အဲ့တာနဲ့....................တစ်နေ့..........................
'' အိမ်ထဲလဲ ဘယ်သူမှ မရှိကြဘူးနဲ့တူပါတယ် တခါးကြီးလဲပွင့်လို့ ဟဲ့ ဟဲ့ အညာသူမ အိမ်ထဲမှာ ဘယ်သူမှမရှိကြဘူးလားဟဲ့''
ခေါ်သံတစ်ခုကြောင့် အိမ်ထဲမှ ပပ တစ်ယောက်ထွက်လာခဲ့သည်
'' ဟယ် အသန်း ဘယ်ကနေဘယ်လို ဘယ်လိုကနေဘယ် ပေါက်ချလာတာလဲ''
'' အမလေး အမလေး ညည်းတို့မန္တလေး ပူလိုက်တာအေ ရေတစ်ခွက်လောက်ပေးစမ်းပါအုံးဟယ် ''
'' ဟုတ်ပါပြီ အသန်းရယ်'' ရေသောက်ချင်သော အသန်းအတွက် သန်းထိုက်ရဲ့ ဇနီးမယားဖြစ်သူ ပပက အသန်းအတွက် ရေခဲသေတ္တာ ထဲမှ ရေးတစ်ဗူး ယူလာပေးလိုက်သည်
'' ဆိုပါအုံး အသန်းရယ် ဘယ်ကနေဘယ်လိုပေါက်ချလာတာလဲ''
'' ဘယ်ကနေဘယ်လို ပေါက်ချလာရမလဲ ဟဲ့ တောင်ပြုံးကနေ အပြန်ဝင်လာတာလေ ညည်းတို့တွေကလဲလေ နေ နေနိုင်လွန်းကြတယ် ရန်ကုန်လေးဘာလေး တစ်ခေါက်မှကိုလာမလည်ကြဘူး ''
'' အမလေး အသန်းရယ် ကိုယ့် ယောင်းမပဲ အမြဲသတိရပါတယ် အလုပ်တွေက မအားဘူးလေ ''
'' ပြောလိုက်ရင်ညည်းတို့ ဒီလိုကြီးပဲ ကဲ ထားလိုက်ပါတော့အေ''
'' ဟာ အကို အလည်လာတာလား''
'' ဟဲ့အကောင် သန်းထိုက် နင် ငါ့ကိုဘယ်လိုခေါ်လိုက်တယ် အမလေးလေးတော် နင်ဟာလေ နည်းနည်းလေးမှ ကို အမှတ်မရှိတဲ့အကောင် ငါ့ကိုအကိုလို့ မခေါ်နဲ့လို့ပြောထားတယ်လေ ''
'' ရောင် သွားလို့ပါဗျာ ''
'' အေး နောက် မရောင်စေနဲ့ ငါနင်တို့မန္တလေးကို ဝင်လာတာ အကြောင်းရှိလို့ဝင်လာတာ ''
'' ဘာ အကြောင်းလဲ အသန်းရဲ့ ပြောပါအုံး''
'' ဒီလိုအေ ညည်းတို့တွေ ကလေးမရကြဘူးမလား ''
'' အင်းဟုတ်တယ်လေ အဲ့တာဘာဖြစ်လို့လဲ အသန်းရဲ့''
'' အေး အဲ့တာ ငါပြောမလို့ပဲ ညည်းတို့တွေ ကိုတော်လေး ကိုတော်ကြီးတို့ဆီမှာ ကလေးတောင်းကြည့်ပါလား ရ ရင်ရနိုင်တယ်ဟဲ့ သူတို့ကိုနတ်ဆိုတော့ ကိုယ်တွေလို လူတွေထက် စွမ်းတာပေါ့ဟယ်''
'' ဟာ မလုပ်ပါရစေနဲ့ဗျာ ကျွန်တော်နတ်တွေဘာတွေ မယုံဘူးဆိုတာလဲ သိသိကြီးနဲ့ ဘာတွေလာပြောနေမှန်းကို မသိဘူး''
'' တောင်းပန်ပါတယ် ကိုတော်ကြီးကိုတော်လေး ဘုရား ဒီအမိုက်ကောင်က မသိလို့ပြောမိလိုက်တာပါ ဟဲ့ ကောင် နင်ဘယ်လိုပြောလိုက်တာလဲ ငါအခုလို ရွှေတွဲလွဲ ငွေတွဲလွဲနဲ့နေနိုင်တာ ကိုတော်တွေ မလို့ပေါ့ဟဲ့ နင်တို့မယုံကြည်ကြဘူး ဆိုရင်လဲ ပြီးတာပါပဲ ''
