Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

ကျွှန်တော်နှင့်ဆုံမှတ်များး

$
0
0

                       ရွှေမြို့တော်မှ အက်မင်တယောက်ရဲ့ဖြစ်ရပ်မှန်ဇတ်လမ်းး

                                     { ကျွှန်တော် နှင့် ဆုံ မှတ်များး }

 

အချစ်ဆိုတာ ဆန်းးကြယ်တယ်ဗျ.. လူတယောက်ကို ပြောင်းလဲ သွားးစေတယ်…. ဆုံမှတ်တွေများးနဲ့ ကျွှန်တော်လဲ ပြောင်းလဲ သွားးတာကြာခဲ့ပါပြီ….ခုချိန်မှာဒီအကြောင်းတွေ စဉ်းစားမိရင် ရီချင်မိတယ်ဗျာ….

ဆုံမှတ်(၁)….

တော်တော် ပျော်စရာကောင်းးတဲ့ ဘဝလေးးတခု ကို ပိုင်ဆိုင်နေတဲ့ အချိန်ပေါ့… ကျောင်းသားဘဝဆို တာ အင်မတန်မှ ပျော်ဖို့ ကောင်းးပါတယ်..ရည်းစားလဲမထားးတတ်ခဲ့ပါဘူးး…ကျွှန်တော့ အိမ်က စီးပွါးရေးးအဆင်မပြေတော့ ကျောင်းတက်ဖို့စရိတ် ကို ကိုယ့် ဟာ ကို ရှာရာကနေကျွှန်တော် ပိုက်ဆံရှာတတ်သွားခဲ့တယ်..ပိုက်ဆံရှာရင်းနဲ့ ကျောင်းးသားဘဝကို ကျွှန်တော့ တသက်ဘယ်တော့ မှမမေ့ နိုင်ပါဘူး…ကျွှန်တော့ မှာ အပေါင်းးအသင်းးနဲတယ်.. လူ တိုင်းးနဲ့ သိပ်မပေါင်းးတာကတော့ စရိုက်ချင်းးမတူကြ တဲ့လူတွေနဲ့ အန်ဝင်ခွင်ကျမဖြစ်လို့ပါပဲ.. ယနေ့ အချိန်ထိကျောင်းတုန်းကမေ့မရတဲ့ သူငယ်ချင်းများရှိဆဲပါ..ခုတော့သူတို့မိသားးစုလေးးနဲ့သူတို့ပေါ့.. ခုချိန်ထိ တယောက်ထဲ နေနေတဲ့ ကျွှန်တော့ မှာတော့….. ဆယ်တန်းး စတက်တဲ့နေ့ ကတွေ့ခဲ့ တာပါ..အပြုံးလေးးကတော့ လှတယ်ဗျ..တခန်းးထဲပါပဲ.. အသစ်စပြောင်းးလာတာ ဆိုတော့ စိတ်ဝင်စားးတဲ့လူကလဲ များးတယ်ဗျ..အမှန်တိုင်းးပြောရရင် ကျွှန်တော်လဲ စိတ်ဝင်စားးပါတယ်.. အတန်းခေါင်းဆောင် ဆို တော့ သိက္ခါလေးးထိန်းးထားပြီးးမသိသလိုနေခဲ့တယ်…နာမည်

လေးက ဖြိုးဝေကျော် နာမည်လေးးကတော့ မလှဘူးး လူကတော့ ခုခေတ်စကားးနဲ့ ပြောရရင် လန်းးတယ်ပေါ့ဗျာ …ကျွှန်တော်က ကျောင်းမှာတီးဝိုင်းလေးဘော်ဒါတွေနဲ့ လုပ်တယ်ဗျ… တနေ့တီးဝိုင်းခန်းးထဲသူရောက်လာတယ်ကျွှန်တော့ ကို လာရှာတာတဲ့ သီချင်းတိုက်နေတဲ့ဘော်ဒါတွေ ကပြောတယ်.. အပြင်သွားးတယ်ပေါ့ သူစောင့် နေတယ် တညနေလုံးးပါပဲ… ကျောင်းမိတ်ဆုံစားပွဲအတွက် ကျွှန်တော်က အလုပ်ရှုပ်နေလို့ မရောက်ဖြစ်လိုက်ဘူးး..နောက်နေ့ ကျောင်းပြန်တက်တော့ ကျွှန်တော်ကအခန်းထဲမှာမရှိဘူးလေ..သီချင်းးတိုက်နေတာကိုးး..သူလိုက်လာတယ်..ကျွှန်တော့ကိုလူတော် တော်များများက ငမင်း လို့ခေါ်တာများတယ်ဗျ..သူခေါ်လိုက်ပုံလေးက ဆန်းတယ်ကျွှန်တော့ အတွက်ပေါ့ ကိုမင်း တဲ့ သူသီချင်းးတပုဒ်လောက် ဆို ချင်လို့ပါတဲ့ ကြောင်အ နေတဲ့ ကျွှန်တော် ဘာပြန်ပြောရမှန်းမသိဘူးး ကျွှန်တော်လဲရှက်ကိုးရှက်ကန်းနဲ့သီချင်းနုတ်စာရွက်ကိုတောင်းးလိုက်တယ်..ရင်တွေတော့ တော်တော်ခုန်နေတယ် ..ဒါကျွှန်တော့ ဘဝမှာပထမဆုံးပဲ ကို စိတ်ဝင်စားနေတဲ့ကောင်မလေးနဲ့၂ယောက် တူတူစကားပြောမိတာပါ..သူဆိုမယ်သီချင်းလေးကလဲ ခုခေတ်စကားနဲ့ပြောရရင်နဲနဲတော့ လန်းတယ်ဗျ… မေဆွိ ဆိုထားးတဲ့ လေစိမ်းတွေတိုက်နေတယ် ဆိုတဲ့ သီချင်းလေးပါ.. တီးဝိုင်းတိုက်ပြီး သူ အဆင်ပြေသွားးပါတယ်.. ခင်မင်မှုတွေကကျွှန်တော့ အပေါ်ပိုလာတယ်ပဲဆိုပါတော့..မိတ်ဆုံစားပွဲညသူသီချင်း ဆိုတော့ကျွှန်တော်က အသံထိန်းရတယ်လေ.. ဘော်ဒါတွေစတော့ကျွှန်တော်တကယ်ရှက်မိပါတယ်သူကတော့ ဘယ်လိုနေမလဲကျွှန်တော်မသိဘူး..ကျွှန်တော် အိမ်နဲ့ကျောင်းကတော်တော်ဝေးးတယ်ဗျ.. ကျွှန်တော်ကျောင်း လာရင်ထမင်းဘူးတခါမှမပါဘူးဘော်ဒါတွေအိမ်မှာစားရင်စားမစားရင် ဝယ်စားတာများပါတယ်..

