27/5/2012နေ့ က ဂျိုဟိုး မှ ကျနော့် သူငယ်ချင်း နှစ်ယောက် မြန်မာသံရုံး ကို စာအုပ်ထုပ်ရန် KL ကိုရောက်လာကြ
ပါတယ် စာအုပ်ထုပ်ပြီး ဂျိုဟိုး ကိုအပြန်ဖို့  puduraya မှ bus ကားစီးပြီးပြန်ရန် လက်မှတ်ဝယ်ရာမှာ ဇေယျာမြန်မာစတိုးဆိုင်
အောက်မှာ လက်မှတ်များ အော်ပြီး ရောင်းနေတဲ့ သူစီက လက်မှတ်ဝယ်လိုက်ပြီး ကားစီရန် မေးတော့ လက်မှတ်ရောင်းသူက
bukit jalil မှ စီးရမှာဆိုပြီး သူ့ အစီစဉ်တိုင်း သွားရန်ပြောသည် နောက် ဖုန်းဆက်ပြီး ခဏမှာ ကား၁စီး ရောက်လာပြီး
သူငယ်ချင်း နှစ်ယောက်ကို တင်ပေးလိုက်သည် ကားသမား နှစ်ယောက်က အိန္ဒိယ နဲ့ မလေး ပါ ကျနော့် သူငယ်ချင်း
နှစ်ယောက် ဒီလိုနဲ့ လိုက်သွားပြီး တနေရာကို မောင်းသွားရင်း လမ်းမှာ ဓါးနဲ့ ထောက်ပြီး ဖုန်း နဲ့  ပိုက်ဆံ ကိုတောင်းတယ်
ရင်းဂစ် ၅၅၀ နဲ့ ဖုန်း နှစ်လုံးပေးလိုက်ရတယ်တဲ့။ ဒါကြောင့် သူငယ်ချင်းများ ကို အကြံပေးချင်တာက လက်မှတ်ဝယ်ရင်
pudu raya အတွင်းမှာ လက်မှတ်ရောင်း ကောင်တာ တွေရှိပါတယ် အဲဒီ ကောင်တာမှာ သွားဝယ်သင့်ပါတယ်
မလေး မှ သူငယ်ချင်းများ ကို သိရှိရန် အတွက် အခုလိုလေး ရေးတင်ပေးလိုက်တာပါ
အားလုံး ပျော်ရွှင်ချမ်းမြေ့ ကြပါစေလို့  သုတ ဆုတောင်းပေးလိုက်ပါတယ်
↧
မလေး မှ သူငယ်ချင်းများကို သတိပေးချင်လို့ ပါ
↧