Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

(( မင်းအတွက် ..ပေးမယ် ..…၁၅၀၀ ))

$
0
0

 

123Friendster.Com

123Friendster.com - More Hearts Comments


“ မမ ”
ကောင်လေးခေါ်သံပဲ …..စိတ်ထဲမှာသေချာနေမိသည် ။ ကောင်လေးရေ ….ဘယ်ကခေါ်နေတာလဲ ….
အမော တကော လိုက်ရှာမိတော့ …ကောင်လေးကို ရှာမတွေ့ခဲ့ပါ ။ အစအနောက်သန်တဲ့ ကောင်လေး …ကွယ်ရာက ရယ်နေမလား ။ ဒါပေမဲ့ ရင်ထဲမှာ ပူလောင်နေမိပါသည် ။ ခု ချိန် ကောင်လေး မျက်နှာကို …နည်းနည်းလေး ဖြစ်ဖြစ် မြင်လိုက်ရလျှင် ..အေးချမ်းသွားနိုင်မှာပါ ။
“ ကောင်လေးရေ ..ငါ့ ကို မနောက်ပါနဲ့ …ထွက်ခဲ့ပါ ..”
အော် ဟစ်ပြောနေပေမဲ့ …စကားလုံး ..တလုံးမှ ထွက်ကြမလာ ။ လူက ပြေးလွှား ရှာနေရတာ ..မောလှပါပြီ ။
အမြင်အာရုံတွေက လဲ ..ကောင်းစွာ မမြင်ရ …..အမှောင်ထုက … ပိုမို သိပ်သည်း လာပြီး …လူက လေဟာနယ်ထဲ မျောလွင့်လို့ လာပါတယ် ။ အမှောင်ထုက ….အားကုန် သုံး ပြီး ..ရုန်းထွက် ကြည့်မိတော့ ..
လူက ..၀ုန်းခနဲ…ထထိုင်မိရက်သား ။ အော် ….အိမ်မက် ….ပဲ ။


လူကမော ပန်းပြီး ..ချွေးစေးတွေ ပျံနေတာကြောင့် …ရေတခွက် မော့ သောက်လိုက်မိပါသည် ။ ရင်ထဲက ပူလောင်ခြင်းကို ..ခဏ မျှတော့ ..အေးချမ်းနိုင်စွမ်းပါသည် ။ ကောင်လေးတယောက် နေမကောင်းလို့ လား ..ဆိုတဲ့ အတွေးလေး ၀င်လာတော့ …ရင်ဘတ်ထဲက …အပူက ပြန်ဘည် ရုန်းကြွလာခဲ့ ပြန်ပါတယ် ။
အိပ်မရတော့တာ ကြောင့် …ကွန်ပြူတာရှေ့မှာထိုင် …ဂျီတော့ကို ဖွင့်ကြည့်မိပါတယ် ။ မေးတွေကို ..ပြန် ကြည့်ရင်း ….ကောင်လေး ပျောက်နေတာ …တစ်လ ပြည့်နေပြီပဲ ။ ကောင်လေး ပို့ ခဲ့တဲ့ ..မေးတွေကို …ပြန် ကြည့်ရင်း ….အတိတ်ကမ္ဘာ မှာ လွှင့်မျော လျှက် ….


ကောင်လေးက မှုံ. ထက် … ၂ နှစ်ငယ်ပါတယ် ။
“ မမ ”
“ ဘာ လဲ ကွာ ..”
“ မမက လဲ ..စိတ်တိုသံနဲ့ ..”
“ မတိုရအောင် ..ခေါ်ကြီ ..နေတာကိုး ”
ကောင်လေး က စိတ်ဆိုး သွားပုံ ရပါတယ် ။ ထပ်မခေါ်တော့ပါ ။


နောက်တနေ့ ….
“မမ”
“ ရှင် ”
“ အဲ့လိုမှပေါ့ ..”
“ အမယ် ..သူကပဲ ..”
“ :P ”
သူတော့မသိ …ကိုယ်ကတော့ ..ပြုံး လိုက်မိပါသည် ။ ချက်တင်ဆိုတာ ..ဒီလို လား ။ ဘာမှ မမြင်မတွေ့ရပေမဲ့ ..စိတ်ခံစားချက်ကို တော့ ပေးစွမ်းနိုင်ပါတယ် ။ အမှတ်တမဲ့ …ကြည်နူးမူလေးက …ရင်ထဲမသိမသာ နေရာ ယူသွားတာ မသိလိုက်ပါ ။