ကျောင်းဆင်းချိန် ဆိုသူကျွှန်တော်ရှိတဲ့ နေရာတွေလာတယ်ဗျ.. ကျွှန်တော်က သိတဲ့အတိုင်း လ္ဘက်ရည်ဆိုင် ဘော်ဒါတွေ နဲ့ ထိုင်တာ များတယ်..သူရောက်လာရင်ကျွှန်တော့ ကိုဝိုင်းစ ကြတယ်ဗျ.. တနေ့ ကျောင်းပိတ်ရက် ဆန်းဒေး ကျွှန်တော်ဘော်ဒါတွေအိမ်မှာရှိနေတုန်းသူရောက်လာတယ်. ကိစ္စကတော့ ဂစ်တာတီးးတတ်ချင်လို့တဲ့ အဲမှာစတယ်ပဲ ဆို ကြပါတော့..ကြာလာတော့ သူနဲ့ကျွှန်တော် ငြိသွားးတယ်..ကျွှန်တော်က လူတမျိုးဗျ.. သူကတော့ နားလည်ပါတယ်.. နာမလည်တာကတော့ သူအမေပါပဲ  ကျွှန်တော်တို့ အကြောင်းကို သိသွားတော့အရင်လို မလွတ်လပ်တော့ ဘူးး.. လစ်တာနဲ့တွေ့ ဖြစ်ပါတယ်.. ဟဲဟဲ ကျွှန်တော် ကမချမ်းသာပါ ဘူး ကျွှန်တော်အလုပ်လုပ်တယ်ကျောင်းတက်တယ်..သူများတွေ ထက်တော့သုံးးနိုင်တာပေါ့ သူအမေသဘော မကျတဲ့ အချက်ကတော့ ကျွှန်တော့ အလုပ်ပါပဲ. ကျွှန်တော်ကားပြင်တယ်. တခါတလေ ကားမောင်းတယ် ပိတ်ရက်တွေ ဆို ကားမောင်းတာများပါတယ်.. စက်ပြင်တယောက်ရဲ့ ဘဝကို ကျွှန်တော်ချစ်တယ်. အဲအလုပ်ကို ငယ်ငယ်လေးထဲ က ဝါသနာအရလုပ်ခဲ့ တာပါကျွှန်တော်မြတ်နိုးတဲ့အလုပ်တခုပဲ ဆိုပါတော့.. သူလဲကျွှန်တော့ ကို တော်တော်ချစ်ပါတယ်.. ဒါပေမယ့် မလွန်ဆန်နိုင်တာတွေရှိတာပေါ့.. သူ့အမေကတော့ ကျွှန်တော့ ဆို လုံးးဝ မကြည်တာပါပဲ.. ဒီလိုနဲ့ ကျောင်းစာမေးပွဲဖြေခါ နီးကျောင်းမှာနှုတ်ဆက်ပွဲလုပ်တယ်…အဲညလေးကတော့ ကျွှန်တော် ဒီနေ့ ထက်တိုင်မေ့မရပါဘူးး သူ့လက်ဖဝါးနုနုကိုဆုပ်ကိုင်ရင်းနဲ့ တအားဖက်ထားလိုက်မိတယ်… စာမေးပွဲဖြေတော့လဲ သူနဲ့တွေ့ ဖြစ်ပါသေးတယ်.. မှတ်မှတ်ရရ ဆယ်တန်းစာမေးပွဲနောက်ဆုံးးနေ့ သူနဲ့တွေ့ ဖို့ သူ့ အကိုရင်းက ကူညီခဲ့တာပါ.. ကျော်ကိုကိုမင်း  ဘယ်တော့ မှမမေ့ပါဘူး သူ့ အကိုနဲ့ ကျွှန်တော်က အပြင်မှာ ဘော်ဒါလေ.. ကျွှန်တော့ ချစ်သူဟာသူ့ ညီမမှန်းကျွှန်တော်နောက်မှသိခဲ့ တာပါ.. စာမေးပွဲပြီးတာနဲ့ သူ့ အိမ်ကသူ့ ကိုမန္တ`လေး ပို့လိုက်တယ်.. ကျွှန်တော်နဲ့ အဆက်အသွယ်ပြတ်သွားးတယ်.. သူ့ အကိုကတော့ ကျွှန်တော့ ကိုရှာပြီးဖုန်းနံပါတ်ပေးသွားတယ်…ဖုန်းနဲ့ပဲ တွေ့ ရတာပေါ့..