ဟိုးတခါတုံးက သစ်ပင်ကြီးတပင်ပေါ်မှာ သစ်ရွက်နုလေးတွေရှိတယ် ...အဲ အနုတမျိုးထဲတော့မဟုတ်ဖုး အနု အရင့် ပုရစ်ဖူး စုံအောင်ရှိနေတာ။ အဒိ သစ်ရွက်တွေ အများကြီး ထဲမှာသစ်ရွက်နုလေးတွေက သူက ပုရစ်ဖူးဘ၀ကနေပြောင်းလဲပြီး နုသစ်တဲ့အရွယ်ဆိုတော့ ရင်ခုန်တတ်စပေါ့ ။ တချို့ သစ်ရွက်လေးတွေက လိပ်ပြာလေးတွေ နဲ့ ချစ်သူဖြစ်ကြသတဲ့။ တချို့ ကတော့ ပျားလေးတွေ။ ပိုးပိတုံးလေးတွေနဲ့ချစ်ကြသတဲ့ သူတို့စီမှာချစ်သူကိုယ်စီနဲ့ပေါ့။ သစ်ရွက်လေးတရွက်ကတော့ ချစ်တဲ့သူကိုမတွေ့ သေးဘူပေါ့။
အဒိသစ်ရွက်လေးစီကို တနေ့မှာ တိတိကျကျပြောရရင် နွေနှောင်းညနေခင်းလေးမှာပေါ့ လေပြေညှင်းလေးရောက်လာသတဲ့။ အဒိလေပြေညှင်းလေးကို သစ်ရွက်လေးက သဘောတွေကျသွားသတဲ့။ လေပြေ ဆိုတာက သိတဲ့အတိုင်း ညိမ်ညိမ်မနေဘူးလေ မြူးတူးခုန်ပေါက်ပြီး နုပျိုနေတာဆိုတော့သစ်ရွက်လေးဘေးနားမှာ ကလူကျီစယ်တာပေါ့။ သစ်ရွက်လေးက အရိုင်းဆန်တဲ့ လေပြေညှင်းလေးကို ချစ်မိသွားတာပေါ့။ ဒါပင်မဲ့လေပြေ က သစ်ရွက်လေးကို ကလူကြည်စားတ ယုံထက်မပိုခဲ့ပါဘူး။ လေပြေ လေးက သူထုံးစံအတိုင်း သူဝသီအတိုင်း အဝေးကိုပြေးသွားတော့ သစ်ရွက်လေးမှာ လေပြေလေးကိုအရမ်းချစ်မိနေပြီလေ။
လေပြေလေးကိုသတိရတဲ့စိတ်နဲ့သူ့မှာ သစ်ပင်ကြီးစီကစွမ်းအင်တွေကိုမယူနိုင်တော့ဘူးပေါ့ ။ ပြောရရင် မစားနိုင်မသောက်နိုင်နဲ့ဆွေးနေတာပေါ့.. ဒိတော့သစ်ရွက်လေးကတဖြည်းဖြည်းနဲ့ ခြောက်သွေ့ လာသတဲ့ သူရဲ့ စိမ်းစိုတဲ့အရွက်တွေကညှိုးလာသတဲ့။ အလိုနဲ့ တနေ့မှာ အပြင်မှာပြေးလွှားပျော်ပါးလို့ပျင်းလာတဲ့လေပြေလေးက သစ်ပင်ကြီးနားတခါပြန်ရောက်လာပြန်သတဲ့ သစ်ရွက်လေးကိုတွေ့လဲတွေ့ရော ။သူချက်ချင်းပဲ စိတ်မကောင်းဖြစ်သွားတယ် သူကစားခဲ့တဲ့သစ်ရွက်လေးက သူကို လွမ်းလို့ အလိုဖြစ်နေတာပါလားဆိုပြီး ။ လေပြေလေးကသစ်ရွက်လေးစီရောက်သွားပြီးပြောတယ်....
သစ်ရွက်လေးကိုသူတကယ်ချစ်ပါတယ်ပေါ့။သူနဲ့လိုက်ခဲ့သူသွားလေရာခေါ်သွားမယ်ပေါ့။အလို ဆိုရင်သစ်ရွက်လေးက စိမ်းစိုလက်ဆက်နေရင်သစ်ပင်ကြီးစီက ခွဲထွက်လို့မရဘူးလေ ။သူကရွက် က အစိမ်းတွေကုန်ပြီးဝါခြောက်ကြွေသွားမှ သူကပေါ့ပါးပြီးလေပြေလေးနောက်လိုက်လို့ရမှာပေါ့ ။လေပြေညှင်းဆိုတာကလည်းခပ်ဆိုးဆိုးလေ ။ သူကစိတ်မချပါဘူး လေပြေလေးက ဟိုးအဝေးကမြက်ပင်လေးတွေနဲ့လည်းပျော်နေတာ။ ဟိုးပေါ်က သစ်ခွလေးတွေကိုလည်း တိုးတိုးလေးစကားသွားပြောတတ်တယ်လေ။ သစ်ရွက်လေးက ဆုံးဖြတ်လိုက်တယ် ။ သူလေပြေလေးကိုမခွဲနိုင် ဘူးလေပြေလေးနောက်လိုက်တော့မယ်ပေါ့။
အလိုနဲ့သူက သစ်ပင်တွေ နေရောင်ခြည်တွေစီက ဘာမှ စွမ်းအင်တွေမယူပဲ သူကိုသူဝါကြင်တဲ့ သစ်ရွက်ခြောက်လေး ဖြစ်အောင်လုပ်ခဲ့တယ် ။ သစ်ရွက်ဝါလေးလည်းဖြစ်သွားရော သူက အပင်ပေါ်မှာနေလို့ မရတော့ပဲ မြေပေါ်ကြွေခဲ့တယ် လေ ... အဒိအချိန်မှာလေပြေလေးကသူနားရောက်လာပြီး သူသွားလေရာကိုသစ်ရွက်ခြောက်လေးကိုခေါ်သွားတယ် သူတို့တအားချစ်ကျတာပေါ့ ရွက်ဝါလေးက ပျော်ရွှင်နေတာပေါ့...ရွက်ဝါလေးရဲ့ ရီသံတွေက နံနက်ခင်း ငှက်ငယ်တွေ တွံကျူးသံ လိုပဲ သာသာယာယာနဲ့ပေါ့..
