သူငယ်ချင်းတို့ရေ
ဘာမှတည်မြဲမှုမရှိတဲ့ လောကကြီးမှာ
မင်း................................ ဘယ်အရာကိုမှမတွယ်တာပါနဲ့
နေသလိုဖြစ်တဲ့ ဘ၀မှာ
မင်း.................................ဖြစ်သလိုမနေပါနဲ့
အချိန်နှင့် ဒီရေတောင် လူကိုမစောင့်သေးတာပဲ
မင်း ................................ဘာကိုထိုင်စောင့်နေမှာလဲ
လောကကြီးမှာ အမှားနဲ့အမှန်ဒွန်တွဲနေတာ
မင်း..................................ကိုယ့်ကိုယ်ကိုယ်မှန်တယ်လို့ယူဆလား
တစ်ခုခုလုပ်မယ်လို့ ဆုံးဖြတ်မိရင်
မင်း..................................ကိုယ့်ကိုယ်ကိုအရင်ဆုံးလေ့လာ
သူများကိုကဲ့ရဲ့ချင်ရင်
မင်း...................................ကိုယ့်ကိုယ်ကိုအမြဲတမ်းပြန်ကြည့်
သူများကို လက်ညှိုးတစ်ချောင်းထဲထိုးပေမဲ့
လက်လေးချောင်းက ကိုယ့်ကိုယ်ကိုအမြဲတမ်းထိုးနေတာဆိုတာကိုလည်းအမြဲတမ်းသတိရပါနော်
ဒီအရာလေးတွေက မင်းတို့ငါတို့ ဘ၀အတွက်
သင်ခန်းစာအပိုင်းအစလေးတွေပါ
သစ်ရွက်စိမ်း