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
'' အဲ့သလို မြင့်ရေ ငါက ကိုတော်တို့ဆီမှာ သားသမီးတောင်းရင်ရတယ်လို့ ပြောတာကို ဟဲ့အကောင်သန်းထိုက်က ဘာဖြစ်တယ် ညာဖြစ်တယ်နဲ့ပြောတယ်လေ''
'' အော် အသန်းရယ် သူတို့က မယုံကြည်တော့လဲ ကိုယ်ကပြောပြနေတော့ အလည်ကားပဲလေ မဟုတ်ဘူးလား အခုဆိုကြည့်စမ်း မြင့်တို့အသန်းတို့ဆိုရင် လင်လဲရှိတာမဟုတ်ဘူး အခုလိုရွှေတွဲလွဲငွေတွဲလဲ နေနိုင်တာ ကိုတော်တွေမလို့ပေါ့ မဟုတ်ဘူးလား အဖွားကြီး''
'' ဘယ်လိုမေးလိုက်ပါလိမ့် မြင့်ရယ် ဟုတ်တာပေါ့ ''
'' အဲ့တာနဲ့ ဘာတွေဖြစ်ကြသေးလဲ ပြောပါအုံး မြင့်ရယ်''
'' အေးဆတ်ပြောမယ် အဖွားကြီး ကျုပ်လဲ ပြောရလွန်းလို့ အာတွေလဲခြောက်လာပြီ ရေးလေးသောက်လိုက်အုံးမယ် '' ဆိုပြီ စာပွဲပေါ်မှ ရေဗူးလေးအားဖန်ခွက်လေးထဲသို့ အနည်းငယ်ထည့်၍ မော့သောက်လိုက်သည်
'' အမလေး အခုမှပဲ အစဉ်ပြေသွားတော့တယ် မြင့်ရယ် ''
'' ကဲ ဒါဆိုဆတ်ပြော ''
အဲ့တာနဲ့ သူတို့တွေ......................................
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
'' ဟုတ်လို့လားဟယ် တကယ်ကော ဟုတ်လို့လား ရွှေစင်ရယ်''
'' ဟုတ်လို့ပြောတာပေါ့ ပပကလဲ ငါတို့အိမ်ဘေးနားက လင်မယားနှစ်ယောက်တောင် ကလေးမရလို့ အဲ့ရွာ လေးက ညောင်ပင်မှာ ရှိတဲ့ ရုပ်ကစိုးကိုသွား ဆုတောင်းတာ အမလေး အခု ကလေးတွေရလိုက်တာ ဘောလုံးတစ်သင်းစာတောင် ထောင်လို့ရတယ်''
'' တကယ် ''
'' တကယ်ပေါ့ဟ နင့်ကလဲ ငါ့ကိုနင့်ကို လိမ်ရမလား''
'' အေး အဲ့တာဆို ငါ ကိုသန်းထိုက် ကို အကျိုးအကြောင်း ပြောပြီး အဲ့ရွာလေးကို သွားအုံးမှပဲ''
'' အေးအေး သူငယ်ချင်း သွားလိုက်သွားလိုက် ''
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
'' အဲ့သလို မြင့်ရေ အဲ့ရွာလေးက ရုပ်ကစိုး က သားသမီးတွေ တောင်းရင်ပေးတယ် လို့ပြောပြီး ဒင်းတို့ လင်မယား ကလေးသွားတောင်းကြတယ်လေ ''
'' အော် အော် ''
'' ငါ့နတ်ကြတော့ အယုံအကြည် မရှိဘူး ရုပ်ကစိုး ကိုကြတော့ မယုံအကြည်ရှိပြီး သွားကြတာလေ''
'' အဲ့တနဲ့ ဘာဖြစ်ကြသေးလဲ ပြောပါအုံး အသန်းရယ်''
'' အေး အဲ့တာနဲ့ ရွာလေး ရောက်တော့..............................................