နောက်တနေ့ ….
“ မမ ”
“ မမ”
“ ဘာတုန်း ..”
“ ဟင်း ..ထူးပုံကလဲ ..”
“ မအားဘူးကွာ ..”
“ မမက ကျွန်တော် ခင်သလို မခင်ပါဘူး ..”
“ ခင်ပါတယ် ….ကောင်လေးရာ …”
“ ခင်တယ်သာ ဆိုတယ် ..စကားပြောချင်သလို မပြောချင်သလိုနဲ့ …”
“ ကဲ ..ပြောမယ်ကွာ ….ခေါ် ….ရ ပြီ ..တခါခေါ် ..၅၀၀ ကွာ ..”
“ အိုကေ ..ခေါ်မယ် ..စိတ် ကြိုက် .။ ”
“ မမ”
“မမ”
“မမ”
ဒီလိုနဲ့ …နေ့ပေါင်းများစွာ ဖြတ်ကျော်ရင်း …


“ မမ”
“ ရှင်”
“ အွန်လိုင်း အချစ်ဆိုတာ ယုံလား ဟင် ”
“ ယုံဘူး ”
ကောင်လေးထံမှ ..ဘာစကားမှ ထပ်မလာတော့ပါ ….
သူ ငြိမ်သွားတော့လဲ ..ကိုယ်က နေလို့ မရတော့ ပါ ။
“ ကောင်လေး ရေ ”
“ အယ် ..ထူးဘူးတော့ …ကောင်လေး ….ကြူနေတာလား …ခိခိ ”
“ မမနော် …ကျနော် အဲ့လို လူမျိုး မဟုတ်ဘူး …”
“ စတာပါကွာ .. ။ စိတ်ဆိုးပါနဲ့ ကောင်လေးရာ ”
ကောင်လေး …စိတ်ဆိုးသွားပါပြီ ။ off သွားသော ကောင်လေး အကောင့်ကို ..ငေးကြည့်ရင်း …ရင်ထဲမှာ မောပန်းနေမိသလိုပါပဲ ။ စိတ်မဆိုးပါနဲ့ ကောင်လေးရယ် …ငါ့ကို စကားအများကြီး ပြောလာအောင် မင်းစွမ်းဆောင်နိုင်ပါတယ် ။


အွန်လိုင်းပေါ်ရောက်တာနဲ့ …ကောင်လေး အကောင့်ကို ရှာ ကြည့်မိပါသည် ။ စကားမပြော ဖြစ်ခဲ့ရင်လဲ …ကောင်လေးအကောင့် အွန်လိုင်း မှာ ရှိနေရင်ပဲ ကျေနပ်မိနေပါသည် ။
ကောင်လေးသည် …မထင်မှတ်လောက်အောင်ပဲ ..စိတ်မှတ် ကြီးတဲ့သူတယောက်ပါပဲ ။ ကောင်လေးနဲ့ မှုံ ..စကားမပြောတာ သုံးရက် ပြည့်တော့မည် ။ စကားများလှတဲ့ ကောင်လေး …တကယ်ပဲ နေနိုင်လိုက်တာနော် ။ နောက်ဆုံးတော့ ..ကိုယ်က အကြီးဆိုတော့ အလျှော့ ပေးရမည်ပေါ့လေ ….
“ ကောင်လေး …”
“ ပျော်လိုက်တာ မမရယ် ။ မမခေါ်တာ ကို …ကျနော် ထိုင်စောင့်နေတာ …လွမ်းလွန်းလို့ သေတော့မယ် ”
အယ် …။ လွမ်းတယ်တဲ့ ။ ကောင်လေးစကားက …ဘယ်ကို ရောက် ကုန် ပြီလဲ ။ ဒါပေမဲ့ …ခုမှ ပြန်ခေါ်စမို့ …
“ အေးပါ ..ကောင်လေးရယ် ။ အမက အကြီးမို့ အလျှော့ ပေးပါတယ် ”
“ ကျနော်က ..မမကို ဘယ်တော့မှ အနိုင်မယူပါဘူး ။ အမြဲတမ်း နားလည်ပေးမဲ့ သူပါ ”
ကောင်လေးစကားက ….မှုံရင်ထဲကို ….ထုတ် ချင်းပေါက်ပါပဲ။ ကြည်နူး ခြင်းတွေ နဲ့ ပြုံးနေမိပါသည် ။
“ အေးပါ ။ အပြောကတော့ ကောင်းတယ် ”
“ အကောင်းပြောတာပါ မမရယ် ”
ကောင်လေးစကားတွေက …နားထဲကြားရတာ မဟုတ်ပေမဲ့ …စိတ်ထဲမှာ မေ့မရအောင်စွဲထင်နေတာ ဘာ ကြောင့်လဲ ။


