သူငယ်ချင်းနစ်ယောက်ရန်သွားရန်ဆုံးဖြတ်လိုက်ကြသည်၊စာဂသည်ရွာမှာသာနေလေ့ရှိပြီးမြို့မရောက်ဖူး။
သူတို့နှစ်ယောက်သည်အသက်မပြည့်သေးသဖြင့် မှတ်ပုံတင် မရကြသေးပေ၊ ထောက်ခံစာလုပ်၍ ရွာနှင့်သာယာလှသည့်
တောင်တန်းကြီးကို ကျောပေးကာထွက်ခွာသွားကြသည်။ စာဂက သီဟကိုပြောသည် ။
ငါသဇင်ကိုသွားနုတ်ဆက်ချင်မိပါတယ်ကွာ ဒါပေမယ့် သဇင်နဲ့ငါကရည်းစားဆိုတာ သူ့ယောက်ကျားကသိတယ်လေ
ငါ့ကြာင့်သူတို့ကြားပြသနာပွားမှာကိုစိုးတယ်လေ။ သီဟက ၊မင်းမှန်ပါတယ်ကွာ သဇင်လည်းနားလည်မှာပါကွာ၊
သူတို့နှစ်ယောက်အဝေးပြေးကားဂိတ်ကိုရောက်သွားကြသည်။စာဂက သီဟကိုပြောသည် ၊ဟေ့သီဟ ဒီကလှည်းတွေက
နွားလည်းမပါလားကွ၊ သီဟက တိုးတိုးလေးကပ်၍စာဂကိုပြောသည်၊ စာဂ ဒါလှည်းမဟုပ်ဘူးကွ အဲဒါကိုကားလှိ့ခေါ်တယ် မှတ်ထားသိလား၊
စာဂက သိဘူးလေကွာ ငါကခုမှ မြို့ရောက်ဖူးတာ ဒါတွေကိုလည်းခုမှမြင်ဖူးတာလေကွာ၊
ကားလက်မှတ်ဝယ်ပြီးနစ်ယောက်သားကားထွက်မည့်အချိန်ကို စောင့်နေကြသည်။ ညနေ၆နာရီလည်းထိုးရော ၊
ကားစပယ်ရာက ရန်ကုန်သွားမယ့်သူတွေတက်လို့ရပါပြီ၊ စာဂနဲ့သီဟက ကားပေါ်တက်၍ မိမိတို့နေရာသို့ ဝင်ထိုင်လိုတ်ကြသည်။
စကားပြောမတတ်တဲ့ကားကြီးက ဒရိုင်ဘာ စေရာကိုဉီးတည်သွားနေသည်။ သံလွင်ဂိတ်လည်းရောက်ရော
စပယ်ရာကအသံကျယ်ကျယ်ဖြင့်ခရီးသည်တွေကိုပြောသည် ၊စစ်ဆေးရေးဂိတ်ရောက်ပါပြီး မိမိတို့မှတ်ပုံတင်များ ထောက်ခံစာများယူ၍
ခေတ္တလှမ်းဆင်းလျှောက်ပေးကြပါ၊ ခရီးသည်များနဲ့အတူ စာဂနှင့်သီဟ သည်လည်းလိုက်ဆင်းသွားကြသည်။ကားကြီးသည်
ရှေ့သို့တိုးကာခရီးသည်များကိုစောင့်နေသည်။တဉီးပြီးတဉီး မှတ်ပုံတင်ပြကာ သွားကြသည် သူတို့နှစ်ယောက်အလှည့်လည်းရောက်ရော
စစ်ဆေးရေးဂိတ်က အရာရှိတဉီးက ၊ဟေ့သီဟ မင်းရန်ကုန်သွားဉီးမလို့လားကွ ၊သီဟက ဟုပ်ဆရာကြီး ကျတော်နှစ်ယောက်သွားမှာပါ၊
အရာရှိကသီဟကိုအသာကပ်၍ပြောသည်၊သီဟရေ ပုံမှန်ပဲလုပ်လိုက်ပါကွာ၊ သီဟသည် အိတ်မှ ထောင်တန်
နှစ်ရွက်ထုတ်၍ပေးလိုက်သည်။စာဂက ဘာမျှမသိပွဲကြည့်ပရိတ်သတ်ဖြစ်နေရှာသည်။ ကားပေါ်လည်းရောက်ရော သိချင်နေသည့်