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
'' အရှင် ရုပ်ကစိုး နတ်မင်းကြီး ကျွန်မတို့ ဇနီးမောင်နှံ အိမ်ထောင်ကျတာ အချိန်ကြာမြင့်နေပါပြီ သားသမီးမဖြစ်ထွန်းလို့ သားသမီးတစ်ယောက်လောက် ပေးတော်မူပါ အရှင်ရုပ်ကစိုးနတ်မင်းကြီးရှင့်''
'' ဟေးဟေးဟေး ဒီမယ်နော် မိန်းမ ငါက သမီး လိုချင်တာ မဟုတ်ဘူး သားပဲလိုချင်တာကွ သားပဲပေးတော်မူပါ ရုပ်ကစိုးမင်း''
'' သားကိုပေးတော်မမူပါနဲ့ ရုပ်ကစိုးမင်း သမီး ပဲပေးတော်မူပါ ရုပ်ကစိုးမင်း''
'' ဟေး ဟေး ဟေး မင်းအဲ့လို မညစ်ပက်နဲ့ နော် ငါ့က သားပဲလိုချင်တာကွ သမီးမလိုချသ်ဘူး သမီးဆိုတာ ကြီးလာရင်မီးကွ အဲ့တော့ ငါနဲ့ သမီး မလိုချင်ဘူး သားပဲလိုချင်တာ''
'' ဘာဘာဘာ သမီးမိန်းကလေးမှ ကြီးလာရင် ကိုယ်တွေမိဘတွေကို ပြုစုစောင့်ရှောက်တာလေ ရှင်တို့လို ယောက်ျားတွေက ဘယ်နေရာကောင်းလို့လဲ အချိန်ပြည့်သောက်မယ် မူးမယ် ရစ်မယ် ဒါပဲလာမှာလေ အဲ့ကြောင့် ကျွန်မက သမီးမိန်းကလေးပဲ လိုချင်တာ ကျွန်မအတွက်လဲ အဖော်ရတယ် ရှင်းပြီလား ရုပ်ကစိုးမင်း သူပြောတဲ့စကားကို နားမယောင်ပါနဲ့ သမီးမိန်းကလေးပဲပေးတော်မူပါ ''
'' တောက် ဒီမိန်းမတော့လေ ''
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
'' အဲ့သလို အဲ့သလို မြင့်ရေ ရုပ်ကစိုးရှေ့မှာ ငါကသားလိုချင်တာ ငါကသမီးလိုချင်တာနဲ့လေ အငြင်းတွေပွားနေလိုက်ကြတာ အဖွားကြီးရယ် ''
'' အော် အဲ့လိုလဲ အပြစ်မပြောပါနဲ့ မြင့်ရယ် သူတို့တွေလဲ လိုချင်တာလေးတွေ ပြောကြတာပါ အဖွားကြီးရယ် မွေးလာတော့လဲ သမီးပဲ ဖြစ်ဖြစ် သားပဲဖြစ်ဖြစ် ချစ်ကြတာပဲလေ အဖွားကြီးရယ်''
'' အမလေး အဖွားကြီး ရှင်ထင်တာတွေ ရှောက်ပြောမနေနဲ့ မွေးလဲလာကော ကျုပ်ကို ပြသနာရှာတာလေ အဲ့အကောင် သန်းထိုက်က ပြောအုံးမယ် နားထောင်''
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
'' သားရေ သား ''
'' ရှမ် မေမေ သီးကိုခေါ်တာလား ''
'' ဘယ်လိုထူးလိုက်တာလဲ အာဂစိန် ရယ် နင့်အဖေကြားရင်သတ်လိမ့်မယ် ''
'' အို သတ်သတ်ပေါ့ သီးက လေးလေးသန်းတို့လို နတ်ကတော်ပဲ လုပ်ချင်တာ နတ်ကတော်လုပ်တော့ ဌက်ပျော်သီးလဲ အလည်ကားရတယ် အုန်းသီးလဲ အလည်ကားရတယ် ''
'' တော် တိတ် ဘာနတ်ကတော်လုပ်မှာလဲ နင်ကြီးလာရင် စစ်သားပဲ လုပ်ရမှာ ဘယ်နယ့်တော် ယောက်ျားလေးက ယောက်ျားလေးလို မနေဘူး ''
