Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

တို တက်လာသောမြန်မာ့ယဉ်ကျေးမှု

$
0
0

လူတွေရဲ့သမိုင်းအစ ကမ္ဘာဦးတုန်းကကျောက်ခေတ်လူသားတွေဟာအ၀တ်မ၀တ်ဆင်ကြတော့ဘူး။ဒါပေမယ့်လူတွေရဲ့ဝသီအတိုင်းစူးစန်း
ရှာဖွေခဲ့ကြပြီး အသားတွေကိုမီးနဲ့ကင်ပြီးစားလို့ရတာ၊လက်နက်တွေသုံးလို့ရတာစတာတွေကိုရှာဖွေတွေ့ရှိပြီးအသိဥာဏ်တွေလည်းပိုမို
ရှိလာကြပါတယ်။အသိဥာဏ်ရင့်လာသည်နှင့်အမျှလူတွေကရှက်တတ်လာကြတယ်။ဒါကြောင့်မိမိရဲ့အရှက်တရားအတွက်အ၀တ်တွေဝတ်
ဆင်လာကြတယ်။အဲဒီခေတ်ကချည်မျှင်တွေမရှိသေးလို့ သားကောင်တွေရဲ့အရေခွံတွေကိုအ၀တ်အထည်အဖြစ်ဝတ်ဆင်ခဲ့ကြပါတယ်။
အဲလိုခေတ်တွေပြောင်းလာပြီးချည်ထည်၊ပိုးထည်၊နိုင်လွန်၊သိုးမွှေးစတဲ့ချည်မျှင်တွေပေါ်ပေါက်လာပြီးယဉ်ကျေးမှုတွေထွန်းကားလာခဲ့ပါတယ်
ကျွန်တော်မြန်မာ့ပြည်ဟာဆိုရင်လည်းယဉ်ကျေးမှုတွေတစ်ခေတ်ပြီးတစ်ခေတ်ထွန်းကားခဲ့ပါတယ်။ထိုင်မသိမ်း၊ရင်ဖုံး၊တောင်ရှည်ပုဆိုး၊
မောင့်ကျက်သရေခေါင်းပေါင်းတွေဝတ်ဆင်ရာမှ ခေတ်တွေပြောင်းလာပြီးရာသီဥတုနှင့်နေ့စဉ်လှုပ်ရှားသွားလာမှုအတွက်ဝတ်စားဆင်ယင်ပုံ
တွေပြောင်းလဲခဲ့ပါတယ်။ဒါပေမယ့် ကမ္ဘာမှာမြန်မဟေ့ လို့ကြွေးကျော်နိုင်အောင်ယဉ်ကျေးမှုထွန်းကားခဲ့ပါတယ်။

ယခုအချိန်မှာတော့မြန်မာလူမျိုးတွေဟာ ဒါမြန်မာလားလို့တောင်မေးယူနေကြပါပြီ။အမျိုးသားတွေဆိုရင်လည်း အိုပါးတွေကိုသဘောကြပြီး
မ၀တ် အင်္ကျီတွေလိုလို ကျားဝတ်လိုလိုတွေဝတ်ပြီး ယောက်ျားတို့ဖုန်းလက်ရုံးနဲ့ မိန်းမတို့ဖုန်းဆံထုံး ကိုမှာပြီးဆံပင်အရှည်တွေနှင့်ဖုန်းကံ
ကြီးသယောင်ပြုဆောင်နေကြပါတယ်။အမျိုးသမီးတွေဆိုရင်လည်း ရှေးမြန်မာအမျိုးသမီးတွေဟာခြေမျက်စိပေါ်မှာတောင်
ကြောက်ကြပါတယ်။ယခုအချိန်အခါမှာတော့မပေါ်မှာစိုးလို့အတင်းကာရောဝတ်ပြီးဖော်နေကြပါတယ်။အဲဒါမှလည်းခေတ်မှီတယ်လို့ထင်နေကြပါတယ်။

အမှန်တော့ကျွန်တော်ကတော့ ခေတ်မှီတာမဟုတ်ဘဲခေတ်နောက်ပြန်ဆွဲနေတယ်လို့မြင်ပါတယ်။ခေတ်နောက်ပြန်တာတောင်ရိုးရိုးခေတ် မဟုတ်ပါဘူး ကမ္ဘာဦးကရရာဝတ်ဆင်တဲ့ကျောက်ခေတ်ကလူတွေလို့မြင်ပါတယ်။မိတ်ဆွေတို့ကတော့ပြောကြမှာပဲ ၀တ်တော့ဘာဖြစ်လဲ။မင်းအပူပါလားပေါ့။
ဟုတ်ပါတယ် အဲလိုဝတ်တော့လည်းကျွန်တော်ကထိုင်ကြည့်နေယုံပါပဲ။ဒါပေမယ့် ကျွန်တော်တစ်ခုလောက်မေးကြည့်ခြင်ပါတယ်။
အဲဒါဘာယဉ်ကျေးမှုလဲလို့။မိတ်ဆွေက ဘာယဉ်ကျေးမှုဖြစ်ဖြစ်မင်းနဲ့ဆိုင်လားလို့ပြန်ပြောမယ်။မှန်ပါတယ် ဒါပေမယ့် ကျွန်တော်ကြားဖူးတယ် "မြေမြိုပြီးလူမျိုးမပျောက်လူမျိုးပျက်မှလူမျိုးပျောက်မည်" ကျွန်တော်တို့ကမြန်မာပြည်မှာနေတဲ့မြန်မာလူမျိုး
တွေပါ။မြန်မာလူမျိုးတွေဖြစ်တဲ့အတွက် လူမျိုးလို့ပြောလိုက်ရင်အားလုံးနဲ့ဆိုင်လာပါပြီ။ဒါကြောင့်ကျွန်တော်နေမထိထိုင်မသာ ၀င်ပြီးအာခြောင်ရတာပါ။ဒီအတိုင်းတာဆက်သွားနေမယ်ဆိုရင် ရှေ့လမယ်ဆယ်စုနှစ်တွေအတွင်းမှာမြန်မာ့ယဉ်ကျေးမှုဆိုတာသမိုင်းစာအုပ်တွေအထဲမှာပဲရှိတော့မယ်လို့ကျွန်တော်ထင်ပါတယ်။
ဒါကြောင့်မိတ်ဆွေတို့ ၀ံသာနု စိတ်ရှေ့ထားပြီးအတတ်နိုင်ဆုံးစောင့်ထိန်းကြမယ်ဆိုရင့် ကျွန်တော်တို့ ပုရိသတွေလည်း ငရဲကြီး
သက်သာပြီး မြန်မာ့ယဉ်ကျေးမှုလဲ တည်မြဲမယ်လို့ကျွန်တော်ထင်ပါတယ်။ယခုလို ကျွန်တော်ရဲ့အာခြောင်တာတွေကိုဖတ်ရှုပေး
တဲ့အတွက်ကျေးဇူးတင်ပါတယ်။


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>