Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

ကျွှန်တော်နှင့်ဆုံမှတ်များး(အပိုင်း-၂)

$
0
0

                          ရွှေမြို့တော်မှအက်မင်တယောက်ရဲ့ဖြစ်ရပ်မှတ်ဇတ်လမ်း

                                     ကျွှန်တော်နှင့်ဆုံမှတ်များး(အပိုင်း-၂)

                                                 (ဆုံမှတ်-၆)

ကျွှန်တော်မလေးရှားနိုင်ငံကြီးမှာ ကံအားလျှော်စွာပညာသင်ခွင့်ရခဲ့တယ်…VoLVo ဆားဗစ်စင်တာ ရှားအလန်း မြို့မှာပါ… ဒီမှာကျောင်းတက်တယ်ဆို ပြီးကျွှန်တော့ ကို အထင်တော့ မကြီးလိုက်နဲ့နော်..ကျွှန်တော့ဘော်ဒါရင်း တွေရဲ့ထောက်ပံမှုနဲ့ ကျွှန်တော်မသိသေးတာတွေ ကို သွားသင်ခဲ့တာပါ…..ဇတ်လမ်းလေးက အဲမှာစတာ  အလုပ်လုပ်နေတဲ့ ကောင်မလေး ၁ယောက်နဲ့ဆုံ ဖြစ်ခဲ့တယ်..သူ ကတော့ အရင် ၇တန်းတုန်းကကျောင်းနေဖက်တယောက်ပါ… နာမည်လေးက ယုယုလှိုင်  သူကတော့ခပ်ဟော့ဟော့နေတတ် တယ်သူနဲ့ မကြာခဏဆို သလို့ တွေ့ ဖြစ်ပါတယ် ကျွှန်တော်မသွားလဲသူ အားရင်သူလာခေါ်တတ်တယ်..သူ့ ကို ကျွှန်တော်ယု လို့ ပဲ ခေါ်တယ်ဗျ..ဒီလိုနဲ့တွေ တာ ၃လလောက်ကြာတော့..သူ ကျွှန်တော့ ကို ချစ်မိနေတယ် ဆိုတဲ့အကြောင်းဒဲ့တိုးကြီးပြောလာတယ်ဗျ.. ကျွှန်တော့ ဘဝမှာ ဒါပထမဆုံးကြိမ် မိန်းကလေးက ချစ်ရေး ဆိုတာခံခဲ့ရတာပါ..တော်တော့်ကိုရှက်တာဗျ သူ့ မျက်နှာတောင်ကျွှန်တော်မကြည့်ရဲ လောက်အောင်ရှက်မိတယ် သူကတော့ အတည်ပြောတာဗျ..ကျွှန်တော်သူ့ကိုကျောပေးပြီးမတ်တပ်ရပ်နေလိုက်တယ်.. ရုတ်တရက် ကျွှန် တော့ခါးကိုနောက်ကနေသိုင်းပြီးဖက်လိုက်တာခံလိုက်ရတယ်ဗျ..ကြက်သီးတွေတော့ထသွားတယ် ဒါပေမယ့် ကျွှန်တော်မရုန်းမိဘူး..သူ့ လက်နှစ်ဘက်ကိုတော့ကိုင်ထားလိုက်မိတယ်…ကျွှန်တော့ စိတ်ထင်သူဖက်ထားတာ ၁၀မိနစ်လောက်တော့ကြာလိမ့် မယ်ထင်တယ်… နေရာလေးကတော့ မှတ်မှတ်ရရ( မာတေးကား) ကွင်းမှာပဲ.. မလေးမှာနေတဲ့လူတိုင်းသိကြလိမ့်မယ်ထင်ပါတယ်…နောက်သူကျွှန်တော့ကိုဖက်ထားတာလေးဖြေပြီးကျွှန်တော့ ရှေ့မှာလက်၂ဖက်ကိုကိုင်ပြီးမေးတယ်ဗျ…ကျွှန်တော်သူ့မျက်နှာကိုမကြည့်ရဲဘူးဗျရှက်လိုက်တာပြောမနေပါနဲ့ တော့  သူ့ကို ချစ်ရဲ့ လားတဲ့ ဘာပြန်ပြောလို့ ပြောရမှန်းမသိတာနဲ့ ခေါင်းငြိမ့်ပြလိုက်မိတယ်.. သူကတော့တော်တော်ပျော်သွားပုံရတယ် ကျွှန်တော်ကတော့ရှက်လွန်းလို့ မြန်မြန်ပြန်ချင်မိတယ်..  သူကစကား ပြောအရမ်းချိုတယ်ဗျ.. ကျွှန်တော့ လိုခေါင်းမာတဲ့လူကို တောင်နားဝင်အောင်ပြောနိုင်တယ်  မစိုးပါဘူး.. ဒီလိုနဲ့၈လလောက်ကြာတော့ ကျွှန်တော် အလုပ်စဝင်ရတယ်.. ဆူဗန်း  ဆိုတဲ့နေရာလေးမှာပါ အလုပ်ကနဲနဲ တော့ချောင်ကျတယ်ဗျ.. ညနေတိုင်းသူနဲ့ ကျွှန်တော်တွေ့ဖြစ်ပါတယ်.. သူနဲ့ကျွှန်တော်တူတာ၁ခုရှိ တယ်ဗျ အဲတာကတော့လျှောက်သွားနေရတာပါပဲ..ညနေတိုင်းကားတွေကြားထဲမှာ ဆိုင်ကယ်စီးရတာ သူပျော်တယ် ည တိုင်းလျှောက်သွားလေ့ရှိတယ်..အဲနောက်သူတို့စက်ရုံပိတ်လိုက်ရတယ်..သူကတော့ ပါမစ်၆လ လောက်ကျန် သေးတော့ကျွှန်တော်သူ့ ကို အပြင်မှာအလုပ်ရှာပေးလိုက်တာကျွှန်တော်နဲ့ နီးတဲ့နေရာလေးမှာပါ သူ့ အလုပ်ကသက်သာပါတယ်ဖုန်းရောင်းတဲ့ ဆိုင်လေးမှာပါသူဌေးက ကျွှန်တော်နဲ့ ရင်နှီးတာဆိုတော့ ဘာမှပြော စရာမရှိပါဘူးးဒီလိုနဲ့လေးလလောက်နေတော့ သူ့ အမေအသဲအသန်ဖြစ် လို့သူ့ ကို ပြန်ခေါ်တယ် သူ က အိမ်မှာ အကြီးဆုံးလေ..အဖေက မရှိတော့ ဘူးဆိုတော့ သူပြန်သင့် တာပေါ့ သူ့ ကို အိမ်ပြန်ဖို့ ကျွှန်တော် တိုက်တွန်းခဲ့တယ်.. သူလဲ ကျွှန်တော့ကို မခွဲချင်ဘူးဆို တာကျွှန်တော်နားလည်ပါတယ်.. ဘဝဆိုတာဒီလိုပဲ လေဖြစ်ချင်တာထက်ဖြစ်သင့်တာ ကိုပဲ လုပ်ရတာမလား.. သူ ငို နေတာတွေ တော့ ကျွှန်တော်စိတ်မကောင်းပါဘူးး သူပြန်ဖို့ကိစ္စကျွှန်တော်အားလုံးစီစဉ်ပေးတယ် ပီးတော့ လေဆိပ်ကို လိုက်ပို့ခဲ့တယ်..ပြန်ခါနီးသူတော်တော်ငိုတာဗျ… လေဆိပ်မှာနောက်ဆုံးသူနမ်းခဲ့တာလေးကို ကျွှန်တော်သတိ ရနေဆဲပါ….. အဲနောက်ပိုင်းမှာတော့ သူနဲ့ကျွှန်တော်အဆက်အသွယ်ပြတ်သွားခဲ့တယ်….