ဒါပင်မယ့်သိကြတဲ့အတိုင်းပဲ....လေပြေဆိုတာ သူသွားချင်တဲ့နေရာကို ဖြုန်းကနည်းသွားဖြတ်ခနဲ ဘယ်ရောက်သွားတတ်တာ မှန်းမသိဘူးလေ။ သူရဲ့ဝသီကိုက ပေါ့ပါးဖြတ်လပ် အသစ်အဆန်းတွေကိုနှစ်သက်တာလေ.. ဘယ်နားမှာမှ ကြာကြာမနေချင်ဘူး ..ကမ္ဘာအနှံ့ဆန်းပြားတာတွေရှေးကျတာတွေကို သူက ပွတ်ခါသီခါ ထိတွေ့ချင်သူမလား..သူကသစ်ရွက်လေး ကိုသယ်ဆောင်ပြီးဖြေးညှင်းစွာတိုက်ခတ် ဆော့ကစားရတာကို တခါတလေစိမပါတော့ဘူး..ပျင်းလာတယ် အဒါကိုသိတဲ့ရွက်ဝါလေးက စိတ်မကောင်းဖြစ်တာပေါ့ ညိုညင်နေတာရိပ်မိလာလေ လေ၀မ်းနည်းတာပေါ့မဟုတ်ဖူးလား.. ။ သူကတွေးတယ် လေပြေလေးပျော်ပါစေ သွားချင်တာသွားပါတော့ သူလိုမလှတဲ့ ရွက်ဝါလေးနားမှာထက် ပန်းပွင့်နီနီဝါ၀ါဖြူဖြူပြာပြာလေးတွေနားသွားချင်မှာပေါ့ ..
ရွက်ဝါလေးကလေပြေလေးကိုပြောတယ်...လေပြေညှင်းလေးးးးမင်းဟိုးအဝေးကြီးကိုသွားကြည့်ချင်သွားလေ.
လေပြေလေးက ပထမတော့ပျော်သွားတာပေါ့ နောက်တော့ရွက်ဝါလေးကိုအားနာတော့ရရဲ့လားဆိုပြီးမကောင်းတတ်တော့ အားနာပါးနာနဲ့လာပြီး တွတ်တီးတွတ်တာလေးလုပ်တာပေါ့စိတ်ထဲမှာမကောင်းဖြစ်နေတဲ့  ရွက်ဝါလေးရဲ့
ရင်ထဲကိုသူက၀င်မကြည့်ဘူးလေ
ရွက်ဝါလေးက စိတ်မကောင်းဖြစ်နေောတ့ လေပြေညှင်းကိုစကားတောင်သေချာပြန်မပြောဖြစ်ဘူးပေါ့သူကို စကားကောင်းကောင်းပြန်မပြောနိုင်တော့ ရွက်ဝါလေးကိုထားခဲ့ပြီး ဟိုး အဝေးကို စိတ်ဆိုးပြီထွက်သွားတယ် ဒါပင်မဲ့သူပျော်နေတယ်...စိတ်ဆိုးပင်မယ့် သူရွက်ဝါလေးကိုမသယ်ဆောင်ရတော့လို့ပေါ့ပါးနေတယ်
လေပြေလေးမှာ မြတ်ခင်းစိမ်းတွေ။ လှပတဲပန်းလေးတွေ၊ ကစားနေတဲ့ကလေးတွေ ။
ချစ်သူရီးစားတွေ သူ့သငယ်ချင်းတွေ ပေါမှပေါလေ။ ရွက်ဝါလေးကတော့ ။လေပြေလေးထွက်သွားတည်းက ညိမ်သက်ပြီးမြေပေါ်မှာ ဆွေးနေတာပေါ့။ သူအရင်ကသွားလာနိုင်တယ်ဆိုတာကလည်း လေပြေလေး တိုက်ခတ်မှသွားနိုင်တာပါ လေပြေလေးမရှိတော့ရုပ်ဆိုးတဲ့ရွက်ဝါလေးက တယောက်တည်းညိမ်ညိမ်လေးဆွေးနေတာပေါ့။။။။။။။။။။။။။
ဟောဟိုမှာတွေ့..ရွက်ဝါလေး...နွေနှောင်းကနေမိုးဦးကိုအလွယ်တကူပြောင်းသွားပြီ.... ကန်စပ်နားလေးက မြေကြီးမှုံတွေထဲ တပိုင်းတစနစ်ဝင်နေတဲ့ ရွက်ဝါလေး ပေါ်ကို မိုးစက်လေးတွေခုန်ဆင်းလာကြပြီ....................
........
ချစ်ခြင်းအားဖြင့်
ရွှေသခင်မလေး
4.6.2012
6:00AM
↧
သစ်ရွက်ပုံပြင်
↧