ကျွှန်တော်အလုပ်နဲ့ နယ်စပ်ဘက် ကို သွားရတယ် ၃လလောက်ကြာသွားးတယ်.. ပြန်ရောက်လာတော့ သူ အိမ်ပြန်ရောက်ပြီ ကြားတယ်.. သူနဲ့ တွေ့ ဖို့ က သူ့ အကို ကလွဲလို့ ဘယ်သူ မှ ကူညီလို့မရဘူးလေ.. ယောက်ဖ ကိုပဲ အပူကပ်ရတာပေါ့.. သူနဲ့ တွေ့တော့ သူ့ ပြောစကားတွေ သီချင်းလေးထဲ ကလိုပဲ လေစိမ်းတွေ တိုက်နေတယ်.. ကျွှန်တော့ ကို အလုပ်ပြောင်းဖို့ ပြောတယ်.. အလုပ်တခု ကို ပြောင်းဖို့ ဆိုတာကျွှန်တော့ အတွက်တော့ မလွယ်ပါဘူး..မပြောင်းရင် နီးစပ်ဖို့ မလွယ်ဘူးတဲ့.. စဉ်းစားပါရစေလို့ ပြောပြီးကျွှန်တော်အချိန်ဆွဲခဲ့တယ်...အောင်စာရင်း ထွက်တော့  သူက ဒီ၃လုံးးပါတယ်လေ.. ကျွှန်တော်ကတော့ အင်္ဂလိပ် တခုပဲပါတယ်..သူ့ အိမ်က ကျောင်းကိုမန္တလေးမှာ ထားဖို့ စီစဉ်တယ်.. သူငြင်းလို့ မရတဲ့ အဆုံး သူမန္တလေးကိုပဲသွားးလိုက်ရတယ်.. သူ သွားပြီးသိပ်မကြာဘူး  သူ့ အမေ ကျွှန်တော့ ကို ခေါ်တွေ့တယ်.. ကောင်းသောတွေ့ခြင်းတော့ မဟုတ်ပါဘူး.. ကျွှန်တော့ လို့ ဘဝမျိုး နဲ့ သူသမီး ကိုမမှန်းပါနဲ့ တဲ့ အဲစကားးကိုတော့ အသဲထဲ ကနာတယ်ဗျာ.. ကျွှန်တော်ယောကျာင်္းပါ လောကကြီးးမှာ မဖြစ်နိုင်ဘူး ဆိုတာ ဘာမှမရှိဘူးးမဖြစ်သေးတာပဲရှိတာပါလို့ ခံယူထားးတာ..ဒီတချီတော့ အဲ့စကားတခွန်းထဲ နဲ့ ဘာလုပ်ရမှန်းမသိအောင် ဖြစ်သွားးတယ်  သူ့ ဆီဖုန်းဆက်တယ်.. သူကဘာပြောလဲဆိုတော့ အဲအလုပ် ကို မစွန့် ရင်သူ့ ကို မေ့လိုက်ပါတဲ့…. ဟာာာာာာာ…. လောကကြီးဘာတွေဖြစ်ကုန်ပြီလဲ မသိတော့ လောက်အောင် ဖြစ်သွားတယ်.. အခုလိုအနေအထာမျိုးနဲ့ သူကျွှန်တော်နဲ့တူတူမနေနိုင်ဘူးတဲ့ မေ့လိုက်ပါတော့တဲ့… အသဲကွဲ တယ်ဆို တာအဲတာမျိုးကို ပြောတာလားမသိဘူး  ဘာလုပ်ရမှန်းကို မသိတော့တာ ထိုင်မရထမရ.. တော်တော်ဂွ ကျတာပဲ အိပ်လို့ လဲ မပျော်ဘူး.. အလုပ်ထဲလဲ အဆင်မပြေတွေ ဖြစ်လာတယ်.. အဲမှာအရက်စသောက်တတ်တာဗျားး မူးအောင်သောက်လိုက်တော့ မူးပီးးအိပ်သွားတဲ့ အချိန်ပဲမေ့ လို့ရတာကျန်တဲ့ အချိန်မရပြန်ဘူးး .. ဒါနဲ့ ကျွှန်တော်ဆုံးဖြတ်ချက်တခုချပြီး နယ်ကိုထွက်ခဲ့တယ် ကျောင်းလဲဆက်မတက်တော့ ဘူးး..အဲမှာပဲ နေရင် သွားနေကြလာနေကြနေရာလေးတွေမြင်ရင် ပိုသိရတယ်ဗျ  နယ်ရောက်တော့ ကျွှန်တော်ဘဝသစ်ကို ပြန်စခဲ့တာပါ.. စိတ်ကို အလုပ်ထဲမှာပဲထားလိုက်တယ်.. …