                                             (ဆုံမှတ်-၇)

ဒီလိုနဲ့နေရင်းကျွှန်တော်.ကလားနားဂျာယာ ဆိုတဲ့နေရာလေး ကိုပြောင်းလာမိတယ်..(ယခင်မှော်ဆရာမလေး နေဖူးတဲ့ နေရာပါ)… နေဖို့ အိမ်ငှားတယ် တယောက်ထဲ အပေါ်ထပ်တထပ်လုံးကို ငှားပစ်လိုက်တယ်.. သိတယ်မလားလျှံနေတဲ့အချိန်ဆို ကျွှန်တော်က အဲလိုပဲ နေရာလေးက တိတ်တိတ်ဆိတ်ဆိတ် ရှိတယ်ဗျ.. မဆိုးဘူး.. အိမ်အောက်ထပ်ကတရုတ်ကြီးသမီးတွေကလဲ လန်းတယ်ဗျ….အဲမှာစတာဇတ်လမ်းက.. အဲရပ် ကွက်မှာကျွှန်တော့ ဘော်ဒါအရင်းရှိတယ်ဗျ… သူရိန်ဆန်း(လင်းခေး ထောင်ဖေါက်) သူကကျွှန်တော့ ရဲ့လူရင်းလေ..သူ ကအိမ်ထောင်ရှင်ဆိုတော့ ကျွှန်တော့ အိမ် ကို အိမ်ငှားတင်ဖို့ ပြောနေတာနဲ့ ကျွှန်တော်လဲလက္ခံလိုက်တယ်..ရောက်လာတာကတော့ ဗမာလင်မယားနဲ့ဗမာ ကောင်မလေးတယောက်ပါပဲ… ကောင်မလေးကတော့ရိုးရိုးအေးအေးလေးဗျ..ချစ်စရာလေး..အဲအိမ်မှာတော့ကျွှန်တော်ကကိုတိုင်ချက်စားတာ ဗျ.. နာမည်လေးက နှင်းသီရိချို တဲ့ ကျွှန်တော့ ထက်၁နှစ်ကြီးတယ်.ဆိုပေမယ့်သူ့ မျက်နှာလေးကနုတယ်ဗျ.. သူလဲတယောက်ထဲသမားဆိုတော့ကျွှန်တော်နဲ့ အားတိုင်းစကားပြောဖြစ်ပါတယ်.. သူက ဟင်းချက်ကောင်း တယ်ဗျ သူကြော်တဲ့ အစိမ်းကြော်တွေ ဆို ကျွှန်တော်တအားကြိုက်တာ.. နောက်ကျွှန်တော်နဲ့ သူနဲ့တူတူ ချက်စားဖြစ်တယ် ကျွှန်တော်က အလုပ်နောက်ကျရင်ဝယ်စားတော့ သူကပြောလာတာနဲ့တူတူချက်စားဖြစ်တာ ပါ.. သူကအေးတယ်ဗျ ရိုးရိုးကြီး.. ကျွှန်တော်ကတော့ဆံပင်ကခါးထိရှိတာဗျ..ဟားဟားး.. သူသွားချင်တဲ့နေရာ ဈေးဝယ်တာက အစ၂ယောက်တူတူပဲ ဆန်းဝေးပိရမစ် ကကျွှန်တော်တို့ခြေရာလေးတွေပါပဲ…ကြာလာတော့ သူ နဲ့ ကျွှန်တော်ငြိသွားတယ်.. သူ့ပုံစံရိုးရိုးကြီးကိုလဲကျွှန်တော်နဲနဲပြောင်းလဲပေးနိုင်ခဲ့တယ်…ကျွှန်တော်နေမကောင်း ဖြစ်ရင်သူပဲပြုစုပေးတာဗျ…သူပါမစ်တိုးခါနီးသူငွေမပြည့်တာကျွှန်တော့ကို မပြောဘူးဗျ..ဟိုချေးဒီချေးလိုက်လုပ် နေတာဘော်ဒါပြောမှကျွှန်တော်သိလို့မေးလိုက်တော့ သူ့အပူကို ချစ်သူကို မပေးချင်လို့ပါတဲ့..ဝိုးးးး..လေးစား တယ်ဗျာ..လောကကြီးမှာအဲလိုမိန်းခလေးမျိုးလဲရှိသေးတာပဲ….ကျွှန်တော်ပဲကူညီလိုက်ပါတယ်.. အဲနေရာမှာ တုန်းကကျွှန်တော်ကတော်တော်လျှံတာဗျ..သိတယ်မလားး ရော့အင့် ပေးလိုက်တာပဲ….သူ့ ထက်ကျွှန်တော် ၁ နှစ်ငယ်ပေမယ့် ကျွှန်တော်က အကြီးလိုပါပဲ အစစအရာရာပေါ့ ဘာပဲ ဖြစ်ဖြစ်သူကျွှန်တော့ ကို တိုင်ပင်ပါတယ် ၂နှစ်လဲကြာရောသူ့စက်ရုံကပါမစ်ကယ်ဆယ်တုံးထုပြီးလူတော်တော်များများကို ပြန်လွတ်တယ်…သူ့ ကို ကျွှန်တော်ပြန်ဖို့ တိုက်တွန်းတယ်သူကတော့ ကျွှန်တော်ပဲဆုံးဖြတ်ပါဆိုလို့ပါ..ဘာလို့လဲ ဆိုတော့အဲအချိန်တုန်း ကတော်တော်ရှုပ်တာဗျရဲတွေက..အဲနေရာကလဲ ဆိုးတာကိုးး အဲတာနဲ့ အိုဗာစတေး သူ၎ရက်လောက်ကျွံသွား တယ် လေယဉ်လက်မှတ်သွားဝယ်တော့ အို ဗာစတေးကြေး ၇ ရက်စာဆောင်ရတယ်…လေဆိပ်မှာတော့ သူငိုတယ်ဗျ..ကျွှန်တော့ကို နောက်နှစ်ပြန်လာဖို့ပြောတယ်သူစောင့်နေမယ်တဲ့..  ကျွှန်တော်လဲ စိတ်မကောင်းရုံ ကလွဲပြီးဘာမှမတက်နိုင်ဘူးလေ..ဒီလို့ဆုံးဖြတ်ပြီးပြန်ခိုင်းလိုက်တာ သူ့ အတွက်အကောင်းဆုံးဖြစ်မှာပါ….. အဲနောက်မှာတော့..ကျွှန်တော်တယောက်ထဲ ရွက်လွှင့်ခဲ့တယ်....