'' ဟင့် ဟင့် ဟင့် သီးက စစ်သားမလုပ်ချင်ပါဘူးဆို ဟင့်ဟင့် ဟင့် လေးလေးသန်းတို့လိုပဲ နတ်ကတော်လုပ်မှာပဲ ဟင့် ဟင့်ဟင့်''
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
'' အော် အသန်းရယ် တံငါ နားနီးတွငါ မုတ်ဆိုး နားနီး မုတ်ဆိုး ဆိုသလိုပေါ့ကွယ် အသန်း တို့ မြင့်တို့လို နတ်ကတော် ဖြစ်ချင်မှတော့ အမလေး အာဂစိန်ကို အသန်းက ဂုဏ်ယူရမှာလေ အဖွားကြီးရယ် ''
'' အမလေး တော်ပါတော်ပါ အဖွားကြီးရယ် ကလေးက အရွယ်ရောက်လာအတည်းက ဒို့လို ချောတကင်လေ ဖြစ်ချင်တာလေ အဲ့တာ သန်းထိုက်က ငါ့ကြောင့်ပါဆိုပြီ ငါ့ကို ပေါက်ပေါက်ဖောက်တော့တာပါပဲအေ''
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
'' ကျွန်တော်သား အခုလို ဖြစ်ရတာ အကိုကြောင့်လေ ''
'' ဟဲ့အကောင် ဘယ်လိုပြောလိုက်တာလဲ နင့်သားက မွေးကတည်းက ဒို့လို ဖြစ်နေတာ ရာရာစစအေ ငါ့ကို ပြသနာရှာလို့ ''
'' မဟုတ်လို့လား အကို ကအိမ်လာရင် နတ်ရုပ်တွေ နတ်ကတဲ့အဝတ်အစားတွေ ဝတ်ပြ ကပြတော့ ကလေးက အကိုတို့လို ဖြစ်ပြီပေါ့ ''
'' ဟဲ့ အကောင် နင့်စကားပြောတာကြည့်ပြောနော် ငါ့ကိုစောကားရင်စောကား ငါ့ ကိုတော်တွေကို မထိနဲ့ နင့်ကို ငါ့မောင်မလို့ ခွင့်လွတ်လိုက်တာ မှတ် တခြားလူဆိုရင် နင့်ကိုလေ အခုနေရာမှာတင် ပါးကျွတ်ကျွတ်ကျိုးအောင် ချပြစ်တယ် ဂံတူး တဲ့ ဟင်း အလံဖြူတော့ မပြဘူး ဘာမှတ်နေလဲ ပျားတုတ်တာထက်စိုးသွားမယ်''
'' အမလေး တော်ကြပါတော့ ရှင် ကဲ အသန်းလဲတော် ကိုသန်းထိုက်လဲတော် ကိုသန်းထိုက်ကလဲလေ ကိုယ့် အကို ကို ဒီလိုမပြောရဘူးလေ သူကခြောက်ချင်လို့ခြောက်နေတာကို ထားလိုက်ပါ''
'' ဘာပြောလိုက်တယ် အမလေး အမလေး ပပ ညည်းကပါ ငါ့ကို စောကားနေတာပေါ့လေ ဟုတ်လား''
'' မဟုတ်ရပါဘူး အသန်းရယ် စကားပြော လောသွားလို့ပါ တောင်းပန်ပါတယ် အသန်းရယ် ကဲဒေါသထွက်မနေနဲ့တော့ ''
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
'' အဲ့သလို မြင့်ရေ ငါ့ကို ပြသနာရှာကြတာလေ''
'' အေးလေ အသန်းပြောလဲ ပြောချင်စရာပဲလေ အမလေး မြင့်ကိုသာ အဲ့သလို လာပြောလို့ကတော့လား ဟင်း မောင်လဲ နားမလည်ဘူး ယောင်းမလဲနားမလည်ဘူး မီးပွင့်သွားမယ် ''
'' အမလေး မြင့်ရယ် ညည်းကလဲ ''
'' အဲ့တာနဲ့ ဘာတွေဖြစ်ကြသေးလဲဟယ် အဖွားကြီးရယ် ဆတ်ပြောပါအုံး''
'' အေး အဲ့တာနဲ့ .............................................