စာဂက သီဟကိုမေးသည် ၊သီဟ ဟိုအရာရှိကဘာပြောလို့ မင်းကပိုက်ဆံထုတ်ပေးရတာလဲ၊ သီဟက စာဂကိုပြောသည်၊ငါတို့မှာ
မှတ်ပုံတင်မရှိဘူးလေးကွာ ပုံမှန်လေးလုပ်လိုက်ဆိုတော့ ငါကပုံမှန်လေးပေးလိုက်တာ ဒီဂိတ်က ငါ့နဲ့ရင်းနီးနေလို့
တယောက်တထောင်ပဲပေးရတာ ရှေ့မှာ ၁၅၀၀ဂိတ်၊၂၀၀၀တန်ဂိတ် တွေကအများကြီ်းရှိသေးတယ် စာဂရ၊ စာဂက သီဟကိုပြောသည်
၊ဒီလိုမှန်းသိရင် ငါအစကရဲလုပ်ပါတယ်ကွာ လယ်မလုပ်ပါဘူး၊သီဟက ဘာဖြစ်လို့လဲကွ ၊ စာဂက သူတို့ကဝင်ငွေကောင်းတယ်လေကွာ
ဒို့တလရှာတာကိုသူတို့ကတစ်ညပဲရှာတယ်လေကွာ၊ ဟဟဟဟ၊ စာဂစကားကိုကြား၍ သီဟကရယ်သည်၊
ဂိတ်များစွာကိုအလူငွေထည့်၍စာဂနှင့်သီဟသည် ရန်ကုန်ကိုရောက်သွားသည်။မနက်အချိန်ဖြစ်၍ ရန်ကုန်ကားလမ်းပေါ်၌
ဆင်တူစုံညီကျောင်းသားများ၊ဝန်ထမ်းများ လူပေါင်းစုံနှင့်စီကားလှသည်၊လမ်းနှစ်ဖက်နစ်ချက်၌ ဆိုင်မျိုးစုံနှင့် လမ်းပေါ်၌
လှိုင်းကားများ၊တက်စီကားများ၊အိမ်စီးကားလှလေးများဖြင့် ရန်ကုန်မြို့ကြီးကားလှပလှသည်။ ဒါတွေမြင်၍ စာဂက၊ဟေ့သီဟ
ဒီမှာပွဲရှိလို့လားကွ၊ သီဟက ရန်ကုန်မရောက်ဖူးသေးသည့်စာဂကှိကြည့်၍ အနည်းငယ်ပြုံးကာပြောသည်၊မဟုပ်ဘူး
စာဂရ ရန်ကုန်ကဒီလိုပဲ မနက် ညနေ ဒီအချိန်နစ်ချိန်ဆိုအရမ်းစီကားတယ်လေ နောက်တော့
မင်းသိသွားမှာပါကွာ ဒီရန်ကုန်မြို့ကြီးက မင်းကိုအသိတွေ၊ဗဟုသုတတွေ အများကြီးပေးလိုက်မှာပါကွ။
စာဂဉီးလေးနဲ့ သီဟအမသည် တာမွေ ၌နေထိုင်ကြသည် ၊တခန်းနှင့်တခန်းသည် မဝေးလှ၊
သူတို့နှစ်ယောက်သည် တာမွေကိုရောက်တော့ သီဟက စာဂကိုသူ့ဉီးလေးအိမ်ကို အလျင်ပို့ပေးလိုက်သည်။
စာဂဉီးလေးက စာဂလာမည်ကိုသိနေသဖြင့် အဝ၌စောင့်ကြိုနေသည် စာဂဉီးလေးက
ဟေ့သီဟမင်းတို့ကနောက်ကျလှခြည်လားဟ ငါတူစာဂကို ဆိုက်ကားတိုက်နေလို့ကြာတယ်လို့ထင်နေတာကွ၊
စာဂဉီးလေးက နောက်ပြောင်ခြင်းနဲ့ကြိုဆိုလိုက်သည်။ သီဟက စာဂရေနောက်နေ့မှတွေ့မယ်နော်
ခုပင်ပမ်းတယ်ကွာ အနားယူလိုက်ဉီး၊ဆိုပြီးသီဟက သူ့အမအိမ်သို့ထွက်သွားလိုက်သည်။
၂လခန့်ကြာသော် စာဂသည် ရန်ကုန်ပါးဝသွားပြီဖြစ်သည်။စာဂသည်စာဖတ်ဝါသနာပါသူဖြစ်ရာ အမြဲလိုလိုပင
