သူငယ်ချင်းတို့ရေ ငါတို့ကို မွေးဖွားပေးခဲ့တဲ့ အမေဟာ ငါတို့ဘ၀အတွက်
တန်ဖိုးမဖြတ်နိုင်တဲ့အရာပါပဲလေ။
ငါတို့ကိုသန္ဒေရှိချိန်မှစပြီး မွေးဖွားလာချိန်အထိ အပင်ပန်းခံ
အနွံတာခံသူပဲလေ။
ငါတို့ဘ၀ သာယာလှပအောင် အမြဲသွင်သင်ဆုံး
လမ်းညွှန်ပေးသူပဲလေ။
ငါတို့အတွက်အရာရာကို ဦးစားပေးပြီးစဉ်းစားပေးစဉ်းစား
ဆုံးဖြတ်တတ်သူပဲလေ
လိမ္မာတဲ့သားသမီးမို့လို့လည်းအမေက ပိုမချစ်သလို
မိုက်တဲ့သားသမီးမို့လို့လည်းအမေက မေတ္တာမပျက်သူပါပဲလေ
ငါတို့အားလုံးသော သားသမီးတွေကို တန်းတူညီမျှ ချစ်တတ်တဲ့သူဟာ ငါတို့အားလုံးအတွက်
တန်ဖိုးမဖြတ်နိုင်တဲ့ ထာဝရ....အမေပါ။
သစ်ရွက်စိမ်း