                                             (ဆုံမှတ်-၈)

ဒီလိုနဲ့တယောက်ထဲ နေလာရင်းကတနေ့.. အိမ်ခန်းလာငှားတယ်..ကောင်မလေးတယောက်ပါပဲ အင်ဒိုနီးရှားမ လေးပါ…နာမည်က မာရီယာ တဲ့အသားဖြူဖြူချောချော လုံးကြီးပေါက်လှလေးပါပဲ..ကျွှန်တော့ အိမ်မှာနေတဲ့ ဗမာလင်မယားကတော် တော်ပျင်းတာဗျ တမျက်စည်းတောင်မလှဲဘူးးး အဲတာနဲ့ ကျွှန်တော်လဲ..မာရီယာ ကို လက္ခံလိုက်တယ်.. သူ ကတော့ သူ့ အိမ်လိုပဲ သန့်ရှင်းရေးလုပ်ရှာပါတယ်… ဘာမှပြောစရာမလိုဘူး ကျွှန်တော်ကြိုက်တဲ့ မလေး ဟင်း တွေ ဆိုသူ့ ကို ချက်ခိုင်းတာများတယ်ဗျ..သူပြောတာကောင်းကောင်းနား လည်တာဆိုလို့ အိမ်မှာ ကျွှန်တာ်၁ယောက်ထဲရှိတာဗျ..သူကကျွှန်တော့ထက်၃နှစ်လောက်ငယ်တယ် မနက်ဆို အလုပ်မသွားခင်ကော်ဖီ နဲ့ စားစရာတခုခု သူထလုပ်ပေးတတ်တယ်..အပြင်ဆိုင်တော့ မထိုင်ဖြစ်တော့ ဘူး ပေါ့  ဒီလိုနဲ့ကြာလာတော့ သူနဲ့ ကျွှန်တော်ငြိသွားတယ်…သူ့ကျတော့ တမျိုးဗျ..ဘာပဲလုပ်လုပ်သူနဲ့ကျွှန်တော် ငွေ တယောက်တဝက်ဗျ..သူလဲ အပိုမယူဘူးး မဆိုးဘူးလို့ပြောရမယ်…သူရှိနေတဲ့ အချိန်ကျွှန်တော်ငွေတော်တော် စုမိတယ်ဗျ…အပြင်ဆိုင်သိပ်မထိုင်ဖြစ်တော့ဘူးး အလုပ်ပြီးတာနဲ့ အိမ်ပဲတန်းပြန်တာ..သူက ဖွယ်ဖွယ်ရာရာ ချက်တတ်တယ်လေ…ကျွှန်တော်ကြိုက်တဲ့စားသောက်စရာတွေ အိမ်မှာဝယ်ထားတော့ အဆင်ပြေပါတယ်.. ဈေးသွားရင်လဲ ချွေတာဝယ်တတ်တယ်ဗျ..သူ့ ကိုမျက်စိကျနေတဲ့လူတွေကလဲမနဲဘူးဗျ..ကျွှန်တော့ကိုရှိန်လို့ တော်တန်လူမပြောရဲတာ..သိတယ်မလားကျွှန်တော်ကဆံပင်ကရှည်ရှည်.ပုံစံကလူမိုက်ပုံပေါက်နေတာကိုးးး ဒီ လိုနဲ့ မလေးပွဲတော်(ဟာရီရာယာ) ရောက်တော့ သူအင်ဒိုနီးရှားကို ခဏပြန်တယ်ဗျ.ကျွှန်တော့ ကို လိုက်ခဲ့ဖို့ခေါ် ပါတယ်ကျွှန်တော်က မလိုက်တာ..သူကလိမ္မာတယ်ဗျ ပိုက်ဆံတွေစုထားတာ.. သူအိမ်တလပြန်သွာတော့ကျွှန် တော်လဲအရင်လိုတယောက်ထဲပဲပေါ့..ဟင်းလဲချက်တခါမချက်တခါ..အိမ်မှာသူမရှိတော့ တခုခုလိုနေသလိုပဲ ဒီလိုနဲ့ သူပြန်မလာခင်ကျွှန်တော် ကားအက်စီးဒင့်ဖြစ်တယ်..ကျွှန်တော်သတိရလာတော့ဆေးရုံမှာ ၄ရက်ရှိသွား ပြီဆိုတာသိလိုက်ရတယ်..ဆံပင်လဲမရှိတော့ဘူးကတုံးကြီးနဲ့ပတ်တီးစီးထားတယ်..လူကလဲထလို့မရဘူး ခါးနဲ့ရင် ဘတ်ကတော်တော့ ကို နာတာဗျ..အဲသီတင်းကို သူကြားကြားခြင်းအင်ဒိုကနေပြန်လာတာဗျ..