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
'' အော်စမ်း ငါဟေ့ယောက်ျား လို့ ''
'' ငါဟေ့ ယောက်ပြား '' မိန်းမသံလေးနဲ့အော်လိုက်သော အာဂစိတ်တစ်ယေက်အား အဖေလုပ်သူအား
'' ဒီမယ် ငါ့သား အဖေက သားကိုဘာလို့ အာဂစိန်လို့ နာမည်ပေးထားတာလဲ သိလား''
'' သီးက ဘယ်လိုလုပ်သိမှာလဲ ဖေဖေကလဲ ''
'' လာပြန်ပြီ ဒီသီးက သားလို့ပြောပါလို့ မင်းကိုငါ ဘယ်နှစ်ခါပြောရမလဲ ငါ့ရိုက်ရင်တော့နာတော့မယ် ဒီကောင်တော့ ''
'' သီးက သီးမလို့ သီး လို့ ပြောတဲ့ဟာတဲ့ဟာကို ဖေဖေကလေ သီးကို ဆို အမြဲ အဲ့လိုပြောတယ် လေးသန်းလာမှ တိုင်ပြောအုံးမယ် ဟင့်ဟင့်ဟင့်''
'' တော်ပါတော့ ကိုသန်းထိုက် ရယ် ရှင်ပြောနေလဲ အလည်ကားပဲ ဒီကလေးက ပြောင်းလဲလို့ရမှာ မဟုတ်ဘူး အဲ့တော့ သူ့လေးသန်းလို နေချင်တယ် ဆိုရင်လဲ လေးသန်းလိုပဲ ပေးနေလိုက်တော့တော်ရေ''
'' အော် ဒါနဲ့ သား သားကို မေမေပြောစရာရှိတယ် သားရဲ့ ''
'' ဟုတ် ''
'' သားက အခုဆိုရင် ၁၀နှစ်လဲကျော်သွားပြီ ဆိုတော့ သားကို မေမေနဲ့ဖေဖေက ကိုရင် ဝတ်ပေးမလို့ ကွဲ့သားရဲ့ ''
'' ဟင်း မေမေကလဲ သီးက ကိုရင် ဝတ်ချင်ပါဘူး သီလရှင်ပဲ ဝတ်ချင်တာ ''
'' ဘာသီလရှင်ဝတ်ချင်ရတာလဲ ယောက်ျားလေးက ကိုရင်ဝတ်ရမှာပေါ့ ဘယ်နဲ့တော် ငါ့ရိုက်ရင်တော့ နင့်အဖေထက်ဆိုးမယ်နော် ဟင်း''
ဘေးနားမှာ ထိုင်နေသော အဖေလုပ်သူက သတ်ပြင်းလေး တ ချ ချ နဲ့ ဟူးးးးးးးးးးးဖတ်တော့တာပါပဲကွယ်
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
'' အမလေး ငါ့ကိုဆို ပြောလိုက်တာမှ ရစရာကိုမရှိပါဘူး မြင့်ရယ် သန်းထိုက်လေ ငါ့ကိုစောကားတာ သူ့သားအဲ့လိုဖြစ်တာငါ့ကြောင်ဆိုပြီး ပြောလိုက်ဆိုလိုက်တာ တပြားမှကို မတန်ပါဘူး အဖွားကြီးရယ်''
'' အော် အသန်းရယ် ဟိုတုန်းကလဲ ခံနေကြပဲ ခံနေကျခြင်း အတူတူ ခံလက်စနဲ့ခံလိုက်ပေါ့ အဖွားကြီးရယ် ''
'' အဖွားကြီး တော်ဘယ်လိုပြောလိုက်တာလဲ ''
'' အော် အသန်းရယ် ကျုပ်က ရိုးရိုးပြောတာပါ ရှင် သိခံလက်စနြ့ သိခံလိုက်လို့ပြောတာပါ ကိုယ်မောင်တွေ ကိုယ်ယောင်းမတွေပဲလေ ''
