Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

မွေးမေမေကျေးဇူးမေတ္တာဆပ်ဖူးစေချင်တာ(အမေများနေ့အမှတ်တရ)

$
0
0

ကျွန်တော်တို့ဗုဒ္ဓဘာသာဝင်တွေမြန်မာလူမျိုးများတွင်အနန္တောအနန္တငါးပါးရှိပါတယ်။ယင်းတို့အနက်မာတာပိတုဂုဏောအနန္တော  ဟူသော

မာတာမိခင်တို့သည်ဖ၀ါးလက်နှစ်လုံးပခုံးလက်နှစ်သစ်မှလူဖြစ်လာချိန်ထိရေလောင်းပေါင်းသင်မြေတောင်မြှောက်ပေးခဲ့သောမွေးမိခင်တို့

၏ကျေးဇူးကတုနှိုင်းမရကြီးမားလှပါတယ်။လူတိုင်းတွင်တကိုယ်ကောင်းဆန်မှုအတ္တစိတ်သည်ကိုယ်စီကိုယ်ငှရှိကြပါတယ်။ထိုအတ္တစိတ်ကြောင့်

ပဲအကျိုးလို့၍ညောင်ရေလောင်းဆိုသကဲ့သို့မိမိအကျိုးမရဘဲသူတစ်ပါးကိုကူညီဆောင်ရွက်လို့စိတ်မရှိကြပါ။ထိုလူများထဲတွင်ကျေးဇူးရှင်

မိခင်များမပါဝင်ပေ။မိခင်တို့ကသားသမီးတို့အတွက်ရေစုန်သကဲ့သို့မေတ္တာမျိုးဖြစ်ကြပါသည်။သားသမီးတို့ကမှုမိခင်တို့ကျေးဇူးကိုမေ့လျော့နေ

တတ်ပါသည်။ထိုကြောင့်ရေစုန်သာရှိ၍ရေဆန်မရှိသောမေတ္တာမျိုးကို့မိခင်မေတ္တာဟုခေါ်ပါတယ်။ကိုးလလွယ်ဆယ်လဖွားသည်အထိမိခင်တို့

သည်အသက်အန္တရာယ်နှင့်နီးစွာဖြင့်သားသမီးတို့ကို့မွေးကြပါတယ်။မည်သိုပင်အန္တရာယ်တွေကြုံရပါစေသားသမီးတို့၏မျက်နှာကိုမြင်ရလျှင်

ပဲသားတို့ရုပ်ရည်၊သီတာမည်သား၊ရေကြည်ချမ်းမြ၊တစ်ပေါက်ကျက၊မိဘတိုဝမ်းငြိမ်းစတမ်းဆိုသကဲ့သို့မိမိတို့ရင်ဆိုင်ရသောပင်ပန်းမှုများမှာ

ပိန်းကြာရွက်ပေါ်ရေမတင်သကဲ့သို့လျှောကျသွားပါတယ်။ထို့ကြောင့်မိခင်တို့၏ကျေးဇူးကို့ရှင်မဟာရဋ္ဌသာရက   ရှစ်သောင်းလေးထောင်

အမြင့်ဆောင်သား၊တောင်မြင်းမို၇်ရှိဂုဏ်ကြီးဘိသည်၊မွေးမိခင်ကျေးဇူးရှင်ဟုဆိုခဲ့ခြင်းဖြစ်သည်။ကျွန်ုပ်တို့မြန်မာနိုင်ငံသားတို့သည်မိခင်ကို

အမြတ်တနိုးတန်ဖိုးထားတတ်ကြပါသည်။ကျွန်ုပ်တို့မြန်မာနိုင်ငံကိုပင်အမိမြန်မာနိုင်ငံဟုခေါ်ဝေါ်ကြပါသည်။ထိုပြင်မိခင်နဲ့ဖခင်နှိုင်းယှဉ်ရာ

တွင်လည်း    မိတာပီတ   မိနှင့်ဖဟုမိခင်ကို့ရှေတန်းတင်၍ခိုင်းနှိုင်းကြပါတယ်။အဘယ်ကြောင့်ဆိုသော်မိဘတို့သည်သားသမီးတို့ကိုချစ်မြတ်

နိုးရာတွင်အတူတူဖြစ်သော်လည်းမိခင်နှင့်အနေများသောကြောင့်ပိုမိုခင်တွယ်ခြင်းဖြစ်သည်။မိခင်မေတ္တာကိုထင်ရှားစေသောသာဓက