ကျွှန်တော့ ဘော် ဒါ အကူညီနဲ့ ဆေးရုံလာတွေ့တယ်..သူ့ ကို မြင်တော့ ကျွှန်တော်နဲနဲအားရှိသွားတယ်ဗျ..သူကတော့ ငိုနေတယ် ဆေးရုံမှာကျွှန်တော်၂၆ ရက်နေလိုက်ရတယ်.. ဆေးရုံကဆင်းတော့ကျွှန်တော်လမ်းသိပ်မလျှောက်နိုင်ဘူးဗျ ခါးနဲ့ရင်ဘတ်ကတော်တော်နာတာ စကားလဲ သိပ်မပြောနိုင်ဘူးး အစစအရာရာသူပဲအိမ်မှာပြုစုပေးတာဗျ..ကျွှန် တော့ကို အဲ လိုမျိုးမငြီးမငြူပြုစုပေးတာကျွှန်တော်လေးစားလို့ မဆုံးပါဘူးး..ကျွှန်တော်အိမ်မှာ ၃လလောက်နား လိုက်ရတယ် လေ့ကျင့်ခန်းတွေ လဲ သူ အလုပ်က ပြန်လာတာနဲ့ ကျွှန်တော့ ကို လုပ်ပေးလို့ အချိန်တိုတိုလေး အတွင်းပြန်ကောင်းလာတာပါ..ကျွှန်တော်မြတ်နိုးလှတဲ့ဆံပင်ကိုတော့ ကျွှန်တော်ဆုံးရှုံးလိုက်ရတယ်…ကျွှန် တော်အလုပ်ပြန်ဆင်းတော့ သူပြုံးနေတဲ့ မျက်နှာလေးကို ခု ချိန်ထိမြင်ယောင်မိဆဲပါ… အချစ်ဆိုတာလူမျိုး မရွေးဘာသာမရွေး ဖြစ်တတ်တယ်ဆိုတာအဲတော့ မှကျွှန်တော်သိတာဗျ..ကျွှန်တော်အပြန်နောက်ကျရင်သူ အမြဲထမင်းစားဖို့စောင့် နေတတ်တယ် စားနှင့်ပြောလဲမရဘူးဗျ…သြော်…ဘာလို့ကျွှန်တော့ လို လူကိုမှလာချစ် ရတာလဲ လို့တခါတလေ စိတ်မှာတွေးမိတယ်..ကျွှန်တော်က အရက်သောက်တတ်တယ်ဗျ..သူကမကြိုက်ဘူးး ဒါပေမယ့် အတင်းအကြပ်ကြီးတော့ မပြောပါဘူး လျှော့သောက်ဖို့တော့ပြောတယ်ဗျ..အရင်ကျွှန်တော်ကတော် တော်သောက်တာဗျ..သူ့ ဆီကသင်ထားတဲ့မလေးဟင်းချက်နည်းတွေနောက်ကြုံ ရင် ကိုငြိမ်းအိမ်မှာချက်ကျွေး မယ်တိုးတိုးတိတ်တိတ်လာစားးကြ..ဟဲဟဲ..ဒီလိုနဲ့နေလာရင်းကျွှန်တော်အလုပ်ရှင်သူဌေးနဲ့ အဆင်မပြေလို့ အ လုပ်က ထွက်လိုက်တယ်..လက်ထဲပိုက်ဆံလေးကရှိတော့ အိမ်မှာပဲထိုင်စားပေါ့..သူကတော့တော်တော်ပျော်နေ ပုံပဲဗျ…ဒီလိုနဲ့ ၃လလောက်ကြာတော့သူဌေးတယောက်ကျွှန်တော့ကို ဆက်သွယ်လာတယ်… အန်ဘန်း ဆိုတဲ့ နေရာလေးမှာပါ ကျွှန်တော်အင်တာသွားဗျူးကြည့်တယ်အဆင်ပြေတယ်ဗျ..အဲတာနဲ့ကျွှန်တော်လဲ ပြောင်းဖို့ လုပ်တော့သူလဲ လိုက်မယ်ပြောတယ်ဗျ..ဒါနဲ့ ကျွှန်တော်လဲ၁လ၂လ လောက်ပြီးရင် စီစဉ်မယ်ပြောပြီးထွက်လာခဲ့ တယ်ဒီရောက်တော့ ဖုန်းချိန်းလိုက်ပြီကျွှန်တော်အဆက်အသွယ်ဖြတ်ပြစ်လိုက်တယ်..ဘာလို့လဲဆိုတော့ကြာရင် သံယောဇဉ်တွယ်လာမှာစိုးလို့ပါ..ကျွှန်တော့ အနေနဲ့ နိုင်ငံ ခြားသူတယောက်ကိုယူဖို့ဆိုတာမဖြစ်နိုင်လို့ပါ .ကျွှန် တော့ရှေ့ မှာ သာဓက လေးတွေရှိတယ်လေ….