                                              (ဆုံမှတ် ၂)

နယ်မှာစက်ပြင်ရတာတော်တော်လေးတော့ ကောင်းတယ်ဗျ မိသားစုရှိတဲ့လူတွေဆိုပို အဆင်ပြေတယ်.. ကျွှန်တော်စက်လှေပြင်တော့ ဟင်းစားက ပူစရာမလိုဘူးလေ.. အိမ်တအိမ်မှာ ငှားနေတယ်.. အဲ အိမ်ကလဲ ကျွှန်တော့ အပေါ်တော်တော်ကောင်းပါတယ်.. ထမင်းဆိုင်ဖွင့်ထားတဲ့အိမ်ဆိုတော့ ကျွှန်တော့ အတွက်အဆင်ပြေတယ်. ကျွှန်တော်ဘယ်သွားသွားလက်ဆွဲတော် ဂစ်တာက ပါစမြဲမို့ ည ပိုင်းဆိုရင် တီးဖြစ်ပါတယ်.. အဲမှာစတာ.. အိမ်ရှင်သမီး ကတော်တော်ချောတယ်ဗျ..သူတို့ဆီမှာဆို ကွမ်းတောင်ကိုင် ပေါ့ သူ က သူ့ စီးပွါးနဲ့ သူဗျ.. မိန်းခလေးတန်မဲ့ လယ်တွေငှားပြီး လယ်လုပ်တာ.. သူ့ဟာနဲ့ သူ ကတော့ ဟုတ်နေတာပဲ.. ကျွှန်တော်ကတော့ ဘာမှမသိ ထမင်း အိုးထဲ ကရတာပဲသိတယ်..ဟိဟိ…ဒီလိုနဲ့နေတာကြာ လာတော့ အိုးချင်းထားအိုးချင်းထိဆို သလို ထိသွားတယ်ဆိုပါတော့..နာမည်လေးကတော့ တောဆန်တယ်ဗျ. သန်းသန်းအေး တဲ့..ညနေပိုင်းကျွှန်တော် အားးရင် တောင်ပေါ်တက်ပြီး သူ့လယ်တွေအကြောင်းရှင်းပြတာဗျ.. တောင်ပေါ်က ကြည့် ရင် သူ့ လယ်တွေက မြင်နေရတာ ကိုး ..ကျွှန်တော်ကတော့ စိတ်မဝင်စားပါဘူးး နားသာ ထောင်နေတာ… သူမှာ အိမ်ကလူကြီးချင်း စကားပြောထားတဲ့ လူရှိသဗျ.. သူကတော့မကြိုက်ဘူး ဆိုပဲ.. မိန်း ခလေးတန်မဲ့ ကွမ်းကစားသေးတယ် မနဲ ကွမ်းမစားဖို့ ပြောယူရတယ်..သူနဲ့တူတူရှိနေတဲ့ အချိန်လေးတွေပျော်ဖို့ ကောင်းပါတယ်.. သူ့ကြတော့ တမျိုးဗျ.. သူနဲ့ယူပီးရင် ဘာအလုပ်မှမလုပ်ရဘူးတဲ့ သူရှာနိုင်တယ်ဆိုပဲ.. ခုခေတ် ကောင်လေးတွေအကြိုက်ပေါ့..ခိခိ.. ကျွှန်တော်အဲမှာအရက်နဲနဲသောက်တယ်ဗျ.ညနေပိုင်းဆို သောက်တယ် အိမ်မှာ ဝယ်ပီးသောက်တာပါ.. သူကတော့ မကြိုက်ဘူးဆိုပေမယ့် မသောက်ရဘူးလို့ တော့ မတားမြစ်ပါဘူး နဲနဲတော့ တောသူလေးက နားလည်ပေးတယ်..အများကြီးတော့ မသောက်ရဘူးဗျ ပုလင်းကို ဝှက်ထားးတတ်တယ်.. ကျွှန်တော့ ကို အဲမှာလူသိတော်တော်များးတယ်ဗျ.. သူ့ သူ ငယ်ချင်းတွေကျွှန်တော့ ကို လာစကားပြောရင် သူ က မကြိုက်ဘူးးဗျ..သဝန်တိုတယ်ဆိုတာအဲတာမျိုးထင်ပါရဲ့.. ကျွှန်တော့် အဝတ်အစား တွေသူပဲလျှော်ပေးတာ..ကျွှန်တော်က အဝတ်ကို ခု ချိန်ထိလျှော်တတ်ပါဘူးး..ဒီလိုနဲ့ တနေ့ အိမ်က သံကြိုး ရိုက်ပြီးခေါ်တယ် အမြန်ပြန်လာတဲ့..ကျွှန်တော်မပြန်တာ ၁ နှစ်ကျော်ပြီလေ..နယ်မှာ ၁နှစ်ကျော်ကျော် အလုပ်လုပ် လိုက်တာ စုမိစောင်းမိတော့ ရှိသား..ခဏပြန်မယ်လုပ်တော့ သူက မြို့ ခဏလိုက်မယ်ဆို သဗျ.. ဝယ်စရာတွေရှိလို့ တဲ့.. အဲတာနဲပဲ ကျွှန်တော်လဲ အိမ်ကို ခေါ်သွားမိလိုက်တယ်… မေမေက လွမ်းလို့ ပြန်ခေါ်တာပါ.. အိမ်လဲ ရောက်ကော အမေက မေးပါလေရော.. တော်တော်ရှင်းပြယူရတယ်..အရင်ရီးစားဟောင်း အမေကတော့ ကျွှန်တော်မိန်းမခိုးလာတယ်ဆိုတဲ့ သီတင်းလွှင့် လိုက်တာပေါ့… ကျွှန်တော်ကလဲ သူတို့ရှေ့မှာတွဲလျှောက်မိတာကိုးး ၃ရက်မြောက်တော့ သူ့ပြန်မယ်ပြောတော့ကျွှန်တော်ကားပေါ်တင်ပေးလိုက်တယ် နောက်အပတ်ကျွှန်တော်ပြန်လာမယ်လို့ မှာလိုက်တယ်.. အိမ်လဲ ပြန်ရောက်ရော အမေက ပွါးပါလေရော…မေမေပြောတာလဲ မှန်ပါတယ်..ပိုက်ဆံ အရှာ တော်တဲ့မိန်းမတယောက်ကိုလက်ထက်ဖို့မဖြစ်နိုင်ဘူးးဆိုတာကျွှန်တော်သိလာတယ်.. အဲနောက်ကျွှန်တော် နယ်ကိုပြန်သွားတယ်…. နယ်ကသူ့ အိမ်ရောက်တော့ သူတို့မိသားစုက အရင်ထက် ကို ကျွှန်တော့ ကို ဦးပေး တာလေးတွေ ရှိလာတယ်…အစစအရာရာပေါ့ မိသားစုဝင်တယောက်လို ဖြစ်လာတယ်…၃လလောက်ကြာတော့ အဖေ့ဆီကစာလာတယ်..ထူးဆန်းတယ်ဗျ.အဖေတခါမှကျွှန်တော့ ဆီစာမရေးဖူးဘူး..အိမ်ပြန်လာဖို့ခေါ်တာပါ.. ကျွှန်တော်ပြန်ဖို့ လုပ်တော့ တအိမ်သားလုံးဟိုဟာထည့်ပေးဒီဟာထည့်ပေးနဲ့ ပစ္စည်းတွေ များလာလို့ မနဲ့တား ယူရတယ် အဲတာတွေက ဗမာပြည်တောသူတောင်သားတွေရဲ့ ချစ်စရာ့ဓလေ့ ထုံးစံပါ.. အိမ်ပြန်ရောက်တော့ မမျှော်လင့်ပဲ ကျွှန်တော်ထောင်ချောက်ထဲရောက်ခဲ့ ရတယ်……