် သံယောဇဉ် ဆိုသည့်စာအုပ်ငှားဆိုင်၌စာအုပ်သွားငှားဖတ်လေ့ရှိသည် ။ တနေ့စာအုပ်ဆိုင်၌စာအုပ်ငှား၍အထွက် ၊ဖုတ်၊
လူတယောက်၌တိုက်မိကာ လက်ထဲစာအုပ်က အောက်ကိုခုန်ချသွားသည်။ကျသွားသည့်စာအုပ်ကို ပြန်အကောက်၊အား၊
ပြန်ကောက်ပေးသည့်ကောင်မလေးနှင့် ခေါင်းချင်းတိုက်မိသဖြင့် ပါစပ်နစ်ခုမှ နာကျင်သည့်အခါထွက်လာသည့်
စကားလုံးတစ်လုံးတည်းပြိုင်တူထွက်လာသည်။ စာဂသည် မျက်နာဝိုင်းဝိုင်းနဲ့ချိုချောကောင်မလေးကို ကြည့်မိသွားသည်
ဆုံမိသည့်အကြည့်လေးတချက်က ရပ် နေသည့်စာဂရင်ခုန်သံ တွေကို အသံပြန်မည်လာစေတယ်။
ဆောရီးနော်
အကို၊ကောင်မလေးရဲ့အသံတို့သည် ရေခဲတောင်မှလိမ့်ဆင်းလာသလားထင်ရတယ်အေးချမ်းလှသည်။
စာဂက ၊ရပါတယ် မတော်တဆတိုက်မိတာပဲရပါတယ်။ ဆိုပြီး ၃နဲ့၎လိုကျောခိုင်းကာ စာဂက ပြန်သွားလိုက်သည်။
နောက်တနေ့ ငှားထားသည့်စာအုပ်ကို သွားပြန်အပ်သည့်အချိန်၌ ညိုချောလေးနဲ့ချိန်းထားသလားအောက်မေ့ရသည်
တန်းတိုးကြတော့တာပဲ။ညိုချောလေးက အပြုံးလေးဖြင့်စာဂကိုကြိုဆိုလိုက်သည် စာဂကလည်းအလိုက်သင့်ပြန်ပြုံးလိုက်ကာ
ကောင်မလေးကို စပ်စုလိုက်သည်၊ ညီမ နာမည်ဘယ်လိုလဲဟင်။ကျမနာမည် ရှင်းပါ။ကောင်မလေးဖြေသည်၊
ကျတော့်နာမည်က စာဂပါ နောက်လည်းတွေ့ရင်ခေါ်ပါ၊နုတ်ဆက်ပါ၊သူငယ်ချင်းလိုသဘောထားပါ။
အရမ်းခင်ချင်နေသည့်စာဂ နုပ်မှစကားများသည် ပတီး ကြိုးပြတ်သလိုအဆက်မပြတ်ကျလာတော့သည်။
ရန်ကုန်သူရှင်းကလည်း ၊
ဟုပ်ကဲ့ပါ၊
စာဂစကားများကိုလက်ခံလိုက်သည်။ ရှင်း ပြန်တော့ စာဂက ရွှေရာဆိုသည့် ဆိုင်ရှင်မမကို မေးသည်
၊မမ ဒီကောင်မလေးဘယ်မှာနေလဲ သိလား၊ ရွှေရာက စာဂကို လက်ညိုးညွန်ပြလိုက်သည်
လက်ညိုးညွန်ရာကိုကြည့် သူ့ဉီးလေးအခန်းရဲ့ အောက်ထပ်မှာဖြစ်နေသည်။ နီးနီးနားနားလေးမှာပဲဆိုပြီး
စိတ်ကူးကာပီတိဖြာမိသွားသည်။ ရှင်းနဲ့စာဂ သည် လပေါင်းများစွာသံယောဇဉ်ဆိုင်မှာတွေ့ကြရင်းနဲ့ သံယောဇဉ်များက
သူတို့ရင်ထဲကိုနေရာယူလာကြသည်။တနေ့စာဂက ရှင်းကို သူ့ရင်ထဲက စကားကို ဖွင့်ပြောလိုက်သည် ၊ရှင်း ကျတော်ရှင်းကို