                                               (ဆုံမှတ်-၉)

ကျွှန်တော် ချရပ်စ် ဆိုတဲ့နေရာလေးကို ဒုတိယအကြိမ်ရောက်လာခဲ့တယ်..ကျွှန်တော်ကသိတဲ့ အတိုင်းနေရာတ ခု ကို အခြေချရင်အဝတ်ထည်ကိုတခုဗျ…ကျန်တာတွေမေ့ထာပြီးအလုပ်ထဲမှာပဲအာရုံစိုက်ပြီးလုပ်နေတဲ့အချိန်  တနေ့ကျွှန်တော် တရုတ်ဘော်ဒါတွေနဲ့ ပက်ခ်  တခုမှာသွားသောက်ဖြစ်တယ်..အဲ မှာကောင်မလေးတယောက်နဲ့

ဆုံတော့တာပဲဗျ…ဇတ်လမ်းကဒီလို…… အဲနေ့ ကကျွှန်တော်ဆိုင်ကယ်နဲ့ ပက်ခ် ကို သွားတာဗျ..ပြန်တော့တော် တော်မူးနေပြီဆိုင်ကယ်မနဲထိမ်းမောင်းနေရတယ်..ရပ်ကွက်လမ်းဖြတ်လမ်းအတိုင်းမောင်းလာတုန်းရုတ်တရက်လူတယောက်ဖြတ်ပြေးတယ် ဘရိတ်နင်းလိုက်တော့ လူကို မတိုက်ပဲ ကျွှန်တော်လဲတော့တာပါပဲ.. လဲပြီးပြန်မထနိုင်ဘူး..ဖုန်းကလာသေးတယ်အဲ အချိန်.. ဖုန်းသံလေးက ဗမာသီချင်းဆိုတော့ စောစောက တိုက်မိမလိုဖြစ်သွားတဲ့လူက လာထူပေးတယ်ဗျ..ဒူးတွေ တော့ ပြဲသွားတယ်..လာထူပေးတာကောင်မလေးဗျ.. အဲ အိမ်ထဲကလဲ ကောင်မလေးတွေထွက်လာတယ်..ကျွှန်တော်လဲထပြီးဆိုင်ကယ်ပေါ်တက်မောင်းလိုက်တာ  အိမ်လဲရောက်ကော ဘာမှမသိအိပ်သွားလိုက်တာ မနက်မိုးလင်းမှာတော်တော်အီမှညကအကြောင်းစဉ်းစာမိ တယ် နောက်ကျွှန်တော့ ဖုန်းပါမလာဘူးဗျ..ဆေးခန်းသွားဆေးထည့်နဲ့ ညနေပိုင်းရောက်တော့ကျွှန်တော့ ဖုန်းကို ကျွှန်တော်ဆက်ကြည့်တယ်..ကောင်မလေးတယောက်ကိုင်တာဗျ….မလေးလိုမေးတော့ ဘာမှပြန်မပြော ဘူးး ဘေးနားက ဗမာသံသဲ့သဲ့ကြားတာနဲ့ ဗမာလိုမေးလိုက်တော့ မှအသံ ပိုင်ရှင်က မနေ့ထဲကကျကျန်ခဲ့ လို့ သိမ်းထားတာပါတဲ့…ကျွှန်တော်လဲကျေးဇူးတင်ကြောင်းပြောပြီးသွားယူလိုက်တယ်..မနေ့ကနေရာကို ပေါ့ အဲနေ ရာရောက်တော့ ဖုန်းဆက်ကြ ည့်တော့ ဘေးနားက အိမ်ကနေသူ ထွက်လာတယ်..မနေ့ကကိစ္စကိုတောင်းပန် ကြောင်းပြောပြီးဖုန်းပြန်ပေးတယ်..ကောင်မလေးကတော့ ချောချောလေးဗျ..သူ့ အမှားပါတဲ့မကြည့်ပဲ လမ်းကူးမိ လို့တဲ့..ကျွှန်တော်ဘာဖြစ်သွားသေးလဲမေးတော့ဒူးပြဲသွားတယ်လို့ ပြောလိုက်တော့ အိမ်ထဲ အတင်းခေါ်တာဗျ.. ကျုပ်ကတော်တောင်လူအိမ်ထဲသိပ်ဝင်တာမဟုတ်တော့ ငြင်းလိုက်တယ်.. အနာကြည့် ချင်လို့ တဲ့ဆေးခန်းပြပြီး ပါပြီပြောလိုက်တယ်သူလဲ စိတ်မကောင်းကြောင်းပြောတယ်ဗျ…ကျွှန်တော်လဲရပါတယ်ပြောပြီး ပြန်ထွက်လာခဲ့ တယ်..နောက်နေ့ညနေပိုင်းဖုန်းတလုံးလာတယ်ဗျ…ဖုန်းနံပါတ်က စိမ်းတော့ ကျွှန်တော်မကိုင်ဘူးး ဘာလို့လဲ ဆို တော့ ချစ်သောသူငယ်ချင်းများမကြာခဏဒုက္ခပေးတတ်လို့ပါပဲ.. ၃ ခေါက်လောက်ခေါ်တော့ကျွှန်တော် ကိုင် လိုက်မိတယ်မနေ့က အသံပိုင်ရှင်ကောင်မလေးးပါ..သတင်းမေးတာဗျ..သက်သာပါတယ်လို့ရေလိုက်ငါးလိုက် ပြောလိုက်တယ် နာတော့တော်တော်နာသားဗျ..