                                              (ဆုံမှတ် ၃)

ကျွှန်တော့ မှာ ၈တန်း၉ တန်းကျောင်းသားဘဝတုန်းက အိမ်မှာကျွှန်တော့ ကို ဂိုက်လုပ်ပေးတဲ့ ဖေဖေ့ သူငယ်ချင်းသမီးတယောက်ရှိတယ်.. အသားဖြူဖြူ မျက်နှာ သွယ်သွယ်..ဆံပင်ကတော်တော်ရှည်တယ်..စိုး တော့ မစိုးဘူး ဗျ..ကျွှန်တော်ထက် ၈ နှစ်ကြီးတယ်…နာမည်က ငြိမ်းလှလှဌေး အိမ်နာမည်က ချိုကြီး ကျွှန်တော်ကတော့ မချိုလို့ပဲခေါ်တယ်… ဖြစ်ပုံက ဒီလို ဗျ…

ကျွှန်တော်အိမ်ပြန်ရောက်ပြီးနောက်နေ့ အဖေက မချိုတို့ အိမ်ကို တမိသားစုလုံးသွားမယ်ပြောတော့ကျွှန်တော် ကအလှူထင်လို့ လိုက်သွားတာဗျ.. လူကြီးတွေတော့ အိမ်ရှေ့ဧည့်ခန်းမှာတော့တွေ့တယ်ကျွှန်တော်ကတော့ စား နေသောက်နေကြအိမ်ဆိုတော့ နောက်ဖေးဝင်ပြီးကြိုက်တာဝင်စားတာပေါ့… မချို ကလဲအဲနေ့ တော်တော်လှတာဗျ ပြင်ထားတာရှယ်ပဲ.. အဲစားသောက်ပြီးရော ကျွှန်တော်က မချိုတို့ ခြံထဲမှာ လ္ဘက်သုပ်စားးတယ် မချို လ္ဘက်သုပ်တာတော်တော်ကောင်းတယ်ဗျ.. ညနေစောင်းတော့ အိမ်ပြန်လဲရောက်ရော ခုပွဲက ကျွှန်တော်နဲ့ မချိုတို့ရဲ့စေ့စပ်ပွဲမှန်းသိလိုက်တယ်..ကျွှန်တော်အဖေ့ကို တော်တော်စိတ်ဆိုးတယ် ညတွင်းချင်း အိမ်က ဆင်းတယ် သူငယ်ချင်းအိမ်မှာညသွားအိပ်တယ်..မနက်ကားလက်မှတ်သွားဝယ်တယ် ၁၂ နာရီကားနဲ့ နယ်ဆင်းဖို့ကားပေါ်တက်တော့ မချို ရောက်လာတယ်…ထမင်းဘူးလဲပါတယ်… သူက ကျွှန်တော်သိပြီးသားထင်လို့တဲ့အဖေကိုစိတ်မကွက်ဖို့ပြောရှာပါတယ်…သိတယ်မလားကျွှန်တော်က ခေါင်းမာ တယ်လေ.ဘယ်သူပြောပြောရတာမှမဟုတ်ပဲ…. မချိုကိုနှုတ်ဆက်ပြီးကျွှန်တော်နယ်ကိုထွက်ခဲ့တယ်… ဗိုက်ကလဲတော်တော် ဆာ သဗျ… မချိုထည့်ပေးလိုက်တဲ့ ထမင်းဘူးကြောင့် အိုခေသွားတယ်… နယ်က အိမ်ပြန်ရောက်တော့ သန်းသန်းအေး ကို အကြောင်းစုံ ပြောပြဖြစ်တယ်.. စဉ်းစားကြည့်ပေါ့ဗျာ… ကို့စေ့စပ်ပွဲ တောင်ကို မသိလိုက်တာ ဘယ်လောက်ခံပြင်းဖို့ ကောင်းလဲ..အဲလို နဲ့ပဲ ကျွှန်တော်ငွေစုပြီးနိုင်ငံခြားထွက်ဖို့ တိတ်တဆိတ်ကျွှန်တော်လုပ်ခဲ့တယ်… မေမေ့ဆီကစာရတယ်အိမ်ခဏလာဖို့ခေါ်တယ်..ကျွှန်တော်သွားးတော့ မေမေ နေမကောင်းဘူး မချိုလဲ ရောက်နေတယ်..မေမေ့ကို ဆေးခန်းလိုက်ပို့ ပြုစုရနဲ့ ၂ပတ်လောက်ကြာသွားးတယ်.တဖက်ကလဲ ပတ်ပိုစ်ကိစ္စ လုပ်ရသေးတယ်လေ… နောက် နယ်ပြန်သွားတယ် သန်းသန်းအေး ကိုကျွှန်တော် နိုင်ငံခြားထွက်မယ်ဆိုတဲ့အကြောင်းဖွင့်ပြောဖစ်လိုက်တယ်…. ပထမတော့ ငိုတယ်ဗျ…နောက်တော့သူကကျွှန်တော့ကို အားပေးတယ်..ယောကျာင်္းတယောက်အနေနဲ့ ကို့ဘဝကို ဒီထက်

