Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

ပခုက္ကူ လူငယ်အားမာန် သမိုင်းတွင်အောင်. .. ကျန် (ကိုဇင်မင်းထွန်း)

$
0
0

ကျွန်တော် ပခုက္ကူ လူငယ်အားမာန် ပရဟိတ အဖွဲ့လေးကို လေးစား ၊ ချီးကျူး ၊ ဂုဏ်ယူ မိ သည့် အတွက်

ဤ စာလေးကို ရေးသားလိုက်သည်။ ကျွန်တော်သည် စာရေးစရာ တစ်ယောက်မဟုတ်ပါ ။ ရေးသားရာတွင် အားနည်းချက်ရှိပါက ခွင့်လွှတ်ပေးစေလိုပါသည်။

ကျွန်တော်ဟာ ပခုက္ကူ လူငယ့်အားမာန် အဖွဲ့ မှ အဖွဲ့ ၀င်တယောက် မဟုတ်သလို ပခုက္ကူသား စစ်စစ် တစ်ယောက်လည်းမဟုတ်ပါ။ ရေကြည်ရာ မြက်နုရာ အလုပ်လုပ်ရင်း လက်ရှိအချိန်မှာ ပခုက္ကူတွင် နေထိုင် နေသူ တစ်ဦးဖြစ်ပါတယ်။

ပခုက္ကူ လူငယ်အားမာန် အဖွဲ့လေး နှင့် ပါတ်သတ်ပြီး ကျွန်တော် တွေ့သမျှ ၊ မြင်သမျှ၊ ကြားသမျှ၊ သိသမျှ ကို မျှဝေ ပေးလိုသော ဆန္ဒဖြင့် တင်ပြရေးသားရခြင်းဖြစ်ပါသည်။

အဝေးရောက် ပခုက္ကူသူ/ ပခုက္ကူသားများ ကို ပခုက္ကူ လူငယ်အားမာန် ပရဟိတ အဖွဲ့လေး ဧ။် လုပ်ဆောင်ချက် တွေကို သိရှိစေရန်နှင့် လိုအပ်သလို ကူညီဆောင်ရွက် ပေးနိုင်စေရန် အသိပေး အကြောင်းကြား ရေးသား လိုက် ခြင်းလည်း ဖြစ်ပါသည်။

မြန်မာပြည်ဧ။် ပထမဦးဆုံး စံပြ လုပ်ငန်း တစ်ခု ကို ပခုက္ကူ လူငယ်များမှ ဦးဆောင် ဖော်ထုတ် ဆောင်ရွက် လိုက်ပါပြီ ။

စာပေဟောပြောပွဲ ခွင်ပြုမိန့် ရရှိရေး ခက်ခဲသည့် မကွေးတိုင်းမှ ပခုက္ကူမြို့ ကို ခွင့်ပြုမိန့် ရရှိအောင် သူတို့လေးတွေ အတော်ကို ကြိုးစားခဲ့ကြပါသည်။

““ မြို့နယ်မှ ခရိုင်၊ ခရိုင်မှ တိုင်း အဆင့်ဆင့်ပေါ့ဗျာ...””

““သူတို့တွေ လုပ်ဆောင်သော ရည်ရွယ်ချက်က ကောင်းတော့ အာဏာပိုင်လူကြီးတွေက ခွင့်ပြုပေးရတာပေါ့ဗျာ....။””

လူငယ်အားမာန် အမည်ဖြင့် ခေတ်ပညာတက် လူငယ်လေးတွေ ဦးဆောင်ပြီး ဆောင်ရွက်ကြတာပါ။ သူတို့လေးတွေမှာ ရံပုံငွေ မရှိပါ၊ ပြုလုပ်ချင်သော ပြင်းပြသည့် စိတ် ဆန္ဒ သာရှိကြပါဧ။် ။ စည်းလုံးညီညွတ်ကြပါသည်။ ဖြူစင်ရိုးသားကြပါသည်။ တက်ကြွစွာ ပူးပေါင်း ဆောင်ရွက်လိုကြပါသည်။

နောင်အနာဂါတ်တွင် ဒီမိုကရေစီအား အထောက်အပံပေးနိုင်သည့် အရပ်ဖက် လူအဖွဲ့ အစည်းများ ဖြစ်လာပြီး နိုင်ငံဧ။်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင် အားဖြည့်ဆောင်ရွက်နိုင်ရန် နှင့် လူငယ်တို့ဧ။် စွမ်းဆောင်ရည်ကို မြှင့်တင်အသုံးချပြီး၊ အလုပ်အကိုင်အခွင့်အလန်းများဖန်တီးကာ ဖွံ့ဖြိုးရေးလုပ်ငန်းများကို လုပ်ဆောင်သော အရပ်ဖက် လူ့အဖွဲ့အစည်း ဖြစ်လာစေရန် ရည်ရွယ်ပြီး လူငယ်တွေလုပ်ဆောင် လာကြတာကို ကျွန်တော်တို့ အားလုံးဝိုင်းဝန်း ကူညီ အားပေး သင့်ပါသည်ဟု တိုက်တွန်းချင်ပါသည်။