'' စကားကို အနှောင်အသွားလွတ်အောင် ပြောပါအဖွားကြီးရယ်''
'' ဟုတ်ပါပြီ တော် ''
'' အဲ့တာနဲ့ လားရှိုးဘက်ကို အလုပ်ကိစ္စနဲ့သွားရင်း ကားမှောက်ပြီး လင်မယားနှစ်ယေက် တူတူဆုံးသွားပြီးတဲ့နောက်ပိုင်းမှာပဲ ငါ့ကပဲ ပြုစုစောင့်ရှောက်ထားရတာပေါ့ မြင့်ရယ် အေး သူ့သား အာဂစိန်က ဒို့လို အချောတကင်ဖြစ် တာ တရားခံက ငါမဟုတ်ဘူး မြင့်ရဲ့''
'' ဟယ် ဒါဆို ဘယ်သူလဲ မြင့်ရဲ့ ပြောပါအုံး ''
'' ရုပ်ကစိုး လေ''
'' ရုပ်ကစိုး တော်ကြီးကလဲလေ ဘာတွေလာပြောနေမှန်းလဲ မသိဘူး သူ့သား အချောတကင်ဖြစ်တာနဲ့ ရုပ်ကစိုးနဲ့ဘာဆိုင်လို့လဲ ''
'' ဆိုင်တာပေါ့ ဟဲ့ အဖွားကြီးရဲ့ ရုပ်ကစိုး ဆီမှာ ကလေးရဖို့အတွက် သွားတောင်းကြတာလေ မယားလုပ်သူက သမီးလိုချင်တယ် လင်လုပ်သူက သားလိုချင်တယ် အခု ရုပ်ကစိုးကပေးလိုက်တယ်လေ သားကောသမီးကော အခုဒို့လို ချောတကင်လေး ဖြစ်နေတာပေါ့ဟဲ့ အဖွားကြီးရဲ့ ''
'' ဟယ် ဟုတ်တယ်နော် ရုပ်ကစိုး က ဆုတောင်းပြည့်သားပဲ အဖွားကြီးရဲ့ ကျုပ်ကို နေရာပြောပြပါလား ကျုပ်လဲ သွားဆုတောင်းချင်လို့ပါတော်''
'' အဖွားကြီး ရှင်ကြီးက ဘာကိုဆုတောင်းမလို့လဲ ''
'' ဘာရယ် လို့တော့ မဟုတ် ပါဘူး အသန်းရယ် ယောက်ျားတစ်ယောက်လောက် လိုချင်လို့ သွားဆုတောင်းမလို့လေ ''
'' အဲ့တာ ပြောတာပေါ့ အဖွားကြီးတော်ဟာလေ ပြောရင်ပြောတယ်ဖြစ်အုံးမယ် ကျုပ်တို့လို အတုတွေကို ဘယ်အကောင်မှ စိတ်မဝင်စားဘူး စိတ်ဝင်စားတာ အစစ်တွေကိုပဲ စိတ်ဝင်စားတာ တော်က လင်ယူရအောင် တော့အသက်ကို ဆယ်ငါးနှစ် ထင်နေတာလား ''
'' အော် အဲ့လိုလဲ မထင်ပါဘူးအသန်းရယ် ''
'' ကန္နစီး လိုက်ကတုန်းကလဲ ဆိုင်းဝိုင်းထဲက နှဲမှုတ်တဲ့ ကောင် ဘာပါလိမ့် သူနာမည်တောင်ငါမေ့နေပါပြီ အော်သိပြီ တုတ်ကြီး သူနဲ့လဲ အီစီကလီ လုပ်ပြီး ဟိုအကောင်က တော့်ဆီက ရှိသမျှဟာတွေ မ သွားတာလေ အဲ့တာလဲ အမှတ်ဘူး ပြောရဲသေးတယ် ''
'' မပြောပါနဲ့တော့ အသန်းရယ် အဲ့ကောင်အကြောင်းကို တွေးမိတိုင်း ရင်နာလွန်းလို့ ငါ့ကို လုပ်သွားတာ မိုးကြိုးပစ်လို့မသေဘူး လျှပ်စီးလပ် လို့သေမဲ့အကောင် ''