ဘာစားချင်လဲဘာလုပ်ပေးရမလဲမေးတယ်ဗျ ကျွှန်တော်ကလဲ သိတယ်မလားး ရပါတယ်မလိုပါဘူးပေါ့….နောက်နေ့မနက်ကျွှန်တော်သူတို့နားက ဆိုင်ကယ်ဆိုင်မှာ ဆိုင်ကယ် သွားပြင်တယ်ဗျ..ရှင်းရှင်းပြောရရင်တွေ့လိုတွေ့ညားကျွှန်တော်သွားတာပါကျွှန်တော့နားမှာလဲဆိုင်ကယ်ဆိုင်ရှိသားပဲ.ဆိုင်ကယ်အပ်ထားခဲ့ပြီးအိမ်ပြန်ခဲ့တယ်..အဲနေ့ လဲ အလုပ်မဆင်းဖြစ်ပါဘူး..ညနေ၆နာရီလောက်ရောက် တော့ကျွှန်တော်ဆိုင်ကယ်သွားယူတယ်..အဲနားမှာ(ပါစာမာလမ်)ညဈေးရှိတယ်ဗျ… ဆိုင်ကယ်ဆိုင်ငွေရှင်းပြီး ပြန်ထွက်မယ်လုပ်တော့ သူကျွှန်တော့ အနားရောက်လာတယ်..ကျွှန်တော်ကလဲ ဘောင်းဘီတိုကြီးနဲ့ ဆိုတော့ ဒဏ်ရာ သူမြင်ရတာပေါ့ ကိုကြီး ဘယ်လိုနေသေးလဲတဲ့..ဝိုးးးးးးးး ကျွှန်တော်ကလဲသက်သာပါတယ်လို့ ဆိုင်ကယ်လာပြင်တာဘာညာပြောပြီးလိုက်ပို့ပေးရမလားမေးတော့ဈေးဝယ်ပြီးပြန်လာတာရပါတယ်တဲ့ ရပါတယ်လုပ်မနေနဲ့လမ်းကြုံတာပဲတက်လို့ခေါ်လိုက်ပြီးအိမ်ထိလိုက်ပို့ပေးလိုက်တယ်…အိမ်ထဲဝင်ဖို့ခေါ်သေး တယ်ဗျကျွှန်တော်က မဝင်တာ..သူ့အိမ်ရှေ့ မှာပြုံးစိစိနဲ့ကြည့်နေတဲ့ မိန်းခလေးတွေရှိတော့ရှက်တယ်ဗျ..ဟဲဟဲ… ဘာပဲ ပြောပြောတွေ့ချင်နေတဲ့သူကို တွေ့ချင်လို့ ဂွင်ဆင်လိုက်တာ အိုခေသွားတော့ ကျေနပ်မိတယ်…နောက် နေ့ညဘက်သူ့ အိမ်နားမှမလေးဆိုင်လေးတဆိုင်ရှိတယ်ဗျညမှဖွင့်တာ ကျွှန်တော်အဲဆိုင်မှာသွားထိုင်ပြီး သူ့ဆီ ဖုန်းဆက်ခေါ်တယ်သူ့ဘေးကဘော်ဒါတွေက တယောက်ထဲခေါ်ရင်မရဘူး ဝိုင်းပြောတာနဲ့ လာကြဗျာလိုခေါ် လိုက်ရတယ် တော်တော်အလိုက်ကမ်းဆိုးမသိတဲ့ ဟာတွေ…လာကြပါတယ်၎ယောက်တောင်..သူကတော့ကျွှန် တော်နဲ့ မျက်နှာချင်းဆိုင်ထိုင်တယ်… ပါးချိုင့်လေးနဲ့ဗျ.သူလဲရှက်နေတယ်…ဘာစားမလဲမေးတော့ မစားတော့ ဘူးတဲ့ ဒါနဲ့တခုခုသောက်ဆိုတော့ အအေးသောက်ကြတယ်..သူ့ဘော်ဒါတွေကတော့သိတယ်မလားနှိပ်စက် တော့တာပေါ့…စကားလဲလွတ်လွတ်လပ်လပ်မပြောရဘူးး…ကောင်မလေးအနေအထားအကဲခပ်ကြည့်တော့ ကျွှန်တော့ဘက်ပါနိုင်တဲ့အနေအထားရှိတယ်ဗျ…(အကဲခပ်နည်းသိချင်ရင်တိုးတိုးတိတ်တိတ်လာမေး) စားသောက်ပြီးသူတို့ပြန်မယ်လုပ်တော့သူ့နောက်ကကျွှန်တော်လိုက်သွားမိတယ်… သူ့လဲဘော်ဒါတွေနောက်ကနောက်ချန်ကျန်ခဲ့တော့ကျွှန်တော့အတွက်အဆင်ပြေပါ တယ် သူ့နာမည်မေးတော့.. ယွန်းတင်ဇာ တဲ့ ကဗျာတော့ ဆန်သားဗျ…ကိုကြီးအိမ်ကဘယ်နားမှာလဲတဲ့ နီးပါ တယ်လို့ပဲ ပြောလိုက်တယ်…အနာကိုဆေးလဲထည့်အုံးတဲ့…သူ့ ကို နှတ်ဆက်ပြီးကျွှန်တော်ပြန်ခဲ့တယ် အိမ် ရောက်တော့ကျွှန်တော် ဆင်ကြံကြံနေမိတယ်…နောက်သူ့ ဆီက မနက်အလုပ်ဆင်းချိန်နေ့လည်ထမင်းစားနား ချိန်တို့ ကျွှန်တော်သိလာတယ်…နောက်နေ့ နေ့ လည်ကျွှန်တော်သူ့ ဆီဖုန်းဆက်လိုက်တယ်..