ိ
တချို့ကိစ္စတွေမှာ`ရဲ၇င်မင်းဖြစ်´ ဆိုတဲ့စကားဟာမှန်ရင်မှန်ပါလိမ့်မယ်။ ဒါပေမဲ့တချို့သောနေရာတွေမှာတော့ လူတစ် ယောက်ရဲ့ဂုဏ်သိက္ခာကိုအကြီးအကျယ် ဆုံးရှုံးစေနိုင်တယ်။ အထူးသဖြင့်အရှက်အကြောက်တရားကို လက်ကိုင်ထား တဲ့မြန်မာမိန်းကလေး တွေအနေနဲ့အထူးဂရုပြုသင့်ပါတယ်။
´ကျမ်းကြွံရင်နှုတ်လို့ရတယ်စကားကြွံရင်နှုတ်လို့မရဘူး´ဆိုတဲ့စကားအတိုင်း မိမိရဲ့စကားတစ်ခွန်းတိုင်းဟာ မိမိရဲ့ အ ဆင့် အတန်းကိုဖော်ပြနေသလိုပါပဲ။စကားပြောရဲတင်းပြီးကလက်တဲ့ မိန်းကလေးတွေကို ယောင်္ကျားလေးအများစုကတန်ဖိုးမထား တတ် ကြ ဘူး။ တချို့ မိန်းကလေးတွေကလည်း ကိုယ့်သိက္ခာကိုယ်မထောက် နည်းနည်းပေါ်ပြူလာဖြစ်တဲ့ကောင်လေးတွေကိုဆို အတင်း ၀င်ရော ချင်ကြ တယ်။အထူးသဖြင့်အခုခေတ်မှာဖြစ်နေတာက facebook, gtalk တို့ကနေမိန်းကလေးတွေဟာစကားပြော အရမ်းရဲ တင်းပြီး အရှက်တရား ကင်းမဲ့နေကြတယ်။ သူ့ကိုကိုယ်မတွေ့ဘူး ကိုယ့်ကိုသူမတွေ့ဘူး ဆိုပြီး မောင်ခေါ်တဲ့သူကခေါ်နဲ့ အရှက်တရားလုံးဝကင်း မဲ့ပြီး ကိုယ်ကို ကိုယ် မြန်မာမိန်းကလေးတစ်ယောက်ဆိုတာမေ့နေကြပြီ။
တစ်ခေတ်တစ်ခါက ရင်ဖုံးလက်ရှည်၊ချိတ်ထမီဝတ်ခဲ့ပေမယ့် အခုအချိန်မှာတော့ အလွန်ရှားသွားပါပြီ။ အနောက် တိုင်းရဲ့သရုပ်ပျက်ယဉ်ကျေးမှုတွေ ၀ါးမြိုခြင်းခံနေရတဲ့ ကျုပ်တို့နိုင်ငံအတွက်ဘာများလုပ်နိုင်မှာလဲ။ နိုင်ငံ့မျက်နှာဖုံးလို့ပြောရမယ့်သ ရုပ်ဆာင်အ နုပညာရှင်တွေကအစ လွဲနေမှတော့အတု ယူသူတွေ အနေနဲ့လမ်း လွဲနေတာ မထူး ဆန်းတော့ပါဘူး။
ဒီအကြောင်းတွေကို ကျွန်တော်စိတ်မှန်းနဲ့လျှောက်ရေးနေတာမဟုတ်ပါဘူး။ ဒီဆိုဒ်ထဲမှာပဲရှိတဲ့ကျွန်တော်သူငယ် ချင်းတစ်ယောက်ကိုယ်တိုင်ကြုံရတာပါ။ မိန်းကလေးတန်မဲ့ဗျာ ရိသဲ့သဲ့ ပြောလို့ပြောနဲ့ယောင်္ကျားတွေကိုဘာထင်နေလဲမသိဘူး။ တကယ် ပါနောင်ဆယ်စုနှစ်အနည်းငယ်ဆို ယောက်ျားလေးတွေကတောင် သူတို့ကိုပြန်ကြောက်ရမလားမသိဘူး။ဆရာလုပ်တာလဲမဟုတ်ပါဘူး။ ဆိုဒ်ထဲကကျွန်တော့်အမတွေညီမတွေကို တန်ဖိုးမဲ့တဲ့မိန်းကလေးတွေ မဖြစ်စေချင်တာအမှန်ပါ။ ကျွန်တော်အကြံပေးချင်တာကတော့ မိန်းကလေးတွေအနေနဲ့ လူ ကိုယ်တိုင်မတွေ့ရဘူးဆိုပြီး facebookတို့ gtalkတို့ ကနေစကားပြောမကလက်ကြပါနဲ့လို့။