ဆယ်ဆ သာပစေ။
ဘယ်မိဘမှ ငါ့သားသမီးလေးကြီးရင် ပျက်စီးသွားပါစေ၊ မိုက်ပါစေ ဆိုးပါစေဆိုတဲ့၊စေတနာ တစ်စက်
မှမရှိဘူး။ ဘယ်မိဘမှ ကိုယ့်သားသမီးကောင်းစားသွားမှာကို မနာလိုဝန်တိုတာမရှိဘူး ကိုယ့်ထက်ဆယ်ဆသာသွားသွား
အလိုစိတ်ထားရှိကြသည်။ (မင်းကွန်းတိပိဋကဓရဆရာတော်)
(ရယ်လို့သာနေလိုက်ပါ။)
မှတ်မှတ်ရရ မန္တလေးမင်းကြီးတိုက် ၊ သီရီဝေပုလ္လဆရာတော်က မင်းကံကောင်းလို့မွေးသမိခင်ကို ပြုစုစောက်ရှောက်နိုင်ခွင့်
ရတယ်၊ကြီုးစားပြီး ပြုစုကွယ် ဆရာတော်ကဆုံးမတယ်။ ဆုံးမတဲ့အချိန်ကစပြီးတော့ မွေးသမိခင်ကိုပြုစုခဲ့တာ။ သူကဖြူတာကို
မည်းတယ်လို့ပြောလဲပဲ ဆန့်ကျင်ဘက်မပြောခဲ့ဘူး၊ ရယ်ပြီးတော့ဘဲနေခဲ့တယ်၊
မည်းတာကိုဖြူတယ်လို့ပြောရင်လဲပဲသူ့ကိုဆန့်ကျင်ဘက်မပြောဘူး ၊ရယ်ပြီးတော့ဘဲနေခဲ့တယ်။(မင်းကွန်းတိပိဋကဓရဆရာတော်)
(သူတော်ကောင်းဟူသည် မိဘကိုဥိးထိပ်ထားစမြဲ)
သူတော်ကောင်းလမ်းကိုသွားနေသူတိုင်း ဆရာမိဘများကို ဦးထိပ်ထားလေ့ရှိပါတယ်။
(အရှင်ဇနကာဘိဝံသ)
(အဖိုးတန်လက်ဆောင်)
မိဘတွေက ငါ့သားငါ့သမီးတွေကို သတိပေးရဦးမယ်ဆိုရင် စိတ်မဆိုးကြနဲ့ ၊အဖိုးတန်လက်ဆောင်ပေးတာပါ။
ယောဆရာတော်
(လူတစ်လုံးသူတစ်လုံးဖြစ်စေသူ)
မိမိတို့ယခု ပစ္စုပ္ပန် လူ့ဘ၀ကို ရလာတာဟာ အတိတ် ကုသိုလ်ကံကြောင့်မှန်သော်လည်း မိမိ လူတစ်လုံး သူတစ်လုံး
ဖြစ်လာတာကတော့ မိဘ ဘိုးဘွားဆရာသမားစတဲ့ ကျေးဇူးရှင်များကြောင့်ပါ ၊ဒါကြောင့် ကျေးဇူးရှင်များရဲ့ကျေးဇူးကို
သိပြီးပြန်ဆပ်ရမယ့် တာဝန်ရှိလာပါတယ်။( ယောဆရာတော်)
ရှေ့ကံကောင်းမှ မိဘကောင်းနဲ့တွေ့ရ။
အမိကောင်း အဖကောင်း အထံ၌ သန္ဓေတည်မိခြင်းသည် သူတော်ကောင်းနှင့်ပေါင်းရသည့်အတွက်
ရှေ့ကံကောင်းခြင်း၏အထိမ်းအမှတ်ပင်ဖြစ်သည်။ (အရှင်ဇနကာဘိဝံသ)
နို့ရည် ဟူ သည် မေ တ္တာ သွေး။
နို့ရည်ဟူသည် ကလေးကိုချစ်သော မေတ္တာကို အရင်းခံပြီး ကံ စိတ် ဥတု ကြောင့်ဖြစ်နေသော
သွေးပင်ဖြစ်သည်။ (အရှင်ဇနကာဘိဝံသ)
မိဘကိုကျွေးပြီးမှ။
မိဘဆိုတာလက်ရှိဆရာကွဲ့၊မိဘကိုကျွေး ပြီးမှ ငါ့ကိုလှူကြဟဲ့။
( ခွေးတောက်ချောင်း ဆရာတော် ဟင်္သတ)
မိဘတာဝန်ရှိနေသေးလျှင် အရဟတ္တဖိုလ်ကိုမယူပါနှင့်ဦး။
လူများ အဖို့ မဆိုထားပါနဲ့ ဘုန်းကြီးတို့ရဟန်းတော်များပင်လျင် နောက်ဆုံး ရဟတ္တဖိုလ်ရမည်ဖြစ်စေကာမူ
မိဘတာဝန်ရှိသေးလျှင် မယူပါနဲ့ဦးဟု လောကီ သက္ကဋကျမ်းများ၌ က်ျ မျှပြဆိုထားပါတယ်။(အရှင်ဝါသ၀ါဘိဝံသ)
အတူမရှိ အတုမဲ့ အရသာ။
အမေဟူ၍ ခေါ်ရသောအရသာ ၊အဖေဟူ၍ခေါ်ရသော အရသာထက်
သာလွန်သော အေးမြ ချမ်းမြေ့သော အရသာလည်း ရှိနိုင်အံ့မထင်။(အရှင်ဃောသိတ)
မိဘဟူသည် သာသနာနဲ့တွေ့စေသူ။
မိမိကို က်ျဘုရားသာသနာတော်ကြီးနှင့် တွေ့ရအောင် က်ျဘုရားသာသနာတော်ကို