သူတို့ရပ်ကွက်တ ရပ်ကွက်ကျော်မှာညဈေးရှိတယ်လို့ညနေသွားဖို့လာခေါ်မယ်လို့ ပြောလိုက်တော့သူက အိမ်ကို မလာနဲ့တဲ့ အိမ် ဘေးတအိမ်ကျော်လမ်းကြားကစောင့်နေတဲ့..ဝူးးးးးးး ပျော်သွားတာတော့ အမှန်ပါ…ညနေကျွှန်တော်အဲနား ရောက်တော့ဖုန်းဆက်လိုက်တော့ ခဏကြာသူလစ်ထွက်လာတယ်…တကိုလုံးမွှေးနေတာပဲ ကျွှန်တော်လဲသူ့ကို ခေါ်ပြီးညဈေးလည်ပီးတော့ စားသောက်ဆိုင်တဆိုင်မှာညစာစားကြတယ်…သူလဲကျွှန်တော့ကို ပြောပါတယ်ဒီ လိုတခါမှမထွက်ဖူးဘူးတဲ့ကိုကြီးကို ယုံလို့ ထွက်လာတာတဲ့…ဟိဟိ..ပြန်ခါနီးသူ့ဘော်ဒါတွေအတွက်စားစရာ ဝယ်ပေးပြီအိမ်ရှေ့ ထိလိုက်ပို့ပေးလိုက်တယ်…ည၁၀နာရီကျော်ကျော်လောက်ပေါ့…အိမ်က သူ့ဘော်ဒါတွေ ထွက်လာတော့ကျွှန်တော်သူ့ကို နှုတ်ဆက်ပြီး လှည့်ထွက်ခဲ့ တယ်…. အိမ်ပြန်ရောက်တော့ဖုန်းဆက်ကြည့် လိုက်တယ်…သူငယ်ချင်းတွေကမေးတယ်တဲ့ဘယ်အခြေအနေရောက်နေပြီလဲတဲ့ ဘာပြောလိုက်လဲမေးတော့ ရိုးရိုးသားသားပါပြောလိုက်တော့ ဝိုင်းရီကြတယ်တဲ့..တော်တော်ဆိုးတဲ့ ဟာတွေ..အဲတာနဲ့ ကျွှန်တော်လဲ မထူးတော့ ဘူးဆို ပီးရီးစားစကားပြောလိုက်တယ်…တကယ်လို့ ကျွှန်တော့ ဘက်ကရိုးရိုးသားသားမဟုတ်ပဲ ယွန်းကိုစိတ်ဝင်စားနေတယ်ဆိုရင်ကောမေးတော့…ဟာာ ကိုကြီးကလဲဘာတွေပြောနေမှန်းမသိဘူးကွါ..ဆိုပြီး ဖုန်းချသွားတယ်…ကျွှန်တော်ထပ်မဆက်တော့ပါဘူးသူရှက်နေမှာစိုးလို့ပါ.. နောက်နေ့တနေကုန်တညလုံးဖုန်းမ ဆက်ပဲထားလိုက်တယ်…ဒုတိယနေ့လဲကျွှန်တော်ဖုန်းမဆက်ဘူး..ညနက်တော့ သူဖုန်းဆက်လာတယ်..ဘာလို့ သူ့ဆီဖုန်းမဆက်တာလဲတဲ့နေမကောင်းလို့လားတဲ့…ကျွှန်တော်ကလဲပြောလိုက်ပါတယ်လူကတော့နေကောင်းတယ်လို့ အသဲကတော့ဖျားနေတယ်လို့..ခိခိ..မနက်ဖန်ဆန်းဒေးသူမြို့ထဲပိုက်ဆံသွားလွှဲမလို့တဲ့ ကိုကြီးလိုက်ခဲ့ အပြင်မှာထမင်ကျွေးမယ်တဲ့…ကျွှန်တော်ကလဲပြောလိုက်ပါတယ်ဘော်ဒါတွေပါရင်မလွှတ်လပ်လို့ မလိုက်တော့ ဘူးလို့ မဟာနန်းဆိုင်မှာစောင့်နေမယ်လို့ပြောလိုက်တော့ သူထွက်မယ့် အချိန်နဲ့ရောက်မယ့် အချိန်ဖုန်း ဆက်မယ်တဲ့ ဝူးးးးးးးးးးးးးးးးးး(ကျွှန်တော်ဖုန်းမဆက်တာကသူ့ကို စမ်းလိုက်တာပါ)..ဟဲဟဲ..မနက်၁၀နာရီ လောက်သူဖုန်းဆက်တယ်သူထွက်လာပြီတဲ့ အဲ အချိန်မှကျွှန်တော်က အိမ်ကထွက်တာဗျ… မြိုထဲကိုကျွှန်တော် အရင်ရောက်တာဗျ..ရောက်ပြီးကျွှန်တော်မဟာနန်းမှာစောင့်နေတယ်….တော်တော်လေးကြာတော့ ကိုကြီးဘယ် မှာလဲတဲ့ သူမလာတတ်ဘူးတဲ့ အဲတာနဲ့ ကျွှန်တော်လဲခုဘယ်မှာလဲမေးလိုက်တော့ ဇေယျာ ဆိုင်မှာတဲ့ ဘော်ဒါ တွေက ဈေးဝယ်နေတယ်တဲ့ သူက ပြန်တော့ မယ်ပြောပြီးခုကိုကြီးကို စောင့်နေတာတဲ့…ရှယ်ပဲ ဝိုးးးးးးးးးးးးး ကျွှန်တော်သူ့ကို သွားခေါ်တယ်ပီးတော့လူရှင်းတဲ့စားသောက်ဆိုင်တဆိုင်ကိုသွားတယ်… COFFEE ONE စား သောက်ဆိုင်ပါ ဆိုင်ရောက်တော့ မနက်စာစားတယ်ပီးတော့ ကျွှန်တော်သူ့ကို KLCC ပန်းခြံခေါ်သွားတယ်.. ဟိုရောက်တော့ သူပျော်နေတာတွေ့ရတော့ကျွှန်တော်ဝမ်းသာပါတယ်..