်း ကျွန်တော့်ကို စကားပြောခဲ့သည်.....``တကယ်လို့ ဆရာ ဒီတစ်ခါ

ပြောင်းသွားရင် ဒီအပင်လေးတွေကို မင်းဂရုစိုက်ပေးနော်... ကိုယ်စားစရာမလိုလဲ သူများစားတော့ ကုသိုလ်ရတာပေါ့ကွာ... ဒို့အားလုံးက

လုပ်ဖော် ကိုင်ဘက်တွေပဲလေ...... အချင်းချင်းတော့ တတ်နိုင်သလောက် စောင့်ရှောက်ရမယ်....´´ တဲ့။

                             ကျွန်တော် အိပ်မက်ထဲမှာ ပြုံးနေခဲ့လား မသိပေမဲ့ အိပ်မက်ကနိုးတော့ စဉ်းစားရင်း ပြုံးဖြစ်ခဲ့တယ်.``တကယ်တော့

အားလုံး သိသင့်တဲ့ အသိကိုယ်စီ ရှိနေခဲ့ ရင် အိပ်မက်ထဲအထိ လာပြီး ဆရာကိုယ်တိုင် ကျောက်ကျေရွက် အပင်လေးတွေစိုက်ပေးစရာလို

ပါဘူး.....´´လို့ စိတ်ထဲမှာ ဆရာ့ကို ပြန်ပြောလိုက်မိတယ်..... အသိတော့ ရှိကြပါတယ်... ဒါပေမဲ့ အမှန်တရားကို လက်မခံကြတာလို့တော့

ဆရာ့ကို ပြန်မပြောချင်တော့ပါဘူး....... ဆရာ စိတ်မောသွားမှာပေါ့.....။


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...