တစ်ခုရှိခဲ့ပါသည်။၎င်းမှာဒုတိယကမ္ဘာစစ်အတွင်းမှာသူတောင်းစားမကြီးသည်မိမိသားငယ်ကိုဗုံးဆန်ထိမှန်မည်စိုး၍မိမိရင်ဖြင့်အပ်ကာ

အသက်ပေးခဲ့သည်ဟုစာအုပ်တစ်အုပ်တွင်ဖတ်ခဲ့ဘူးပါသည်။သူတောင်းစားမကြီးကဲ့သို့ပင်မိခင်တိုင်းထိုမေတ္တာမျိုးရှိကြပါတယ်။

ထို့ကြောင့်လောကသာရပျို့တွင်  လေးကျွန်းထိပ်ခေါင်၊မြင်းမိုရ်တောင်နှင့်ချိန်ဆောင်ခိုင်းနှိုင်းလည်းအတိုင်းမသိကျေးဇူးရှိသည်  ဟု

မိခင်မေတ္တာကိုဖွဲ့ဆိုခြင်းဖြစ်သည်။မိခင်တို့သည်သားသမီးတို့ပေါ်တွင်မကောင်းမှုမှန်သမျှတားဖြစ်၍လမ်းမှန်ရောက်အောင်လမ်းညွှန်ပြ

သပေးကြပါတယ်။ထို့ကြောင့်ပင်ပြင်သစ်စစ်ဘုရင်ကြီးနပိုလီယံက        ကလေးငယ်တစ်ယောက်၏အနာဂတ်ပန်းတိုင်သည်မိခင်တစ်ယောက်

၏ဗိသုကာလက်ရာဖြစ်၏ဆိုထားခဲ့ဘူးသည်။ကလေးငယ်တစ်ယောက်ကိုကြည်ခြင်းအားဖြင့်မိခင်အကျင့်သီလ၊သွန်သင်ဆုံးမမှုကိုသိရှိနိုင်

သည်။ထို့ကြောင့်ရဟူဒီလူမျိုးတို့ကဘုရားသခင်သည်နေရာတိုင်းမစံပယ်နိုင်သောကြောင့်မိခင်တိုကိုဖန်ဆင်းတော်မှု၏  ဟုဆိုထားကြပါတယ်

မိခင်မေတ္တာကြီးမားပုံကတော့ဘယ်အရာနဲ့မှခိုင်းနှိုင်း၍ရနိုင်မည်မထင်ပါ။ကျွန်ုပ်တို့ကိုးကွယ်သောယုံကြည်သောမြတ်စွာဘုရားတောင်မှမိခင်

ကျေးဇူးကို့ဆပ်ရာတွင်နို့တစ်လုံဖိုးတောင်မကျေဟုဆိုကြလျှင်ပုထုဇဉ်ဖြစ်ကြသောကျွန်တော်တို့အတွက်ကတော့နို့တစ်စက်ဖိုးကျေနိုင်ဖို့

ခဲယဉ်းလှပါတယ်။ကျွန်ုပ်တို့သည်မိခင်ကျေးဇူးမဆပ်နိုင်သည်တိုင်အောင်မိခင်တို့ကိုစိတ်ချမ်းသာအောင်ထားပြီးအမျိုးသားပညာဝန်ဦးဖိုးကျား

ရေးတဲ့မင်းကတော်ဝတ္ထုထဲ့ကညွှန့်မေလို့အမှားမျိုးမဖြစ်အောင်ရှောင်ကြဉ်သင့်ပါတယ်။မိခင်တို့၏မေတ္တာကြီးမားပုံကတော့ပြော၍မကုန်

နိုင်အောင်ရှိသည်။ထို့ကြောင့်ကျွန်ုပ်တို့သည်မည်သည့်အချိန်မှာပဲဖြစ်ဖြစ်မိခင်ကျေးဇူးအထူးသိတတ်၍တတ်စွမ်းသမျှဆပ်နိုင်ကြပါစေ

ဆုတောင်းပြုရင်းအမေ့များနေ့ကို့ဂုဏ်ပြုလိုက်ရပါတယ်။

                             အားလုံးကိုခင်မင်လေးစားလျှက်

                                     သန့်ဇင်ဦး


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...