နောက်တနေရာမှာသွားထိုင်ပီးသူနဲ့စ ကားပြောဖြစ်တယ်..သူ့လက်ကလေးကိုကျွှန်တော်ကိုင်လိုက်တယ်…အေးစက်နေတယ်ဗျ..သူ့ကိုကျွှန်တော်မေး တယ်ကျွှန်တော့ကိုချစ်ရဲ့လားလို့..ပထမတော့ မပြောဘူးဗျခေါင်းငုံနေတယ်…အတင်းမေးတော့ မှပြောဖို့လို သေး လို့လားတဲ့…ဟိဟိ..ကဲ…ဇတ်လမ်းကရှည်သွားပြီ…သူငယ်ချင်းတွေ နမူနာယူလို့ရအောင်အသေးစိပ်ပြောပြတာ ဟဲဟဲ…ဒီလိုနဲ့အမြဲတွေ့ဖြစ်ပါတယ်ဆန်းဒေးအားရင်ကျွှန်တော့အိမ်မှာဟင်းလာချက်ပေးတတ်တယ်..ဒီလိုနဲ့ တနှစ်လောက်ကြာစာအုပ်သက်တမ်းကုန်တော့သူပြန်ရဖို့အကြောင်းဖန်လာတယ်….သူကတော့မပြန်ချင် ဘူး…ကိုကြီးကို မခွဲနိုင်ဘူးတဲ့…ကျွှန်တော်လဲသူ့ကို ပြန်ဖြစ်အောင်ချော့မော့ပြောတယ်ကျွှန်တော်လဲနောက်နှစ် ဆိုပြန်လာတော့မှာဒီမှာအခြေမချဘူးပြောပြီးပြန်ခိုင်းလိုက်တယ်…မပြန်ခင်ညတညလုံး၂ယောက်ထဲစကားတွေ အများကြီးပြောဖြစ်ခဲ့တယ်…သူကအဖြူရောင်လေးပါ..သူကျွှန်တော့ကလွဲလို့ ဘယ်သူ့ ကို မှလက်မထပ်ဘူး တဲ့ အဲစကားကြားရတော့ သူ့ ကို တော်တော်သနားသွားတယ်ဗျ…မှတ်မှတ်ရရအဲနေ့က လကလေးကလဲသာတယ် ဗျသူ့ အိမ်ရှေ့ကပန်းခြံထဲမှာ၂ယောက်ထဲမိုးလင်းခဲ့တယ်…မိုးလင်းတော့ အိမ်ပြန်ရေမိုးချိုး အလုပ်ထဲကားပြန်ယူ သူ့ကို လိုက်ပို့လေဆိပ်ရောက်တော့ ငိုပါလေရော..ကျွှန်တော့ ကို ဖက်ထားတာ တအားပဲ..ကျွှန်တော်လဲ တော်တော်လေးစိတ်ထိခိုက်သွားတယ်ဗျ… သူ့ဘော်ဒါတွေချော့တော့မှပါသွားတာ..ရန်ကုန်ရောက်တော့ဖုန်း ဆက်ပါသေးတယ်..ကိုကြီး ကို စောင့်နေမယ်တဲ့……..ကျွှန်တော်မှားးးသွားးတယ်ဗျာ…ဒီဇတ်လမ်းကို မခင်း သင့် ဘူး..အဲနောက်ပိုင်းမှာတော့ ကျွှန်တော် ဟိုးးးးးးးအရင်တုန်းကလိုပဲတယောက်ထဲရွက်လွင့်ရင်းအချစ်ဆိုတာကြီး ကိုဘေးချိတ်ထားလိုက်တော့တယ်…..ဟုတ်တယ်ဗျ..လူတဖက်သားကိုအဲလောက်ထိကျွှန်တော်မခံစားစေချင် တော့လို့ပါ………. ခုချိန်မှာအချစ်ဆိုတာကြီးကကျွှန်တော့ ဘဝအတွက်အရေးမပါတော့ပါဘူးးးးးးးးးးးးး  အိမ်ထောင်တခု ကို တည်ဆောက်တဲ့နေရာမှာတယောက်နဲ့တယောက် နားလည်မှုသာအဓိကကျတာပါ……… အဲနောက်မှာမှ သံယောဇဉ်တို့ဆိုတာဖြစ်လာမှာ ..အဲတာမှလဲအိမ်ထောင်ရေးကတည်မြဲမယ်မဟုတ်ပါလားဗျာ….

              အသဲနှလုံးမရှိမချစ်တတ်တော့တဲ့ကျွှန်တော့ကိုနားလည်နိုင်ပါစေဗျာ….

 

                                                                                           တစ်စုံတယောက်


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>