Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

မြန်မာနိုင်ငံပညာရေးနှင့် ကျားစီးဝါးစီးဖြစ်နေတဲ့ အတန်းပိုင်ဆရာမတေ

$
0
0

အခြေခံလူတန်းစာတွေသာအနေများတဲ့ မန္တလေးမြို့ ၂၆(ဘီ)လမ်းအနောက်ထိပ်၊အောင်မြေသာစံမြို့  နယ်မှာရှိတဲ့ အ.ထ.က(21)ကျောင်းက အတန်းပိုင်ဆရာမအချို့က သူတို့ကျူရှင်မနေပါက သူတို့တွင် အမှတ်(10)မှတ်(15)မှတ်ကို ချယ်လှယ်နိုင်ခွင့်ရှိသည်ဟု ကျောင်းများစတင်ဖွင့်လှစ်သောနေ့မှာပင် ကလေးငယ်များကို မှာလိုက်ကြောင်းသိရသည်။ နိုင်ငံတော်အစိုးရမှ ထောက်ပံ့ကြေးများပေးနေသော်ငြာ အတန်းပိုင်ဆရာမအချို့ ၏ ချိန်းခြောက်မှုကြောင့် ကျောင်းသားကျောင်းသူကလေးငယ်များမှာ ကြောက်လန့်လျက်ရှိကြောင်းသိရသည်။ အထူးသဖြင့် 21 ကျောင်းတွင်ရှိသော ဗိုလ်ကတော်ဆရာမ အတန်းပိုင်များက ပို၍ ဆိုးနေကြောင်းကျောင်းသားမိဘများထံမှသိရသည်။“ကျောင်းဖွင့်တာမှ တစ်ရက်ပဲရှိသေးတာ၊ အတန်းပိုင်ကျူရှင်မဖြစ်မနေယူကြရမယ်ဆိုတာက စလာတာပါပဲ။ ကျွန်မက မရမ်းခြံဆိပ်မှာ အကြော်ရောင်းရင်း သားငယ်ကို 21ကျောင်းမှာထားပါတယ်။ ကျူရှင်ထားဖို့ဆိုတာကျွန်မအတွက်မလွယ်ပါဘူး။ အခု သမီးအကြီးဆုံးက ဆယ်တန်း အငယ်ဆုံးသားလေးက 6တန်းလေ၊ သားငယ်ကို သူ့ အမကပဲ စာသင်ပေးနေတာပါ။ဘယ်ကျူရှင်မှာလည်းမထားပါဘူး” ဟု ကျောင်းသားမိဘတစ်ဦးကပြောပါသည်။ ကျောင်းစဖွင့်သောနေ့ကပင် 21 ကျောင်းမှ အတန်းပိုင်ဆရာမများက “မင်းတို့ မိဘတွေရဲ့  လုပ်ငန်းပေါ်မှာမူတည်ပြီး ဘက်စုံပြုပြင်ရေးအတွက်အလှူငွေထည်ရဦးမှာ” ဟုလည်းဆိုကြောင်း ကျောင်းသားတစ်ဦး၏ ပြောပြချက်အရသိရသည်။ ထိုကျောင်းမှ 10 တန်းကျောင်းသားတစ်ဦးက “သားတို့လည်းနှစ်စဉ် အိပ်သာဆောက်ဖို့ကအစ ပြုပြင်ဖို့ဆိုတာက တစ်မျိုးနှစ်စဉ်အလှူငွေထည့်ပေးခဲ့ရတာပါပဲ၊ဒါပေမယ့် ကျောင်အိမ်သာက သန့်ရှင်းမှုလည်းမရှိ၊ရေလည်းမရှိနဲ့ အပေါ့သွားဖို့တောင်ခဲယဉ်းပါတယ်၊ အိပ်သာနံ့ကဆိုးဝါးပါတယ်”ဟုပြောသည်။ ကျောင်းသားမိဘများမှာ ကျောင်းအပ်ချိန်သာ အများကြားကောင်းအောင်“အခမဲ့”ဟုဆိုသော်ငြား ကျောင်းဖွင့်ပြီးနောက် ဘာကြေး၊ညာကြေးဟု ခေါင်းစဉ်အမျိုးမျိုးတပ်၍ အလှူခံသည်ကိုလည်း ကျောင်းတွင်ပညာသင်ကြားနေသော မိမိ၏သားသမီးများကိုအငြိုးအတေးထားမည်ဆိုး၍ မဖြစ်မနေလှူခဲ့တာပါပဲဟု ကျောင်းသားမိဘများကပြောကြားသည်။ ၂၀၁၂ ခုနှစ်၊ ဇွန်(၁)ရက်၊သောကြာနေ့ ညနေပိုင်း က ၂၁ အ.ထ.က မှ ကျောင်းအုပ်ဆရာမကြီးက အတန်းပိုင်များကို အစည်းအဝေးခေါ်ယူကာ နိုင်ငံတော်မှ လစာ အပြင် ထောက်ပံ့ကြေးသုံးသောင်းပေးထားသောကြောင့် ကျောင်းဖွင့်စတွင် အတန်းပိုင်များက မိမိအတန်းထဲမှ ကျောင်းသားကျောင်းသူများကို ချက်ချင်းကျူရှင်မသင်ပဲ အခြေအနေအချိန်အခါစောင့်ပြီးမှ ဖွင့်လှစ်ကြဖို့ မှာကြား၍ အစည်းအဝေးတွင်ပြောကြားခဲ့ကြောင်းသိရသည်။ ကြည်သော်ကိုကို


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>