ကျွန်တော်က ရုပ်ရှင်မင်းသားပါ။ ရုပ်ရှင်မင်းသားဆိုပေမဲ့ ပရိသတ်ကြီးရဲ့ လက်ခုပ်သံ
တွေနဲ့ အားပေးမှုတွေကို ရတဲ့မင်းသားမျိုးမဟုတ်ဘူး။ အသက်အပုတ်ကျွမ်းကျင်တဲ့အက်ရှင်
မင်းသားလည်း မဟုတ်ဘူး......။ ခေါင်းနည်းနည်းရှုပ်သွားပြီထင်ပါရဲ့..........။
ကျွန်တော် ဗီလိန်မင်းသားပါ။
ဗီလိန်ဆိုတာက သိတဲ့အတိုင်းပဲလေ။ သူ့ရဲ့ ကာရိုက်တာက ယုတ်မာကောက်ကျစ်တယ်။
မင်းသားနဲ့ မင်းသမီးကြားမှာ အချင်းချင်း အဆင်မပြေအောင် ရန်တိုက် ကုန်းချော
အထင်အမြင်တွေ လွဲမှားအောင် အမျိုးမျိုး ကြံဆောင် နှောင့်ယှက်ပြီး ဇာတ်ရှိန်မြင့်လာပြီး
ပရိသတ်ကြီး စိတ်ဝင်စားလာအောင် လုပ်ပေးရတဲ့ ဇာတ်ပို့ပါ။ ဇာတ်လမ်းမှာ မင်းသားနဲ့
မင်းသမီးက အဆင်ပြေနေရင် ရုပ်ရှင်ကကြည့်မကောင်းတော့ဘူးလေ။ လူ့စရိုက်ကို
ပေါ်လွင်အောင် ရိုက်ရတယ်ဆိုပေမဲ့လည်း ဇာတ်လမ်းကို ကြည့်နေရင်း ပရိသတ်ကြီး
မချင့်မရဲ ၊အားမလိုအားမရ ဖြစ်လာအောင် မင်းသာားနဲ့ မင်းသမီး အဆင်ပြေခါနီးမှ
ရန်တွေဖြစ် အထင်အမြင် လွဲအောင် အမျိုးမျိုး ချောက်တွန်းပြီး သရုပ်ဆောင်နေရတယ်လေ။
ကဲ ဒီရုပ်ရှင်ကြီးး ပိတ်သားပြင်ပေါ်မှာ ပြပြီးသွားတော့ ဘယ်သူတွေ ပရိသတ်ရဲ့
ရင်ထဲကို နေရာယူသွားလဲ??????????? ကျုပ်လား???????????
မဟုတ်ပါဘူးဗျာ။ မင်းသားနဲ့ မင်းသမီးပေါ့။ သူတို့နှစ်ယောက်ကသာ ပရိသတ်ရဲ့
မျက်ရည်တွေကို ချူယူသွားတာ။ ပရိသတ်ကသူတို့ကို သနား ။ ကျုပ်ကိုတော့ မုန်းတီးတာပေါ့။
အင်းပေါ့လေ။ ဒီဇာတ်လမ်းကြီးတစ်ခုလုံးမှာ သူတို့နှစ်ဦး မကွဲကွဲအောင် ခွဲ။ အဆင်မပြေအေင်
အမျိုးမျိုး လုပ်တဲ့ လူဆိုးကြီးကျွန်တော်ပေါ့။
နောက်ဆုံးတော့ ဇာတ်လမ်းအပြီး လက်ခုပ်သံတွေနဲ့ ပရိသတ်ရဲ့ရင်ထဲကို
အခိုင်အမာနေရာယူသွားတာ ဇာတ်ဆောင်မင်းသားနဲ့ မင်းသမီးလေ။ ဗီလိန် ကျွန်တော်.
မဟုတ်ဘူး။
ကျွန်တော်ဗီလိန်ပါ..............။ မှန်ပါတယ်။
လူတွေက ဗီလိန်ဆိုတာ နဲ့ အဆိုးမြင်နေကြတာပဲ။ ဗီလိန်တစ်ယောက်မှာလဲ
ဖြူစင်တဲ့ အသည်းနှလုံး ခံစားတတ်တဲ့ စိတ်ရှိပါသေးတယ်။
တကယ်ဝမ်းနည်းကြေကွဲမိပါတယ်။ .ရုပ်ရှင်ပိတ်သားပြင်ပေါ်မှာ ပရိသတ်ကြီးအတွက်
အကောင်းဆုံးဖြစ်အောင် ကပြအသုံးတော်ခံနေရတဲ့ ဗီလိန်ပါ။ တစ်ဆိတ်လောက်တော့
ပရိသတ်ကြီးရဲ့ လက်ခုပ်သံကို ကျွန်တော်အတွက် တစ်ခါလောက်ဖြစ်ဖြစ်ကြားခွင့်ရချင်ပါ
သေးတယ်။
ပရိသတ်ကြီးတို့ရေ ကျွန်တော့်လို အညတရ ဗီလိန်တစ်ယောက်ရဲ့ ဖြစ်ချင်တဲ့ဆန္ဒလေးကို
နည်းနည်းလောက် ခံစားငဲ့ညာပေးကြပါအုန်းလို့................
အမြဲတမ်း ဒုတိယနေရာမှာ
သရုပ်ဆောင်ရတဲ့ ဇာတ်ပို့မင်းသားပေမဲ့
ပရိသတ်အတွက် အကောင်းဆုံးဖန်တီးမှုတွေကို
ချပြချင်တဲ့ ဗီလိန်..................
ပိတ်သားပြင်ပေါ်မှာ
ကပြအသုံးတော်ခံ ဖျော်ဖြေခဲ့ပေမဲ့
လိုချင်ခဲ့တဲ့ ပရိသတ်ကြီးရဲ့
အားပေးလက်ခုပ်သံတွေကို မရရှိခဲ့တဲ့ ဗီလိန်........
ငါဟာ..........ဗီလိန်
ငါဟာ..........ဗီလိန်
ရုပ်ရှင်ဖန်သားပြင်ရဲ့နောက်ကွယ်က
ငါရဲ့ရိုးသားဖြူစင်မှုတွေ
ပရိသတ်ကြီးအတွက် အမြဲတမ်းပေးဆပ်နေမဲ့
ငါ့ရဲ့ အနုပညာတွေအတွက်
အားပေးတဲ့ လက်ခုပ်သံတစ်ချက်လောက်တော့
တိတ်တခိုးး မျှော်လင့်မိပါရဲ့.........................။
P.S/ ကိုယ်ရေးတတ်သလောက်လေးရေးထားတာပါ။
ဗီလိန်နေရာကနေ ခံစားပြီးရေးထားတာပါ။
ရှည်ရှည်ရေးမလို့ပါပဲ အချိန်မရတာနဲ့ ပိုစ့်ကအရမ်းတိုသွားတယ်။
စာရေးတဲ့အထဲ အမှားပါသွားရင် သည်းခံခွင့်လွှတ်ပေးကြပါ။