ရင်ထဲကစကားကို ရှင်းရှင်းပြောလို့ရမလားရှင်း၊ ရှင်းက ၊ဟုပ် ရှင်းရှင်းပြောပါ ရှင်းနားထောင်နေပါတယ်၊စာဂက
ရှင်းကိုကျတော်ရှင်းရှင်းလင်းလင်းလေးလေးနက်နက် ချစ်မိနေပြီရှင်းရယ်၊ ရှင်းက ၊
စာဂရဲ့အချစ်ကို ရှင်း ရှင်းလင်းစွာယုံကြည်ပါတယ် ဒါပေမယ့် လက်ခံလို့မရတော့ဘူးစာဂရဲ့ ၊ ကျေကွဲသံဖြင့်စာဂက
ဘာလို့လဲရှင်းလို့မေးလိုက်သည်၊ရှင်းက ရခိုင်ဗူးသီးတောင်က ရှင်းမိဘ သူငယ်ချင်းရဲ့သားနဲ့ ရှင်းက စေ့စပ်ထားပြီးပြီ စာဂ
ရှင်းကိုနားလည်ပေးပါနော်။ စာဂရဲ့ပါးစပ် မဟနိုင်တော့ မျက်လုံးတစုံ၌ မျက်ရည်များဝဲလာသည် သဇင်ကြောင့်
ကွဲခဲ့ရသည့်ဒဏ်ရာကမပြောက်သေး ဒဏ်ရာတခုက
ထပ်တိုးလာပြန်သည်၊စာဂသည်ရှင်းကိုနုတ်ဆက်၍ထွက်သွားသည်။ရှင်းသည်လည်းစာဂကိုချစ်မိနေသည် စာဂထွက်သွားသည်ကို
ငေးကြည့်ရင်း မျက်ရည်စက်များနဲ့၊ နုပ်ခမ်းလွှာလှလေးတစုံမှရင်ထဲကစကားများထွက်ကျလာသည်က၊စာဂရယ်
နှင့်ကိုငါအရမ်းချစ်ပါတယ်ဟာ ဒါပေမယ့် မလွန်ဆန်နိုင်တဲ့ အကြောင်းတရားတွေကြောင့်ပါစာဂရယ်၊၊၊၊ဆိုပြီးရှင်းပြန်သွားတော့သည် ။
စာဂက ရှင်းနှင့်ကိစ္စကို သီဟကိုအသိမပေးရသေး၊၊၊သူ့ရင်ထဲက ခံစားချက်ဗုံးတလုံးပြီးတလုံးကွဲနေသဖြင့် သီဟကိုဖွင့်ချပြရန်
တွေ့နေကျစားသောက်ဆိုင်ကိုတန်းသွားတော့သည်၊သီဟနဲ့တွေ့တော့ စာဂက ရှင်းနဲ့အကြောင်းကိုပြောပြသည်။
သီဟက၊မင်းဒီအကြောင်းငါ့ကိုခုမှဘာလို့ပြောတာလဲ ရှင်းမှာစေ့စပ်ထားသူရှိတယ်ဆိုတာ ငါသိတာပဲဟ၊၊၊၊၊ ခုမှတော့မထူးပါဘူး
ခံစားလက်စနဲ့ဆက်ခံစားလိုက်ပေါ့၊၊၊စာဂက အင် ဟုပ်တယ် ဒါငါညံ့လို့ပါပဲ၊အချစ်ကိုငါစိတ်ကုန်လာပြီးကွာ။သီဟက ၊မကုန်သေးနဲ့
ဟိုအရှေ့မှာတွေ့လား အရပ်ကခပ်မြင့်မြင့်၊အသားကဖြူဖြူ မျက်နာကသွယ်သွယ်နဲ့ အဲဒါက ငါ့ရည်းစားရဲ့ညီမလေ ၊
ကဲပြီတာလည်းပြီးပြီပေါ့ အိမ်မက်လိုပဲသဘောထားလိုက်ပါ၊မင်းနဲ့ရှင်းကရည်းစားမှမဖြစ်တာ
အဲလောက်လည်းခံစားစရာမလိုပါဘူးကွာ၊သီဟစကားများကြောင့် စာဂ ခေါင်းပြန်ထောင်လာသည် ၊
သီဟက လာ လာ မင်းကိုငါ့ခယ်မနဲ့မိတ်ဆက်ပေးမယ်သူ့နာမည် ရာရွှေတဲ့။ သီဟသည်စာဂလက်ကိုဆွဲ၍ရာရွှေဆီခေါ်သွားသည်