'' အဖွားကြီး ဘာလုပ်သွားလို့လဲ ''
'' ငါ့ဆီက အတွင်း ပစ္စည်းတွေ အကုန်မသွားတယ်လေ လက်ကောက်အတုတွေကော အစစ်တွေကော နည်းနည်းလေးမှကို ခွင့်မလွတ်ဘူး အဲ့အကောင် တုတ်ကြီးကို ''
'' ပြီးခဲ့တာတွေလဲ ပြီးခဲ့ပါပြီ ပြောမနေနဲ့တော့ ဒါနဲ့ ရောက်ကတည်းက စကားပြောနေလို့ လာရင်းကိစ္စတောင် မမေးဖြစ်ဘူး ဘာအတွက်လာတာလဲ ပြောပါအုံး မြင့်ရယ်''
'' အေး ဟုတ်သား စကားကောင်းနေတာနဲ့ ဒီလိုအသန်းရေ အသန်းတို့အခုနေနေတဲ့ ရပ်ကွက်ရဲ့ အရှေ့ဘက် ရပ်ကွက်မှာ နတ်ကန္နား ပေးမလို့လေ အဲ့တာအဲ့တာ အသန်း ကိုမတွေ့တာလဲကြာပြီ ဆိုတော့ အသန်းတို့ အိမ်နဲ့လဲနီးတယ်ဆိုပြီး ဝင်လာတာလေ တော်က ပြောက်ချက်သားကောင်းနေတာကိုတော့ အဖွားကြီးရဲ့''
'' နတ်ကန္နား ပေးမယ်ဆိုတော့လဲ လာရမှာပေါ့ မြင့်ရယ် မြင့်တို့ အသန်းတို့က ငယ်ပေါင်းတွေပဲလေ''
'' ဟုတ်ပါပြီ အသန်းရယ် လာရင်လဲ အာဂစိန်လေး တစ်ယောက်ကိုလဲ ခေါ်ခဲ့အုံးနော် ''
'' အမလေး ပါမလာမှာကို မပူနဲ့ သူက ကိုယ်တွေထက်တောင် ပိုသေးတယ် မြင့်ရေ ''
'' အေးပါအေးပါ စကားလဲ ကောင်းနေလိုက်တာ ကျုပ်ပြန်တော့မယ် အဖွားကြီးရေ ကန္နား ရောက်မှပဲ တွေ့ကြတာပေါ့ ''
'' ကောင်းပါပြီတော်''
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
ဧည့်ခန်းထဲမှ စောင့်နေသော အသန်းတစ်ယောက် ဟိုရှောက် ဒီရှောက်နဲ့ ပါးစပ်ကလဲ ပွစိပွစိ နဲ့ လုပ်နေမိသည်
'' အဲ့တာတွေ ပြောတာပေါ့ အပြင်သွားမယ် ဆိုရင် ပြင်လို့ ဆင်လို့ ကိုမပြီးနိုင်ဘူး နေအုံး ငါတက်သွားမှ ပဲ ဖြစ်တော့မယ်'' ဟု ပြောဆိုကာ အာဂစိန် ရှိသော အိမ်အပေါ်ထပ်သို့ အသန်းတစ်ယောက် တက်သွားသည်
'' ဟဲ့ မယ်မင်းကြီးမ မျက်ခုံးမွေးဆွဲနေတာ ဒီနေ့ ပြီးကောပြီးမှာလား ဟိုမှာ ကန္နားပွဲက စနေပြီ မြန်မြန်လုပ်စမ်းပါအေ''
'' အို လေးလေးသန်းကလဲ များကိုဆိုရင် အပြစ်ပဲပြောနေတော့တာပဲ မျက်ခုံးမွေးဆွဲတယ်ဆိုတာ နှစ်ဖက်လုံးညီမှရတာ လေးသန်းဆိုကြည့်ပါလား တစ်ဖက်က မြင့် တစ်ဖက်က နိမ့်နဲ့ လှလဲ မလှဘူး အဲ့ကြောင် များက လှလှလေး လုပ်နေတာပါ လေးသန်းရယ် ခဏလေးနော် ပြီးရင်ဆင်းလာမယ်''
