အိမ်နဲ့ခွဲပြီး အလုပ်လုပ်နေရသည့် အချိန်မှ စပြီး အမေ့ကို ကျေးဇူးတွေ ပိုသိခဲ့ပါတယ်
အမေ ... လောကကြီးက သမီး ထင်သလို မလွယ်ကူဘူး အမေ..
အိမ်မှာ ဆိုးလို့ရပေမယ့် အလုပ်ထဲမှာ ဆိုးလို့မရမှန်းလည်း သိပါပြီ အမေ ..
အမေ့ ချက်တဲ့ ထမင်း/ဟင်း ကို ချေးများပြီး စားခဲ့တဲ့သမီး အခုတော့ အဆောင်ထမင်းကို ချေးမများရဲဘဲ စားနေရပြီ အမေ
အိမ်မှာ အဆင်ပြေပြီး အမေစိတ်ချမ်းသာအောင် ထားနိုင်တဲ့ သမီးတစ်ယောက်ဖြစ်ရပါလို၏
အမေ ကျန်းမာပါစေ ...