လာရောက် ဟောပြောမည့် ဆရာ/ဆရာမ များမှာ

၁။ ဆရာ ချစ်ဦးညို

၂။ ဆရာ အကြည်တော်

၃။ ဆရာမ သန်းမြင့်အောင် တို့ ဖြစ်ပါတယ်

နေရာကတော့- တိလောကရာမ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၊ အမှတ်(၃)ရပ်ကွက်၊ပခုက္ကူမြို့

အချိန်ကတော့- ပြခန်းများနဲ့ ပြဇတ်တင်ဆက်မှုကို ညနေ (43း0)နာရီမှ(63း0)နာရီအထိ ကျင်းပပြီး

စာပေ ဟောပြောပွဲကို ညနေ (63း0)မှ စတင် ကျင်းပမှာဖြစ်ပါသည်။

ပွဲစီစဉ်မှုထဲမှာ ထူးခြားချက် အနေဖြင့် ပြခန်း အစီစဉ်နှင့် လူငယ် တခန်းရပ် ပြဇာတ် အစီစဉ်တွေ ပါဝင်ပါသည်။

ပခုက္ကူ လူငယ်အားမာန် ပရဟိတ အဖွဲ့ ဟု အမည်ပေး ဆောင်ရွက်နေသော ပြခန်းအစီစဉ်များမှာ-

၁။ HIV/ AIDS ပြခန်း

၂။ သဘာဝပါတ်ဝန်းကျင် ပြုပြင်ထိန်းသိမ်းရေး ပြခန်း

၃။ စားသုံးသူ အခွင့် အရေး ပြခန်း

၎။ ရာသီဥတု တရားမျှတမှု ပြခန်း

၅။ မျိုးဆက်ပွား ကျမ်းမာရေး ပြခန်း

၆။ တန်ဖိုးရှိလှ လူပျို အပျို ဘ၀ ပြခန်း

စသည့် စုစုပေါင်း ပြခန်း (၆)ခန်း တို့ ဖြစ်ပါသည်။

ပြခန်းတစ်ခုခြင်း စီဧ။် အနက် အဓိပ္ပါယ် ဖွင့်ဆိုချက်ကို အထူး တင်ပြစရာတော့ မလိုတော့ပါဟု ကျွန်တော် အနေဖြင့် ထင်မြင်မိပါသည်။ ဤ လူငယ်များ ဧ။် ရည်ရွယ်ချက်နှင့် လုပ်ဆောင်ချက်များကို ကျွန်တော့ အနေဖြင့် မချီးကျူး ဘဲ မနေနိုင်တော့ပါ။ မျိုးစက်သစ် လူငယ်လေးများ အားကျ အတုယူ ဆက်လက် လုပ်ဆောင်နိုင်ရန် လူငယ်အားမာန် ပရဟိတအဖွဲ့ မှ ရှေ့ဆောင်လမ်းပြ ခြင်းဖြစ်ပါသည်။ လူကြီးများ အနေဖြင့် ဘေးမှ ရပ်ကြည့် မနေဘဲ ၀ိုင်းဝန်း ကူညီ ပူပေါင်းဆောင်ရွက် သင့်ပါသည်။

ပခုက္ကူ လူငယ်အားမာန် အဖွဲ့လေး ဖွဲ့စည်းပြီး ပရဟိတ လုပ်ငန်းများ စတင်ဆောင်ရွက် ပြုလုပ်ရန် ဦးဆောင်သော လူငယ်များ ကျွန်တော်ဆီကို လာကြပါသည်။ ကျွန်တော်က မအား အပြင်သွား၊ ခရီးထွက် စသည့် အကြောင်းအမျိုးမျိုးဖြင့် မတွေ့ ခဲ့ရပါ။ စေတနာမှန် ရည်ရွယ်ချက်ကောင်း ဖြင့် တက်ကြွစွာ ဆောင်ရွက်သော လူငယ် အဖွဲ့ ကို လိုအပ်သည့် ဘက်မှ တတ်နိုင်သလောက် အကူအညီပေးရန် ကျွန်တော်စိတ် မှာ ဆုံးဖြတ်ထားပါသည်။ ကျွန်တော်ကိုယ်တိုင်လည်း ပရဟိတ လုပ်ငန်းများမှာ နိုင်သလောက် ပါဝင်ကူညီဆောင်ရွက်နေသူ တစ်ဦး ဖြစ်ပါသည်။