တိုးတက်အောင်လုပ်သင့် တယ်တဲ့ အံ့သြဖို့ ကောင်းတယ်ဗျာ…သူ့ ဆီက အဲ စကားကြားရတာ…သူ့ ကိုကျွှန်တော့ရင်ခွင်မှာဖက်ထားလိုက်မိတယ်….သူမြို့တက်တော့ကျွှန်တော်မလိုက်ဖြစ်ဘူး အလုပ်များနေလို့ပါ  သူပြန်လာတော့ ကျွှန်တော့ဘော်ဒါဆီကစာတစောင်လူကြုံပါလာတယ် ဖတ်ကြည့် လိုက်တော့ ဗီဇာကျနေပြီတဲ့ သူ့ ကို ပေးဖတ်မိတယ် မျက်ရည်လေးတွေ တော့ ဝဲသွားတယ်ဗျ ..ကျွှန်တော်သူ့ ကို တော့သံယောဇဉ်ရှိပါတယ်ဗျ..စိတ်လဲမကောင်းဘူး သူ့ကျွှန်တော့ ကို တင်းတင်း ဖက်ပြီငိုတယ်..ဗျ.. ကျုပ်က မချော့တတ်ဘူးဗျ… မှတ်မှတ်ရရနဖူးလေးကို တော့ နမ်းဖြစ်လိုက်တယ်…မှာတာတွေကတော့ မနဲ့ဘူးး နားကို ငြီးအောင်မှာတာ…သူကျွှန်တော့ကိုတော်တော်ချစ်မယ်ထင်တယ်… လေယဉ်လက်မှတ်ရတော့ကျွှန်တော်အိမ်ကို

အသိပေးလိုက်တယ်ဘယ်နေ့ထွက်ရမယ်ဆိုတာတော့ မပြောပါဘူး….ကျွှန်တော်နယ်ကမထွက်ခင်ည တညလုံး သူနဲ့ တူတူအပြင်မှာစကားထိုင်ပြောနေတာ.. သူ အားပေးပေမယ့် သူခံစားနေရတာမြင်ရတော့ စိတ်တော့ မကောင်းဘူး မတတ်နိုင်ဘူးလေ.. ဘဝအတွက် ရုန်းကန်ရ အုံးးမယ်မလားး…မနက်လင်းတော့ သူ ကျွှန်တော်နဲ့ တူတူလိုက်လာတယ်…လေဆိပ်မှာမေမေတို့ကနောက်ကျတယ်..မချို လဲပါတယ်.. သူ့ကို ကျွှန်တော်လေဆိပ်မှာ

နဖူးလေးကိုဒုတိယအကြိမ်နမ်းခဲ့တာကျွှန်တော့မမေ့သေးပါဘူးး..မချို ကို လဲ မေမေ့ဂရုစိုက်ဖို့ မှာရသေးတယ်…….သူထည့်ပေးထဲ့စာစရာတွေနဲ့ အိမ်ကထည့်ပေး တဲ့ စားစရာတွေ ကျွှန်တော် ၁ လကျော်လောက်စားးလိုက်ရတယ်….အဲနောက်ကျွှန်တော်မလေးရှားနိုင်ငံကြီးကို ရောက်လာတော့တာပါပဲ….

                                       (ဆုံမှတ် ၄)

လေဆိပ်ကထွက်တာနဲ ပူလိုက်တာပြောမနေနဲ့ ဘေးပတ်ပတ်လည်က ဆီအုန်းပင်တွေ ဆို တော့တော လို့ တောင်ထင်တာ နောက်မှမြို့ပြင် ဟိုင်းဝေးမှန်းးသိတယ်..ကျွှန်တော် ဂျဟိုးပြည်နယ် မွှား မြို့ ကို ရောက်ခဲ့တယ် ..ဒီနေ့ရောက်မနက်ဖန်ကျွှန်တော်ကတော့မြို့ပတ်တော့တာပဲ…အဲအချိန်ကအဲမြို့မှာဗမာမမြင်ဖူးတဲ့လူတောင် ရှိ တယ်တော်တော်ရှားတာဗျ..မလေးလိုကမတတ်တော်တော်ရီရတယ်…အားလုံးးကိုခွဲခွါလာရပေမယ့်ကျွှန်တော် ပျော်တယ်.. ကို လုပ်ချင်တာဖြစ်အောင်လုပ်နိုင်ခဲ့ လို့ပါ.. အလုပ်ဝင်ရတယ်……. ဇတ်လမ်းလေးက အဲမှာစတာ မလေးစကားမတတ်တော့ အလုပ်လုပ်ရတာတော် တော်လေးကို အခက် အခဲရှိတယ်ဗျ ကျွှန်တော်က စပရေး လုပ်တတ်တော့ စပရေး ပဲ လုပ်ခိုင်းတယ်… တတ်ထားတဲ့ ပညာနဲ့ လုပ်ရတာမတူပြန်ဘူး အီးလိုပြောတော့ ကျွှန်တော့မလေးက နားမလည်ဘူး  သူက ရွာသားကိုးးးး..စတိုးကိုင်တဲ့ မလေး မတယောက်ရှိတယ် တောင့် တောင့်ဖြောင့်ဖြောင့်ပဲဗျ.. နာမည်လေးက Nor Ashikin တဲ့သူနဲ့ကျွှန်တော်က အဆင်ပြေတယ်သူကကြားကနေ ဘာသာပြန်လုပ်ပေးတယ်ကျွှန်တော့ ကို..ဒီလိုနဲ့ပဲမလေးစကားကို သူ့ ဆီကနေ သင်ယူခဲ့တယ်..နောက်တဖြည်း ဖြည်းအနေနီးလာတော့ ငြိသွားတယ်ဆိုပါတော့..မလေးလိုရေးတာပြောတာအကုန်သင်ပေးရှာပါတယ်.. ကျွှန် တော်ပေါင်းတဲ့ဘော်ဒါတွေကလဲ မလေးတွေဆိုတော့ကျွှန်တော်တတ်တာလွယ်တာပေါ့…သွားအတူစားအတူ ပေါ့ ပိတ်ရက်တွေဆို ၂ယောက်ထဲ အပြင်လျှောက်သွားလေ့ရှိတယ်… မလကာမြို့ ကzoo ကတော့ကျွှန်တော့ ခြေရာတွေပေါ့ ဗျာ…ဒီလိုနဲ့ ၁နှစ်လောက်ကြာတော့ သန်းသန်းအေး အိမ်ထောင်ကျသွားတယ်ဆိုတဲ့သီတင်း ရတယ် ကျွှန်တော်ဝမ်းသာပါတယ်..သူ့ အတွက်အဆင် ပြေပါစေဆုတောင်းလိုက်ပါတယ်…ဒီလိုနဲ့ပဲ ကျွှန်တော် ဒီနိုင်ငံမှာပျော်လာတယ်..သူနဲ့ ကျွှန်တော် ကွါလာလမ် ပူ ကို လျှောက်လည်ကြရင်းဗမာပြည် ရပ်ကွက်ထဲကပြန်တော့ မယ့်လူတယောက်နဲ့ သွာစုံတယ်…အဲလူက အိမ်ပြန်ပြောတော့ မေမေကျွှန်တော့ ဆီ ဖုန်းဆက်တယ် နိုင်ငံခြားသူတယောက်နဲ့ မယူဖို့ သတိပေးတာပါ… ၄နှစ်မြောက်တော့ အိမ်ခဏပြန်မယ်လို့ သူ့ ကို လိမ်ပြီး ကွါလာလမ်ပူမှာအခြေချခဲ့တယ်..အဲလိုမှမလုပ်ရင်အခြေအနေ ပို ဆိုးလာမှာ စိုးလို့ပါ…..