'' ပြောလိုက်ရင် အဲ့လိုကြီးပဲ ဆင်ချေ ဆင်လက် ဆင်တစ်ကောင်လုံးကို ပေးတော့တာပဲ မြန်မြန်လုပ် ငါအောက့်က စောင့်နေမယ် '' ဟုပြောဟု ဒေါသထွက်သောအသံဖြစ်ပြောပြီး အိမ်အောက်ထပ်သို့ ပြန်ဆင်းသွားလေသည် ''
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
'' အမလေး နော် လာပဲလာပါ့မလားလို့ မျှော်နေလိုက်ရတာ အခုမှပဲ ပေါ်လာတော့တယ် နော် အသန်းတို့များ''
'' ဒီမှာလေ လှအိုးကွဲ မ အလှပြင်နေတာ လေးသင်္ချေနဲ့ ကမ္ဘာ တစ်သိန်းတောင် တည်လို့ ရတယ် ပြီးမပြီးနိုင်ပါဘူးအေ ''
'' အော် အသန်းရယ် လှချင်တော့လဲ ပြင်မှာပေါ့ တော့ တော်တောင် ဒီလိုအရွယ်တုန်းက မပြင်ခဲ့ အဆင်ခဲ့လို့လား ကလေးကို အပြစ်ပြောမနေစမ်းပါနဲ့တော်''
'' ဟုတ်ပါ့ များကိုဆို အဲ့လေးသန်းက အရမ်းအဆိုးမြင်တာပဲ ''
'' လာလာ အထဲကို မန္တလေးက ကန္နားစီး မိမိုးတို့လဲ ရေက်နေတယ် ဒီနေ့ လူတွေစုံနေတာ အေ အသန်းရေ''
'' ဟယ် ပြောစရာကြီးပေါ့နော် များကတော့ တစ်ပွဲတလှမ်းလောက်တော့ ဝင်ကိုနွဲအုံးမှာ'' ဟုပြောလိုက်သော အာဂစိန်အား အသန်း၏လက်ကလေးဖြင့် ဗိုက်ခေါက်အား လိမ်ဆွဲလိုက်သည်
'' အိနြေ္ဒ နဲ့ နေစမ်း စပ်စလူး ထမနေနဲ့ ''
နတ်ကန္နား ပေးနေသော မဏ္ဍပ်ထဲမှ ထွက်ပေါ်လာသော တီးဝိုင်းသံမှာ အာဂစိန်အား မြူစွယ်နေသကဲ့သို့ ဖြစ်နေ၍ မဏ္ဍပ်ထဲမှာ ရှိနေသော နတ်ကတော်တွေနဲ့အတူ လေးလေးသန်းအပါအဝင် အာဂစိတ်တစ်ယောက် နတ်ကတော်တွေနဲ့ အတူ မြူးတူးစွား ကခုန်ရင်းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
PပါP
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
မိတ်ဆွေသူငယ်ချင်းများအားလုံးအား အစဉ်ထာဝရ ချစ်ခင်လေးစားလျှက်
...............................................................................................................
ကြိုးစားပါအုံးမည်
ရဲရင့်ရထာ