လူငယ်အားမာန် ပရဟိတ လုပ်ငန်း ကို တစ်ဒေါင့် တစ်နေရာ ကူညီဆောင်ရွက်ပေးရန် ကျွန်တော်စိတ်မှာ ခိုင်းစရာမလိုဘဲ၊ အလိုလို ပေါ်ပေါက်လာပါသည် ။ 19-5-2012 ရက်နေ့ မှာ ကျွန်တော်တစ်ဦးတည်း အလှူခံ ထွက်ပြီး ကောက်ခံပေးခဲ့ရာ ၂၁၇၀၀၀ိ/ကျပ် ရခဲ့ပါသည် ။ ကျွန်တော်ကိုတိုင်လည်း ၅၀၀၀၀ိ/ကျပ် လှူ လိုက်ပါသည်။ လူငယ်အားမာန် ပရဟိတ အဖွဲ့ မှ ၄င်းနေ့တွင် မြို့မဈေးကြီး အတွင်း လက်ကမ်းကြော်ငြာ တွေ လိုက်ဝေရင်း အလှူခံ ထွက်ကြပါသည်။ ပြုလုပ်ချင်သော စိတ်ဆန္ဒရှိဘို့ဘဲ လိုတာပါ- ရံပုံငွေ မရှိလည်း အရေးမကြီးပါ။ ကြိုးစား အားထုတ်မှု ဧ။် ရလာဒ် အနေဖြင့် အချိန်တန်ရင် ပြည့်စုံ ပြီးမြောက် အောင်မြင်မည် မဟုတ်ပါလား။

နောက်ထပ် လေးစားစရာတစ်ခုရှိပါသည်။

ပခုက္ကူ လူငယ်အားမာန် အဖွဲ့ အကြောင်း လက်ကမ်းကြော်ငြာစာနှင့် လုပ်ဆောင်ချက် အကျဉ်း စာတိုလေး ကို ကျွန်တော်ဧ။် Facebook မှာ တင်လိုက်သည့် အခါ ၊ နေပြည်တော်ရောက် ပခုက္ကူ သားတစ်ယောက် ဖြစ်သည့်

မောင်နေသွေးစောနိုင် က ဘဏ်ကနေ အလှူငွေ ထည့်ချင်လို့ ဆိုပြီး ကျွန်တော်ကို ဆက်သွယ်လာပါသည် ။

အမှန်ပြောရရင် ကျွန်တော် အဲဒီ ညီလေးကို အပြင်မှာ မသိပါ။ Facebook တွင် ရင်းနှီးသော သူငယ်ချင်း တစ်ယောက် ဖြစ်ပါသည်။

သမိုင်းအစဉ်လာကြီးမားသော ပခုက္ကူ၊

ရာဇ၀င်များနှင့် ပခုက္ကူ၊

လူတော်လူကောင်းတွေ မွေးထုတ်ပေးနေသော မိခင် မြို့ ပခုက္ကူ ၊

ထူးချွန်ထက်မြက် ပညာတတ် တွေပေါ်ထွက်တဲ့ ပခုက္ကူ မြို့ မှ

လူငယ်အားမာန် ပရဟိတ အဖွဲ့လေးသည် ရေပေါ်ဆီလေးလို တစ်ပွဲတိုးပေါ်ထွက်ပြီး ၊ အချိန်တိုအတွင်း ပျောက်ကွယ်သွားမှာကို ကျွန်တော်အနေဖြင့် စိုးရိမ်ပူပန်မိတယ်သည် ။

ပခုက္ကူ လူငယ်အားမာန်ပရဟိတ အဖွဲ့ သမိုင်းတွင် ကျန်ရစ်အောင် ကနဦး အစပြု ကဗျည်း မော်ကွန်း

ရေးထိုးနေပါပြီ။ အနာဂါတ်အတွက် ဆက်လက် ရပ်တည်နိုင်ရန် နည်းလမ်း ရှာဖွေကြပါစို့ ။

အသင်းအဖွဲ့ တစ်ခု ဧ။် ရေရှည်ရပ်တည်နိုင် ဖို့ အရေးအကြီးဆုံး နှင့် အလို အပ်ဆုံး တစ်ခုဖြစ်သည့် ရန်ပုံငွေ ပြည့်စုံနိုင်ရန် မည်ကဲသို့ ရှာဖွေကြမည်နည်း ။ အသိတရားရှိ စွာ နှင့် ပခုက္ကူသား အားလုံး (အဝေးရောက်များ အပါအ၀င်) တာဝန်ကိုယ်စီ၊ မျှဝေ ထမ်းဆောင်လိုက်ရင် ဖြင့် ဖြစ်နိုင်ကောင်းပါရဲ့ ဟု ကျွန်တော် ပခုက္ကူသား မဟုတ်သည့် လူတစ်ယောက်အနေဖြင့် ဆောင်တွင်း မက်တဲ့ အိမ်မက် ရှည် တစ်ခုလို မက်ကြည့် လိုက်ဦးမယ်ဗျာ.........

ကိုဇင်မင်းထွန်းရေးသော ဆောင်းပါးကို ပြန်လည်မျှဝေပါသည်။


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...