                                 (ဆုံမှတ် ၅)

မြို့ကြီးမှာနေလာတော့ အသေးပွဲဆုံမှတ်လေးတွေတော့ ပြောမပြတော့ပါဘူးးး…..ရာဝမ်းမြို့ ကို ပြောင်းတော့ ကောင်မလေးတယောက်နဲ့ဆုံ ဖြစ်တယ်… ဗမာမလေးပါ… မေပလက်စတစ် စက်ရုံ က ထက်ထက် ဆိုတဲ့ ကောင်မလေးပါပဲ… ချစ်စရာလေးဗျ ဓါတ်ပုံတွေတော့ရှိသေးတယ်ကြည့် ချင်ရင်တိုးတိုး တိတ်တိတ် လာကြည့်. ခိခိ.. သူကတော့ ငရှုတ်မလေး စတွေ့  ထဲကဇတ်ရှုတ်နဲ့စခဲ့တာဗျ..ငွေသာရမယ်ဆို ဘာပဲလုပ်ရလုပ်ရ ပုံစံမျိုး ပထမတော့ သူ့ ကိုဆုံးမသွန်သင်ရင်းကနေ…ငြိသွားတယ်ဆိုပါတော့ ပြောစကားတော့ နားထောင်ပါတယ်.. ကျွှန်တော် သူ့ဆီမှာ မကြိုက်တာလေးတခုရှိတယ် အဲတာ ကတော့ လိမ်ပြောတာပါပဲ.. လိမ်ပြောတတ်တယ်.. ကျွှန်တော့ မှာ မျက်လုံး ၁၀၀၀ ရှိတယ်ဗျ သူ ဘယ်လောက်ပဲ လိမ်လိမ် ကျွှန်တော်သိနေတယ်.. လူတယောက် ရဲ့ဗီဇကို ပြုပြင်ဖို့တော်တော်ခဲယဉ်းပါတယ်…သွားပြုပြင်ဖို့ မကြိုးစားကြနဲ့ ကို့တွေ့နော် မယုံ မရှိနဲ့… သူနဲ့ကျွှန်တော့ဇတ်လမ်းကတော်တော်ရှည်တယ်ဗျ… အစစအရာရာ သူကိုဖြည့်စီးပေးခဲ့တယ်…သွားချင်တဲ့ နေရာနေ့ညမရွေးကျွှန်တော်လိုက်ပို့တယ်…ကျွှန်တော်သူနဲ့ ၃နှစ်ကျော်လောက်တွဲဖြစ်ခဲ့တယ် အဲနောက်ပိုင်းမှာ တော့ သူ့ဇတ်ရှုတ်တွေနဲ့ ဗမာပြည်ပြန်သွားခဲ့ တယ်… သူဗမာပြည်ပြန်သွားပြီနောက်ပိုင်းကျွှန်တော် ငွေနဲနဲ ကျပ်သွားတယ်ဗျ… သူငွေလိုရင်ဖုန်းဆက်တောင်းလေ့ရှိတယ် ၃ခါလောက်တော့ ကျွှန်တော်မပေးနိုင်ခဲ့ဘူးးးး ဗမာ ပြည်မှာအဆင်မပြေလို့ ပြန်လာချင်တယ်ကျွှန်တော့ ကို ပြောတယ်.. ကျွှန်တော်ကူညီခဲ့ပါတယ် ဘာလို့ လဲ ဆိုတာ ကို တော့ အထူးပြောနေစရာလို မယ်မထင်ပါဘူးး..နောက်ကျွှန်တော် ချရပ်စ် ဆိုတဲ့နေရာလေးကို ပြောင်းလိုက်တယ် အကြောင်းရှိလို့ပါ သူ ပြန်လာမယ့် စက်ရုံလိပ်စာနဲ့ နီးတဲ့ နေရာမှာ အလုပ်ရှာတယ်. သူ့ ကို စောင့်နေခဲ့တယ်…သူဒီကို ရောက်ပီးတလကျော်လောက်ကျွှန်တော့ ကို မဆက်သွယ်ဘူး အရင်ကျွှန်တော်ဖုန်း ၂ လုံးကိုင်ပါတယ် ဖုန်းလာတာ များလို့ တလုံးကို အသေခံ လိုက်တာ… ပြန်ဆုံတော့ ညဘက်ပါ…ကျွှန်တော့ ဖုန်းကို ကျွှန်တော့ ဘော်ဒါဆီကရတယ်လို့ ပြောတာပဲ.. ကျွှန်တော့ ကို ကိုကြီး လို့ခေါ်တာဗျ..နေ၇ာ ကိုပြောတော့ ကျွှန်တော်နဲ့ သိပ်မဝေးဘူးလေ..ကျွှန်တော်ရောက်သွားတော့ ည၁၁နာရီကျော်ပြီ..