ထမ်ဆောင်ခွင့်ရအောာင် က်ျလောကကြီးအတွင်းသို့ချပေးသူမှာ က်ျ မိဘ၂ပါးတို့တည်း။ကျေးဇူးကြီးမားကြပေ၏
(အရှင်ဇနကာဘိဝံသ)
အသံထွက် ရွတ်ကြည့်လိုက်စမ်းပါ။
အမေဆိုသည့် စကားလေးနှစ်လုံးကို အသံထွက်အောင်ရွတ်ကြည့်လိုက်စမ်းပါ။
အလွန်ချိုမြိန်သော သာယာသော စိတ်ချမ်းသာသော မေတ္တာဖြင့်ထုံးမွှမ်းသောအရသာကို ခံစားရပါလိမ့်မည်။
(ဘဘဦးသုခ)
နေလို လလို ရေလို မြေလို။
မိဘများသည် သားသမီးအပေါ် နေလို လလို ရေလို မြေလို အလကား(အခမဲ့)ကျေးဇူးပြုလွန်းသဖြင့်
အခမဲ့ကျေးဇူးပြုခံရသော သားသမီးများက မိဘများအပေါ် အလကား(တန်ဖိုးမဲ့)တွေဟုထင်းမှားရာမှ ဂါရ၀မင်္ဂလာ
ပျက်ပြားတတ်သည်။ (ဦးဆန်းထွန်း ၊မန်းတက္ကသိုလ်)
စဉ်းစားပါဦး။
မိန်းမများ မကောင်းကြောင်းပြောမည်ဆိုလျင် သင့်ကိုဘယ်သူ မွေးခဲ့သလဲ စဉ်းစားပါဦး။(စာနိုင်ငံ ဦးဝင်းမြင့်)
ပျိုမျစ် မစွမ်း အိုးမင်းမစွမ်း။
ကျွန်တော်တို့ ပျိုမျစ် မစွမ်း ဘ၀တွင် ကျွန်တော်တို့အား ဖေးကူ စောင့်ရှောက်ပေးနေရှာသော လူကြီးမိဘများကို
အိုးမင်းမစွမ်းဖြစ်လာသောအခါတွင် ကျွန်တော်တို့က စွန့်ပစ်ထားသင့်ပါသလား၊ စွန့်ပစ်ထားကျမည်ဆိုပါလျင်
ခင်ပွန်းယုတ်လူမသမာမျိုးဆက်ဟု ဆိုရပါတော့မည်။( အောင်သင်း)
မြင့်လေလေ။
ကိုယ့်ထက်သာမနာလိုဆိုတဲ့စကားဟာ ယေဘုံယျအားဖြင့် အတော့်ကိုမှန်တဲ့စကားပေပဲ။
ဒါပေမဲ့မိဘတွေနဲ့နှိုင်ယှဉ်လိုက်တဲ့အခါကျတော့ အဒိစကားဟာ သားသမီးက ကိုယ့်မြင့်သွားလေး ဂုဏ်ယူလေလေပဲ။
( အောင်သင်း)
မိဘ စိမ်ရေ။
စေတနာ ပါသည်ဖြစ်စေ မပါသည်ဖြစ်စေ မိဘစိတ်မချမ်းသာအောင်ပြုမိရင် မိဘ စိမ်ရေသင့်တတ်တယ်။
( အောင်သင်း)
သူရ သတ္တိရှင်။
ရှေးခေတ်ကဆိုရင် ယောက်ျားဖောင်စီး ၊မိန်းမ မီးနေ တဲ့။ မျိုးဆက်သစ်အသစ်တချောင်းကို မျိုးဆက်ဟောင်း
မိခင်က အသက်စွန့်ပြီးမွေးလိုက်တာလို့ဆိုသင့်တယ်၊မိခင်တယောက်ရဲ့ တစ်ခြားကျေးဇူးတွေကို ဘေးဖယ်ထားလိုက်ဦး
ကလေးမွေးဝံ့တဲ့သူရသတ္တိရှင် တစ်ဦးအဖြစ်လောက်နဲ့ကိုပဲ ဘယ်လောက် အံ့သြ ကြည်ညိုစရာကောင်းနေပြီလဲ။( အောင်သင်း)
အတူမရှိသည့်မေတ္တာရှင်။
လောကမှာ ဥစ္စာစီးပွား ပညာအသိတရား သြဇာအာဏာများဖြင့်ဘယ်အရာမဆိုဖန်ဆင်းနိုင်သည် လိုတရနိုင်သည်ထား။
မြေအုတ်များပြိုလျင် ကျောက်ဆစ်ဖြင့်တည်ဆောက်နိုင်သည်ထား။ မိခင်ဆိုသည့် ပုဂ္ဂိုလ်တစ်ယောက်ကိုတော့ အစားထိုး၍
ရနိုင်ကြသည်မဟုတ်။လင်သေလျင် လင်းစားထိုးရနိုင်၍ မယားသေလျင် မယားစားရနိုင်ကာ၊ သားသမီးသေးဆုံးစေဦး နောက်သား
နောက်သမီးရနိုင်သေးသည် ၊မိခင်ဆိုသော အမေကိုတော့ အစစ်မဆိုထားနှင့် အလာတူမေတ္တာပိုင်ရှင်မျိုးကိုပင် မရနိုင်။
(ဘဘဦးသုခ)
ဝဏ္ဏသိန်းထွန်း ၊စုစည်း ခံစားတင်ပြသည်။