နောက်တနေ့ ….
“ မမ ”
“ရှင့် ”
“တကယ်ပဲ ..အွန်လိုင်း အချစ်ကို မယုံဘူးလား..”
“ အင်းး ။…ကောင်လေးက တွေ့နေပြီလား ”
“ တွေ့ပြီလေ ။ သူ့ကို ကျနော် အရမ်းချစ်တယ် ”
“ ဘယ်လို ပြော ရမလဲကောင်လေးရယ် .။ ရိုးရိုးပဲ တွေး ကြည့်လေ။ မမြင်ဘူး ၊ မတွေ့ဘူးတဲ့ လူ တယောက်ကို ချစ်တယ် ဆိုတာ ဖြစ်နိုင်ပါ့မလား ။ အဲ့ဒီလူက ..ချစ်တယ် ပြော ရင်ရော ..ယုံစရာ ကောင်းပါ့မလား ”
ကောင်လေးက အတော် ကြာ ငြိမ်သက် သွားပြီး မှ …
“ အချစ်ဆိုတာ … လူချင်းတွေ့ ထိ ပြီး ခံစားရတာမှ မဟုတ်တာ ။ နှလုံးသားခြင်း ခံစားတာလေ ”
နှလုံးသားခြင်းတဲ့ ….မှုံ ..ပြန်ပြောစရာ အဖြေ မရှိအောင်ကို မှန်နေပါတယ် ။ ဒါပေမဲ့ ..လက်မခံချင်တဲ့ စိတ်ထဲက အတိုင်း …
“ ကောင်လေးက ..ငယ်သေးလို့ စိတ်ကူးရင်တာ နေမှာပါ ”
“ စိတ်ကူးရင်တာ မဟုတ်ဘူး မမ ။ ကျနော် တကယ် ခံစားနေရတာ ။ အဲ့ဒီအချစ်ကို ..ယုံ ကြည်လာအောင်ကျနော် စောင့်မယ် ။ ကျနော်မှာလဲ …သူ ..စိတ်ချမ်းသာအောင် ထားလောက်တဲ့ အနေအထားမရှိသေးဘူး ။ ဒါကြောင့် ကျနော်ရဲ့ အချစ်တွေကို ..ခဏ ..သိမ်းဆည်း ထားအုံးမယ် ။
ကျနော် အချစ်က …ခဏတာ မဟုတ်ပါဘူး …တသက်စာပါ မမရယ် ..”
ကောင်လေးရဲ့ စကားတွေက …. ကြည့်နူးခြင်းတွေ နဲ့ ၀မ်းနည်းစေပါသည် ။ အသိစိတ်က လက်မခံပေမဲ့ ။ ခံစားတတ်တဲ့ …နှလုံးသားလေးက တော့ … မျက်ရည်တွေနဲ့ ပြုံးပျော်နေလေရဲ့ …


အတိတ်က နိုးထလာခဲ့တော့ ….လွမ်းတဲ့ စိတ်က ပျောက်မသွားခဲ့ပါ ။ ရင်ထဲမှာ နင့်သီးစွာ …နေရာ ယူမြဲပါ ။
ကောင်လေးရက်စက်တယ်လို့ ..မပြောရက်ပါ ။ တနေ့ကို ..“ မမ ” လို့ သုံးခါ ခေါ်ခဲ့ ပြီး …မင်းပေးခဲ့တဲ့ ..၁၅၀၀ တွေက ..ရင်နဲ့ မဆံ့အောင်ပါ ကောင်လေးရယ် ။
အွန်လိုင်းအချစ်တဲ့ …တွေ့ထိမူမပါ ။ နှလုံးသား သက်သက်ဖြင့် …ခံစားတတ်ခဲ့ပါပြီ ။ နေ့တိုင်းရခဲ့ဘူးတဲ့ …၁၅၀၀ ..တွေကို ..တမ်းတရင်း …ပြန်ပေးဖို့ …၁၅၀၀ တွေက …နဲ့ စောင့်မျှော် လို့ နေတတ် ပြီ ကောင်လေးရေ ။ ရင်ထဲက စစ်မှန်တဲ့ ..ချစ် ခြင်းတွေကြောင့် တချိန်တော့ …ကောင်လေး ရောက်လာ မှာ သေချာပါတယ် ။ မင်းအတွက် ပေးမဲ့ ၁၅၀၀ တွေ နဲ့ ….အွန်လိုင်းကနေ နေ့တိုင်း စောင့်နေမှာပါ ကောင်လေးရယ် ….


ထိတွေ.မူ မပါ ….
နှလုံးသားဖြင့်သာ ခံစားပါ ….
မင်းအတွက် ….ပေးမယ် ၁၅၀၀ …

123Friendster.Com

123Friendster.com - More Hearts Comments


ခင်မင်လေးစားလျှက် …..
ဆန္ဒမွန် ဖြင့် ….
မှုံနံ.သာဖြူ …

Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>