ရောက်စဆို တော့ငွေအဆင်မပြေဘူးပြောတာပဲ နဲနဲ ပိန်သွားတယ်ဗျ.. အဲအချိန်ကျွှန်တော်က လျှံနေတာလေ..သိတယ်မ လားး ရော့ အင့် ကူညီလိုက်တာပဲ…နောက်တော့ကျွှန်တော်မသိအောင်ဇတ်ရှုတ်တွေလုပ်တယ်..ကျွှန်တော် သိသွားတော့ သူ့ ကို အဆက်အသွယ်ဖြတ်ခဲ့တယ် ဖုန်းပါကျွှန်တော်ချိန်းပစ်ခဲ့တယ်..နောက်တော့ကျွှန်တော့ ဖုန်းကို ဘယ်ကရမှန်းမသိဘူး ဆက်သွယ်လာတယ် နေမကောင်းဘူးးတဲ့ စိတ်တော့ ပူသွားတယ်ဗျ..သူ့အိမ် သွားတော့ အိပ်ရာထဲမှာဗျ.. အဲအိမ်မှာက မိန်းခလေးတွေ နဲ့တာမဟုတ်ဘူး မလွတ်လပ်တော့ ကျွှန်တော့ အိမ် မှာပဲ သူ့ ကိုပြုစုပေးတယ်ည ဘက်မှပြန်ပို့တယ်..နေလေးနဲနဲကောင်းတော့ ကလန်ကဆန်လုပ်ချင်တယ်.. ပါမစ် သက်တမ်းတိုးခါနီးလဲရောက်ကော သူ့ လက်ထဲပိုက်ဆံမရှိဘူးးပါမစ်ကြေး ၂၀၀၀ နဲ့ စာအုပ်သက်တမ်းတိုးဖို့ ငွေ ၁၀၀၀ ကျွှန်တော်၁ပတ်အတွင်းရှာခဲ့ရတာဗျ.. သက်တမ်းတိုးပြီတနှစ်လောက်ကတော့ ဒီလိုပဲ ရန်ဖြစ်လိုက်တည့် လိုက်နဲ့ နှစ်ကုန်ခါနီးလဲ ရောက်ကောကျွှန်တော်နဲ့စကားများတယ်ဇတ်ရှုတ်တခုကျွှန်တော်သိလာလို့ပါ.. အဲ အချိန်ကစပြီးကျွှန်တော်အဆက်အသွယ်ဖြတ်လိုက်တယ်..ကျွှန်တော်ကတော့ မခံစားရပါဘူးး ဘာမှလဲ မဖြစ်တော့ ဘူးကျွှန်တော့ အတွက်တော့ရိုးသွားပါပြီ ကျွှန်တော်အဆက်အသွယ်ဖြတ်ပြီး ၄လလောက်ကြာတော့ သူ ဆက်သွယ်လာတယ်..သူ အိုဗာစတေးဘဝရောက်သွားပြီတဲ့ သွားတော့တွေ့လိုက်ပါတယ်..အရင်လိုတော့ မဟုတ်တော့ဘူးပေါ့ လိုအပ်တာပေးပြီးကျွှန်တော်ပြန်တယ်..ခုချိန်ထိလဲ ဒီလိုပါပဲ ခေါ်ရင်တော့ သွားလိုက်တယ် ၂ပတ်၁ခါလောက်ပေါ့ .. ကျွှန်တော့ရင်ထဲ မှာအချစ်ဆိုတဲ့အရာမရှိတော့ ဘူးဗျ မခံစားတတ်တော့ ဘူး…ဒါတွေ ကတော့ အချိန်က သင်ပြပေးသွားတာတွေပါ…… အခုလိုကျွှန်တော့ အသက်အရွယ်မှာ အချစ်ဆိုတာ အရေးမပါတော့ပါဘူး…အိမ်ထောင်တခုကိုတည်ဆောက်တဲ့နေရာမှာနားလည်မှုကအဓိကကျပါတယ်..ပြီတော့ မှသံယောဇဉ်ဆိုတာဖြစ်လာမယ်..အဲတာမှလဲ ခိုင်မြဲမှာမဟုတ်ပါလားးးဗျာ……………..

နောက်ထပ်(ဆုံမှတ် ၆,၇,၈,၉) ကို စိတ်ကူးပေါက်ရင်တင်ပေးပါ့မယ်…နာမည်ရင်းများကိုသာ အသုံးပြုထားတာပါ

           အသဲနှလုံးမရှိ မချစ်တတ်တော့တဲ့ကျွှန်တော့ ကို နားလည်နိုင်ပါစေဗျာ………

 

                                                                                                                    တစုံတယောက်


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>